သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အမ်ိဳးသမီးေတြအေပၚ ရိုက္ခတ္ေနတဲ့ စားနပ္ရိကၡာ ရွားပါးမႈ


ကမာၻတဝန္း စားနပ္ရိကၡာ မလုံေလာက္မႈနဲ႔ အငတ္ေဘး ဒုကၡေတြဟာ တႏွစ္ထက္ တႏွစ္ ပိုဆိုးလာေနၿပီး ဒါကို ရပ္တန႔္ေအာင္ ကမာၻႀကီးက မေဆာင္႐ြက္ႏိုင္ေသးဘူးလို႔ ကုလသမဂၢ အစားအစာနဲ႔ စိုက္ပ်ိဳးေရးအဖြဲ႕ UNFAO က သတိေပး ေနပါတယ္။ ဒါက အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြအေပၚ ဘယ္လို ႐ိုက္ခတ္မႈေတြ ရွိေနပါလဲ။

[Zawgyi/Unicode]

အမ်ိဳးသမီးေတြအေပၚ ရိုက္ခတ္ေနတဲ့ စားနပ္ရိကၡာ ရွားပါးမႈ (အမ်ိဳးသမီးက႑)

ကမာၻတဝန္း စားနပ္ရိကၡာ မလုံေလာက္မႈနဲ႔ အငတ္ေဘး ဒုကၡေတြဟာ တႏွစ္ထက္ တႏွစ္ ပိုဆိုးလာေနၿပီး ဒါကို ရပ္တန႔္ေအာင္ ကမာၻႀကီးက မေဆာင္႐ြက္ႏိုင္ေသးဘူးလို႔ ကုလသမဂၢ အစားအစာနဲ႔ စိုက္ပ်ိဳးေရးအဖြဲ႕ UNFAO က သတိေပး ေနပါတယ္။ ကိုဗစ္ကပ္ေဘးနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြ ဆက္တိုက္ႀကဳံေနရတဲ့ စစ္တပ္ အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာေရာ စားနပ္ရိကၡာ မလုံေလာက္မႈ အေျခအေန ဘယ္လိုရွိပါလဲ။ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြအေပၚ ဘယ္လို ႐ိုက္ခတ္မႈေတြ ရွိေနလဲ ဆိုတာကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္အတြင္း ကမာၻတဝန္း ကေလးငယ္ေတြ အပါအဝင္ လူ သန္း ၂,၀၀၀ ေက်ာ္ဟာ က်န္းမာေရးနဲ႔ ညီၫြတ္ၿပီး အာဟာျပည့္ဝတဲ့ အစားအစာေတြ စားသုံးခြင့္ မရၾကသလို၊ သန္း ၈၀၀ ေက်ာ္ကေတာ့ အာဟာရခ်ိဳ႕တဲ့မႈ ဆိုးဆိုး႐ြား႐ြား ႀကဳံရၿပီး အငတ္ေဘး အတိဒုကၡ ႀကဳံရသူေတြ ျဖစ္တယ္လို႔ ကုလသမဂၢ အစားအစာနဲ႔ စိုက္ပ်ိဳးေရးအဖြဲ႕ UNFAO ရဲ႕ ေနာက္ဆုံး အစီရင္ခံစာက ေထာက္ျပပါတယ္။ ဒါဟာျဖင့္ ကမာၻ႔ လူဦးေရရဲ႕ ၁၀ % ေက်ာ္ အငတ္ေဘး အႀကီးအက်ယ္ ဆိုက္ေနတာပါ။

၂၀၃၀ ျပည့္ႏွစ္ ရည္မွန္းခ်က္ထားၿပီး ကမာၻတဝန္း အငတ္ေဘး အၿပီးတိုင္ တိုက္ဖ်က္ေရး ကုလသမဂၢရဲ႕ ဦးေဆာင္ ႀကိဳးပမ္းမႈေတြ ေနာက္ျပန္ ဆုတ္ေနတဲ့ အေျခအေနလည္း ျဖစ္ပါတယ္။ ရာသီဥတု ေဖာက္ျပန္ ေျပာင္းလဲမႈ၊ ကိုဗစ္ ကပ္ေဘးနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ စိုက္ပ်ိဳးေရးနဲ႔ ကုန္ထုတ္လုပ္ငန္းေတြ သိသိသာသာ ထိခိုက္ခဲ့ရၿပီး စားနပ္ရိကၡာ မလုံေလာက္မႈေတြ ကမာၻနဲ႔အဝန္း ပိုဆိုးလာခဲ့ပါတယ္။ ဒီလို အေျခအေနေတြဟာ ဒီႏွစ္ ၂၀၂၂ ခုႏွစ္အတြင္းမွာေတာ့ ယူကရိန္းစစ္ပြဲေၾကာင့္ ပိုၿပီးေတာ့ေတာင္ ဆိုးလာႏိုင္ဖြယ္ ရွိေနတယ္ဆိုၿပီး ကြၽမ္းက်င္သူေတြက ခန႔္မွန္း ေျပာဆိုေနၾကတာပါ။

ကိုဗစ္ကပ္ေဘး၊ သဘာဝေဘးနဲ႔ စစ္ေဘးဒဏ္ေတြ ဆက္တိုက္ ႀကဳံေနရတဲ့၊ စစ္တပ္ အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာလည္း စားနပ္ရိကၡာ ရွားပါးမႈ အေျခအေနက စစ္ အာဏာသိမ္းမႈ ေနာက္ပိုင္း သိသိသာသာ ပိုဆိုးလာေနတယ္လို႔ ကရင္နီေဒသ၊ ဒီေမာ့ဆို ၿမိဳ႕မွာ အမ်ိဳးသမီးနဲ႔ စစ္ေဘးဒုကၡသည္ ကူညီ ေစာင့္ေရွာက္ေရး လုပ္ငန္းေတြ လုပ္ေနတဲ့ မမူစဲက ေျပာပါတယ္။

“ကိုဗစ္ကပ္ ပထမလႈိင္းကတည္းက စလိုက္တဲ့ အလုပ္အကိုင္ ရွားပါးမႈေတြ၊ အတားအဆီးေတြ၊ ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္မႈေတြၾကားမွာ လူေတြ အလုပ္ လက္မဲ့ျဖစ္သြားတာေတြ၊ အလုပ္ ရပ္နားလိုက္ရတာေတြ။ လမ္းပန္းဆက္သြယ္ေရး အခက္အခဲ ျဖစ္သြားတဲ့ဟာေတြက ဒုတိယလႈိင္း ႀကဳံရတယ္။ ဒီလို ကိုဗစ္ေတြ ၿပီးေတာ့ ကိုစစ္။ ကိုစစ္ ဆိုတာကေတာ့ အာဏာသိမ္းလိုက္တယ္ေပါ့ေနာ္။ အာဏာသိမ္းလိုက္တဲ့ အခါမွာ ဒီ့ထက္ ပိုဆိုးသြားတယ္။ ကိုဗစ္ကာလတုန္းက နည္းနည္း လႈပ္သာလူးသာ ရွိေသးတယ္။ အာဏာသိမ္းလိုက္တဲ့အခါမွာ ပိုဆိုးသြားတယ္။ လူေတြက စစ္အာဏာရွင္ကို ေတာ္လွန္ရင္း ပဋိပကၡေတြ ပိုျဖစ္လာတယ္။ တိုက္ပြဲေတြ ျဖစ္လာတယ္။ အဲ့ဒီမွာ စစ္ေရွာင္ေတြ အမ်ားႀကီး ျဖစ္လာတယ္။ ဆိုေတာ့ အရင္တုန္းကဆိုရင္ ကိုဗစ္ ဆိုေပမဲ့ ကိုယ့္လယ္ယာမွာ ကိုယ္စိုက္ပ်ိဳးလို႔ရတယ္။ ကိုယ့္ကြၽဲႏြား တိရစာၦန္ေတြ၊ ၾကက္ ဝက္ ငါးေတြ ေမြးျမဴလို႔ရေသးတယ္။ ဒါေပမဲ့ တိုက္ခိုက္မႈေတြ ျဖစ္တဲ့အခါမွာ ေျပးရ ေရွာင္ရ လႊားရနဲ႔ ကိုယ္စိုက္ထားတဲ့ သီးႏွံေတြ ျပန္ ႐ိုတ္သိမ္းလို႔ မရေတာ့သလို၊ ကြၽဲႏြားေတြလည္း ျပန္ၿပီးေတာ့မွ သြားျပန္ယူလို႔ရမဘူး။ ငါးေတြလည္း ဆည္လို႔မရဘူး။ ေနာက္ထပ္ သီးႏွံသစ္ေတြလည္း ခုခ်ိန္ထိ သြား ျပန္စိုက္လို႔ မရဘူး။ ဆိုေတာ့ ဒီဟာေတြက ဘာျဖစ္တာလဲ ဆိုေတာ့ တျဖည္းျဖည္း ဝင္ေငြမရွိ၊ စားသုံးေနရတဲ့ဟာေတြ တျဖည္းျဖည္း ေလ်ာ့လာတာ အခုဆိုရင္ လုံးဝ သူတို႔မွာ စုထားေဆာင္းထားတယ္ဆိုတာ ဘာမွ မရွိေတာ့ဘူး။”

“တခ်ိဳ႕ေတြ ဆိုရင္ လက္နက္ႀကီးေတြ က်လို႔ အိမ္ေတြ၊ ဆိုင္ေတြ၊ စပါးက်ီေတြ အကုန္လုံး ျပာက်ကုန္တယ္။ အခု စစ္ေရွာင္ေတြ ဆိုလို႔ရွိရင္ မနက္ျဖန္ ဘာစားရမလဲ ဆိုတဲ့ အေျခအေနအထိ ျဖစ္ေနၿပီ။ ၿပီးေတာ့မွ အာဏာသိမ္းလို႔ လမ္းပန္း ဆက္သြယ္ေရးေတြ၊ စစ္ေဆးေရးဂိတ္ေတြ တအားမ်ားေတာ့ ကုန္ေဈးႏႈန္းေတြ၊ ဆီေဈးေတြ တက္တယ္။ ၿပီးေတာ့ လမ္းပိတ္တယ္။ လမ္းတိုတို သြားရမယ့္ဟာကို ပတ္ၿပီး သြားရတယ္။ အဲ့လို သြားရေတာ့ ကုန္ေဈးႏႈန္းက တက္ၿပီးရင္းတက္တယ္။ လူေတြက ပိုက္ဆံ မရွိပါဘူးဆိုမွပဲ ကုန္ေဈးႏႈန္းေတြက အရမ္းတက္ေတာ့ ပိုၿပီးေတာ့ အငတ္ဆိုက္ တိုးလာတာေပါ့ေနာ္။”

စားနပ္ရိကၡာ မလုံေလာက္မႈနဲ႔ အငတ္ေဘး ဆိုက္ရတဲ့ အေၾကာင္းရင္းေတြထဲမွာ အဓိကအခ်က္ တခုက စစ္ပြဲေတြေၾကာင့္ ျဖစ္တယ္ဆိုတာကို ကုလသမဂၢ ကလည္း ေထာက္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ စစ္တပ္ အာဏာသိမ္းမႈ ေနာက္ပိုင္း လက္နက္ကိုင္ ေတာ္လွန္မႈေတြ ပိုမ်ားလာၿပီး လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးရၾကရတဲ့ စစ္ေျပးဒုကၡသည္ေတြကလည္း တေန႔တျခား ပိုၿပီး မ်ားလာေနတာပါ။ တခ်ိဳ႕ ေနရာေတြမွာ ေဒသခံေတြ ႐ြာလုံးကြၽတ္ ထြက္ေျပးရတဲ့ အေျခအေနေတြ ရွိသလို၊ ဒီလို အေျခအေနေတြက ေဒသတြင္း စိုက္ပ်ိဳးေရးနဲ႔ ကုန္ထုတ္လုပ္ငန္းေတြကို သိသိသာသာ ထိခိုက္လာေစၿပီး စားနပ္ရိကၡာ မလုံေလာက္မႈ ပိုၿပီး ဆိုးလာေစပါတယ္။ တခ်ိန္တည္းမွာလည္း ရာသီဥတု ေဖာက္ျပန္ ေျပာင္းလဲမႈဒဏ္ေၾကာင့္ ေကာက္ပဲသီးႏွံေတြ အရင္ကေလာက္ မစိုက္ပ်ိဳးႏိုင္ျပန္ပါဘူး။ ဒီလို အေျခအေနေတြေၾကာင့္ ျမန္မာႏိုင္ငံ အတြက္ေတာ့ ဒီႏွစ္အတြင္း အေျခအေနက ပိုလို႔ေတာင္ ဆိုးလာႏိုင္တယ္လို႔ ကရင္နီေဒသက အေျခအေနကို ေထာက္ျပၿပီး မမူစဲက ေျပာပါတယ္။

“ၿပီးခဲ့တဲ့ႏွစ္ထက္ ပိုဆိုးတာက ဘာလဲဆိုရင္ စစ္တပ္က ပစ္လိုက္တဲ့၊ ေကာင္းကင္ေပၚက က်ဲလိုက္တဲ့ ယမ္းေငြ႕ေတြ။ ေလယာဥ္နဲ႔ က်ဲလိုက္တဲ့ လက္နက္က်ည္ေတြ၊ ၿပီးရင္ ေျမျမႇဳပ္မိုင္းေတြေၾကာင့္လားေတာ့ မသိဘူး။ ဓာတ္ေငြ႕ေတြ၊ အဆိပ္ေငြ႕ေတြေၾကာင့္လားေတာ့ မသိဘူး။ အပင္ေတြက အရင္ႏွစ္ေတြကထက္ ပိုၿပီးေတာ့မွ ဆိုးသြားတယ္။ မသန္ဘူး။ ဥပမာ စပါးဆိုရင္ မသန္ဘူး ဆိုတာထက္ ဒီစပါးပင္ကို ႏြားစာ ရိတ္ဖို႔အတြက္ေတာင္ မရေတာ့ေလာက္တဲ့အထိ စိုက္ပ်ိဳးပင္ေတြက အဲ့ဒီလိုအေျခအေန ဆိုးသြားတယ္။ ႏွမ္းဆိုလို႔ရွိရင္လည္း အပင္ ေသးေသးေလးေတြပဲ ျဖစ္ေနတယ္။ ဆိုေတာ့ ယမ္းေငြ႕ေၾကာင့္ အဆိပ္ျဖစ္ၿပီးေတာ့မွ အပင္ေတြက မသန္တာလားေပါ့။ ေနာက္တခုကေတာ့ ရာသီဥတုေတြ ကလည္း မမွန္ဘူး။ မိုးမ႐ြာဘူး။ ဥပမာ ကရင္နီ ေဒသမွာဆိုရင္ ဖ႐ူးဆို အစြန္နဲ႔ ဒီေမာ့ဆို အစြန္မွာဆိုရင္ မိုး မ႐ြာေတာ့ အပင္ေတြ အေတာ္မ်ားမ်ား စိုက္ပ်ိဳးလို႔မရဘူး။ ပ်ိဳးကို ႏွစ္ခါ သုံးခါေလာက္ က်ဲေနရတယ္။ မ်ိဳးေစ့ မလုံေလာက္တဲ့ အေျခအေနမ်ိဳးေတြ ႀကဳံေနရတယ္။ အဲ့ဒီလို အခက္အခဲေတြ ႀကဳံေနရတဲ့အတြက္ေၾကာင့္ က်မတို႔က ေကာက္ပဲသီးႏွံေတြေပၚမွာ မီခို စားသုံးေနရတဲ့ ျပည္သူေတြ အတြက္ကေတာ့ ဒီႏွစ္မွာ ပိုဆိုးမယ္လို႔ က်မတို႔ ထင္တယ္။ အခုဆိုရင္ ေျမပဲ ဆိုလို႔ရွိရင္လည္း တခင္းေလာက္လုပ္မွ ေလးအိတ္ေလာက္ ရတယ္ေပါ့ေနာ္။ ေလးအိတ္ေလာက္ ရတယ္ဆို က်မတို႔က ေရာင္းမွာလား။ စားမွာလားေပါ့။ ကိုယ့္မိသားစုအတြက္ေတာင္ စားမေလာက္ရင္ တျခားကို က်မတို႔ မွ်ႏိုင္မလားေပါ့။ က်မတို႔ တြက္ၾကည့္ရင္ ျမင္ႏိုင္တဲ့အရာတခုပါ။”

သူတို႔အဖြဲ႕က ကူညီ ေစာင့္ေရွာက္ေပးေနတဲ့ အမ်ိဳးသမီးေတြ၊ စစ္ေဘး ဒုကၡသည္ေတြၾကားမွာ အခုေနာက္ပိုင္း အမည္မသိ နာမက်န္းမႈေတြ ရွိေနတာ ေတြ႕ရၿပီး ဒါဟာ စစ္ပြဲေတြၾကား စိုးရိမ္ေၾကာင့္ၾကမႈေတြ ေန႔စဥ္ ႀကဳံရတာအျပင္၊ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့၊ အာဟာရ ျပည့္ဝတဲ့ အစားအစာနဲ႔ ေဆးဝါးေတြ မရတာေၾကာင့္ ျဖစ္တယ္လို႔လည္း မမူစဲ က ေျပာပါတယ္။

“အခု ဆိုလို႔ရွိရင္ လူေတြက အမည္မသိ ေရာဂါေတြ ျဖစ္လာတယ္။ အမည္မသိ ေရာဂါ ဆိုတာက ဘယ္လိုလဲဆိုေတာ့ ဖ်ားတယ္ ဆိုတာလည္း မဟုတ္ဘူး။ မဖ်ားတာလည္း မဟုတ္ဘူး။ ဒါေပမဲ့ လူေတြက အၿမဲတမ္း ေမာပန္းတာမ်ိဳးေတြ၊ ကိုက္ခဲေနတာမ်ိဳး၊ မလန္းဆန္းဘူး။ လုံးလုံး ေနမေကာင္း ျဖစ္ေနတာေတာ့ မဟုတ္ဘူး။ ဒါက ဘာကိုျပသလဲ ဆိုရင္ေတာ့ ဒါ အာဟာရေတြ တျဖည္းျဖည္း ခ်ိဳ႕တဲ့လာၿပီး လူေတြမွာ အားအင္ေတြ မရွိေတာ့ဘူး။ အမ်ိဳးသမီးေတြ ဆိုရင္လည္း ဒီစစ္ေရွာင္စခန္းေတြမွာ ၾကည့္လိုက္မယ္ဆိုရင္ တျခား အမ်ိဳးသမီးေတြလို မ်က္ႏွာ ၾကည္ၾကည္လင္လင္၊ အသားအရည္ စိုေျပတာမ်ိဳးေတြ မရွိဘူး။ ကေလးငယ္ေတြ ဆိုရင္လည္း ဒီအတိုင္းပဲ။ ကေလးေတြ အာဟာရ ခ်ိဳ႕တဲ့ၿပီးေတာ့မွ ဖ်ားကုန္မွာ မိဘေတြက စိုးၾကတယ္။ ဖ်ားလို႔ရွိရင္ ေဆး႐ုံေဆးခန္းေတြကလည္း အေဝးႀကီးပဲတဲ့။ ဘယ္ေနရာ ပို႔လို႔ ပို႔ရမွန္းလဲ မသိဘူးေပါ့ေနာ္။ အာဟာရ ခ်ိဳ႕တဲ့ၿပီးေတာ့ ဖ်ားမွာ အရမ္းစိုးရိမ္ေနတယ္ဆိုၿပီး မိဘေတြဆီက စကားသံေတြ ၾကားရတာလည္း ရွိပါတယ္ရွင့္။”

စီးပြားေရး က်ပ္တည္းမႈ၊ အလုပ္အကိုင္ ရွားပါးမႈ၊ ကိုဗစ္ကပ္ေဘးနဲ႔ သဘာဝေဘး ေတြအျပင္ ဒါေတြ အားလုံးထက္ ဆိုး႐ြားတဲ့ စစ္ေဘးဒဏ္ေၾကာင့္ စားနပ္ရိကၡာ မလုံေလာက္မႈ နဲ႔ က်ပ္တည္းမႈ မ်ိဳးစုံ ႀကဳံၾကရတာမွာ အမ်ိဳးသမီးေတြကေတာ့ ဒီေဘးဒုကၡေတြကို အမ်ားဆုံး ခါးစည္း ခံၾကရပါတယ္။ စီးပြားေရး မေျပလည္တဲ့အခါ အိမ္တြင္း ပဋိပကၡေတြနဲ႔ အၾကမ္းဖက္မႈေတြ ပိုမ်ားေလ့ရွိၿပီး ဒီလို အၾကမ္းဖက္မႈေတြကို အဓိက ခံစားရတာကေတာ့ အမ်ိဳးသမီးေတြ ျဖစ္တယ္လို႔ မမူစဲက ေျပာပါတယ္။

“အဓိက က အိမ္တြင္း အၾကမ္းဖက္မႈေတြေပါ့ေနာ္။ ဒါက အရမ္းစိုးရိမ္စရာ ေကာင္းတာက အမ်ိဳးသမီးေတြအတြက္ အိမ္တြင္း အၾကမ္းဖက္မႈေတြ ပိုၿပီးေတာ့ ႀကဳံရမယ္။ အခုဆိုရင္လည္း အိမ္တြင္း အၾကမ္းဖက္မႈေတြက ပိုတိုးလာေနတယ္။ ေနာက္တခုက ပဋိပကၡတြင္း လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြ အမ်ားႀကီး ျဖစ္ေပၚလာႏိုင္ေခ် ရွိတယ္။ ဘာလို႔လဲဆိုရင္ ဒါေတြက တြန္းအားေပါ့ေနာ္။ တဘက္က စီးပြားေရးအရ တြန္းအားေတြ၊ တဘက္က ႏိုင္ငံေရးအရ တြန္းအားေတြ။ အဆိုးဆုံးကေတာ့ ဝမ္းစာေပါ့။ မိသားစု အတြက္ ဝမ္းေရးက အခက္အခဲ ျဖစ္လာၿပီဆိုရင္ မိန္းခေလးငယ္ေတြ၊ အမ်ိဳးသမီးႀကီးနဲ႔ အမ်ိဳးသမီးငယ္ေတြက မိသားစုေတြရဲ႕ အေရးကို ပထမဆုံး လည္စည္းခံရတာက သူတို႔ေတြပဲ ျဖစ္တယ္။ ဆိုေတာ့ တကယ္လို႔သာ ထပ္ၿပီးေတာ့ စားနပ္ရိကၡာ မလုံေလာက္မႈ မရွိဘူးဆိုရင္၊ မိသားစုမွာ ျပႆနာ တက္လာရင္ အရင္ဆုံး အိမ္တြင္း အၾကမ္းဖက္မႈေတြ ျဖစ္လာမယ္။ လင္မယားၾကား ရန္ျဖစ္တာေတြ ျဖစ္မယ္။ ၿပီးေတာ့မွ သမီးငယ္ေတြက အလုပ္ထြက္ရွာရတာမ်ိဳးေတြ၊ သူမ်ား မယားအျဖစ္ ေရာင္းစားခံရတာေတြ၊ လိင္ကြၽန္အျဖစ္ ေရာင္းစား ခံရတာေတြ။ ဒါ့အျပင္ ကေလး အလုပ္သမားေတြ၊ အမ်ိဳးသမီး ကေလးအလုပ္သမားေတြ အမ်ားႀကီးျဖစ္လာမယ္ေပါ့ေနာ္။ ဒါေတြက စားနပ္ရိကၡာ မလုံေလာက္မႈေၾကာင့္ ျဖစ္လာတဲ့ တြန္းအားေတြ၊ ဖိအားေတြ ျဖစ္လာႏိုင္ပါတယ္။”

အစ ကတည္းက ဆင္းရဲႏြမ္းပါးခဲ့တဲ့ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေဘးနဲ႔ စစ္အာဏာသိမ္းမႈ ေနာက္ဆက္တြဲ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြေၾကာင့္ ဆင္းရဲႏြမ္းပါးမႈ အေျခအေန ပိုၿပီး ဆိုးလာႏိုင္တယ္ ဆိုတာကို ကုလသမဂၢ ဖြံ႕ၿဖိဳးေရးအစီအစဥ္ UNDP ကလည္း သတိေပးထားပါတယ္။ ဒီႏွစ္ ၂၀၂၂ ခုႏွစ္ အေစာပိုင္းမွာကိုပဲ ျမန္မာလူဦးေရရဲ႕ တဝက္ေလာက္ ဆင္းရဲႏြမ္းပါးမႈဒဏ္ ခံစားရႏိုင္ၿပီး အာဟာရ ျပည့္ဝတဲ့ အစားအစာေတြကို လိုအပ္တဲ့ ပမာဏျပည့္ေအာင္ မစားရတဲ့အခါ က်န္းမာေရး ခ်ိဳ႕ယြင္းမႈေတြနဲ႔ ခႏၶာကိုယ္ဖြံ႕ၿဖိဳးမႈ အားနည္းတာ၊ မသန္စြမ္းတာေတြ ႀကဳံရၿပီး မ်ိဳးဆက္နဲ႔ခ်ီ ဆုံးရႈံးရတာေတြ ျဖစ္လာႏိုင္တယ္ဆိုတာကိုလည္း UNDP က သတိေပးထားပါတယ္။ ဒီလို အေျခအေနေတြ ႀကဳံရတိုင္း အမ်ိဳးသမီးနဲ႔ မိန္းခေလးငယ္ေတြရဲ႕ ဘဝေတြအေပၚ ႐ိုက္ခတ္မႈေတြကလည္း ဆက္ၿပီး ရွိေနဦးမွာျဖစ္တယ္ ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင္။

==========================================================

[Unicode]

အမျိုးသမီးတွေအပေါ် ရိုက်ခတ်နေတဲ့ စားနပ်ရိက္ခာ ရှားပါးမှု (အမျိုးသမီးကဏ္ဍ)

ကမ္ဘာတဝန်း စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ အငတ်ဘေး ဒုက္ခတွေဟာ တနှစ်ထက် တနှစ် ပိုဆိုးလာနေပြီး ဒါကို ရပ်တန့်အောင် ကမ္ဘာကြီးက မဆောင်ရွက်နိုင်သေးဘူးလို့ ကုလသမဂ္ဂ အစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့ UNFAO က သတိပေး နေပါတယ်။ ကိုဗစ်ကပ်ဘေးနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်တိုက်ကြုံနေရတဲ့ စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာရော စားနပ်ရိက္ခာ မလုံလောက်မှု အခြေအနေ ဘယ်လိုရှိပါလဲ။ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိနေလဲ ဆိုတာကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတဝန်း ကလေးငယ်တွေ အပါအဝင် လူ သန်း ၂,၀၀၀ ကျော်ဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာပြည့်ဝတဲ့ အစားအစာတွေ စားသုံးခွင့် မရကြသလို၊ သန်း ၈၀၀ ကျော်ကတော့ အာဟာရချို့တဲ့မှု ဆိုးဆိုးရွားရွား ကြုံရပြီး အငတ်ဘေး အတိဒုက္ခ ကြုံရသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ အစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့ UNFAO ရဲ့ နောက်ဆုံး အစီရင်ခံစာက ထောက်ပြပါတယ်။ ဒါဟာဖြင့် ကမ္ဘာ့ လူဦးရေရဲ့ ၁၀ % ကျော် အငတ်ဘေး အကြီးအကျယ် ဆိုက်နေတာပါ။

၂၀၃၀ ပြည့်နှစ် ရည်မှန်းချက်ထားပြီး ကမ္ဘာတဝန်း အငတ်ဘေး အပြီးတိုင် တိုက်ဖျက်ရေး ကုလသမဂ္ဂရဲ့ ဦးဆောင် ကြိုးပမ်းမှုတွေ နောက်ပြန် ဆုတ်နေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု၊ ကိုဗစ် ကပ်ဘေးနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေ သိသိသာသာ ထိခိုက်ခဲ့ရပြီး စားနပ်ရိက္ခာ မလုံလောက်မှုတွေ ကမ္ဘာနဲ့အဝန်း ပိုဆိုးလာခဲ့ပါတယ်။ ဒီလို အခြေအနေတွေဟာ ဒီနှစ် ၂၀၂၂ ခုနှစ်အတွင်းမှာတော့ ယူကရိန်းစစ်ပွဲကြောင့် ပိုပြီးတော့တောင် ဆိုးလာနိုင်ဖွယ် ရှိနေတယ်ဆိုပြီး ကျွမ်းကျင်သူတွေက ခန့်မှန်း ပြောဆိုနေကြတာပါ။

ကိုဗစ်ကပ်ဘေး၊ သဘာဝဘေးနဲ့ စစ်ဘေးဒဏ်တွေ ဆက်တိုက် ကြုံနေရတဲ့၊ စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာလည်း စားနပ်ရိက္ခာ ရှားပါးမှု အခြေအနေက စစ် အာဏာသိမ်းမှု နောက်ပိုင်း သိသိသာသာ ပိုဆိုးလာနေတယ်လို့ ကရင်နီဒေသ၊ ဒီမော့ဆို မြို့မှာ အမျိုးသမီးနဲ့ စစ်ဘေးဒုက္ခသည် ကူညီ စောင့်ရှောက်ရေး လုပ်ငန်းတွေ လုပ်နေတဲ့ မမူစဲက ပြောပါတယ်။

“ကိုဗစ်ကပ် ပထမလှိုင်းကတည်းက စလိုက်တဲ့ အလုပ်အကိုင် ရှားပါးမှုတွေ၊ အတားအဆီးတွေ၊ ရောဂါ ကာကွယ် ထိန်းချုပ်မှုတွေကြားမှာ လူတွေ အလုပ် လက်မဲ့ဖြစ်သွားတာတွေ၊ အလုပ် ရပ်နားလိုက်ရတာတွေ။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်သွားတဲ့ဟာတွေက ဒုတိယလှိုင်း ကြုံရတယ်။ ဒီလို ကိုဗစ်တွေ ပြီးတော့ ကိုစစ်။ ကိုစစ် ဆိုတာကတော့ အာဏာသိမ်းလိုက်တယ်ပေါ့နော်။ အာဏာသိမ်းလိုက်တဲ့ အခါမှာ ဒီ့ထက် ပိုဆိုးသွားတယ်။ ကိုဗစ်ကာလတုန်းက နည်းနည်း လှုပ်သာလူးသာ ရှိသေးတယ်။ အာဏာသိမ်းလိုက်တဲ့အခါမှာ ပိုဆိုးသွားတယ်။ လူတွေက စစ်အာဏာရှင်ကို တော်လှန်ရင်း ပဋိပက္ခတွေ ပိုဖြစ်လာတယ်။ တိုက်ပွဲတွေ ဖြစ်လာတယ်။ အဲ့ဒီမှာ စစ်ရှောင်တွေ အများကြီး ဖြစ်လာတယ်။ ဆိုတော့ အရင်တုန်းကဆိုရင် ကိုဗစ် ဆိုပေမဲ့ ကိုယ့်လယ်ယာမှာ ကိုယ်စိုက်ပျိုးလို့ရတယ်။ ကိုယ့်ကျွဲနွား တိရစ္ဆာန်တွေ၊ ကြက် ဝက် ငါးတွေ မွေးမြူလို့ရသေးတယ်။ ဒါပေမဲ့ တိုက်ခိုက်မှုတွေ ဖြစ်တဲ့အခါမှာ ပြေးရ ရှောင်ရ လွှားရနဲ့ ကိုယ်စိုက်ထားတဲ့ သီးနှံတွေ ပြန် ရိုတ်သိမ်းလို့ မရတော့သလို၊ ကျွဲနွားတွေလည်း ပြန်ပြီးတော့မှ သွားပြန်ယူလို့ရမဘူး။ ငါးတွေလည်း ဆည်လို့မရဘူး။ နောက်ထပ် သီးနှံသစ်တွေလည်း ခုချိန်ထိ သွား ပြန်စိုက်လို့ မရဘူး။ ဆိုတော့ ဒီဟာတွေက ဘာဖြစ်တာလဲ ဆိုတော့ တဖြည်းဖြည်း ဝင်ငွေမရှိ၊ စားသုံးနေရတဲ့ဟာတွေ တဖြည်းဖြည်း လျော့လာတာ အခုဆိုရင် လုံးဝ သူတို့မှာ စုထားဆောင်းထားတယ်ဆိုတာ ဘာမှ မရှိတော့ဘူး။”

“တချို့တွေ ဆိုရင် လက်နက်ကြီးတွေ ကျလို့ အိမ်တွေ၊ ဆိုင်တွေ၊ စပါးကျီတွေ အကုန်လုံး ပြာကျကုန်တယ်။ အခု စစ်ရှောင်တွေ ဆိုလို့ရှိရင် မနက်ဖြန် ဘာစားရမလဲ ဆိုတဲ့ အခြေအနေအထိ ဖြစ်နေပြီ။ ပြီးတော့မှ အာဏာသိမ်းလို့ လမ်းပန်း ဆက်သွယ်ရေးတွေ၊ စစ်ဆေးရေးဂိတ်တွေ တအားများတော့ ကုန်ဈေးနှုန်းတွေ၊ ဆီဈေးတွေ တက်တယ်။ ပြီးတော့ လမ်းပိတ်တယ်။ လမ်းတိုတို သွားရမယ့်ဟာကို ပတ်ပြီး သွားရတယ်။ အဲ့လို သွားရတော့ ကုန်ဈေးနှုန်းက တက်ပြီးရင်းတက်တယ်။ လူတွေက ပိုက်ဆံ မရှိပါဘူးဆိုမှပဲ ကုန်ဈေးနှုန်းတွေက အရမ်းတက်တော့ ပိုပြီးတော့ အငတ်ဆိုက် တိုးလာတာပေါ့နော်။”

စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ အငတ်ဘေး ဆိုက်ရတဲ့ အကြောင်းရင်းတွေထဲမှာ အဓိကအချက် တခုက စစ်ပွဲတွေကြောင့် ဖြစ်တယ်ဆိုတာကို ကုလသမဂ္ဂ ကလည်း ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း လက်နက်ကိုင် တော်လှန်မှုတွေ ပိုများလာပြီး လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရကြရတဲ့ စစ်ပြေးဒုက္ခသည်တွေကလည်း တနေ့တခြား ပိုပြီး များလာနေတာပါ။ တချို့ နေရာတွေမှာ ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးရတဲ့ အခြေအနေတွေ ရှိသလို၊ ဒီလို အခြေအနေတွေက ဒေသတွင်း စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေကို သိသိသာသာ ထိခိုက်လာစေပြီး စားနပ်ရိက္ခာ မလုံလောက်မှု ပိုပြီး ဆိုးလာစေပါတယ်။ တချိန်တည်းမှာလည်း ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုဒဏ်ကြောင့် ကောက်ပဲသီးနှံတွေ အရင်ကလောက် မစိုက်ပျိုးနိုင်ပြန်ပါဘူး။ ဒီလို အခြေအနေတွေကြောင့် မြန်မာနိုင်ငံ အတွက်တော့ ဒီနှစ်အတွင်း အခြေအနေက ပိုလို့တောင် ဆိုးလာနိုင်တယ်လို့ ကရင်နီဒေသက အခြေအနေကို ထောက်ပြပြီး မမူစဲက ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်ထက် ပိုဆိုးတာက ဘာလဲဆိုရင် စစ်တပ်က ပစ်လိုက်တဲ့၊ ကောင်းကင်ပေါ်က ကျဲလိုက်တဲ့ ယမ်းငွေ့တွေ။ လေယာဉ်နဲ့ ကျဲလိုက်တဲ့ လက်နက်ကျည်တွေ၊ ပြီးရင် မြေမြှုပ်မိုင်းတွေကြောင့်လားတော့ မသိဘူး။ ဓာတ်ငွေ့တွေ၊ အဆိပ်ငွေ့တွေကြောင့်လားတော့ မသိဘူး။ အပင်တွေက အရင်နှစ်တွေကထက် ပိုပြီးတော့မှ ဆိုးသွားတယ်။ မသန်ဘူး။ ဥပမာ စပါးဆိုရင် မသန်ဘူး ဆိုတာထက် ဒီစပါးပင်ကို နွားစာ ရိတ်ဖို့အတွက်တောင် မရတော့လောက်တဲ့အထိ စိုက်ပျိုးပင်တွေက အဲ့ဒီလိုအခြေအနေ ဆိုးသွားတယ်။ နှမ်းဆိုလို့ရှိရင်လည်း အပင် သေးသေးလေးတွေပဲ ဖြစ်နေတယ်။ ဆိုတော့ ယမ်းငွေ့ကြောင့် အဆိပ်ဖြစ်ပြီးတော့မှ အပင်တွေက မသန်တာလားပေါ့။ နောက်တခုကတော့ ရာသီဥတုတွေ ကလည်း မမှန်ဘူး။ မိုးမရွာဘူး။ ဥပမာ ကရင်နီ ဒေသမှာဆိုရင် ဖရူးဆို အစွန်နဲ့ ဒီမော့ဆို အစွန်မှာဆိုရင် မိုး မရွာတော့ အပင်တွေ အတော်များများ စိုက်ပျိုးလို့မရဘူး။ ပျိုးကို နှစ်ခါ သုံးခါလောက် ကျဲနေရတယ်။ မျိုးစေ့ မလုံလောက်တဲ့ အခြေအနေမျိုးတွေ ကြုံနေရတယ်။ အဲ့ဒီလို အခက်အခဲတွေ ကြုံနေရတဲ့အတွက်ကြောင့် ကျမတို့က ကောက်ပဲသီးနှံတွေပေါ်မှာ မီခို စားသုံးနေရတဲ့ ပြည်သူတွေ အတွက်ကတော့ ဒီနှစ်မှာ ပိုဆိုးမယ်လို့ ကျမတို့ ထင်တယ်။ အခုဆိုရင် မြေပဲ ဆိုလို့ရှိရင်လည်း တခင်းလောက်လုပ်မှ လေးအိတ်လောက် ရတယ်ပေါ့နော်။ လေးအိတ်လောက် ရတယ်ဆို ကျမတို့က ရောင်းမှာလား။ စားမှာလားပေါ့။ ကိုယ့်မိသားစုအတွက်တောင် စားမလောက်ရင် တခြားကို ကျမတို့ မျှနိုင်မလားပေါ့။ ကျမတို့ တွက်ကြည့်ရင် မြင်နိုင်တဲ့အရာတခုပါ။”

သူတို့အဖွဲ့က ကူညီ စောင့်ရှောက်ပေးနေတဲ့ အမျိုးသမီးတွေ၊ စစ်ဘေး ဒုက္ခသည်တွေကြားမှာ အခုနောက်ပိုင်း အမည်မသိ နာမကျန်းမှုတွေ ရှိနေတာ တွေ့ရပြီး ဒါဟာ စစ်ပွဲတွေကြား စိုးရိမ်ကြောင့်ကြမှုတွေ နေ့စဉ် ကြုံရတာအပြင်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့၊ အာဟာရ ပြည့်ဝတဲ့ အစားအစာနဲ့ ဆေးဝါးတွေ မရတာကြောင့် ဖြစ်တယ်လို့လည်း မမူစဲ က ပြောပါတယ်။

“အခု ဆိုလို့ရှိရင် လူတွေက အမည်မသိ ရောဂါတွေ ဖြစ်လာတယ်။ အမည်မသိ ရောဂါ ဆိုတာက ဘယ်လိုလဲဆိုတော့ ဖျားတယ် ဆိုတာလည်း မဟုတ်ဘူး။ မဖျားတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ လူတွေက အမြဲတမ်း မောပန်းတာမျိုးတွေ၊ ကိုက်ခဲနေတာမျိုး၊ မလန်းဆန်းဘူး။ လုံးလုံး နေမကောင်း ဖြစ်နေတာတော့ မဟုတ်ဘူး။ ဒါက ဘာကိုပြသလဲ ဆိုရင်တော့ ဒါ အာဟာရတွေ တဖြည်းဖြည်း ချို့တဲ့လာပြီး လူတွေမှာ အားအင်တွေ မရှိတော့ဘူး။ အမျိုးသမီးတွေ ဆိုရင်လည်း ဒီစစ်ရှောင်စခန်းတွေမှာ ကြည့်လိုက်မယ်ဆိုရင် တခြား အမျိုးသမီးတွေလို မျက်နှာ ကြည်ကြည်လင်လင်၊ အသားအရည် စိုပြေတာမျိုးတွေ မရှိဘူး။ ကလေးငယ်တွေ ဆိုရင်လည်း ဒီအတိုင်းပဲ။ ကလေးတွေ အာဟာရ ချို့တဲ့ပြီးတော့မှ ဖျားကုန်မှာ မိဘတွေက စိုးကြတယ်။ ဖျားလို့ရှိရင် ဆေးရုံဆေးခန်းတွေကလည်း အဝေးကြီးပဲတဲ့။ ဘယ်နေရာ ပို့လို့ ပို့ရမှန်းလဲ မသိဘူးပေါ့နော်။ အာဟာရ ချို့တဲ့ပြီးတော့ ဖျားမှာ အရမ်းစိုးရိမ်နေတယ်ဆိုပြီး မိဘတွေဆီက စကားသံတွေ ကြားရတာလည်း ရှိပါတယ်ရှင့်။”

စီးပွားရေး ကျပ်တည်းမှု၊ အလုပ်အကိုင် ရှားပါးမှု၊ ကိုဗစ်ကပ်ဘေးနဲ့ သဘာဝဘေး တွေအပြင် ဒါတွေ အားလုံးထက် ဆိုးရွားတဲ့ စစ်ဘေးဒဏ်ကြောင့် စားနပ်ရိက္ခာ မလုံလောက်မှု နဲ့ ကျပ်တည်းမှု မျိုးစုံ ကြုံကြရတာမှာ အမျိုးသမီးတွေကတော့ ဒီဘေးဒုက္ခတွေကို အများဆုံး ခါးစည်း ခံကြရပါတယ်။ စီးပွားရေး မပြေလည်တဲ့အခါ အိမ်တွင်း ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ ပိုများလေ့ရှိပြီး ဒီလို အကြမ်းဖက်မှုတွေကို အဓိက ခံစားရတာကတော့ အမျိုးသမီးတွေ ဖြစ်တယ်လို့ မမူစဲက ပြောပါတယ်။

“အဓိက က အိမ်တွင်း အကြမ်းဖက်မှုတွေပေါ့နော်။ ဒါက အရမ်းစိုးရိမ်စရာ ကောင်းတာက အမျိုးသမီးတွေအတွက် အိမ်တွင်း အကြမ်းဖက်မှုတွေ ပိုပြီးတော့ ကြုံရမယ်။ အခုဆိုရင်လည်း အိမ်တွင်း အကြမ်းဖက်မှုတွေက ပိုတိုးလာနေတယ်။ နောက်တခုက ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အများကြီး ဖြစ်ပေါ်လာနိုင်ချေ ရှိတယ်။ ဘာလို့လဲဆိုရင် ဒါတွေက တွန်းအားပေါ့နော်။ တဘက်က စီးပွားရေးအရ တွန်းအားတွေ၊ တဘက်က နိုင်ငံရေးအရ တွန်းအားတွေ။ အဆိုးဆုံးကတော့ ဝမ်းစာပေါ့။ မိသားစု အတွက် ဝမ်းရေးက အခက်အခဲ ဖြစ်လာပြီဆိုရင် မိန်းခလေးငယ်တွေ၊ အမျိုးသမီးကြီးနဲ့ အမျိုးသမီးငယ်တွေက မိသားစုတွေရဲ့ အရေးကို ပထမဆုံး လည်စည်းခံရတာက သူတို့တွေပဲ ဖြစ်တယ်။ ဆိုတော့ တကယ်လို့သာ ထပ်ပြီးတော့ စားနပ်ရိက္ခာ မလုံလောက်မှု မရှိဘူးဆိုရင်၊ မိသားစုမှာ ပြဿနာ တက်လာရင် အရင်ဆုံး အိမ်တွင်း အကြမ်းဖက်မှုတွေ ဖြစ်လာမယ်။ လင်မယားကြား ရန်ဖြစ်တာတွေ ဖြစ်မယ်။ ပြီးတော့မှ သမီးငယ်တွေက အလုပ်ထွက်ရှာရတာမျိုးတွေ၊ သူများ မယားအဖြစ် ရောင်းစားခံရတာတွေ၊ လိင်ကျွန်အဖြစ် ရောင်းစား ခံရတာတွေ။ ဒါ့အပြင် ကလေး အလုပ်သမားတွေ၊ အမျိုးသမီး ကလေးအလုပ်သမားတွေ အများကြီးဖြစ်လာမယ်ပေါ့နော်။ ဒါတွေက စားနပ်ရိက္ခာ မလုံလောက်မှုကြောင့် ဖြစ်လာတဲ့ တွန်းအားတွေ၊ ဖိအားတွေ ဖြစ်လာနိုင်ပါတယ်။”

အစ ကတည်းက ဆင်းရဲနွမ်းပါးခဲ့တဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဆင်းရဲနွမ်းပါးမှု အခြေအနေ ပိုပြီး ဆိုးလာနိုင်တယ် ဆိုတာကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ကလည်း သတိပေးထားပါတယ်။ ဒီနှစ် ၂၀၂၂ ခုနှစ် အစောပိုင်းမှာကိုပဲ မြန်မာလူဦးရေရဲ့ တဝက်လောက် ဆင်းရဲနွမ်းပါးမှုဒဏ် ခံစားရနိုင်ပြီး အာဟာရ ပြည့်ဝတဲ့ အစားအစာတွေကို လိုအပ်တဲ့ ပမာဏပြည့်အောင် မစားရတဲ့အခါ ကျန်းမာရေး ချို့ယွင်းမှုတွေနဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားနည်းတာ၊ မသန်စွမ်းတာတွေ ကြုံရပြီး မျိုးဆက်နဲ့ချီ ဆုံးရှုံးရတာတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း UNDP က သတိပေးထားပါတယ်။ ဒီလို အခြေအနေတွေ ကြုံရတိုင်း အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေရဲ့ ဘဝတွေအပေါ် ရိုက်ခတ်မှုတွေကလည်း ဆက်ပြီး ရှိနေဦးမှာဖြစ်တယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့် ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG