သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္သမၼတ ဂ်ဳိးဘိုင္ဒင္ ကိုဗစ္ေရာဂါ ကူးစက္ခံရ 


Virus Outbreak Biden COVID

အေမရိကန္ သမၼတ Joe Biden ဟာ Covid-19 ကူးစက္ခံထားရေၾကာင္း ဒါေပမယ့္လည္း ေရာဂါ သိပ္ၿပီး မျပင္းထန္ေၾကာင္း အေမရိကန္ သမၼတ အိမ္ျဖဴေတာ္က ၾကာသပေတးေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

အေမရိကန္သမၼတ ဂ်ဳိးဘိုင္ဒင္ ကိုဗစ္ေရာဂါ ကူးစက္ခံရ

{{Zawgyi/Unicode}}
အေမရိကန္ သမၼတ Joe Biden ဟာ Covid-19 ကူးစက္ခံထားရေၾကာင္း ဒါေပမယ့္လည္း ေရာဂါ သိပ္ၿပီး မျပင္းထန္ေၾကာင္း အေမရိကန္ သမၼတ အိမ္ျဖဴေတာ္က ၾကာသပေတးေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ Covid ကာကြယ္ေဆး အျပည့္အ၀ထိုးထားၿပီး ေနာက္ထပ္ အားျဖည့္ ကာကြယ္ေဆး ၂ ႀကိမ္ထိုးထားၿပီးသား ျဖစ္တဲ႔ အသက္ ၇၉ ႏွစ္ အရြယ္ သမၼတ Biden ဟာ ကုသေဆး Paxlovid ေဆးကို စတင္ ေသာက္သံုးေနၿပီး သမၼတ ရံုးခန္းကို မသံုးဘဲ အိမ္ျဖဴေတာ္ ေနအိမ္ကေန အလုပ္လုပ္ေနေၾကာင္း အိမ္ျဖဴေတာ္ရဲ႕ ျပန္ၾကားေရး တာ၀န္ခံ Karine Jean-Pierre က ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။

သူေနထိုင္ေကာင္းေၾကာင္း သမၼတ Biden က တြစ္တာ လူမႈကြန္ရက္မွာ ေရးသားထားၿပီး သူ႔အတြက္ စိုးရိမ္ၾကသူေတြကို ေက်းဇူးတင္ေၾကာင္း၊ သူ အလုပ္ ဆက္လုပ္ေနေၾကာင္းလည္း ေရးသားထားၿပီး Pennsylvania လႊတ္ေတာ္ အမတ္ ၂ ဦးနဲ႔ Scranton ၿမိဳ႕ေတာ္၀န္တို႔ကိုေတာ့ ၾကာသပေတးေန႔ အစီအစဥ္ ဖ်က္ခဲ႔ရတဲ႔ အတြက္ စိတ္မေကာင္းေၾကာင္း ေျပာဆိုထားပါတယ္။

သမၼတ Biden က သူ႔ ေရာဂါဒဏ္ သိပ္မျပင္းထန္ဘူးဆိုတာကို အေမရိကန္ေတြကို ျပသတဲ႔ အေနနဲ႔ အိမ္ျဖဴေတာ္ ေလသာေဆာင္မွာ ရပ္ေနတဲ႔ ဗြီဒီယိုကိုလည္း အိမ္ျဖဴေတာ္က ေနာက္ပိုင္းမွာ ထုတ္ျပန္ခဲ႔ပါတယ္။

ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးဌာန CDC ထုတ္ထားတဲ႔ ၫႊန္ၾကားခ်က္ေတြနဲ႔ အညီ သမၼတ Biden အေနနဲ႔ အိမ္ျဖဴေတာ္မွာ သီးျခားခြဲ ေနထိုင္ရမွာ ျဖစ္ၿပီး အဲဒီ ကာလ အတြင္း သူ႔တာ၀န္ေတြကို ဆက္လက္ ထမ္းေဆာင္မွာ ျဖစ္ေၾကာင္းလည္း အိမ္ျဖဴေတာ္ ျပန္ၾကားေရး တာ၀န္ခံက ေျပာဆိုထားပါတယ္။

Covid-19 ကင္းစင္တဲ႔အထိ သမၼတ Biden အေနနဲ႔ သီးျခားေနထိုင္ အလုပ္လုပ္မွာ ျဖစ္ေၾကာင္းလည္း ေၾကညာခ်က္က ေဖာ္ျပပါတယ္။ သမၼတ ကေတာ္ Jill Biden ကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ မေတြ႕ရေၾကာင္းလည္း အိမ္ျဖဴေတာ္က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................................

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကိုဗစ်ရောဂါ ကူးစက်ခံရ

{{Zawgyi/Unicode}}
အမေရိကန် သမ္မတ Joe Biden ဟာ Covid-19 ကူးစက်ခံထားရကြောင်း ဒါပေမယ့်လည်း ရောဂါ သိပ်ပြီး မပြင်းထန်ကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ Covid ကာကွယ်ဆေး အပြည့်အဝထိုးထားပြီး နောက်ထပ် အားဖြည့် ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပြီးသား ဖြစ်တဲ့ အသက် ၇၉ နှစ် အရွယ် သမ္မတ Biden ဟာ ကုသဆေး Paxlovid ဆေးကို စတင် သောက်သုံးနေပြီး သမ္မတ ရုံးခန်းကို မသုံးဘဲ အိမ်ဖြူတော် နေအိမ်ကနေ အလုပ်လုပ်နေကြောင်း အိမ်ဖြူတော်ရဲ့ ပြန်ကြားရေး တာဝန်ခံ Karine Jean-Pierre က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

သူနေထိုင်ကောင်းကြောင်း သမ္မတ Biden က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားထားပြီး သူ့အတွက် စိုးရိမ်ကြသူတွေကို ကျေးဇူးတင်ကြောင်း၊ သူ အလုပ် ဆက်လုပ်နေကြောင်းလည်း ရေးသားထားပြီး Pennsylvania လွှတ်တော် အမတ် ၂ ဦးနဲ့ Scranton မြို့တော်ဝန်တို့ကိုတော့ ကြာသပတေးနေ့ အစီအစဉ် ဖျက်ခဲ့ရတဲ့ အတွက် စိတ်မကောင်းကြောင်း ပြောဆိုထားပါတယ်။

သမ္မတ Biden က သူ့ ရောဂါဒဏ် သိပ်မပြင်းထန်ဘူးဆိုတာကို အမေရိကန်တွေကို ပြသတဲ့ အနေနဲ့ အိမ်ဖြူတော် လေသာဆောင်မှာ ရပ်နေတဲ့ ဗွီဒီယိုကိုလည်း အိမ်ဖြူတော်က နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန CDC ထုတ်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ အညီ သမ္မတ Biden အနေနဲ့ အိမ်ဖြူတော်မှာ သီးခြားခွဲ နေထိုင်ရမှာ ဖြစ်ပြီး အဲဒီ ကာလ အတွင်း သူ့တာဝန်တွေကို ဆက်လက် ထမ်းဆောင်မှာ ဖြစ်ကြောင်းလည်း အိမ်ဖြူတော် ပြန်ကြားရေး တာဝန်ခံက ပြောဆိုထားပါတယ်။

Covid-19 ကင်းစင်တဲ့အထိ သမ္မတ Biden အနေနဲ့ သီးခြားနေထိုင် အလုပ်လုပ်မှာ ဖြစ်ကြောင်းလည်း ကြေညာချက်က ဖော်ပြပါတယ်။ သမ္မတ ကတော် Jill Biden ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မတွေ့ရကြောင်းလည်း အိမ်ဖြူတော်က ပြောဆိုထားပါတယ်။

XS
SM
MD
LG