သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာမွာ ႏိုင္ငံေတာ္ အေရးေပၚအေျခေန ေၾကညာ


သီရိလကၤာ၀န္ႀကီးခ်ဳပ္အိ္မ္တြင္း ၀င္ေရာက္လာတဲ့ ဆႏၵျပသူမ်ား၊ ဂ်ဴလုိင္ ၁၃၊၂၀၂၂။

သီရိလကၤာႏိုင္ငံမွာ သမၼတသစ္ကို လႊတ္ေတာ္က မေရြးခ်ယ္ခင္ ၂ ရက္အလိုမွာပဲ၊ လက္ရွိယာယီသမၼတအျဖစ္ တာ၀န္ယူထားတဲ့ Ranil Wickremesighe က ႏိုင္ငံေတာ္အေရးေပၚ အေျခအေနကို ေၾကျငာလိုက္ပါတယ္။

အမ်ားျပည္သူလုံျခဳံေရး၊ တရားဥပေဒစိုးမိုးေရးကိုကာကြယ္ဖို႔နဲ႔ လူမႈအသိုင္းအဝိုင္းနဲ႔ လူမႈဘ၀ေတြအတြက္ အဓိကမရွိမျဖစ္လိုအပ္တဲ့ ကုန္စည္ေတြနဲ႔ ၀န္ေဆာင္မႈေတြကို ထိန္းသိမ္းဖို႔အတြက္ အေရးေပၚ အေျခအေနကို ေၾကျငာလိုက္တာျဖစ္တယ္လို႔ တနဂၤေႏြေန႔ ေႏွာင္းပိုင္းက ထုတ္ျပန္တဲ့တရား၀င္ေၾကျငာခ်က္မွာ ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ သီရိလကၤာႏိုင္ငံရဲ႕ လက္ရွိျဖစ္ေနတဲ့ စီးပြားေရး ျပႆနာအက်ပ္အတည္းေတြကို ေျဖရွင္းဖို႔အတြက္ အကူအညီေပးေရးအစီအစဥ္တရပ္ကို ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖဲြ႕ နဲ႔ စကားေျပာေနတယ္လို႔ ယာယီသမၼတ Wickremesinghe က ေျပာပါတယ္။

“တိုင္းျပည္ရဲ႕ စီးပြားေရးကို ျပန္တည္ေဆာက္ဖို႔အတြက္ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖဲြ႕ IMF နဲ႔ ေဆြးေႏြးမႈေတြကို လုပ္ေဆာင္ေနပါတယ္။ ဒါ့အျပင္ မိတ္ေဆြႏိုင္ငံေတြနဲ႔လည္း ေဆြးေႏြးမႈေတြ လုပ္ေနပါတယ္လို႔” သီရိလကၤာ ယာယီသမၼတက Wickremesinghe က ေျပာသြားတာျဖစ္ပါတယ္။

သီရီလကၤာႏိုင္ငံမွာ ႏိုင္ငံေရးနဲ႔စီးပြားေရး မတည္ၿငိမ္မႈေတြေၾကာင့္ သမၼတ Gotabaya Rajapaksa ဟာ ၾကာသပေတးေန႔က ရာထူးက ႏုတ္ထြက္ၿပီး ႏိုင္ငံကေနထြက္ေျပးသြားခဲ့ၿပီးတဲ့ေနာက္ Wikremesinghe က ယာယီသမၼတအျဖစ္နဲ႔ က်မ္းသစၥာက်ိန္ဆိုခဲ့တာျဖစ္ပါတယ္။

သီရိလကၤာမွာ ႏိုင္ငံေတာ္ အေရးေပၚအေျခေန ေၾကညာ
please wait

No media source currently available

0:00 0:01:12 0:00
တိုက္႐ိုက္ လင့္ခ္

Unicode

သီရိလင်္ကာမှာ နိုင်ငံတော် အရေးပေါ်အခြေနေ ကြေညာ

သီရိလင်္ကာနိုင်ငံမှာ သမ္မတသစ်ကို လွှတ်တော်က မရွေးချယ်ခင် ၂ ရက်အလိုမှာပဲ၊ လက်ရှိယာယီသမ္မတအဖြစ် တာဝန်ယူထားတဲ့ Ranil Wickremesighe က နိုင်ငံတော်အရေးပေါ် အခြေအနေကို ကြေငြာလိုက်ပါတယ်။

အများပြည်သူလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကိုကာကွယ်ဖို့နဲ့ လူမှုအသိုင်းအဝိုင်းနဲ့ လူမှုဘဝတွေအတွက် အဓိကမရှိမဖြစ်လိုအပ်တဲ့ ကုန်စည်တွေနဲ့ ဝန်ဆောင်မှုတွေကို ထိန်းသိမ်းဖို့အတွက် အရေးပေါ် အခြေအနေကို ကြေငြာလိုက်တာဖြစ်တယ်လို့ တနင်္ဂနွေနေ့ နှောင်းပိုင်းက ထုတ်ပြန်တဲ့တရားဝင်ကြေငြာချက်မှာ ပြောပါတယ်။

တချိန်တည်းမှာပဲ သီရိလင်္ကာနိုင်ငံရဲ့ လက်ရှိဖြစ်နေတဲ့ စီးပွားရေး ပြဿနာအကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အကူအညီပေးရေးအစီအစဉ်တရပ်ကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ နဲ့ စကားပြောနေတယ်လို့ ယာယီသမ္မတ Wickremesinghe က ပြောပါတယ်။

“တိုင်းပြည်ရဲ့ စီးပွားရေးကို ပြန်တည်ဆောက်ဖို့အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် မိတ်ဆွေနိုင်ငံတွေနဲ့လည်း ဆွေးနွေးမှုတွေ လုပ်နေပါတယ်လို့” သီရိလင်္ကာ ယာယီသမ္မတက Wickremesinghe က ပြောသွားတာဖြစ်ပါတယ်။

သီရီလင်္ကာနိုင်ငံမှာ နိုင်ငံရေးနဲ့စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် သမ္မတ Gotabaya Rajapaksa ဟာ ကြာသပတေးနေ့က ရာထူးက နုတ်ထွက်ပြီး နိုင်ငံကနေထွက်ပြေးသွားခဲ့ပြီးတဲ့နောက် Wikremesinghe က ယာယီသမ္မတအဖြစ်နဲ့ ကျမ်းသစ္စာကျိန်ဆိုခဲ့တာဖြစ်ပါတယ်။
#Gotabaya Rajapaksa #Sri Lanka Crisis #Ranil Wickremesighe

XS
SM
MD
LG