သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို စစ္လက္နက္ပစၥည္းေတြ ကူညီဖို႔ ၾသစေၾတးလ် ကတိျပဳ


ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Anthony Albanese (ဘယ္)နဲ႕ ယူကရိန္း သမၼတ Volodymyr Zelenskiy တို႔ Kyiv ျမဳိ႕ေတာ္မွာ ေတြ႕ဆုံေဆြးေႏြးစဥ္ (ဇူလိုင္ ၃ ရက္ ၂၀၂၂)

[[ ZAWGYI / UNICODE ]]

ယူကရိန္းကို စစ္လက္နက္ ပစၥည္းေတြ ကူညီဖို႔ ၾသစေၾတးလ် ကတိျပဳ

ယူကရိန္းသမၼတ Volodymyr Zelenskiy က ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Anthony Albanese ကို Kyiv ျမဳိ႕ေတာ္မွာ တနဂၤေႏြေန႔က လက္ခံေတြ႕ဆုံၿပီး ၊ စစ္လက္နက္ပစၥည္း အကူအညီရရွိေရးနဲ႔ ႐ုရွားအေပၚ ေနာက္ထပ္ ဒဏ္ခတ္ ပိတ္ဆို႔မႈလုပ္ဖို႔ကိစၥေတြ ေဆြးေႏြးခဲ့ပါတယ္။ စစ္လက္နက္ပစၥည္းေတြ ထပ္မံ ကူညီသြားမယ္လို႔ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

"သံခ်ပ္ကာ ကား ၁၄ စင္း ၊ က်ည္ကာ ကား အစီး(၂၀)ကို က်ေနာ္တို႔ ေထာက္ပံ့ ကူညီသြားမွာပါ။ တပ္ေရႊ႕ေျပာင္းရာမွာသုံးတဲ့ စစ္သုံးကားေတြ အစင္း(၆၀)ေလာက္အထိ က်ေနာ္တို႔ ေပးအပ္ခဲ့ပါတယ္။ ယူကရိန္းက ေမတၱာရပ္ခံထားတဲ့အတိုင္း ေနာက္ထပ္လည္း ဒ႐ုန္းေတြ အပါဝင္ ၊ အျခား စစ္သုံး ပစၥည္းကရိယာေတြကို ေထာက္ပံ့ေပးသြားမွာပါ".. လို႔ ဝန္ႀကီးခ်ဳပ္ Albanese က ေျပာသြားတာပါ။

ယူကရိန္းဟာ ႐ုရွားနဲ႔ စစ္ခင္း ေနရတဲ့အတြက္ လက္နက္ေတြကေတာ့ ဆက္ၿပီး လိုအပ္ေနမွာျဖစ္ေၾကာင္း၊ ဒီအတြက္ တိုင္းျပည္တခုထဲ အေပၚမွာသာ မွီခိုေနတာမ်ဳိး မဟုတ္ေၾကာင္း ၊ ႐ုရွားေတြ ယူကရိန္းပိုင္နက္ထဲက မထြက္သြား သေရြ႕ လက္နက္ေတြက လိုအပ္ေနဦးမွာျဖစ္တယ္လို႔ သမၼတ Zelenskiy က ေျပာပါတယ္။

ေခါင္းေဆာင္ ႏွစ္ဦး ေဆြးေႏြးခ်က္အရ - ယူကရိန္းရဲ႕ ပို႔ကုန္ပစၥည္းေတြကို အခြန္ကင္းလြတ္ခြင့္ ေပးမွာျဖစ္သလို၊ ႐ုရွားဝန္ႀကီးေတြအပါဝင္ အစိုးရနဲ႔နီးစပ္တဲ့ လုပ္ငန္းရွင္ႀကီးေတြပါတဲ့ (၁၆)ဦးအေပၚ ခရီးသြားလာခြင့္ ကန္႔သတ္မႈေရာ ၊ ဒဏ္ခတ္ပိတ္ဆို႔မႈေတြပါ လုပ္သြားမယ္လို႔ ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ Albanese က ေျပာပါတယ္။ အခုခ်ိန္ထိဆိုရင္ ႐ုရွားက လူပုဂၢိဳလ္ (၈၄၃)ဦးအေပၚ ၾသစေၾတးလ်က ဒဏ္ခတ္ပိတ္ဆို႔ထားၿပီး ျဖစ္ပါတယ္။ ယူကရိန္းဟာ ႏိုင္ငံတကာ တရားဥပေဒစိုးမိုးေရးအတြက္ တိုက္ပဲြ ဝင္ေနတာမို႔ ၾသစေၾတးလ်အေနနဲ႔ ယူကရိန္းအစိုးရနဲ႔ေရာ ၊ ယူကရိန္းျပည္သူေတြနဲ႔ပါ အတူဆက္လက္ရပ္တည္ၿပီး ပံ့ပိုးသြားမွာ ျဖစ္တယ္လို႔ သူကဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

{{ UNICODE }}

ယူကရိန်းကို စစ်လက်နက် ပစ္စည်းတွေ ကူညီဖို့ သြစတြေးလျ ကတိပြု

ယူကရိန်းသမ္မတ Volodymyr Zelenskiy က သြစတြေးလျဝန်ကြီးချုပ် Anthony Albanese ကို Kyiv မြို့တော်မှာ တနင်္ဂနွေနေ့က လက်ခံတွေ့ဆုံပြီး ၊ စစ်လက်နက်ပစ္စည်း အကူအညီရရှိရေးနဲ့ ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုလုပ်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ စစ်လက်နက်ပစ္စည်းတွေ ထပ်မံ ကူညီသွားမယ်လို့ သြစတြေးလျဝန်ကြီးချုပ်က ပြောပါတယ်။

"သံချပ်ကာ ကား ၁၄ စင်း ၊ ကျည်ကာ ကား အစီး(၂၀)ကို ကျနော်တို့ ထောက်ပံ့ ကူညီသွားမှာပါ။ တပ်ရွှေ့ပြောင်းရာမှာသုံးတဲ့ စစ်သုံးကားတွေ အစင်း(၆၀)လောက်အထိ ကျနော်တို့ ပေးအပ်ခဲ့ပါတယ်။ ယူကရိန်းက မေတ္တာရပ်ခံထားတဲ့အတိုင်း နောက်ထပ်လည်း ဒရုန်းတွေ အပါဝင် ၊ အခြား စစ်သုံး ပစ္စည်းကရိယာတွေကို ထောက်ပံ့ပေးသွားမှာပါ".. လို့ ဝန်ကြီးချုပ် Albanese က ပြောသွားတာပါ။

ယူကရိန်းဟာ ရုရှားနဲ့ စစ်ခင်း နေရတဲ့အတွက် လက်နက်တွေကတော့ ဆက်ပြီး လိုအပ်နေမှာဖြစ်ကြောင်း၊ ဒီအတွက် တိုင်းပြည်တခုထဲ အပေါ်မှာသာ မှီခိုနေတာမျိုး မဟုတ်ကြောင်း ၊ ရုရှားတွေ ယူကရိန်းပိုင်နက်ထဲက မထွက်သွား သရွေ့ လက်နက်တွေက လိုအပ်နေဦးမှာဖြစ်တယ်လို့ သမ္မတ Zelenskiy က ပြောပါတယ်။

ခေါင်းဆောင် နှစ်ဦး ဆွေးနွေးချက်အရ - ယူကရိန်းရဲ့ ပို့ကုန်ပစ္စည်းတွေကို အခွန်ကင်းလွတ်ခွင့် ပေးမှာဖြစ်သလို၊ ရုရှားဝန်ကြီးတွေအပါဝင် အစိုးရနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတွေပါတဲ့ (၁၆)ဦးအပေါ် ခရီးသွားလာခွင့် ကန့်သတ်မှုရော ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေပါ လုပ်သွားမယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် Albanese က ပြောပါတယ်။ အခုချိန်ထိဆိုရင် ရုရှားက လူပုဂ္ဂိုလ် (၈၄၃)ဦးအပေါ် သြစတြေးလျက ဒဏ်ခတ်ပိတ်ဆို့ထားပြီး ဖြစ်ပါတယ်။ ယူကရိန်းဟာ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးအတွက် တိုက်ပွဲ ဝင်နေတာမို့ သြစတြေးလျအနေနဲ့ ယူကရိန်းအစိုးရနဲ့ရော ၊ ယူကရိန်းပြည်သူတွေနဲ့ပါ အတူဆက်လက်ရပ်တည်ပြီး ပံ့ပိုးသွားမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

XS
SM
MD
LG