သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ထိပ္တန္းသံတမန္တိုက္တြန္းမႈ ျမန္မာ့ႏိုင္ငံေရးအေပၚ သက္ေရာက္မႈရွိႏိုင္


Photo credit: "AFP PHOTO / MYANMAR MILITARY INFORMATION TEAM"

(Zawgyi/ Unicode)

ျမန္မာႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒေအာက္ကေန ႏိုင္ငံေရးျပန္လည္သင့္ျမတ္ေရး လမ္းရွာဖို႔ အပါအဝင္ တိုင္းျပည္အာဏာကို ျပည္သူေတြထံ ျပန္လည္အပ္ႏွင္းႏိုင္ေရး စတာေတြနဲ႔ပတ္သတ္လို႔ တ႐ုတ္ႏိုင္ငံျခားဝန္ႀကီး Wang Yi က အာဆီယံအထူးသံ Prak Sokhonn တို႔ ေတြ႕ဆုံခ်ိန္မွာ ေဆြးေႏြးခဲ့တယ္ လို႔ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ဒီကေန႔ရက္စြဲနဲ႔ ထုတ္ျပန္လိုက္ပါတယ္။ တ႐ုတ္ထိပ္တန္းသံတမန္ရဲ႕ေဆြးေႏြးမႈေတြကေန ျမန္မာ့ႏိုင္ငံေရးအေပၚ ႐ိုက္ခတ္မႈေတြရွိလာႏိုင္တယ္လို႔ ႏိုင္ငံေရးအကဲခတ္ေတြက သုံးသပ္ပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ သတင္းကို မျမဇင္ေအာင္က တင္ျပပါမယ္။

တ႐ုတ္ႏိုင္ငံျခားဝန္ႀကီး Wang Yi နဲ႔ အာဆီယံအထူးသံ Prak Sokhonn တို႔ဟာ ပုဂံမွာက်င္းပတဲ့ မဲေခါင္-လန္ခ်န္း အစည္းအေဝးတက္ေရာက္ခဲ့ၿပီး ျမန္မာ့အေရးအခ်က္သုံးရပ္ကို အေလးေပးေဆြးေႏြးခဲ့ၾကတယ္လို႔ ဒီကေန႔ ရက္စြဲနဲ႔ထုတ္ျပန္တဲ့ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးထုတ္ျပန္ ခ်က္မွာေဖာ္ျပလိုက္ပါတယ္။ ဒါနဲ႔ပတ္သတ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို စစ္ေကာင္စီ သေဘာထားကို ေမးဖို႔ ႀကိဳးစားခဲ့ေပမယ့္ ျပန္လည္ေျဖဆိုျခင္းမရွိခဲ့ပါဘူး။ တ႐ုတ္ရဲ႕ေဆြးေႏြးမႈေတြက ျမန္မာ့ႏိုင္ငံေရးအေပၚ ႐ိုက္ခတ္မႈေတြရွိလာႏိုင္တယ္လို႔ ႏိုင္ငံေရးသုံးသပ္သူ တခ်ိဳ႕က ရႈျမင္ၾကပါတယ္။ ဒီေဆြးေႏြးမႈေတြအေပၚ ျမန္မာ့ႏိုင္ငံေရးအကဲခတ္ ဦးရဲထြန္းက အခုလို သုံးသပ္လိုက္ပါတယ္။

“ နစကမူလရည္မွန္းခ်က္ကေတာ့ လာမယ့္အနာဂတ္မွာ အထူးသျဖင့္ေတာ့ ျမန္မာ့ႏိုင္ငံေရးမွာ ေဒၚေအာင္ဆန္းစုၾကည္ မပါေအာင္ဆိုတဲ့လမ္းေၾကာင္းကိုေလွ်ာက္ေနတာ။ အဲလိုေလွ်ာက္ေနတာက ျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့လက္နက္ကိုင္ပဋိပကၡက အဲလိုလမ္းေၾကာင္းေလွ်ာက္ေနရင္ေတာ့ အခ်ိန္တိုအတြင္းမွာ ေအးခ်မ္းသြားမွာ မဟုတ္ဘူးဆိုတာကို သူတို႔ကသိလို႔ ဒါကို ေစ့စပ္ညႇိဳႏႈိင္းၿပီး တိုင္းျပည္မ်က္ႏွာကိုၾကည့္ဖို႔ အေလ်ာ့အတင္းလုပ္ဖို႔တိုက္တြန္းတာ ဘယ္ေလာက္ သက္ေရာက္မလဲဆိုတာကေတာ့ ထိန္းမႏိုင္သိမ္းမရ တရားဥပေဒစိုးမိုးေရးမလုပ္ႏိုင္တဲ့ အေျခအေန။ အဲဒီအေျခအေနက ကိုယ့္တပ္ကိုယ့္အင္အားၿပိဳလဲမယ့္အေနအထားကို ခံစားမိရင္ေတာ့ သူတို႔တိုက္တြန္းတဲ့လမ္းေၾကာင္းကို နစကအေနနဲ႔ ေလွ်ာက္ဖို႔ လုပ္ေဆာင္လာႏိုင္တယ္လို႔ျမင္တယ္။ သူတို႔အဲလိုမခံစားရဘူး သူတို႔ထိန္းႏိုင္တယ္။ သူတို႔လုပ္တာ ေအာင္ျမင္တယ္လို႔ ယူဆေနရင္ေတာ့ အဲလမ္းေၾကာင္းကိုေလွ်ာက္မယ္မထင္ဘူး။”

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ဥပေဒမူေဘာင္အရ၊ ျမန္မာ့ႏိုင္ငံေရးျပန္လည္သင့္ျမတ္ေရး စဥ္ဆက္မျပတ္ တြန္းအားေပးေဖာ္ေဆာင္ေရး၊ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးလုပ္ငန္းစဥ္ ျပန္လည္စတင္ၿပီး တိုင္းျပည္အာဏာကို ျပည္သူမ်ားထံ ျပန္လည္အပ္ႏွင္းေရး နဲ႔ အာဆီယံကခ်မွတ္ထားတဲ့ “အာဆီယံသေဘာတူညီခ်က္ ၅ ရပ္ကို အေျခခံၿပီး ျပည္တြင္းေရး ဝင္ေရာက္စြက္ဖက္မႈမရွိဘဲ၊ စိတ္ရွည္လက္ရွည္ ညႇိႏႈိင္းၾကႏိုင္ေရးတို႔ ျဖစ္တယ္လို႔ သံ႐ုံးထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။ ဒီအခ်က္ေတြ ျဖစ္ေျမာက္ဖို႔အတြက္ တ႐ုတ္ႏိုင္ငံဘက္ကေန အာဆီယံနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔လည္း ေရးသားထားပါတယ္။

ႏိုင္ငံတကာဆက္ဆံေရးေလ့လာသုံးသပ္သူ ေဒါက္တာခင္ေဇာ္ဝင္းကေတာ့ တ႐ုတ္ရဲ႕ လုပ္နည္းလုပ္ဟန္က ဘယ္ေလာက္ထိသက္ေရာက္ႏိုင္မလဲဆိုတာက စစ္ေကာင္စီေပၚမွာ မူတည္တယ္လို႔ သူ႔အျမင္ကိုခုလိုေျပာျပပါတယ္

“ဩဇာအာဏာအရဆိုရင္ေတာ့ တ႐ုတ္ကိုမေက်ာ္လြန္ႏိုင္ပါဘူး။ ေျပာတာေတြေကာင္းပါတယ္။ အေရးႀကီးတာက တ႐ုတ္တိုက္တြန္းဖို႔ကို စကစကလက္ခံဖို႔ဘဲခုလက္ရွိခ်ိန္မွာ ေခါင္းေအးေအးနဲ႔ စဥ္းစားၿပီး အားလုံးပါဝင္ဖို႔ေပါ့ေလ All-inclusive ေပါ့ေနာ္။ ေဆြးေႏြးႏိုင္မယ္ဆိုရင္ေတာ့ တခုခုျဖစ္ႏိုင္တယ္ေပါ့ေလ။ သို႔ေသာ္လည္း အရွိအရွိအတိုင္း ေျပာရမယ္ဆို ျမန္မာျပည္က ေတာ္ေတာ္ေလးလြန္ေနၿပီ ေသေၾကပ်က္ဆီးမႈေတြေကာ နာက်ည္းမႈေတြေကာ ေနာက္ဖ်က္ဆီးမႈေတြမ်ားလာၿပီ။ ဒါေတြကို Yang Yi ေျပာတဲ့ေဆးၿမီးတိုနဲ႔ကုႏိုင္ပါ့မလားစဥ္းစားရမယ္။ ဒါကအလုပ္ျဖစ္ပါ့မလားဆိုတာ။ ထိပ္ပိုင္းေခါင္းေဆာင္ ၂ ေယာက္နဲ႔ဘဲေဆြးေႏြးဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး။ ျမန္မာျပည္က ဒီကာလအတြင္းအမ်ားႀကီးေက်ာ္ျဖတ္ခဲ့ရၿပီ ဒါေလးကိုေတာ့သိထားရမယ္။”

လက္ရွိျဖစ္ေပၚေနတဲ့ ျမန္မာ့အက်ပ္အတည္းေျဖရွင္းရာမွာ အတိုက္အခံေတြနဲ႔ ေဆြးေႏြးသင့္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi က ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဦးဝဏၰေမာင္လြင္ကို ဇူလိုင္လ ၃ ရက္ေန႔က တိုက္တြန္းခဲ့တယ္လို႔ ေအအက္ဖ္ပီ သတင္းမွာ ေဖာ္ျပထားပါတယ္။ တ႐ုတ္နဲ႔ ျမန္မာ ပူးတြဲဥကၠ႒ ျပဳလုပ္တဲ့ ၇ ႀကိမ္ေျမာက္ မဲေခါင္ လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္မႈ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား အစည္းအေဝးကို ဒီေန႔ ဇူလိုင္လ ၄ ရက္မွာ ပုဂံၿမိဳ႕မွာ က်င္းပခဲ့ပါတယ္။ အဲဒီအစည္းအေဝးကို တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးေတြ အျပင္ မဲေခါင္ျမစ္ဝွမ္းေဒသႏိုင္ငံေတြျဖစ္တဲ့ ထိုင္း၊ လာအို၊ ဗီယက္နမ္နဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔က ႏိုင္ငံျခားေရးဝန္ႀကီးေတြလည္း တက္ေရာက္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode:

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ နိုင်ငံရေးပြန်လည်သင့်မြတ်ရေး လမ်းရှာဖို့ အပါအဝင် တိုင်းပြည်အာဏာကို ပြည်သူတွေထံ ပြန်လည်အပ်နှင်းနိုင်ရေး စတာတွေနဲ့ပတ်သတ်လို့ တရုတ်နိုင်ငံခြားဝန်ကြီး Wang Yi က အာဆီယံအထူးသံ Prak Sokhonn တို့ တွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့တယ် လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ တရုတ်ထိပ်တန်းသံတမန်ရဲ့ဆွေးနွေးမှုတွေကနေ မြန်မာ့နိုင်ငံရေးအပေါ် ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို မမြဇင်အောင်က တင်ပြပါမယ်။
တရုတ်နိုင်ငံခြားဝန်ကြီး Wang Yi နဲ့ အာဆီယံအထူးသံ Prak Sokhonn တို့ဟာ ပုဂံမှာကျင်းပတဲ့ မဲခေါင်-လန်ချန်း အစည်းအဝေးတက်ရောက်ခဲ့ပြီး မြန်မာ့အရေးအချက်သုံးရပ်ကို အလေးပေးဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထုတ်ပြန် ချက်မှာဖော်ပြလိုက်ပါတယ်။ ဒါနဲ့ပတ်သတ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို စစ်ကောင်စီ သဘောထားကို မေးဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါဘူး။
တရုတ်ရဲ့ဆွေးနွေးမှုတွေက မြန်မာ့နိုင်ငံရေးအပေါ် ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူ တချို့က ရှုမြင်ကြပါတယ်။ ဒီဆွေးနွေးမှုတွေအပေါ် မြန်မာ့နိုင်ငံရေးအကဲခတ် ဦးရဲထွန်းက အခုလို သုံးသပ်လိုက်ပါတယ်။
“ နစကမူလရည်မှန်းချက်ကတော့ လာမယ့်အနာဂတ်မှာ အထူးသဖြင့်တော့ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် မပါအောင်ဆိုတဲ့လမ်းကြောင်းကိုလျှောက်နေတာ။ အဲလိုလျှောက်နေတာက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့လက်နက်ကိုင်ပဋိပက္ခက အဲလိုလမ်းကြောင်းလျှောက်နေရင်တော့ အချိန်တိုအတွင်းမှာ အေးချမ်းသွားမှာ မဟုတ်ဘူးဆိုတာကို သူတို့ကသိလို့ ဒါကို စေ့စပ်ညှိုနှိုင်းပြီး တိုင်းပြည်မျက်နှာကိုကြည့်ဖို့ အလျော့အတင်းလုပ်ဖို့တိုက်တွန်းတာ ဘယ်လောက် သက်ရောက်မလဲဆိုတာကတော့ ထိန်းမနိုင်သိမ်းမရ တရားဥပဒေစိုးမိုးရေးမလုပ်နိုင်တဲ့ အခြေအနေ။ အဲဒီအခြေအနေက ကိုယ့်တပ်ကိုယ့်အင်အားပြိုလဲမယ့်အနေအထားကို ခံစားမိရင်တော့ သူတို့တိုက်တွန်းတဲ့လမ်းကြောင်းကို နစကအနေနဲ့ လျှောက်ဖို့ လုပ်ဆောင်လာနိုင်တယ်လို့မြင်တယ်။ သူတို့အဲလိုမခံစားရဘူး သူတို့ထိန်းနိုင်တယ်။ သူတို့လုပ်တာ အောင်မြင်တယ်လို့ ယူဆနေရင်တော့ အဲလမ်းကြောင်းကိုလျှောက်မယ်မထင်ဘူး။”
တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်အရ၊ မြန်မာ့နိုင်ငံရေးပြန်လည်သင့်မြတ်ရေး စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေး နဲ့ အာဆီယံကချမှတ်ထားတဲ့ “အာဆီယံသဘောတူညီချက် ၅ ရပ်ကို အခြေခံပြီး ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမရှိဘဲ၊ စိတ်ရှည်လက်ရှည် ညှိနှိုင်းကြနိုင်ရေးတို့ ဖြစ်တယ်လို့ သံရုံးထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
ဒီအချက်တွေ ဖြစ်မြောက်ဖို့အတွက် တရုတ်နိုင်ငံဘက်ကနေ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
နိုင်ငံတကာဆက်ဆံရေးလေ့လာသုံးသပ်သူ ဒေါက်တာခင်ဇော်ဝင်းကတော့ တရုတ်ရဲ့ လုပ်နည်းလုပ်ဟန်က ဘယ်လောက်ထိသက်ရောက်နိုင်မလဲဆိုတာက စစ်ကောင်စီပေါ်မှာ မူတည်တယ်လို့ သူ့အမြင်ကိုခုလိုပြောပြပါတယ်
“ဩဇာအာဏာအရဆိုရင်တော့ တရုတ်ကိုမကျော်လွန်နိုင်ပါဘူး။ ပြောတာတွေကောင်းပါတယ်။ အရေးကြီးတာက တရုတ်တိုက်တွန်းဖို့ကို စကစကလက်ခံဖို့ဘဲခုလက်ရှိချိန်မှာ ခေါင်းအေးအေးနဲ့ စဉ်းစားပြီး အားလုံးပါဝင်ဖို့ပေါ့လေ All-inclusive ပေါ့နော်။ ဆွေးနွေးနိုင်မယ်ဆိုရင်တော့ တခုခုဖြစ်နိုင်တယ်ပေါ့လေ။ သို့သော်လည်း အရှိအရှိအတိုင်း ပြောရမယ်ဆို မြန်မာပြည်က တော်တော်လေးလွန်နေပြီ သေကြေပျက်ဆီးမှုတွေကော နာကျည်းမှုတွေကော နောက်ဖျက်ဆီးမှုတွေများလာပြီ။ ဒါတွေကို Yang Yi ပြောတဲ့ဆေးမြီးတိုနဲ့ကုနိုင်ပါ့မလားစဉ်းစားရမယ်။ ဒါကအလုပ်ဖြစ်ပါ့မလားဆိုတာ။ ထိပ်ပိုင်းခေါင်းဆောင် ၂ ယောက်နဲ့ဘဲဆွေးနွေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ မြန်မာပြည်က ဒီကာလအတွင်းအများကြီးကျော်ဖြတ်ခဲ့ရပြီ ဒါလေးကိုတော့သိထားရမယ်။”
လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အကျပ်အတည်းဖြေရှင်းရာမှာ အတိုက်အခံတွေနဲ့ ဆွေးနွေးသင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်ကို ဇူလိုင်လ ၃ ရက်နေ့က တိုက်တွန်းခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်နဲ့ မြန်မာ ပူးတွဲဥက္ကဋ္ဌ ပြုလုပ်တဲ့ ၇ ကြိမ်မြောက် မဲခေါင် လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ဒီနေ့ ဇူလိုင်လ ၄ ရက်မှာ ပုဂံမြို့မှာ ကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးကို တရုတ်နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတွေ အပြင် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG