သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ လြတ္လပ္ေရးေန႔ စစ္တပ္မိသားစုေတြကို သမၼတဘိုင္ဒန္ အိမ္ျဖဴေတာ္မွာ ဧည့္ခံမည္


(Zawgyi/ Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ဒီကေန႔ ဇူလိုင္လ ၄ ရက္ေန႔မွာ က်ေရာက္တဲ့ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္အျဖစ္ အိမ္ျဖဴေတာ္ ျမက္ခင္းျပင္္မွာ သမၼတ ဂ်ဳိးဘိုင္ဒန္နဲ႔ သမၼတကေတာ္ ေဂ်းလ္ဘိုင္ဒန္တို႔ လြတ္လပ္ေရးေန႔ အသားကင္စားေသာက္ပြဲနဲ႔ စစ္တပ္မိသားစုေတြကို တည္ခင္းမွာပါ။
ေဒသစံေတာ္ခ်ိန္ တနလၤာေန႔ မြန္းလြဲမွာ ေကၽြးေမြးဧည့္ခံၿပီး ညဘက္မွာေတာ့ လြတ္လပ္ေရးေန႔ မီး႐ႈးမီးပန္း ပစ္ေဖာက္တာေတြ ၾကည့္ၾကမွာ ျဖစ္ပါတယ္။
ၿဗိတိသွ်တို႔ အုပ္ခ်ဳပ္မႈခံေနရခ်ိန္ ၁၇၇၆ ဇူလိုင္ ၂ ရက္ေန႔က အေမရိကန္ကိုလိုနီ ၁၃ ခုက ကိုယ္စားလွယ္ေတြ ေတြ႕ဆံုၿပီး ၿဗိတိသွ်တို႔အုပ္ခ်ဳပ္မႈေအာက္ကေန ခြဲထြက္ဖို႔ မဲခြဲဆံုးျဖတ္ခဲ့ၾကတာပါ။ ဒီဆံုးျဖတ္ခ်က္ကို ဇူလိုင္လ ၄ ရက္ေန႔မွာ အတည္ျပဳၿပီး လြတ္လပ္ေရးေၾကညာစာတမ္း ထုတ္ျပန္ခဲ့ၾကတာျဖစ္ပါတယ္။ အဲဒီထဲကစလို႔ ဇူလိုင္လ ၄ ရက္ေန႔ကို လြတ္လပ္ေရးေန႔အျဖစ္ တရားဝင္ သတ္မွတ္ခဲ့ၾကပါတယ္။
ဇူလိုင္လ ၂ ရက္ေန႔ မဲခြဲဆံုးျဖတ္တဲ့ေန႔ကို လြတ္လပ္ေရးေန႔အျဖစ္ သတ္မွတ္သင့္တယ္လို႔ ယူၾကည္ေနၾကသူေတြလည္းရွိပါတယ္။ ဒါေပမဲ့ ဒီေန႔အထိ ဇူလိုင္ ၄ ရက္ကိုပဲ လြတ္လပ္ေရးေန႔အျဖစ္ ဆင္ႏႊဲလာခဲ့ၾကတာျဖစ္ပါတယ္။
လြတ္လပ္ေရးေန႔ေရာက္တိုင္း ႏိုင္ငံတဝန္းမွာ ခ်ီတက္ပြဲေတြ၊ ေပ်ာ္ပြဲရႊင္ပြဲေတြနဲ႔အတူ မီးရႈးမီးပန္းေတြ ပစ္ေဖာက္ ဆင္ႏြဲၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode:

အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အိမ်ဖြူတော် မြက်ခင်းပြင်မှာ သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော် ဂျေးလ်ဘိုင်ဒန်တို့ လွတ်လပ်ရေးနေ့ အသားကင်စားသောက်ပွဲနဲ့ စစ်တပ်မိသားစုတွေကို တည်ခင်းမှာပါ။
ဒေသစံတော်ချိန် တနင်္လာနေ့ မွန်းလွဲမှာ ကျွေးမွေးဧည့်ခံပြီး ညဘက်မှာတော့ လွတ်လပ်ရေးနေ့ မီးရှုးမီးပန်း ပစ်ဖောက်တာတွေ ကြည့်ကြမှာ ဖြစ်ပါတယ်။
ဗြိတိသျှတို့ အုပ်ချုပ်မှုခံနေရချိန် ၁၇၇၆ ဇူလိုင် ၂ ရက်နေ့က အမေရိကန်ကိုလိုနီ ၁၃ ခုက ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး ဗြိတိသျှတို့အုပ်ချုပ်မှုအောက်ကနေ ခွဲထွက်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြတာပါ။ ဒီဆုံးဖြတ်ချက်ကို ဇူလိုင်လ ၄ ရက်နေ့မှာ အတည်ပြုပြီး လွတ်လပ်ရေးကြေညာစာတမ်း ထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီထဲကစလို့ ဇူလိုင်လ ၄ ရက်နေ့ကို လွတ်လပ်ရေးနေ့အဖြစ် တရားဝင် သတ်မှတ်ခဲ့ကြပါတယ်။
ဇူလိုင်လ ၂ ရက်နေ့ မဲခွဲဆုံးဖြတ်တဲ့နေ့ကို လွတ်လပ်ရေးနေ့အဖြစ် သတ်မှတ်သင့်တယ်လို့ ယူကြည်နေကြသူတွေလည်းရှိပါတယ်။ ဒါပေမဲ့ ဒီနေ့အထိ ဇူလိုင် ၄ ရက်ကိုပဲ လွတ်လပ်ရေးနေ့အဖြစ် ဆင်နွှဲလာခဲ့ကြတာဖြစ်ပါတယ်။
လွတ်လပ်ရေးနေ့ရောက်တိုင်း နိုင်ငံတဝန်းမှာ ချီတက်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ မီးရှုးမီးပန်းတွေ ပစ်ဖောက် ဆင်နွဲကြပါတယ်။

XS
SM
MD
LG