စီးပွားရေးပျက်ကပ်ဆိုက်ပြီး အကုန်ဒုက္ခရောက်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ သမ္မတ ဂိုတာဘာယာ ရာဂျာပတ်ရှာ ပြည်ပကိုထွက်ပြေးသွားပြီးနောက်၊ ဝန်ကြီးချုပ် ရနေးဝတ်ခရာမာဆင်ဂေးရဲ့ ဝန်ကြီးချုပ်ရုံးကို ဆန္ဒပြသူတွေ အတင်းဝင်ရောက်ခဲ့ကြပါတယ်။ ၄ ရက်ကြာ ပုန်းအောင်းနေပြီးမှ ဗုဒ္ဓဟူးမနက် အရုဏ်တက်မှာ မော်လ်ဒိဖ်စ်နိုင်ငံကို သမ္မတထွက်ပြေးသွားပြီးနောက် ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရာထူးက ဆင်းမပေးသေးတဲ့ ဝန်ကြီးချုပ်ရဲ့ ရုံးခန်းကို လာရောက်ခဲ့ကြတာပါ။ နိုင်ငံကနေ တိတ်တိတ်ထွက်သွားတဲ့ သမ္မတက သူ့ရဲ့လူရင်း ဝန်ကြီးချုပ်ကို ယာယီသမ္မတအဖြစ် ရာထူး လွှဲပေးခဲ့ပါတယ်။
သီရိလင်္ကာအကျပ်အတည်း (ဇူလိုင် ၁၃၊ ၂၀၂၂)

၁
သီရိလင်္ကာနိုင်ငံကနေ ထွက်ပြေးလာပြီး မော်ဒီဖ်စ်နိုင်ငံကို ရောက်လာတဲ့ သမ္မတဟောင်း ဂိုတာဘာယာရာဂျာပတ်ရှာကို အဲဒီက သီရိလင်္ကာနွယ်ဖွားတွေ မေးလ်မြို့တော်မှာ စောင့်ကြို ဆန္ဒပြခဲ့ကြပါတယ်။ (ဇူလိုင် ၁၃၊ ၂၀၂၂)

၂
ဝန်ကြီးချုပ်ရုံးဝရံတာမှာ ဆန္ဒပြသူတွေ တောင်းဆိုမှုတွေကို ဟစ်အော်နေခဲ့ကြပါတယ်။ (ကိုလံဘိုမြို့တော်)

၃
ဝန်ကြီးချုပ် ရနေးဝတ်ခရာမာဆင်ဂေးရဲ့ ဝန်ကြီးချုပ်ရုံးထဲဝင်ဖို့ ဆန္ဒပြသူတွေ စုဝေးနေကြတာပါ။ (ဇူလိုင် ၁၃၊ ၂၀၂၂)

၄
ကိုလံဘိုမြို့တော်က လွှတ်တော်အနီး ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ပြီး ဒဏ်ရာရသွားသူတဦးကို ဆေးရုံပို့ဖို့ လုပ်နေတာ ဖြစ်ပါတယ်။