စီးပွားရေးပျက်ကပ်ဆိုက်ပြီး အကုန်ဒုက္ခရောက်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ သမ္မတ ဂိုတာဘာယာ ရာဂျာပတ်ရှာ ပြည်ပကိုထွက်ပြေးသွားပြီးနောက်၊ ဝန်ကြီးချုပ် ရနေးဝတ်ခရာမာဆင်ဂေးရဲ့ ဝန်ကြီးချုပ်ရုံးကို ဆန္ဒပြသူတွေ အတင်းဝင်ရောက်ခဲ့ကြပါတယ်။ ၄ ရက်ကြာ ပုန်းအောင်းနေပြီးမှ ဗုဒ္ဓဟူးမနက် အရုဏ်တက်မှာ မော်လ်ဒိဖ်စ်နိုင်ငံကို သမ္မတထွက်ပြေးသွားပြီးနောက် ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရာထူးက ဆင်းမပေးသေးတဲ့ ဝန်ကြီးချုပ်ရဲ့ ရုံးခန်းကို လာရောက်ခဲ့ကြတာပါ။ နိုင်ငံကနေ တိတ်တိတ်ထွက်သွားတဲ့ သမ္မတက သူ့ရဲ့လူရင်း ဝန်ကြီးချုပ်ကို ယာယီသမ္မတအဖြစ် ရာထူး လွှဲပေးခဲ့ပါတယ်။
သီရိလင်္ကာအကျပ်အတည်း (ဇူလိုင် ၁၃၊ ၂၀၂၂)
၅
ဝန်ကြီးချုပ် ရနေးဝတ်ခရာမာဆင်ဂေး ရုံးအဆောက်အဦးကို ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ (ဇူလိုင် ၁၃၊ ၂၀၂၂)
၆
ကိုလံဘိုမြို့တော်မှာရှိတဲ့ ဝန်ကြီးချုပ်ရုံးထဲက စားပွဲမှာ ဆန္ဒပြသူတဦး ဝင်ထိုင်ကြည့်နေတာပါ။
၇
ဝန်ကြီးချုပ်ရုံးခြံဝန်းထဲ ဝင်ရောက်ကြတဲ့ ဆန္ဒပြသူတွေ ဖြစ်ပါတယ်။ (ဇူလိုင် ၁၃၊ ၂၀၂၂)
၈
ဝန်ကြီးချုပ်ရုံး ခြံဝန်းဂိတ်တံခါးကို အားနဲ့ တွန်းဖွင့်ဖို့ ဆန္ဒပြသူတွေ ကြိုးစားနေတာပါ။ (ဇူလိုင် ၁၃၊ ၂၀၂၂)