သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ဒေါ်လာညွန်ကြားချက် ပို့ကုန်သမားတို့ အခက်ကြုံ


[[ ZAWGYI /UNICODE ]]

စစ်ကောင်စီ ဒေါ်လာညွန်ကြားချက် ပို့ကုန်သမားတို့ အခက်ကြုံ

ပို့ကုန်က ရလာမယ့် အမေရိကန် ဒေါ်လာကို ပြည်တွင်းဘဏ်ထဲကို အရင်ကြိုပြီး ထည့်ပေးရမယ်ဆိုတဲ့ စီမံဘဏ္ဍာဌာနရဲ့ ညွှန်ကြားချက်ကြောင့် ဒေါ်လာကိုပြည့်မီအောင် မရှာပေးနိုင်တဲ့အတွက် လိုင်စင်အသစ် ထပ်လျှောက်ဖို့လည်း မလွယ်ကူတော့ဘူးလို့ ပို့ကုန်သမားတွေက ပြောပါတယ်။ အလားတူပဲ သွင်းကုန်သမားတွေ လိုအပ်တဲ့ အမေရိကန်ဒေါ်လာကို ရောင်းမပေးနိုင်ဘူးလို့ ကုန်သွယ်ရေး ဦးစီးဌာနက အသိပေးတာကြောင့် ပို့ကုန်သမားတွေလည်း လုပ်ငန်း ရပ်နားထားရတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။


နယ်စပ်ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာကို ပြန်ပြီး သုံးရမယ်လို့ စီမံဘဏ္ဍာဌာနက မကြာသေးခင်က ညွှန်ကြားခဲ့တဲ့နောက်မှာ ထိုင်းဘတ်ငွေ၊ တရုတ်ယွမ်ငွေနဲ့ အလုပ်လုပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ကမောက်ကမ ဖြစ်ခဲ့တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပို့ကုန်ကရမယ့် အမေရိကန်ဒေါ်လာကို ပြည်တွင်းဘဏ်ထဲ ကြိုပြီးထည့်ထားတဲ့ အထောက်အထားကို ပြနိုင်မှပဲ ပို့ကုန်သမားတွေကို ခွင့်ပြုချက် ထုတ်ပေးမယ်လို့ စီမံဘဏ္ဍာဌာနက ဇူလိုင် ၁၃ ရက်က ကြေညာခဲ့တာပါ။ ဒီကြေညာချက်ကြောင့် လုပ်ငန်းလိုင်စင် ထပ်လျှောက်ဖို့ မလွယ်တော့ဘူးလို့ တရုတ်နယ်စပ် ပို့ကုန် လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" နယ်စပ်ကနေ ပဲရောင်းမယ်၊ ပဲတန်တထောင်ရောင်းမယ် အဲဒီတထောင်ကို မရောင်းခင်မှာ ဗဟိုဘဏ်ကို တန်တထောင်ဖိုးငွေ အရင်သွင်းရမယ်။ အဲဒီတော့ ဒါသိပ်မဖြစ်နိုင်တဲ့ကိစ္စတွေ။ လူတွေက သွားလိုင်စင်မလုပ်ရဲကြဘူး လိုင်စင်မလျှောက်ကြဘူး။ သူကပို့ကုန်(ငွေ)အရင်ရမှ လိုင်စင်ထုတ်ပေးမှာ အဲဒီအခက်အခဲတွေကြောင့် တချို့က လိုင်စင်မချတာလည်းရှိတယ်၊ လိုင်စင်မကျတာလည်းရှိတယ်။"

နယ်စပ် သွင်းကုန်လုပ်ငန်းရှင်တချို့လည်း နိုင်ငံခြားငွေ ဒေါ်လာ မရှိတဲ့အတွက် လုပ်ငန်းရပ်နားထားရတယ်လို့ လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ တချို့ သွင်းကုန် လုပ်ငန်းရှင်တွေကလည်း အထူးအခွင့်အရေးနဲ့ ရထားတဲ့ အမေရိကန်ဒေါ်လာကို လုပ်ငန်းမှာမသုံးဘဲ ပြန်ပြီး ရောင်းချနေတာရှိတဲ့အတွက် ဒါတွေကို ဌာနဆိုင်ရာက ပိုပြီး စစ်ဆေးလာတာကြောင့် အခက်အခဲတွေပိုများလာတယ်လို့ သူကပြောပါတယ်။

" ပစ္စည်းတွေသွင်းပါတယ်ဆို ဒေါ်လာတွေလာလာပြီးတော့မှ ၁,၈၅၀နဲ့ရအောင် ကိုယ်ကျိုးရှာတာ၊ မျိုးစုံတွေလုပ်တာ၊ ဥပမာ ပစ္စည်းကရောက်တာက ဒေါ်လာ ငါးသန်းဖိုးပဲရောက်တယ် တကယ့်တကယ်က ဒေါ်လာဆယ်သန်းဖိုး ရောင်းပေးလိုက်ရတယ်ဆိုတာလေ အဲလိုပုံစံမျိုးတွေပေါ့။ တချို့က လုပ်စားသွားတာတွေ ရှိတဲ့အခါကျတော့ အဲလိုမျိုးတွေ ပြန်ပြီးစိစစ်နေတာပါ။ နည်းနည်းတော့ အခက်အခဲတွေရှိနေတယ် အခုက။ သူတို့ ဦးစားပေးကုန် ပထမဦးစားပေး၊ ဒုတိယဦးစားပေး အဲလိုပုံစံမျိုးနဲ့ သူတို့ကလိုင်စင်ပြန်ချ ပေးနေတယ်ပေါ့နော်။"

ဆေးဝါး တင်သွင်းတဲ့သူတွေ၊ စားသောက်ကုန် တင်သွင်းတဲ့သူတွေလို တဦးတယောက်ချင်း ဒါမှမဟုတ် သွင်းကုန်ကုမ္ပဏီ တခုချင်းစီအတွက် လိုအပ်တဲ့ အမေရိကန်ဒေါ်လာကို သက်ဆိုင်ရာဌာနကနေ ဝယ်ယူတောင်းခံခွင့်မရှိသလို နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီဆီမှာလည်း ငွေဝယ်ယူခွင့် တင်ပြ တောင်းခံတာမျိုး မလုပ်ဖို့ ကုန်သွယ်ရေးဦးစီးဌာနက ဩဂုတ်လ ၁ ရက်မှာ အသိပေးစာထပ်ပြီး ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အစုအဖွဲ့လိုက် လုပ်ငန်းကြီးတွေကိုတော့ သွင်းကုန်အတွက်လိုအပ်တဲ့ အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်က ထုတ်ရောင်းပေးနေတယ်လို့ လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" သူတို့ထုတ်ရောင်းပေးတာကတော့ စက်သုံးဆီကုမ္ပဏီတွေ၊ နောက် စားအုန်းဆီဝယ်သွင်းတဲ့ ကုမ္ပဏီတွေ နောက်တခြားကုမ္ပဏီကြီးတွေ ဒီလောက်ကိုပဲ အသင်းအဖွဲ့အစည်းတွေပဲ သူကပေးတယ်။ ဆေးဝါးဆိုတာ အဓိကလိုအပ်တဲ့ ပစ္စည်းတင်သွင်းတဲ့ ကုမ္ပဏီပဲ။ ဒါကိုတောင်မှ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နိုင်ငံခြားငွေကို ရှာဖွေပြီးတော့မှ အပြင်ကဝယ်ရမယ်။"

အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်း တန်ဖိုးကို ထိန်းချုပ်ထားတဲ့အတွက် နယ်စပ်ကုန်သည်တွေက သက်ဆိုင်ရာနိုင်ငံရဲ့ ငွေကြေးနဲ့ပဲ အရောင်းအဝယ် လုပ်ချင်ကြတာပါ။ တရုတ်ကုန်သည်တွေကတော့ သူတို့အနေနဲ့ မြန်မာဘက်က ကုန်တွေကို ဒေါ်လာနဲ့မဝယ်ဘဲ တရုတ်ယွမ်ငွေနဲ့ပဲ ဝယ်မယ်ဆိုတဲ့အတွက် ဗဟိုဘဏ်တောင်းတဲ့ ဒေါ်လာကို ပြည်တွင်းမှာပဲ လှည့်ပြီး ရှာနေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{ UNICODE }}












XS
SM
MD
LG