သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားတပ္ေတြ ယူကရိန္း ေႁမြကၽြန္းေပၚက ဆုတ္ခြာ


[[ ZAWGYI / UNICODE ]]

႐ုရွားတပ္ေတြ ယူကရိန္း ေႁမြကၽြန္းေပၚက ဆုတ္ခြာ

၄ လၾကာ ႐ုရွားက်ဳးေက်ာ္မႈကို ခုခံရာမွာ ယူကရိန္းႏိုင္ငံအတြက္ သေကၤတတခုျဖစ္တဲ့ ေႁမြကၽြန္းကေန ႐ုရွားတပ္ေတြ ျပန္ဆုတ္ေပးလိုက္ေၾကာင္း ႐ုရွားကာကြယ္ေရး ၀န္ႀကီးဌာနက ၾကာသပေတးေန႔မွာ ေျပာပါတယ္။

ယူကရိန္းဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ Odesa အနီး ပင္လယ္နက္ထဲက ေႁမြကၽြန္းကိုေတာ့ က်ဳးေက်ာ္စစ္အစပိုင္းမွာပဲ ႐ုရွားတပ္ေတြ သိမ္းယူခဲ့ၿပီး၊ ယူကရိန္းကို တိုက္ခိုက္မႈေတြ၊ ယူကရိန္းဆိပ္ကမ္းေတြက သြားလာလႈပ္ရွားမႈေတြကို ေစာင့္ၾကည့္တာေတြ လုပ္ခဲ့ပါတယ္။

႐ုရွားတပ္ေတြ ဆုတ္ခြာသြားေၾကာင္း ယူကရိန္းဖက္ကလည္း အတည္ျပဳခဲ့ေပမဲ့ ညဖက္မွာ ယူကရိန္းတပ္ေတြက မစ္ဇိုင္းဒုံးေတြ၊ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ ရုရွားတပ္ဖြဲ႔ေတြဟာ အျမန္စက္ေလွ ၂ စင္းနဲ႔ ထြက္ေျပးခဲ့တာလို႔ ေျပာပါတယ္။ ရုရွားကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ စစ္ဆင္ေရးတာ၀န္ ၿပီးဆုံးသြားတဲ့အတြက္ စိတ္ေစတနာေကာင္းနဲ႔ ကၽြန္းေပၚက ဆုတ္ခြာေပးတာလို႔ သတင္းထုတ္ျပန္ပါတယ္။

ယူကရိန္းက ေကာက္ပဲသီးႏွံေတြ ျပည္ပတင္ပို႔မႈေတြကို ႐ုရွားက ေႏွာက္ယွက္တာ မရွိေၾကာင္း ျပသတဲ့ လကၡဏာတခုအျဖစ္နဲ႔လည္း ကာကြယ္ေရး ၀န္ႀကီးဌာနက ေျပာဆိုခဲ့တာပါ။ ႏိုင္ငံတကာ အကဲခတ္ေတြကေတာ့ ယူကရိန္းရဲ႕ သီးႏွံတင္ပို႔မႈေတြကို ႐ုရွားက ပိတ္ပင္တားျမစ္မႈေတြ ရွိေနေၾကာင္း ေျပာဆိုထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

{{ UNICODE }}

ရုရှားတပ်တွေ ယူကရိန်း မြွေကျွန်းပေါ်က ဆုတ်ခွာ

၄ လကြာ ရုရှားကျုးကျော်မှုကို ခုခံရာမှာ ယူကရိန်းနိုင်ငံအတွက် သင်္ကေတတခုဖြစ်တဲ့ မြွေကျွန်းကနေ ရုရှားတပ်တွေ ပြန်ဆုတ်ပေးလိုက်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။

ယူကရိန်းဆိပ်ကမ်းမြို့ဖြစ်တဲ့ Odesa အနီး ပင်လယ်နက်ထဲက မြွေကျွန်းကိုတော့ ကျုးကျော်စစ်အစပိုင်းမှာပဲ ရုရှားတပ်တွေ သိမ်းယူခဲ့ပြီး၊ ယူကရိန်းကို တိုက်ခိုက်မှုတွေ၊ ယူကရိန်းဆိပ်ကမ်းတွေက သွားလာလှုပ်ရှားမှုတွေကို စောင့်ကြည့်တာတွေ လုပ်ခဲ့ပါတယ်။

ရုရှားတပ်တွေ ဆုတ်ခွာသွားကြောင်း ယူကရိန်းဖက်ကလည်း အတည်ပြုခဲ့ပေမဲ့ ညဖက်မှာ ယူကရိန်းတပ်တွေက မစ်ဇိုင်းဒုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရုရှားတပ်ဖွဲ့တွေဟာ အမြန်စက်လှေ ၂ စင်းနဲ့ ထွက်ပြေးခဲ့တာလို့ ပြောပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်ဆင်ရေးတာဝန် ပြီးဆုံးသွားတဲ့အတွက် စိတ်စေတနာကောင်းနဲ့ ကျွန်းပေါ်က ဆုတ်ခွာပေးတာလို့ သတင်းထုတ်ပြန်ပါတယ်။

ယူကရိန်းက ကောက်ပဲသီးနှံတွေ ပြည်ပတင်ပို့မှုတွေကို ရုရှားက နှောက်ယှက်တာ မရှိကြောင်း ပြသတဲ့ လက္ခဏာတခုအဖြစ်နဲ့လည်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုခဲ့တာပါ။ နိုင်ငံတကာ အကဲခတ်တွေကတော့ ယူကရိန်းရဲ့ သီးနှံတင်ပို့မှုတွေကို ရုရှားက ပိတ်ပင်တားမြစ်မှုတွေ ရှိနေကြောင်း ပြောဆိုထားကြပါတယ်။

XS
SM
MD
LG