သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် အဆင့်မြင့်သင်္ဘော သီရိလင်္ကာဆိပ်ကမ်းမှာ ဆိုက်ကပ်ခွင့်ပြု


FILE - Yuan Wang 5 နဲ့အလားသဏ္ဍန်တူတဲ့ Yuan Wang 6 တရုတ်သင်္ဘော။
FILE - Yuan Wang 5 နဲ့အလားသဏ္ဍန်တူတဲ့ Yuan Wang 6 တရုတ်သင်္ဘော။

[[ ZAWGYI / UNICODE ]]

တရုတ် အဆင့်မြင့်သင်္ဘော သီရိလင်္ကာဆိပ်ကမ်းမှာ ဆိုက်ကပ်ခွင့်ပြု

အိန္ဒိယနဲ့ အမေရိကန်နိုင်ငံတွေက လုံခြုံရေး စိုးရိမ်မှုရှိကြောင်း ပြောဆိုထားတဲ့ကြားကပဲ ၊ တရုတ်သင်္ဘော Yuan Wang 5 ကို သီရိလင်္ကာနိုင်ငံ တောင်ဖက်စွန်း တရုတ်တို့ တည်ဆောက် လည်ပတ်နေတဲ့ Hambantota ဆိပ်ကမ်းမှာ သြဂုတ်လ(၁၆)ရက်နေ့ ဆိုက်ကပ်ခွင့်ပြုဖို့ သဘောတူလိုက်ကြောင်း သီရိလင်္ကာက စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။

လုံခြုံရေးဆိုင်ရာ ပညာရှင်တွေရဲ့အဆိုအရ တရုတ် Yuan Wang 5 သင်္ဘောဟာ တရုတ်ရဲ့ နောက်ဆုံးပေါ် အာကာသ ထောက်လှမ်းရေး သင်္ဘောအမျိုးအစားဖြစ်ပြီး၊ ဂြိုဟ်တုတွေကို ခြေရာခံ စောင့်ကြည့်လေ့ရှိသလို၊ ရော့ကတ်တွေ ၊ တိုက်ချင်းပစ် ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး ပစ်လွှတ်မှုတွေကိုလည်း စောင့်ကြည့်နိုင်တဲ့ အဆင့်မြင့် သင်္ဘောဖြစ်တယ်လို့ ဆိုပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းပြည်တွင်း အဆိုးဆုံး စီးပွားရေး ကျဆင်းမှုနဲ့ ကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံအပေါ် အိမ်နီးချင်း အိန္ဒိယ ရော၊ တရုတ်ကပါ သြဇာလွှမ်းမိုးနိုင်ဖို့ အပြိုင်ဆိုင်ကြိုးစားနေချိန်မှာပဲ တရုတ်သင်္ဘော ဆိုက်ကပ်ခွင့် ပေးလိုက်တာပါ။ သီရိလင်္ကာကို အိန္ဒိယက ဒီနှစ်ထဲပေးတဲ့ အကူအညီဟာ အခြားနိုင်ငံကို ပေးတာထက် ပိုများတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ အာရှ-ဥရောပ အဓိက ရေကြောင်းလမ်းဖြတ်သန်းတဲ့ သီရိလင်္ကာရဲ့ Hambantota ဆိပ်ကမ်းကို တရုတ်တို့က စစ်အခြေစိုက် စခန်းအဖြစ် အသုံးချသွားမှာကိုတော့ အိန္ဒိယက စိုးရိမ်နေတာပါ။ တရုတ်သင်္ဘော လာပြီး မဆိုက်ကပ်စေဖို့ သီရိလင်္ကာကို ဖိအားပေးနေတယ်ဆိုတာ မဟုတ်မှန်ကြောင်း အိန္ဒိယက သောကြာနေ့က ငြင်းခဲ့ပါတယ်။

Yuan Wang သင်္ဘောအုပ်စုကို တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ မဟာဗျူဟာ ထောက်ပံ့ရေးတပ်က စီမံခန့်ခွဲ နေကြောင်း အမေရိကန်- ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

====================

{{ UNICODE }}







XS
SM
MD
LG