သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 လူ့အခွင့်အရေးကိစ္စ ဆော်ဒီခရီးစဉ်မှာ သမ္မတဘိုင်ဒင်ပြောကြား


Nan foto sa a ke pale wayal Saoudyen an pibliye, Prens Saoudyen Mohammed bin Salman, a dwat, salye Prezidan Joe Biden, apre li rive nan pale Al-Salam nan nan vil Jeddah, Arabi Saoudit, Vandredi 15 Jiye, 2022.
Nan foto sa a ke pale wayal Saoudyen an pibliye, Prens Saoudyen Mohammed bin Salman, a dwat, salye Prezidan Joe Biden, apre li rive nan pale Al-Salam nan nan vil Jeddah, Arabi Saoudit, Vandredi 15 Jiye, 2022.

ဆော်ဒီဘုရင် Salman ရဲ့ အရိုက်အရာကို ဆက်ခံရမယ့် အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ သောကြာနေ့က ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သူဟာ ဆော်ဒီသတင်းသမား Jamal Khashoggi အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  

လူ့အခွင့်အရေးကိစ္စ ဆော်ဒီခရီးစဉ်မှာ သမ္မတဘိုင်ဒင်ပြောကြား

{{Zawgyi/Unicode}}
ဆော်ဒီဘုရင် Salman ရဲ့ အရိုက်အရာကို ဆက်ခံရမယ့် အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ သောကြာနေ့က ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သူဟာ ဆော်ဒီသတင်းသမား Jamal Khashoggi အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျနော့်အတွက်ရော အမေရိကန်ပြည်ထောင်စု အတွက်ပါ သိပ်ကိုအရေးပါတဲ့ ကိစ္စမျိုးကို ကျနော်အမြဲတမ်း ပြတ်ပြတ်သားသား ပြောပါတယ်။ ဆွေးနွေးပွဲမှာ ဦးစားပေးအဖြစ်နဲ့ Khashoggi အသတ်ခံမှုနဲ့ ပတ်သက်ပြီး အဲဒီအချိန်ကရော အခုအချိန်မှာပါ ကျနော်ဘာတွေ တွေးတယ်ဆိုတာကို ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ ဒီကိစ္စကို တိုက်ရိုက်ပြောဆို ဆွေးနွေးခဲ့တာ ဖြစ်ပြီး အမေရိကန်သမ္မတတယောက် အနေနဲ့ လူ့အခွင့်ရေးဆိုင်ရာ ပြဿနာတွေအတွက် အသံတိတ်နေလို့ မရပဲ ကိုယ့်စံတန်ဖိုးတွေ အတွက် အမြဲရပ်တည်မှာဖြစ်ကြောင်း ပြောပါတယ်"။

ဆော်ဒီအာရေဗျ နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ပြန်ထူထောင်ဖို့ ကြိုးစားနေချိန်မှာ အမေရိကန်က ဆော်ဒီနိုင်ငံရဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို မျက်ကွယ်ပြုထားတယ်လို့ စွပ်စွဲမှုကိုတွေ သမ္မတဘိုင်ဒန်က ပယ်ချခဲ့တာပါ။ အမေရိကန် ထောက်လှန်းရေး တွေကတော့ လွန်ခဲ့တဲ့ ၄ နှစ်လောက်က သတင်းသမား Khashoggi ကို ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ ခွင့်ပြုချက်နဲ့ သတ်ပစ်ခဲ့တာလို့ ယုံကြည် ကြပါတယ်။

အိမ်ရှေ့မင်းသား က Khashoggi သေဆုံးမှုမှာ သူ့ပုဂ္ဂိုလ်ရေးဆိုင်ရာ တာဝန်မရှိဘူးလို့ ပြောပေမယ့် သူ့မှာ တာဝန်ရှိတယ်လို့ယူဆကြောင်း သူပြောခဲ့တယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။

Jeddah က ခေါင်းဆောင် ၂ ဦးရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုဟာ အရှေ့အလယ်ပိုင်း ဒေသ လုံခြုံရေးပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကမ္ဘာတလွှား ရေနံအရောင်းအဝယ် ဖြစ်လာရေးကို ပြန်ပြီးပုံဖေါ်ဖို့ ဖြစ်လာနိုင်တဲ့ ဆက်ဆံရေးအဖြစ် အများက ရှုမြင်ကြပါတယ်။

ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်မှုတွေကနေ ရေနံအပြင် နိုင်ငံခြားခရီးသွား လုပ်ငန်းနဲ့ စီးပွါးရေးတိုးမြှင့်နိုင်ဖို့ ဆော်ဒီအာရေဗျက မျှော်လင့်နေသလို၊ အီရန်နျူကလီယားအရေး၊ ယီမင်အရေးနဲ့ လောင်စာဆီပြဿနာတွေ ကိုင်တွယ်ရာမှာ ပိုပြီး အဆင်ပြေချောမွေ့စေဖို့အတွက် အီရန်ထောက်ပံ့နေတဲ့စစ်သွေးကြွတွေကို ခြေမှုန်းနေတဲ့ ဆော်ဒီနဲ့ ဆက်ဆံရေးကောင်းဖို့ အမေရိကန်က လုပ်ဆောင် နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

............................................


{{Zawgyi/Unicode}}






XS
SM
MD
LG