သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူရို ၂၀၂၂ အမျိုးသမီးချန်ပီယံ အင်္ဂလန်အသင်း အောင်ပွဲခံ


ယူရို ၂၀၂၂ အမျိုးသမီးဥရောပဖလားကို အင်္ဂလန်အသင်း ဗိုလ်စွဲခဲ့လို့ ပရိတ်သတ်တွေ ထောင်နဲ့ချီစုဝေးပြီး လန်ဒန်မြို့ ထရာဖာဂါလ်ရင်ပြင်မှာ သြဂုတ် ၁ရက်နေ့က အောင်ပွဲခံခဲ့ကြပါတယ်။ ဗိုလ်လုပွဲကို ဇူလိုင်၃၁ရက်က လန်ဒန်မြို့မှာ ဂျာမနီနဲ့ ကစားကြတာမှာ အင်္ဂလန်က အချိန်ပိုမှာ ၂ ဂိုး ၁ ဂိုး နဲ့အနိုင်ရသွားတာပါ။

ဒါဟာ အင်္ဂလန်အမျိုးသမီးအသင်းအတွက် နိုင်ငံတကာပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဗိုလ်စွဲတာဖြစ်ပါတယ်။ ဒါ့အပြင် အခုလို ဗိုလ်စွဲ သွားတာကြောင့် အင်္ဂလန်အတွက်လည်း ၅၆ နှစ်အကြာ နိုင်ငံတကာပြိုင်ပွဲတွေမှာ ပထမဆုံးအကြိမ် ပြန်ပြီး အနိုင်ရတာဖြစ်ပါတယ်။

XS
SM
MD
LG