သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဝက္လက္ၿမိဳ႕နယ္တြင္း စကစစစ္ေၾကာင္း ေက်း႐ြာေတြ မီးရႈိ႕၊ PDF ေတြနဲ႔ တိုက္ပြဲျဖစ္


စစ္ကိုင္းတုိင္းေအာက္ပိုင္း ယင္းမာပင္ၿမိဳ႕နယ္။ (MIMU)

(Zawgyi/ Unicode:)

ဝက္လက္ၿမိဳ႕နယ္ အေရွ႕ျခမ္းက ေက်း႐ြာေတြကို စစ္ေကာင္စီစစ္ေၾကာင္းေတြ နယ္ေျမရွင္းလင္းေရးေတြ လုပ္ေနၿပီး ေက်း႐ြာေတြကို မီးရႈိ႕ခဲ့သလို ဝက္လက္ၿမိဳ႕နယ္ မင္း႐ြာအနီးမွာ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ လည္း တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ဇူလိုင္လ ၃ ရက္ တနဂၤေႏြေန႔က ျဖစ္ခဲ့တဲ့ ဒီတိုက္ပြဲမွာ ျပည္သူ႔ကာကြယ္ေရးတပ္က ၁၁ ဦး က်ဆုံးၿပီး အင္အားမမွ်တာေၾကာင့္ ဆုတ္ခြာလာခဲ့ရတယ္လို႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရး အဖြဲ႕ေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုရဲမြန္ေအာင္က တင္ျပပါမယ္။

ဝက္လက္ၿမိဳ႕နယ္ အေရွ႕ျခမ္းက မင္း႐ြာနဲ႔ အင္ၾကင္းပင္႐ြာ အနီးမွာ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ အင္အား ၂၀၀ ဝန္းက်င္ရွိတဲ့ စစ္ေကာင္စီတပ္တို႔ ဇူလိုင္လ ၃ ရက္က ထိပ္တိုက္ ထိေတြ႕တိုက္ပြဲ ျဖစ္ခဲ့ၾကပါတယ္။ လက္နက္အင္အား မယွဥ္ႏိုင္တဲ့အတြက္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ ျပန္ဆုတ္ခြာခဲ့ၾကရၿပီး အဖြဲ႕ဝင္ ၁၁ ဦးက်ဆုံးတယ္လို႔ ေျပာခြင့္ရသူက ေျပာပါတယ္။

“တိုက္ပြဲက မေန႔က ျဖစ္တာ မေန႔က ၁၀ နာရီ ၁၁ ေလာက္က ျဖစ္တာ။ ျဖစ္ၿပီးေတာ့ ၁ နာရီေက်ာ္ေလာက္ ၁ နာရီခြဲေလာက္ တိုက္ပြဲျဖစ္ၿပီးေတာ့ ကြၽန္ေတာ္တို႔က ဘယ္လိုမွကို လက္နက္အင္အား လူအင္အားမမွ်လို႔ဆိုၿပီးေတာ့ ေနာက္ဆုတ္ေပးလိုက္ရတာ။ ေျပးရင္းေျပးရင္းနဲ႔ သူတို႔ကလည္း လိုက္ပစ္ရင္းနဲ႔ အခုမွ က်တဲ့ကေလးေတြကို ရွာေနတုန္းေပါ့။ တိုက္ပြဲျဖစ္ေတာ့ ကြၽန္ေတာ္တို႔ဖက္က ၁၁ ေယာက္က်တယ္။ အခုလက္ရွိ အေျခအေနထိ ၁၀ ေလာင္းေတာ့ ေတြ႕ၿပီ။ သူတို႔ေတြက ႐ြာကမထြက္ေသးဘဲ မင္း႐ြာကို မီးထပ္ရႈိ႕ေနေတာ့ ေလာတဲ့အဖြဲ႕ေတြက ေလာေတာ့ အဖြဲ႕မစုံခင္ ေရွ႕တက္သြားၾကေတာ့ အရင္ေတြ႕ၾကေတာ့ ေနာက္ကတက္လာ၊ ေရွ႕ကလူေတြကလည္းျပန္ဆုတ္လာ ဘယ္လိုမွ အင္အားမမွ် ဘူးဆိုေတာ့ ေနာက္ဆုတ္ခဲ့ရတယ္။”

ဝက္လက္ၿမိဳ႕နယ္ အေရွ႕ျခမ္းက ေက်း႐ြာေတြျဖစ္တဲ့ မင္းညိဳကုန္း႐ြာနဲ႔ ဝက္လက္႐ႊဲ႐ြာက ေနအိမ္တခ်ိဳ႕ကို ဇူလိုင္လ ၂ ရက္ စေနေန႔ကတည္းက စစ္ေကာင္စီတပ္ေတြက မီးရႈိခဲ့ၾကသလို၊ မင္း႐ြာမွာလည္း တပ္စြဲၿပီး မင္း႐ြာက ေနအိမ္ေတြကို တနဂ္ေႏြေန႔မွာ မီးထပ္ရႈိ႕တာေၾကာင့္ တစ္႐ြာလုံးနီးပါး ေလာင္ကြၽမ္းခဲ့တယ္လို႔ ဝက္လက္ၿမိဳ႕နယ္ အေရွ႕ျခမ္း ျပည္သူ႔ကာကြယ္ေရး အဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

စစ္ေကာင္စီတပ္ေတြ တပ္စြဲခဲ့တဲ့ မင္း႐ြာမွာ စစ္ေကာင္စီတပ္ေတြ ျပန္ထြက္သြားခ်ိန္ ႐ြာထဲမွာ ပစ္ခတ္သတ္ျဖတ္ခံထားရတဲ့ ကေလး အေလာင္း ၂ ေလာင္းနဲ႔ လူႀကီးအေလာင္းတခ်ိဳ႕ ေတြ႕ရတယ္လို႔ သူက ေျပာျပပါတယ္။

“ဝက္လက္ကေန စထြက္လာတာ တျမန္ေန႔က။ စထြက္လာၿပီးေတာ့ ဝက္လက္ အေရွ႕ဖက္က မင္းညိဳကုန္းကို ၃ အိမ္ေလာက္မီးရႈိ႕။ ၿပီးေတာ့ ဝက္လက္႐ႊဲက ၈ အိမ္ေလာက္ရႈိ႕တယ္။ အဲ့ကၿပီးေတာ့ မင္း႐ြာကို ဆက္တက္တယ္။ မင္း႐ြာက အိမ္ေတြထပ္ရႈိ႕တယ္။ အိမ္ေျခေတာ့ မခန္႔မွန္းႏိုင္ေသးဘူး။ ရာဂဏန္းေလာက္ကေတာ့ ပါသြားၿပီမီးထဲ။ မင္း႐ြာက ျပည္သူကလည္း ၄၊ ၅ ေယာက္ေလာက္ေတာ့ ခုဏက သူတို႔ (PDF ေတြ) ႐ြာထဲဝင္ရင္း အေလာင္းေတြ႕တယ္လို႔ေတာ့ သတင္းၾကားတယ္။ မင္း႐ြာထဲမွာ ေတြ႕တာ ကေလးအေလာင္း ၂ ေလာင္းရယ္ လူႀကီးပိုင္းေရာ။ ျဖစ္စဥ္က ဘယ္လိုေျပာရမလဲဆိုေတာ့ ေတာထဲ ထြက္ေျပးၾကရင္းနဲ႔ အဲ့ကေလး ၂ ေယာက္က တစ္ေယာက္က ၁၄ ႏွစ္သား၊ တစ္ေယာက္ကက်ေတာ့ ၁၀ ႏွစ္ ဝန္းက်င္ေလာက္ေလးေပါ့။ ေတာထဲထြက္ေျပးရင္းနဲ႔ ဗိုက္ဆာလာလို႔ သူတို႔အေမေျပာတာကေတာ့ ငါ့သားေတြက အဲ့လိုေျပာေတာ့ ႐ြာထဲမွာလည္း ဟိုေကာင္ေတြ မရွိၾကေတာ့ဘူး ဆိုၿပီးေတာ့ ျပန္ၿပီး ထမင္း ခ်က္ေကြၽးတာတဲ့။ ျပန္ေကြၽးရင္းတန္းလန္းနဲ႔ ေတြ႕ေတာ့ အေမကိုေတာ့ ခင္ဗ်ားသြားေပါ့ ကေလး ၂ ေယာက္ကေတာ့ သူတို႔နဲ႔ ထားခဲ့ဆိုၿပီးေတာ့ ေခၚထားလိုက္တယ္။ ၿပီးေတာ့ အဲ့ကေလး ၂ ေယာက္ကို ပစ္သတ္လိုက္တာ။”

ဒီကေန႔မွာေတာ့ မင္း႐ြာမွာ စခန္းခ်ေနခဲ့တဲ့ စစ္ေကာင္စီတပ္ေတြဟာ အင္ၾကင္းပင္႐ြာကေနတဆင့္ ေ႐ႊက်င္ဖက္ကို ဆက္ၿပီး တက္သြားၿပီလို႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

“အင္ၾကင္းပင္ထဲကို အိမ္တစ္အိမ္မီးရႈိ႕ လက္နက္ႀကီးေတြနဲ႔ ထုၿပီးေတာ့ အေရွ႕ဖက္ကို ထြက္သြားတယ္။ ခုဏကေတာ့ ေ႐ႊက်င္ဖက္ကို ေရာက္သြားၿပီလို႔ေတာ့ ေနာက္ဆုံး သတင္းရတာေပါ့။”

စစ္ေကာင္စီ သတင္းျပန္ၾကားေရးကေတာ့ ဝက္လက္နယ္ထဲက ဒီျဖစ္စဥ္ေတြနဲ႔ ပတ္သက္လို႔ ထုတ္ျပန္တာမရွိေသးပါဘူး။

စစ္ေကာင္စီတပ္ေတြက နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းတစ္ေလွ်ာက္မွာ ေက်း႐ြာေတြကို ဖ်က္ဆီး၊ မီးရႈိ႕တာ၊ ေဒသခံ႐ြာသားေတြကို ဖမ္းဆီး သတ္ျဖတ္တာေတြ လုပ္တာဟာ ျဖတ္ ၄ ျဖတ္နည္းနဲ႔ PDF ေတြကို မပံ့ပိုးႏိုင္ေအာင္၊ ျပည္သူကို အကာအကြယ္မေပးခ်င္တဲ့လုပ္ရပ္သာ ျဖစ္တယ္လို႔ ျပည္သူ႔လြတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက သုံးသပ္ပါတယ္။

" ဒါက ကြၽန္ေတာ္တို႔ ႏိုင္ငံမွာေတာ့ ျမန္မာ့တပ္မေတာ္ဖက္က အၿမဲတမ္း ျဖတ္ေလးျဖတ္ဆိုတဲ့ သေဘာမ်ိဳးေပါ့၊ မလုပ္ရဲေအာင္ မပတ္သက္ရဲေအာင္ အေထာက္အကူမေပးရဲေအာင္ ရိကၡာေတြ မေထာက္ပံ့ရဲေအာင္ အဲ့လိုေပါ့။ အဲ့လို အေၾကာင္းအမ်ိဳးမ်ိဳးေပါ့။ ျပည္သူကို ဒီလို အက်ပ္ကိုင္လိုက္ရင္ ျပည္သူကို အခက္အခဲ ဒုကၡေရာက္ေအာင္ လုပ္လိုက္ရင္ လက္နက္ကိုင္အဖြဲ႕ေတြကို ေထာက္ပံ့ကူညီမယ့္သူ မရွိေတာ့ဘူးဆိုတဲ့ ပုံစံမ်ိဳးနဲ႔ လုပ္တာကေတာ့ သဘာဝ မက်ဘူး။ ၿပီးေတာ့ ျပည္သူရဲ႕ အခန္းက႑ကို မေလးစားရာေရာက္တယ္။ ျပည္သူကို မကာကြယ္ မေစာင့္ေရွာက္ရာ ေရာက္တယ္။ အဲ့ဒါေၾကာင္း ဒါေတြဟာ အစိုးရေကာင္းေတြရဲ႕ လုပ္ရပ္မဟုတ္ဘူးလို႔ပဲ ေျပာခ်င္ပါတယ္။”

စစ္ကိုင္းတိုင္းအတြင္းမွာေတာ့ တိုင္းစစ္ဌာနခ်ဳပ္အေျခစိုက္ရာ မုံ႐ြာၿမိဳ႕ အနီးဝန္းက်င္မွာရွိတဲ့ ယင္းမာပင္၊ ပုလဲ၊ ေခ်ာင္းဦး၊ ျမင္းမူ၊ အရာေတာ္၊ ဝက္လက္၊ ေ႐ႊဘို စတဲ့ ေနရာေတြမွာ ေဒသခံကာကြယ္ေရးတပ္ ေတြနဲ႔စစ္ေကာင္စီတပ္ေတြအၾကားတိုက္ပြဲ ျဖစ္ေနတာ ၁ ႏွစ္ဝန္းက်င္ရွိေနပါၿပီ။ PDF ကာကြယ္ေရးတပ္ေတြဟာ ေက်း႐ြာေတြကို အေျခစိုက္ၿပီး၊ အၾကမ္းဖက္လုပ္ငန္းေတြ လုပ္ေနတယ္လို႔ဆိုၿပီး စစ္ေကာင္စီဖက္က နယ္ေျမရွင္းလင္း စစ္ဆင္မႈေတြ တိုးျမႇင့္လုပ္ေဆာင္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode:


ဝက်လက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းတွေ နယ်မြေရှင်းလင်းရေးတွေ လုပ်နေပြီး ကျေးရွာတွေကို မီးရှို့ခဲ့သလို ဝက်လက်မြို့နယ် မင်းရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ လည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဇူလိုင်လ ၃ ရက် တနင်္ဂနွေနေ့က ဖြစ်ခဲ့တဲ့ ဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်က ၁၁ ဦး ကျဆုံးပြီး အင်အားမမျှတာကြောင့် ဆုတ်ခွာလာခဲ့ရတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန်အောင်က တင်ပြပါမယ်။

ဝက်လက်မြို့နယ် အရှေ့ခြမ်းက မင်းရွာနဲ့ အင်ကြင်းပင်ရွာ အနီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တို့ ဇူလိုင်လ ၃ ရက်က ထိပ်တိုက် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြပါတယ်။ လက်နက်အင်အား မယှဉ်နိုင်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပြန်ဆုတ်ခွာခဲ့ကြရပြီး အဖွဲ့ဝင် ၁၁ ဦးကျဆုံးတယ်လို့ ပြောခွင့်ရသူက ပြောပါတယ်။

“တိုက်ပွဲက မနေ့က ဖြစ်တာ မနေ့က ၁၀ နာရီ ၁၁ လောက်က ဖြစ်တာ။ ဖြစ်ပြီးတော့ ၁ နာရီကျော်လောက် ၁ နာရီခွဲလောက် တိုက်ပွဲဖြစ်ပြီးတော့ ကျွန်တော်တို့က ဘယ်လိုမှကို လက်နက်အင်အား လူအင်အားမမျှလို့ဆိုပြီးတော့ နောက်ဆုတ်ပေးလိုက်ရတာ။ ပြေးရင်းပြေးရင်းနဲ့ သူတို့ကလည်း လိုက်ပစ်ရင်းနဲ့ အခုမှ ကျတဲ့ကလေးတွေကို ရှာနေတုန်းပေါ့။ တိုက်ပွဲဖြစ်တော့ ကျွန်တော်တို့ဖက်က ၁၁ ယောက်ကျတယ်။ အခုလက်ရှိ အခြေအနေထိ ၁၀ လောင်းတော့ တွေ့ပြီ။ သူတို့တွေက ရွာကမထွက်သေးဘဲ မင်းရွာကို မီးထပ်ရှို့နေတော့ လောတဲ့အဖွဲ့တွေက လောတော့ အဖွဲ့မစုံခင် ရှေ့တက်သွားကြတော့ အရင်တွေ့ကြတော့ နောက်ကတက်လာ၊ ရှေ့ကလူတွေကလည်းပြန်ဆုတ်လာ ဘယ်လိုမှ အင်အားမမျှ ဘူးဆိုတော့ နောက်ဆုတ်ခဲ့ရတယ်။”

ဝက်လက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေဖြစ်တဲ့ မင်းညိုကုန်းရွာနဲ့ ဝက်လက်ရွှဲရွာက နေအိမ်တချို့ကို ဇူလိုင်လ ၂ ရက် စနေနေ့ကတည်းက စစ်ကောင်စီတပ်တွေက မီးရှိုခဲ့ကြသလို၊ မင်းရွာမှာလည်း တပ်စွဲပြီး မင်းရွာက နေအိမ်တွေကို တနဂ်နွေနေ့မှာ မီးထပ်ရှို့တာကြောင့် တစ်ရွာလုံးနီးပါး လောင်ကျွမ်းခဲ့တယ်လို့ ဝက်လက်မြို့နယ် အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ တပ်စွဲခဲ့တဲ့ မင်းရွာမှာ စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားချိန် ရွာထဲမှာ ပစ်ခတ်သတ်ဖြတ်ခံထားရတဲ့ ကလေး အလောင်း ၂ လောင်းနဲ့ လူကြီးအလောင်းတချို့ တွေ့ရတယ်လို့ သူက ပြောပြပါတယ်။

“ဝက်လက်ကနေ စထွက်လာတာ တမြန်နေ့က။ စထွက်လာပြီးတော့ ဝက်လက် အရှေ့ဖက်က မင်းညိုကုန်းကို ၃ အိမ်လောက်မီးရှို့။ ပြီးတော့ ဝက်လက်ရွှဲက ၈ အိမ်လောက်ရှို့တယ်။ အဲ့ကပြီးတော့ မင်းရွာကို ဆက်တက်တယ်။ မင်းရွာက အိမ်တွေထပ်ရှို့တယ်။ အိမ်ခြေတော့ မခန့်မှန်းနိုင်သေးဘူး။ ရာဂဏန်းလောက်ကတော့ ပါသွားပြီမီးထဲ။ မင်းရွာက ပြည်သူကလည်း ၄၊ ၅ ယောက်လောက်တော့ ခုဏက သူတို့ (PDF တွေ) ရွာထဲဝင်ရင်း အလောင်းတွေ့တယ်လို့တော့ သတင်းကြားတယ်။ မင်းရွာထဲမှာ တွေ့တာ ကလေးအလောင်း ၂ လောင်းရယ် လူကြီးပိုင်းရော။ ဖြစ်စဉ်က ဘယ်လိုပြောရမလဲဆိုတော့ တောထဲ ထွက်ပြေးကြရင်းနဲ့ အဲ့ကလေး ၂ ယောက်က တစ်ယောက်က ၁၄ နှစ်သား၊ တစ်ယောက်ကကျတော့ ၁၀ နှစ် ဝန်းကျင်လောက်လေးပေါ့။ တောထဲထွက်ပြေးရင်းနဲ့ ဗိုက်ဆာလာလို့ သူတို့အမေပြောတာကတော့ ငါ့သားတွေက အဲ့လိုပြောတော့ ရွာထဲမှာလည်း ဟိုကောင်တွေ မရှိကြတော့ဘူး ဆိုပြီးတော့ ပြန်ပြီး ထမင်း ချက်ကျွေးတာတဲ့။ ပြန်ကျွေးရင်းတန်းလန်းနဲ့ တွေ့တော့ အမေကိုတော့ ခင်ဗျားသွားပေါ့ ကလေး ၂ ယောက်ကတော့ သူတို့နဲ့ ထားခဲ့ဆိုပြီးတော့ ခေါ်ထားလိုက်တယ်။ ပြီးတော့ အဲ့ကလေး ၂ ယောက်ကို ပစ်သတ်လိုက်တာ။”

ဒီကနေ့မှာတော့ မင်းရွာမှာ စခန်းချနေခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ အင်ကြင်းပင်ရွာကနေတဆင့် ရွှေကျင်ဖက်ကို ဆက်ပြီး တက်သွားပြီလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အင်ကြင်းပင်ထဲကို အိမ်တစ်အိမ်မီးရှို့ လက်နက်ကြီးတွေနဲ့ ထုပြီးတော့ အရှေ့ဖက်ကို ထွက်သွားတယ်။ ခုဏကတော့ ရွှေကျင်ဖက်ကို ရောက်သွားပြီလို့တော့ နောက်ဆုံး သတင်းရတာပေါ့။”

စစ်ကောင်စီ သတင်းပြန်ကြားရေးကတော့ ဝက်လက်နယ်ထဲက ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေး စစ်ကြောင်းတစ်လျှောက်မှာ ကျေးရွာတွေကို ဖျက်ဆီး၊ မီးရှို့တာ၊ ဒေသခံရွာသားတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်တာဟာ ဖြတ် ၄ ဖြတ်နည်းနဲ့ PDF တွေကို မပံ့ပိုးနိုင်အောင်၊ ပြည်သူကို အကာအကွယ်မပေးချင်တဲ့လုပ်ရပ်သာ ဖြစ်တယ်လို့ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်ပါတယ်။

" ဒါက ကျွန်တော်တို့ နိုင်ငံမှာတော့ မြန်မာ့တပ်မတော်ဖက်က အမြဲတမ်း ဖြတ်လေးဖြတ်ဆိုတဲ့ သဘောမျိုးပေါ့၊ မလုပ်ရဲအောင် မပတ်သက်ရဲအောင် အထောက်အကူမပေးရဲအောင် ရိက္ခာတွေ မထောက်ပံ့ရဲအောင် အဲ့လိုပေါ့။ အဲ့လို အကြောင်းအမျိုးမျိုးပေါ့။ ပြည်သူကို ဒီလို အကျပ်ကိုင်လိုက်ရင် ပြည်သူကို အခက်အခဲ ဒုက္ခရောက်အောင် လုပ်လိုက်ရင် လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့ကူညီမယ့်သူ မရှိတော့ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တာကတော့ သဘာဝ မကျဘူး။ ပြီးတော့ ပြည်သူရဲ့ အခန်းကဏ္ဍကို မလေးစားရာရောက်တယ်။ ပြည်သူကို မကာကွယ် မစောင့်ရှောက်ရာ ရောက်တယ်။ အဲ့ဒါကြောင်း ဒါတွေဟာ အစိုးရကောင်းတွေရဲ့ လုပ်ရပ်မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။”

စစ်ကိုင်းတိုင်းအတွင်းမှာတော့ တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ အနီးဝန်းကျင်မှာရှိတဲ့ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ မြင်းမူ၊ အရာတော်၊ ဝက်လက်၊ ရွှေဘို စတဲ့ နေရာတွေမှာ ဒေသခံကာကွယ်ရေးတပ် တွေနဲ့စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲ ဖြစ်နေတာ ၁ နှစ်ဝန်းကျင်ရှိနေပါပြီ။ PDF ကာကွယ်ရေးတပ်တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး၊ အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်လို့ဆိုပြီး စစ်ကောင်စီဖက်က နယ်မြေရှင်းလင်း စစ်ဆင်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG