[[ ZAWGYI / UNICODE ]]
တရုတ်နိုင်ငံတောင်ပိုင်း အပမ်းဖြေမြို့မှာ ကိုဗစ် ကူးစက်မှုကြောင့် အသွားအလာတွေကန့်သတ်
တရုတ်နိုင်ငံ တောင်ပိုင်း Hainan ကျွန်းရှိ Sanya အပန်းဖြေမြို့မှာ ကိုဗစ်ကပ်ရောဂါ ပျံ့ပွားနေတာ ကာကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ စနေနေ့ကစ အသွားအလာတွေကို ကန့်သတ်လိုက်ပါတယ်။
အပန်းဖြေ ခရီးသွား အများဆုံး ရာသီမှာ Sanya ကမ်းခြေကို လာရောက်လည်ပတ်ကြသူတွေ ၈ ထောင်ဝန်းကျင် ရှိနေချိန်မှာပဲ စနေနေ့ မနက် ၆ နာရီကစ အသွားအလာတွေကို ကန့်သတ်လိုက်တာပါ။
ကိုဗစ်ကပ်ရောဂါ အခြေအနေဟာ အင်မတန် ဆိုးဝါးတဲ့အတွက် တားမြစ်ကန့်သတ်ရပါတယ်လို့ အာဏာပိုင်တွေက ပြောပေမဲ့ ဘယ်အချိန်အထိ ကန့်သတ်ထာားမလဲ ဆိုတာကိုတော့ မပြောပါဘူး။ အပမ်းဖြေမြို့ရှိရာ ဟိုင်နန်ကျွန်းကနေ ထွက်ခွာလိုသူတွေ ကိုဗစ်ကပ်ရောဂါ ကင်းရှင်းကြောင်း PCR စမ်းသပ်မှု ၅ ကြိမ်နဲ့ အထောက်အထား ပြသရမယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက ကိုဗစ်ရောဂါ ကူးစက်သူ ၁၁ ယောက်သာ ရှိခဲ့ရာက သောကြာနေ့မှာ ၂၃၆ ယောက်အထိ အတည်ပြုခဲ့တာဖြစ်ပြီး၊ အိုမီခရွန် ကိုဗစ်မျိုးကွဲ BA.5.1.3 ကူးစက်မှုတွေ စစ်ဆေး တွေ့ရှိထားကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။
===================
{{ UNICODE }}