သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ရဲ႕ပထမဆုံး လူမည္းအမ်ိဳးသမီး တရား႐ုံးခ်ဳပ္ တရားသူႀကီး


ၿပီးခဲ့တဲ့ ဇြန္လ ၃၀ ရက္ေန႔က အေမရိကန္ တရား႐ုံးခ်ဳပ္မွာ တရားသူႀကီးအျဖစ္ က်မ္းသစၥာ က်ိန္ဆိုခဲ့တဲ့ ကဲန္တန္ဂ်ီ ဘေရာင္း ဂ်က္ဆင္န္ (Ketanji Brown Jackson) ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ ပထမဆုံး အာဖရိကႏြယ္ဖြား အမ်ိဳးသမီး တရား႐ုံးခ်ဳပ္ တရားသူႀကီးအျဖစ္ သမိုင္းဝင္သြားပါတယ္။

[Zawgyi/Unicode]

အေမရိကန္ရဲ႕ပထမဆုံး လူမည္းအမ်ိဳးသမီး တရား႐ုံးခ်ဳပ္ တရားသူႀကီး (အမ်ိဳးသမီးက႑)

ၿပီးခဲ့တဲ့ ဇြန္လ ၃၀ ရက္ေန႔က အေမရိကန္ တရား႐ုံးခ်ဳပ္မွာ တရားသူႀကီးအျဖစ္ က်မ္းသစၥာ က်ိန္ဆိုခဲ့တဲ့ ကဲန္တန္ဂ်ီ ဘေရာင္း ဂ်က္ဆင္န္ (Ketanji Brown Jackson) ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ ပထမဆုံး အာဖရိကႏြယ္ဖြား အမ်ိဳးသမီး တရား႐ုံးခ်ဳပ္ တရားသူႀကီးအျဖစ္ သမိုင္းဝင္သြားပါတယ္။ ဒါဟာ ဘယ္ေလာက္အထိ ထူးျခားပါလဲ။ ႏိုင္ငံရဲ႕ အျမင့္ဆုံး တရား႐ုံးခ်ဳပ္မွာ လူမည္းအမ်ိဳးသမီး တရားသူႀကီးေနရာ ရလာတဲ့အတြက္ ဘယ္လို အေျပာင္းအလဲေတြ ျဖစ္လာႏိုင္ပါလဲ။ တရား႐ုံးခ်ဳပ္ တရားသူႀကီး ဂ်က္ဆင္န္ ဟာ ဘယ္လို ပုဂၢိဳလ္မ်ိဳးပါလဲ။ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စုရဲ႕ အျမင့္ဆုံး တရား႐ုံးျဖစ္တဲ့ တရား႐ုံးခ်ဳပ္မွာ တာဝန္ ထမ္းေဆာင္ဖို႔ တရားသူႀကီး ကဲန္တန္ဂ်ီ ဘေရာင္း ဂ်က္ဆင္န္ ဇြန္လ ၃၀ ရက္ေန႔က က်မ္းသစၥာ က်ိန္ဆိုခဲ့တာပါ။

သူဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ ပထမဆုံး အာဖရိကႏြယ္ဖြား လူမည္း အမ်ိဳးသမီး တရား႐ုံးခ်ဳပ္ တရားသူႀကီးအျဖစ္ သမိုင္းဝင္ သြားပါတယ္။ တရား႐ုံးခ်ဳပ္မွာ သူ႔အရင္ လူမည္း တရားသူႀကီး ႏွစ္ဦးရွိေပမဲ့ ႏွစ္ဦးလုံးက အမ်ိဳးသားေတြပါ။ လူျဖဴ အမ်ိဳးသားေတြ အဓိက ေနရာယူခဲ့တဲ့ တရား႐ုံးခ်ဳပ္မွာ အမ်ိဳးသမီးလည္းျဖစ္၊ လူမည္းတဦးလည္း ျဖစ္တဲ့ တရားသူႀကီး ဂ်က္ဆင္န္ ေနရာ ရလာတာက အေမရိကန္ သမိုင္းမွာေတာ့ ထူးျခားတဲ့ တိုးတက္မႈ တခုပါပဲလို႔ ဟာဝိုင္အီအေျခစိုက္ Asia-Pacific Center for Security Studies (APCSS) လုံၿခဳံေရးဘာသာရပ္ဆိုင္ရာ အာရွ-ပစိဖိတ္စင္တာ က ပါေမာကၡ ေဒၚမီမီဝင္းဘတ္က ေျပာပါတယ္။

“ဒါက ပထမဆုံး လူမည္းအမ်ိဳးသမီးေတြ အတြက္လည္း အရမ္းေကာင္းတယ္။ အမ်ိဳးသမီးေတြ အားလုံး အတြက္လည္း ေကာင္းတယ္။ ခုဆိုရင္ တရား႐ုံးခ်ဳပ္မွာ လက္ရွိ အမ်ိဳးသမီး တရားသူႀကီး ၄ ေယာက္ ျဖစ္သြားတယ္။ တရား႐ုံးခ်ဳပ္ တရားသူႀကီး ၉ ေယာက္မွာ အခု ၄ ေယာက္က အမ်ိဳးသမီးေတြ ျဖစ္လာတယ္ ဆိုေတာ့ တဝက္ နီးပါး ျဖစ္လာတယ္။ အေမရိကားမွာ အမ်ိဳးသမီးက လူဦးေရရဲ႕ တဝက္ ရွိတယ္ဆိုေတာ့ ဒါက representation ကိုယ္စားျပဳမႈနဲ႔ ပတ္သက္ၿပီး အရမ္း အေရးႀကီးတယ္။ ဘာလို႔လဲ ဆိုေတာ့ ဒီမိုကေရစီ ဆိုတာက representative government လူထုကိုယ္စားျပဳ အစိုးရ ျဖစ္တယ္။ ကိုယ္စားျပဳမႈက အရမ္းလိုအပ္တယ္။ ဆိုေတာ့ သူ႔ရဲ႕ ကိုယ္စားျပဳမႈက အမ်ိဳးသမီးလည္း ပါတယ္။ အမ်ိဳးသမီးထဲမွာမွ လူမည္း အမ်ိဳးသမီးေတြကို ကိုယ္စားျပဳတဲ့သူလည္း ပထမဆုံး ျဖစ္သြားတယ္။ ဒါေၾကာင့္ အရမ္း အေရးႀကီးတယ္။ သူ ဝင္လာတာက တိုးတက္တယ္လို႔ ေျပာလို႔ရတာေပါ့။ ကိုယ္စားျပဳမႈ ပိုင္းမွာ တိုးတက္လာတယ္လို႔ ေျပာလို႔ရပါတယ္။”

တာဝန္က အနားယူသြားတဲ့ အသက္ ၈၃ ႏွစ္အ႐ြယ္ တရား႐ုံးခ်ဳပ္ တရားသူႀကီး စတီဖင္ဘ႐ိုင္ယာ (Stephen Breyer) ရဲ႕ ေနရာမွာ တရားသူႀကီး ဂ်က္ဆင္န္ ကို ခန္အပ္ဖို႔ သမၼတ ဂ်ိဳးဘိုင္ဒန္က ဒီႏွစ္ ေဖေဖာ္ဝါရီ လမွာ အဆိုျပဳခဲ့ၿပီးတဲ့ေနာက္ လႊတ္ေတာ္ကလည္း ဧၿပီလ ၇ ရက္ေန႔မွာ အတည္ျပဳခဲ့တာပါ။

အေမရိကန္ျပည္ေထာင္စုမွာ ေသနတ္ကိုင္ေဆာင္ခြင့္နဲ႔ ကိုယ္ဝန္ ဖ်က္ခ်ခြင့္လို ကိစၥေတြမွာ တရား႐ုံးခ်ဳပ္ရဲ႕ ဆုံးျဖတ္ခ်က္ေတြနဲ႔ ပတ္သက္လို႔ အျငင္းပြားမႈေတြနဲ႔ ကြဲလြဲမႈေတြ ျပင္းထန္ေနခ်ိန္မွာ တရားသူႀကီး ဂ်က္ဆင္န္ တရား႐ုံးခ်ဳပ္ တရားသူႀကီးအျဖစ္ တာဝန္ စတင္ ထမ္းေဆာင္တာလည္း ျဖစ္ပါတယ္။ ႏိုင္ငံတဝန္း ေသနတ္ကိုင္ အၾကမ္းဖက္မႈေတြ တိုးလာေနတဲ့အတြက္ ေသနတ္ကိုင္ေဆာင္ခြင့္ တင္းက်ပ္ဖို႔ ေတာင္းဆို လႈပ္ရွားမႈေတြ ျပင္းထန္ လာေပမဲ့၊ တရား႐ုံးခ်ဳပ္ကေတာ့ ေသနတ္ကိုင္ေဆာင္ခြင့္ဆိုင္ရာ စည္းမ်ဥ္းေတြကို မၾကာခင္က ေျဖေလ ွ်ာ့ေပးခဲ့သလို၊ ကိုယ္ဝန္ဖ်က္ခ်ခြင့္နဲ႔ ပတ္သက္လို႔လည္း ႏွစ္ေပါင္း ၅၀ နီးပါး တရားဝင္ ခြင့္ျပဳလာခဲ့တဲ့ Roe v Wade စီရင္ထုံးကို ပယ္ဖ်က္ခဲ့ ပါတယ္။ ဒီလို ဆုံးျဖတ္ခ်က္ေတြနဲ႔ ကြန္ဆာေဗးတစ္ တရားသူႀကီး အမ်ားစု လႊမ္းမိုးထားတဲ့ တရား႐ုံးခ်ဳပ္မွာ လူနည္းစုဝင္ လူမည္း အမ်ိဳးသမီး တရားသူႀကီး တေယာက္ အေနနဲ႔ အေျပာင္းအလဲေတြ ျဖစ္လာေအာင္ လုပ္ေဆာင္ႏိုင္ပါ့မလား။ ပါေမာကၡ ေဒၚမီမီဝင္းဘတ္က ခုလို သုံးသပ္ပါတယ္။

“သူရွိလာတဲ့အတြက္ နည္းနည္းပါးပါးေတာ့ ေျပာင္းလဲလာမယ္လို႔ ခန႔္မွန္းလို႔ရတယ္။ ဒါေပမဲ့လည္း သူ တေယာက္တည္းနဲ႔ေတာ့ လုပ္လို႔မရဘူး။ ဒီဥစၥာက လူမႈအသိုင္းအဝိုင္း တခုလုံးအတြက္။ ကိုယ္ဝန္ဖ်က္ခ်ခြင့္၊ ေသနတ္ကိုင္ေဆာင္ခြင့္ ဆိုတဲ့ ကိစၥေတြက လူမႈအသိုင္းအဝိုင္း တခုလုံးမွာ ျဖစ္ေနတဲ့ကိစၥေတြ ဆိုေတာ့ ဒါက လႊတ္ေတာ္မွာလည္း လိုအပ္တယ္။ လႊတ္ေတာ္မွာလည္း အမ်ိဳးသမီးေတြ တဝက္ ကိုယ္စားျပဳမႈရွိဖို႔ အရမ္း လိုအပ္တယ္။ ကိုယ္စားျပဳမႈ ရွိမွပဲ အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရးနဲ႔ လူ႔အခြင့္အေရး ပိုမို တိုးတက္ေအာင္ လုပ္ႏိုင္မယ္လို႔ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ အခုခ်ိန္မွာ တရား႐ုံးခ်ဳပ္မွာလည္း ေနရာ ရၿပီ။ အုပ္ခ်ဳပ္ေရး က႑မွာလည္း ရၿပီ။ ဒါေပမဲ့ တခု က်န္ေနေသးတာက ဥပေဒျပဳလႊတ္ေတာ္ေပါ့။ ဘာလို႔လဲ ဆိုေတာ့ က်မတို႔ရဲ႕ စနစ္က “checks and balances” မ ွ်မ ွ်တတ လုပ္ရတဲ့အခါ က်ေတာ့၊ အျပန္အလွန္ ထိန္းညႇိမႈေတြ ရွိေနတဲ့အခါက်ေတာ့ ကိုယ္စားျပဳမႈက သိပ္ အေရးႀကီးပါတယ္။ အဲ့ဒီ ကိုယ္စားျပဳမႈ ဆိုတာမွာလည္း လူမ်ိဳးေရးေရာ၊ အမ်ိဳးသမီးေရာ ႏွစ္ခုလုံး ပါတယ္။ အနည္းဆုံးေတာ့ အမ်ိဳးသမီး ၅၀ % ရွိတဲ့အတြက္ ၅၀ % ကိုယ္စားျပဳမႈ လိုအပ္တယ္။ ေနာက္ၿပီးေတာ့ လူမည္းေတြကလည္း အေမရိကားမွာ ၂၅ % - ၃၀ % ေလာက္ရွိတယ္ဆိုေတာ့ လႊတ္ေတာ္မွာလည္း ဒီလို ၂၅ % - ၃၀ % ေလာက္ လူမည္းေတြ ရွိသင့္တယ္ေပါ့။ စနစ္က တကယ္ မ ွ်မ ွ်တတ ျဖစ္တယ္ဆိုရင္ေပါ့။”

လက္ရွိ တရား႐ုံးခ်ဳပ္ တရားသူႀကီး ၉ ဦးမွာ ၆ ဦးက သမာ႐ိုးက် ကြန္ဆာေဗးတစ္တရားသူႀကီးေတြ ျဖစ္ၿပီး လစ္ဘရယ္ တရားသူႀကီးက ၃ ဦးသာ ရွိပါတယ္။ လစ္လပ္သြားတဲ့ လစ္ဘရယ္ တရားသူႀကီး ဘ႐ိုင္ယာ ရဲ႕ေနရာမွာ ေနာက္ထပ္ လစ္ဘရယ္ တရားသူႀကီး တဦး အေနနဲ႔ တရားသူႀကီး ဂ်က္ဆင္ အစားထိုး ေနရာယူတာျဖစ္လို႔ တရား႐ုံးခ်ဳပ္မွာ အေတြးအေခၚ အယူအဆပိုင္း ဆိုင္ရာ ဆုံးျဖတ္ခ်က္ ႀကီးႀကီးမားမား ေျပာင္းလဲလာဖို႔ေတာ့ မလြယ္ကူႏိုင္ဘူးလို႔ ေဒၚမီမီဝင္းဘက္က ေျပာပါတယ္။

ဒါေပမဲ့လည္း လက္ရွိ တရားသူႀကီး အမ်ားစုနဲ႔မတူတဲ့ သူ႔ရဲ႕ ေနာက္ခံ သမိုင္းေၾကာင္း၊ ျဖတ္သန္းမႈ အေတြ႕အႀကဳံေတြအရ သူအစားထိုး ဝင္လာတဲ့ တရားသူႀကီး ဘ႐ိုင္ယာ ထက္ ကြန္ဆာေဗးတစ္ အယူအဆေတြကို ပိုၿပီး အေျခအတင္ တုံ႔ျပန္ႏိုင္တယ္လို႔ေတာ့ ေလ့လာသူေတြက သုံးသပ္ ၾကပါတယ္။ ခြဲျခားဆက္ဆံခံရတဲ့ လူနည္းစုဝင္ အသိုင္းအဝိုင္းက လာသူလည္းျဖစ္၊ အမ်ိဳးသမီး တေယာက္လည္း ျဖစ္တဲ့အတြက္ လူမ်ိဳးေရးအရ၊ က်ား-မ ကြဲျပားမႈအရ လူအမ်ား ထည့္သြင္း စဥ္းစားေလ့မရွိတဲ့ အခ်က္ေတြ၊ အေတြးအေခၚ အယူအဆေတြနဲ႔ ခြဲျခား ဆက္ဆံခံရသူေတြ အတြက္ တရားမ ွ်တမႈ ရေရး ကိုယ္စားျပဳႏိုင္တဲ့ တရားသူႀကီး တေယာက္ ျဖစ္လာဖို႔လည္း အမ်ိဳးသမီးေတြနဲ႔ လူနည္းစုေတြက ေမ ွ်ာ္လင့္ၾကတာပါ။

တရားသူႀကီး ဂ်က္ဆင္န္ ကေတာ့ ဘက္လိုက္မႈကင္းၿပီး သီးျခားလြတ္လပ္ရတဲ့ တရားသူႀကီး တေယာက္ရဲ႕ တာဝန္ကို သူ အေကာင္းဆုံး ထမ္းေဆာင္သြားမယ့္ အေၾကာင္း တရား႐ုံးခ်ဳပ္ တရားသူႀကီးအျဖစ္ သူ႔ကို တရားဝင္ အတည္မျပဳခင္ ကတည္းက ကတိျပဳ ေျပာဆိုခဲ့ပါတယ္။

“က်မ သာ တရား႐ုံးခ်ဳပ္ တရားသူႀကီးအျဖစ္ အတည္ျပဳ ခံရမယ္ဆိုရင္ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၄၆ ႏွစ္ တည္တန႔္ လာခဲ့တဲ့ ခိုင္မာ အားေကာင္းတဲ့ အေမရိကန္ ဒီမိုကေရစီ စနစ္နဲ႔ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို အေကာင္းဆုံး ထိန္းသိမ္း ကာကြယ္ ေစာင့္ေရွာက္ႏိုင္ေအာင္ ေဆာင္႐ြက္သြားမယ္ ဆိုတာကို ကတိျပဳပါတယ္။ က်မ တရားသူႀကီး တေယာက္အျဖစ္ တာဝန္ထမ္းလာခဲ့တာ ဆယ္စုႏွစ္ တစုနီးပါး ရွိပါၿပီ။ သီးျခား လြတ္လပ္စြာ ရပ္တည္ရမယ္ဆိုတဲ့ တရားသူႀကီး တေယာက္ရဲ႕ တာဝန္ ဝတၱရားကို အထူး အေလးအနက္ ထားပါတယ္။ အမႈေတြကို ဘက္လိုက္မႈမရွိ၊ အခ်က္အလက္ေတြကို အေျခခံၿပီး သုံးသပ္ ဆုံးျဖတ္ရပါတယ္။ တရားသူႀကီးတေယာက္ က်မ္းသစၥာ က်ိန္ဆိုထားတဲ့အတိုင္း အေၾကာက္တရား ကင္းၿပီး ဘက္လိုက္မရွိေအာင္၊ ျဖစ္ရပ္တိုင္းမွာ အခ်က္အလက္ေတြကို အေျခခံၿပီး သုံးသပ္ ဆုံးျဖတ္ပါတယ္။”

ဟားဗတ္တကၠသိုလ္ကေန ဥပေဒပညာဘြဲ႕ ယူခဲ့တဲ့ တရားသူႀကီး ဂ်က္ဆင္န္ ဟာ တရား႐ုံးခ်ဳပ္မွာ သူ အစားထိုး ခန႔္အပ္ခံရတဲ့ တရားသူႀကီး ဘ႐ိုင္ယာ လက္ေအာက္ ဝန္ထမ္းတေယာက္အျဖစ္ အလုပ္ လုပ္ခဲ့ဖူးတဲ့သူပါ။ ဝါရွင္တန္ဒီစီ ခ႐ိုင္တရား႐ုံးမွာ ဖက္ဒရယ္ တရားသူႀကီး အျဖစ္ ၂၀၁၃ ခုႏွစ္က ၂၀၂၁ ခုႏွစ္အထိ တာဝန္ထမ္းခဲ့သလို၊ အဲ့ဒီေနာက္ ဝါရွင္တန္ဒီစီမွာရွိတဲ့ ဖက္ဒရယ္ အယူခံတရား႐ုံး တရားသူႀကီး အျဖစ္လည္း ၁ ႏွစ္ တာဝန္ထမ္း ခဲ့ဖူးပါတယ္။ ဖက္ဒရယ္တရား႐ုံးေတြ အတြက္ ျပစ္ဒဏ္ သတ္မွတ္ခ်က္ဆိုင္ရာ ၫႊန္ၾကားခ်က္ေတြ ခ်မွတ္ေပးရတဲ့ တရားစီရင္ေရးဆိုင္ရာ သီးျခားလြတ္လပ္တဲ့ ေကာ္မရွင္မွာလည္း ဒုတိယအႀကီးအကဲ တာဝန္ ယူခဲ့တဲ့သူပါ။

ဆယ္စုႏွစ္ တစုေက်ာ္ တရားသူႀကီး တာဝန္ေတြ ထမ္းေဆာင္ခဲ့ခ်ိန္အတြင္း ျပစ္မႈေတြ ကိုင္တြယ္ရာမွာ သက္ညႇာလြန္းတယ္ ဆိုတဲ့ ေဝဖန္ခ်က္တခ်ိဳ႕ ရွိခဲ့ေပမဲ့၊ အမ်ားစုကေတာ့ သမာသမတ္က်တဲ့ တရားသူႀကီးအျဖစ္ သူ႔ကို သတ္မွတ္ၾကပါတယ္။ တရားသူႀကီး ဂ်က္ဆင္န္ ဟာ လူမည္း အမ်ိဳးသမီးေတြ အတြက္သာမက၊ အားလုံးအတြက္ ေလးစား အတုယူစရာ အမ်ိဳးသမီးတေယာက္ ျဖစ္တယ္လို႔ ပါေမာကၡ ေဒၚမီမီဝင္းဘက္က ေျပာပါတယ္။

“အေမရိကားမွာ လူမည္းေတြက ကြၽန္ျပဳခံခဲ့ရတယ္။ ဆိုေတာ့ အဲ့ဒီဘဝကေန ဒီေန႔ ႏိုင္ငံရဲ႕ ထိပ္ဆုံး အျမင့္ဆုံးျဖစ္တဲ့ တရား႐ုံးခ်ဳပ္ကို ေရာက္တယ္ဆိုတာ နည္းတဲ့ ႀကိဳးစားမႈ မဟုတ္ဘူး။ ေနာက္ၿပီး လူမည္းေတြ ထဲမွာမွ ပိုၿပီး ခံစားရတာက အမ်ိဳးသမီးေတြ။ အမ်ိဳးသမီးေတြက အရမ္း အႏွိမ္ခံရတယ္။ သူတို႔က ေအာက္ဆုံးမွာပဲ။ ဆိုေတာ့ အဲ့ဒီလိုေနရာကေန အေပၚထိကိုေရာက္ဖို႔က မ်ိဳးဆက္ေတြနဲ႔ခ်ီ ႀကိဳးစားၿပီး ျဖစ္လာတာ ဆိုေတာ့ အရမ္းကို ခ်ီးက်ဴးစရာ ေကာင္းပါတယ္။ ဂုဏ္ယူဖို႔သင့္တယ္။ အၿမဲတမ္း ဇြဲေပါ့ေနာ္။ ဇြဲရွိေနရင္ ေတာ္ေတာ္မ်ားမ်ား အခက္အခဲေတြကို ေက်ာ္လႊားႏိုင္ၿပီး ပန္းတိုင္ ေရာက္ႏိုင္တယ္ဆိုတာကို သူက ျပသြားတာေလ။ သူ ေက်ာင္းသြားခဲ့တဲ့အခ်ိန္၊ ဟားဗက္တကၠသိုလ္ တက္ခဲ့တဲ့အခ်ိန္ေတြက တကယ္ေတာ့ ခြဲျခားဆက္ဆံမႈေတြ ရွိေနေသးတာ။ အမည္း အမ်ိဳးသမီးတေယာက္ ဒီလိုမ်ိဳး ေက်ာင္းကို တက္ႏိုင္တယ္ဆိုတာ အရမ္းေတာ္မွ ရတာ။ ဆိုေတာ့ ဒါက ေတာ္ေတာ္ကို ခ်ီးက်ဴးစရာေကာင္းတယ္။ ဂုဏ္ယူစရာ ေကာင္းတယ္။ နမူနာ ယူစရာ ေကာင္းတယ္လို႔ ေျပာလို႔ရတယ္။”

တရားသူႀကီး ဂ်က္ဆင္န္ အေနနဲ႔ ဇြန္လ ၃၀ ရက္၊ တရားဝင္ တာဝန္ စတင္ ထမ္းေဆာင္ခ်ိန္ကေန တာဝန္က အနားယူမယ့္ခ်ိန္အထိ တသက္တာ တရား႐ုံးခ်ဳပ္ တရားသူႀကီးအျဖစ္ တာဝန္ထမ္းသြားရမွာပါ။

၁၁၆ ေယာက္ေျမာက္ အေမရိကန္ တရား႐ုံးခ်ဳပ္ တရားသူႀကီးလည္းျဖစ္၊ အေမရိကန္ရဲ႕ ပထမဆုံး လူမည္း အမ်ိဳးသမီး တရား႐ုံးခ်ဳပ္ တရားသူႀကီး လည္း ျဖစ္တဲ့ ဂ်က္ဆင္န္ ဟာ တရား႐ုံးခ်ဳပ္မွာ တာဝန္ထမ္းေဆာင္တဲ့ တတိယေျမာက္ အာဖရိကႏြယ္ဖြား ျဖစ္ၿပီး အမ်ိဳးသမီးေတြ ထဲမွာေတာ့ ဆဌမေျမာက္ ပါ။ သူ႔အရင္ တရား႐ုံးခ်ဳပ္မွာ ရွိေနၾကတဲ့ တရားသူႀကီး Sonia Sotomayor ၊ Elena Kagan နဲ႔ Amy Coney Barrett တို႔နဲ႔အတူ တာဝန္ထမ္း ရမွာ ျဖစ္ပါတယ္။

က်န္တဲ့ အမ်ိဳးသမီး တရားသူႀကီးႏွစ္ဦး ကေတာ့ တာဝန္က အနားယူသြားၿပီျဖစ္တဲ့ တရားသူႀကီး Sandra Day O'Connor နဲ႔ ကြယ္လြန္သြားၿပီျဖစ္တဲ့ တရားသူႀကီး Ruth Bader Ginsburg တို႔ျဖစ္တယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင့္။

===========================================================

[Unicode]

အမေရိကန်ရဲ့ပထမဆုံး လူမည်းအမျိုးသမီး တရားရုံးချုပ် တရားသူကြီး (အမျိုးသမီးကဏ္ဍ)

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က အမေရိကန် တရားရုံးချုပ်မှာ တရားသူကြီးအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ကဲန်တန်ဂျီ ဘရောင်း ဂျက်ဆင်န် (Ketanji Brown Jackson) ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အာဖရိကနွယ်ဖွား အမျိုးသမီး တရားရုံးချုပ် တရားသူကြီးအဖြစ် သမိုင်းဝင်သွားပါတယ်။ ဒါဟာ ဘယ်လောက်အထိ ထူးခြားပါလဲ။ နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးချုပ်မှာ လူမည်းအမျိုးသမီး တရားသူကြီးနေရာ ရလာတဲ့အတွက် ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါလဲ။ တရားရုံးချုပ် တရားသူကြီး ဂျက်ဆင်န် ဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးပါလဲ။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံး တရားရုံးဖြစ်တဲ့ တရားရုံးချုပ်မှာ တာဝန် ထမ်းဆောင်ဖို့ တရားသူကြီး ကဲန်တန်ဂျီ ဘရောင်း ဂျက်ဆင်န် ဇွန်လ ၃၀ ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။

သူဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အာဖရိကနွယ်ဖွား လူမည်း အမျိုးသမီး တရားရုံးချုပ် တရားသူကြီးအဖြစ် သမိုင်းဝင် သွားပါတယ်။ တရားရုံးချုပ်မှာ သူ့အရင် လူမည်း တရားသူကြီး နှစ်ဦးရှိပေမဲ့ နှစ်ဦးလုံးက အမျိုးသားတွေပါ။ လူဖြူ အမျိုးသားတွေ အဓိက နေရာယူခဲ့တဲ့ တရားရုံးချုပ်မှာ အမျိုးသမီးလည်းဖြစ်၊ လူမည်းတဦးလည်း ဖြစ်တဲ့ တရားသူကြီး ဂျက်ဆင်န် နေရာ ရလာတာက အမေရိကန် သမိုင်းမှာတော့ ထူးခြားတဲ့ တိုးတက်မှု တခုပါပဲလို့ ဟာဝိုင်အီအခြေစိုက် Asia-Pacific Center for Security Studies (APCSS) လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ-ပစိဖိတ်စင်တာ က ပါမောက္ခ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။

“ဒါက ပထမဆုံး လူမည်းအမျိုးသမီးတွေ အတွက်လည်း အရမ်းကောင်းတယ်။ အမျိုးသမီးတွေ အားလုံး အတွက်လည်း ကောင်းတယ်။ ခုဆိုရင် တရားရုံးချုပ်မှာ လက်ရှိ အမျိုးသမီး တရားသူကြီး ၄ ယောက် ဖြစ်သွားတယ်။ တရားရုံးချုပ် တရားသူကြီး ၉ ယောက်မှာ အခု ၄ ယောက်က အမျိုးသမီးတွေ ဖြစ်လာတယ် ဆိုတော့ တဝက် နီးပါး ဖြစ်လာတယ်။ အမေရိကားမှာ အမျိုးသမီးက လူဦးရေရဲ့ တဝက် ရှိတယ်ဆိုတော့ ဒါက representation ကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီး အရမ်း အရေးကြီးတယ်။ ဘာလို့လဲ ဆိုတော့ ဒီမိုကရေစီ ဆိုတာက representative government လူထုကိုယ်စားပြု အစိုးရ ဖြစ်တယ်။ ကိုယ်စားပြုမှုက အရမ်းလိုအပ်တယ်။ ဆိုတော့ သူ့ရဲ့ ကိုယ်စားပြုမှုက အမျိုးသမီးလည်း ပါတယ်။ အမျိုးသမီးထဲမှာမှ လူမည်း အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့သူလည်း ပထမဆုံး ဖြစ်သွားတယ်။ ဒါကြောင့် အရမ်း အရေးကြီးတယ်။ သူ ဝင်လာတာက တိုးတက်တယ်လို့ ပြောလို့ရတာပေါ့။ ကိုယ်စားပြုမှု ပိုင်းမှာ တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။”

တာဝန်က အနားယူသွားတဲ့ အသက် ၈၃ နှစ်အရွယ် တရားရုံးချုပ် တရားသူကြီး စတီဖင်ဘရိုင်ယာ (Stephen Breyer) ရဲ့ နေရာမှာ တရားသူကြီး ဂျက်ဆင်န် ကို ခန်အပ်ဖို့ သမ္မတ ဂျိုးဘိုင်ဒန်က ဒီနှစ် ဖေဖော်ဝါရီ လမှာ အဆိုပြုခဲ့ပြီးတဲ့နောက် လွှတ်တော်ကလည်း ဧပြီလ ၇ ရက်နေ့မှာ အတည်ပြုခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့်နဲ့ ကိုယ်ဝန် ဖျက်ချခွင့်လို ကိစ္စတွေမှာ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေနဲ့ ကွဲလွဲမှုတွေ ပြင်းထန်နေချိန်မှာ တရားသူကြီး ဂျက်ဆင်န် တရားရုံးချုပ် တရားသူကြီးအဖြစ် တာဝန် စတင် ထမ်းဆောင်တာလည်း ဖြစ်ပါတယ်။ နိုင်ငံတဝန်း သေနတ်ကိုင် အကြမ်းဖက်မှုတွေ တိုးလာနေတဲ့အတွက် သေနတ်ကိုင်ဆောင်ခွင့် တင်းကျပ်ဖို့ တောင်းဆို လှုပ်ရှားမှုတွေ ပြင်းထန် လာပေမဲ့၊ တရားရုံးချုပ်ကတော့ သေနတ်ကိုင်ဆောင်ခွင့်ဆိုင်ရာ စည်းမျဉ်းတွေကို မကြာခင်က ဖြေလေ ျှာ့ပေးခဲ့သလို၊ ကိုယ်ဝန်ဖျက်ချခွင့်နဲ့ ပတ်သက်လို့လည်း နှစ်ပေါင်း ၅၀ နီးပါး တရားဝင် ခွင့်ပြုလာခဲ့တဲ့ Roe v Wade စီရင်ထုံးကို ပယ်ဖျက်ခဲ့ ပါတယ်။ ဒီလို ဆုံးဖြတ်ချက်တွေနဲ့ ကွန်ဆာဗေးတစ် တရားသူကြီး အများစု လွှမ်းမိုးထားတဲ့ တရားရုံးချုပ်မှာ လူနည်းစုဝင် လူမည်း အမျိုးသမီး တရားသူကြီး တယောက် အနေနဲ့ အပြောင်းအလဲတွေ ဖြစ်လာအောင် လုပ်ဆောင်နိုင်ပါ့မလား။ ပါမောက္ခ ဒေါ်မီမီဝင်းဘတ်က ခုလို သုံးသပ်ပါတယ်။

“သူရှိလာတဲ့အတွက် နည်းနည်းပါးပါးတော့ ပြောင်းလဲလာမယ်လို့ ခန့်မှန်းလို့ရတယ်။ ဒါပေမဲ့လည်း သူ တယောက်တည်းနဲ့တော့ လုပ်လို့မရဘူး။ ဒီဥစ္စာက လူမှုအသိုင်းအဝိုင်း တခုလုံးအတွက်။ ကိုယ်ဝန်ဖျက်ချခွင့်၊ သေနတ်ကိုင်ဆောင်ခွင့် ဆိုတဲ့ ကိစ္စတွေက လူမှုအသိုင်းအဝိုင်း တခုလုံးမှာ ဖြစ်နေတဲ့ကိစ္စတွေ ဆိုတော့ ဒါက လွှတ်တော်မှာလည်း လိုအပ်တယ်။ လွှတ်တော်မှာလည်း အမျိုးသမီးတွေ တဝက် ကိုယ်စားပြုမှုရှိဖို့ အရမ်း လိုအပ်တယ်။ ကိုယ်စားပြုမှု ရှိမှပဲ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ လူ့အခွင့်အရေး ပိုမို တိုးတက်အောင် လုပ်နိုင်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အခုချိန်မှာ တရားရုံးချုပ်မှာလည်း နေရာ ရပြီ။ အုပ်ချုပ်ရေး ကဏ္ဍမှာလည်း ရပြီ။ ဒါပေမဲ့ တခု ကျန်နေသေးတာက ဥပဒေပြုလွှတ်တော်ပေါ့။ ဘာလို့လဲ ဆိုတော့ ကျမတို့ရဲ့ စနစ်က “checks and balances” မ ျှမ ျှတတ လုပ်ရတဲ့အခါ ကျတော့၊ အပြန်အလှန် ထိန်းညှိမှုတွေ ရှိနေတဲ့အခါကျတော့ ကိုယ်စားပြုမှုက သိပ် အရေးကြီးပါတယ်။ အဲ့ဒီ ကိုယ်စားပြုမှု ဆိုတာမှာလည်း လူမျိုးရေးရော၊ အမျိုးသမီးရော နှစ်ခုလုံး ပါတယ်။ အနည်းဆုံးတော့ အမျိုးသမီး ၅၀ % ရှိတဲ့အတွက် ၅၀ % ကိုယ်စားပြုမှု လိုအပ်တယ်။ နောက်ပြီးတော့ လူမည်းတွေကလည်း အမေရိကားမှာ ၂၅ % - ၃၀ % လောက်ရှိတယ်ဆိုတော့ လွှတ်တော်မှာလည်း ဒီလို ၂၅ % - ၃၀ % လောက် လူမည်းတွေ ရှိသင့်တယ်ပေါ့။ စနစ်က တကယ် မ ျှမ ျှတတ ဖြစ်တယ်ဆိုရင်ပေါ့။”

လက်ရှိ တရားရုံးချုပ် တရားသူကြီး ၉ ဦးမှာ ၆ ဦးက သမာရိုးကျ ကွန်ဆာဗေးတစ်တရားသူကြီးတွေ ဖြစ်ပြီး လစ်ဘရယ် တရားသူကြီးက ၃ ဦးသာ ရှိပါတယ်။ လစ်လပ်သွားတဲ့ လစ်ဘရယ် တရားသူကြီး ဘရိုင်ယာ ရဲ့နေရာမှာ နောက်ထပ် လစ်ဘရယ် တရားသူကြီး တဦး အနေနဲ့ တရားသူကြီး ဂျက်ဆင် အစားထိုး နေရာယူတာဖြစ်လို့ တရားရုံးချုပ်မှာ အတွေးအခေါ် အယူအဆပိုင်း ဆိုင်ရာ ဆုံးဖြတ်ချက် ကြီးကြီးမားမား ပြောင်းလဲလာဖို့တော့ မလွယ်ကူနိုင်ဘူးလို့ ဒေါ်မီမီဝင်းဘက်က ပြောပါတယ်။

ဒါပေမဲ့လည်း လက်ရှိ တရားသူကြီး အများစုနဲ့မတူတဲ့ သူ့ရဲ့ နောက်ခံ သမိုင်းကြောင်း၊ ဖြတ်သန်းမှု အတွေ့အကြုံတွေအရ သူအစားထိုး ဝင်လာတဲ့ တရားသူကြီး ဘရိုင်ယာ ထက် ကွန်ဆာဗေးတစ် အယူအဆတွေကို ပိုပြီး အခြေအတင် တုံ့ပြန်နိုင်တယ်လို့တော့ လေ့လာသူတွေက သုံးသပ် ကြပါတယ်။ ခွဲခြားဆက်ဆံခံရတဲ့ လူနည်းစုဝင် အသိုင်းအဝိုင်းက လာသူလည်းဖြစ်၊ အမျိုးသမီး တယောက်လည်း ဖြစ်တဲ့အတွက် လူမျိုးရေးအရ၊ ကျား-မ ကွဲပြားမှုအရ လူအများ ထည့်သွင်း စဉ်းစားလေ့မရှိတဲ့ အချက်တွေ၊ အတွေးအခေါ် အယူအဆတွေနဲ့ ခွဲခြား ဆက်ဆံခံရသူတွေ အတွက် တရားမ ျှတမှု ရရေး ကိုယ်စားပြုနိုင်တဲ့ တရားသူကြီး တယောက် ဖြစ်လာဖို့လည်း အမျိုးသမီးတွေနဲ့ လူနည်းစုတွေက မေ ျှာ်လင့်ကြတာပါ။

တရားသူကြီး ဂျက်ဆင်န် ကတော့ ဘက်လိုက်မှုကင်းပြီး သီးခြားလွတ်လပ်ရတဲ့ တရားသူကြီး တယောက်ရဲ့ တာဝန်ကို သူ အကောင်းဆုံး ထမ်းဆောင်သွားမယ့် အကြောင်း တရားရုံးချုပ် တရားသူကြီးအဖြစ် သူ့ကို တရားဝင် အတည်မပြုခင် ကတည်းက ကတိပြု ပြောဆိုခဲ့ပါတယ်။

“ကျမ သာ တရားရုံးချုပ် တရားသူကြီးအဖြစ် အတည်ပြု ခံရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၄၆ နှစ် တည်တန့် လာခဲ့တဲ့ ခိုင်မာ အားကောင်းတဲ့ အမေရိကန် ဒီမိုကရေစီ စနစ်နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အကောင်းဆုံး ထိန်းသိမ်း ကာကွယ် စောင့်ရှောက်နိုင်အောင် ဆောင်ရွက်သွားမယ် ဆိုတာကို ကတိပြုပါတယ်။ ကျမ တရားသူကြီး တယောက်အဖြစ် တာဝန်ထမ်းလာခဲ့တာ ဆယ်စုနှစ် တစုနီးပါး ရှိပါပြီ။ သီးခြား လွတ်လပ်စွာ ရပ်တည်ရမယ်ဆိုတဲ့ တရားသူကြီး တယောက်ရဲ့ တာဝန် ဝတ္တရားကို အထူး အလေးအနက် ထားပါတယ်။ အမှုတွေကို ဘက်လိုက်မှုမရှိ၊ အချက်အလက်တွေကို အခြေခံပြီး သုံးသပ် ဆုံးဖြတ်ရပါတယ်။ တရားသူကြီးတယောက် ကျမ်းသစ္စာ ကျိန်ဆိုထားတဲ့အတိုင်း အကြောက်တရား ကင်းပြီး ဘက်လိုက်မရှိအောင်၊ ဖြစ်ရပ်တိုင်းမှာ အချက်အလက်တွေကို အခြေခံပြီး သုံးသပ် ဆုံးဖြတ်ပါတယ်။”

ဟားဗတ်တက္ကသိုလ်ကနေ ဥပဒေပညာဘွဲ့ ယူခဲ့တဲ့ တရားသူကြီး ဂျက်ဆင်န် ဟာ တရားရုံးချုပ်မှာ သူ အစားထိုး ခန့်အပ်ခံရတဲ့ တရားသူကြီး ဘရိုင်ယာ လက်အောက် ဝန်ထမ်းတယောက်အဖြစ် အလုပ် လုပ်ခဲ့ဖူးတဲ့သူပါ။ ဝါရှင်တန်ဒီစီ ခရိုင်တရားရုံးမှာ ဖက်ဒရယ် တရားသူကြီး အဖြစ် ၂၀၁၃ ခုနှစ်က ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းခဲ့သလို၊ အဲ့ဒီနောက် ဝါရှင်တန်ဒီစီမှာရှိတဲ့ ဖက်ဒရယ် အယူခံတရားရုံး တရားသူကြီး အဖြစ်လည်း ၁ နှစ် တာဝန်ထမ်း ခဲ့ဖူးပါတယ်။ ဖက်ဒရယ်တရားရုံးတွေ အတွက် ပြစ်ဒဏ် သတ်မှတ်ချက်ဆိုင်ရာ ညွှန်ကြားချက်တွေ ချမှတ်ပေးရတဲ့ တရားစီရင်ရေးဆိုင်ရာ သီးခြားလွတ်လပ်တဲ့ ကော်မရှင်မှာလည်း ဒုတိယအကြီးအကဲ တာဝန် ယူခဲ့တဲ့သူပါ။

ဆယ်စုနှစ် တစုကျော် တရားသူကြီး တာဝန်တွေ ထမ်းဆောင်ခဲ့ချိန်အတွင်း ပြစ်မှုတွေ ကိုင်တွယ်ရာမှာ သက်ညှာလွန်းတယ် ဆိုတဲ့ ဝေဖန်ချက်တချို့ ရှိခဲ့ပေမဲ့၊ အများစုကတော့ သမာသမတ်ကျတဲ့ တရားသူကြီးအဖြစ် သူ့ကို သတ်မှတ်ကြပါတယ်။ တရားသူကြီး ဂျက်ဆင်န် ဟာ လူမည်း အမျိုးသမီးတွေ အတွက်သာမက၊ အားလုံးအတွက် လေးစား အတုယူစရာ အမျိုးသမီးတယောက် ဖြစ်တယ်လို့ ပါမောက္ခ ဒေါ်မီမီဝင်းဘက်က ပြောပါတယ်။

“အမေရိကားမှာ လူမည်းတွေက ကျွန်ပြုခံခဲ့ရတယ်။ ဆိုတော့ အဲ့ဒီဘဝကနေ ဒီနေ့ နိုင်ငံရဲ့ ထိပ်ဆုံး အမြင့်ဆုံးဖြစ်တဲ့ တရားရုံးချုပ်ကို ရောက်တယ်ဆိုတာ နည်းတဲ့ ကြိုးစားမှု မဟုတ်ဘူး။ နောက်ပြီး လူမည်းတွေ ထဲမှာမှ ပိုပြီး ခံစားရတာက အမျိုးသမီးတွေ။ အမျိုးသမီးတွေက အရမ်း အနှိမ်ခံရတယ်။ သူတို့က အောက်ဆုံးမှာပဲ။ ဆိုတော့ အဲ့ဒီလိုနေရာကနေ အပေါ်ထိကိုရောက်ဖို့က မျိုးဆက်တွေနဲ့ချီ ကြိုးစားပြီး ဖြစ်လာတာ ဆိုတော့ အရမ်းကို ချီးကျူးစရာ ကောင်းပါတယ်။ ဂုဏ်ယူဖို့သင့်တယ်။ အမြဲတမ်း ဇွဲပေါ့နော်။ ဇွဲရှိနေရင် တော်တော်များများ အခက်အခဲတွေကို ကျော်လွှားနိုင်ပြီး ပန်းတိုင် ရောက်နိုင်တယ်ဆိုတာကို သူက ပြသွားတာလေ။ သူ ကျောင်းသွားခဲ့တဲ့အချိန်၊ ဟားဗက်တက္ကသိုလ် တက်ခဲ့တဲ့အချိန်တွေက တကယ်တော့ ခွဲခြားဆက်ဆံမှုတွေ ရှိနေသေးတာ။ အမည်း အမျိုးသမီးတယောက် ဒီလိုမျိုး ကျောင်းကို တက်နိုင်တယ်ဆိုတာ အရမ်းတော်မှ ရတာ။ ဆိုတော့ ဒါက တော်တော်ကို ချီးကျူးစရာကောင်းတယ်။ ဂုဏ်ယူစရာ ကောင်းတယ်။ နမူနာ ယူစရာ ကောင်းတယ်လို့ ပြောလို့ရတယ်။”

တရားသူကြီး ဂျက်ဆင်န် အနေနဲ့ ဇွန်လ ၃၀ ရက်၊ တရားဝင် တာဝန် စတင် ထမ်းဆောင်ချိန်ကနေ တာဝန်က အနားယူမယ့်ချိန်အထိ တသက်တာ တရားရုံးချုပ် တရားသူကြီးအဖြစ် တာဝန်ထမ်းသွားရမှာပါ။

၁၁၆ ယောက်မြောက် အမေရိကန် တရားရုံးချုပ် တရားသူကြီးလည်းဖြစ်၊ အမေရိကန်ရဲ့ ပထမဆုံး လူမည်း အမျိုးသမီး တရားရုံးချုပ် တရားသူကြီး လည်း ဖြစ်တဲ့ ဂျက်ဆင်န် ဟာ တရားရုံးချုပ်မှာ တာဝန်ထမ်းဆောင်တဲ့ တတိယမြောက် အာဖရိကနွယ်ဖွား ဖြစ်ပြီး အမျိုးသမီးတွေ ထဲမှာတော့ ဆဌမမြောက် ပါ။ သူ့အရင် တရားရုံးချုပ်မှာ ရှိနေကြတဲ့ တရားသူကြီး Sonia Sotomayor ၊ Elena Kagan နဲ့ Amy Coney Barrett တို့နဲ့အတူ တာဝန်ထမ်း ရမှာ ဖြစ်ပါတယ်။

ကျန်တဲ့ အမျိုးသမီး တရားသူကြီးနှစ်ဦး ကတော့ တာဝန်က အနားယူသွားပြီဖြစ်တဲ့ တရားသူကြီး Sandra Day O'Connor နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ တရားသူကြီး Ruth Bader Ginsburg တို့ဖြစ်တယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့် ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင့်။

XS
SM
MD
LG