သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာ ဆိပ္ကမ္း တ႐ုတ္စစ္သေဘၤာ ဆိုက္ကပ္မွာ စိုးရိမ္မႈေတြထြက္ေပၚ


(Zawgyi / Unicode)

ႏိုင္ငံေရး မတည္ၿငိမ္မႈေတြျဖစ္ေနတဲ့ သီရိလကၤာႏိုင္ငံကို တ႐ုတ္က ေရတပ္စစ္သေဘၤာ Yuan Wang 5 ကိုေစလႊတ္လိုက္ၿပီး၊ ၾသဂုတ္လ ၁၁ ရက္ေနမွာ Hambantota ဆိပ္ကမ္းကို ေရာက္ရွိမွာျဖစ္ပါတယ္။
တ႐ုတ္ကေတာ့ အိႏိၵိယ သမုဒၵရာအတြင္း ေလ့လာမႈေတြ လုပ္ဖို႔ ဒီသေဘၤာကို ေစလႊတ္တာလို႔ ေျပာေပမယ့္ အာကာသနဲ႔ ၿဂိဳလ္တုဆက္သြယ္ေရး အဆင့္ျမင့္ပစၥည္းေတြ တပ္ဆင္ထားတဲ့ ဒီသေဘၤာကိုေစလႊတ္တာဟာ စစ္ေရးအရ မဟာဗ်ဴဟာက်တဲ့ လုပ္ငန္းတာ၀န္အတြက္ ျဖစ္ႏိုင္တယ္လို႔ ေလ့လာသူေတြကေတာ့ ေျပာဆိုပါတယ္။

တ႐ုတ္ဟာ သီရိလကၤာရဲ႔ ဟန္ဘန္တိုတာ ဆိပ္ကမ္းကို ကုန္သြယ္ေရးနဲ႔ စစ္ေရး ႏွစ္မ်ိဳးစ လုံး အသုံးျပဳႏိုင္ေအာင္ ရည္ရြယ္ၿပီး တည္ေဆာက္ထားတယ္လို႔ သီရိလကၤာ သံတမန္ေဟာင္းတဦးက VOA ကိုေျပာပါတယ္။ ဒီဆိပ္ကမ္းကို ၂၀၁၇ ခုႏွစ္မွာ သီရိလကၤာအစိုးရက တ႐ုတ္ကုမၸဏီတခုကို ၉၉ ႏွစ္စာခ်ဳပ္နဲ႔ ငွားရမ္းခဲ့ၿပီး ဆိပ္ကမ္း ေဆာက္လုပ္ရာမွာ တ႐ုတ္ဆီက ေခ်းေငြကို သီရိလကၤာက ျပန္ မဆပ္ႏိုင္တဲ့ အတြက္ ဆိပ္ကမ္းကို တ႐ုတ္လက္ထဲ ထိုးအပ္ခဲ့ရပါတယ္။

သီရိလကၤာဟာ တ႐ုတ္ကို ေႂကြးၿမီ ေဒၚလာ ၁၀ ဘီလီယံေလာက္တင္ရွိေနၿပီး၊ ေခ်းေငြ ျပန္ဆပ္ရမယ့္အခ်ိန္ ေရႊ႕ဆိုင္းေပးဖို႔ သီရိလကၤာက ေတာင္းဆိုခဲ့တာကို တ႐ုတ္က ျငင္းပယ္ခဲ့ပါတယ္။
တ႐ုတ္သေဘၤာေတြ ရပ္နားခြင့္ကို ထြက္ေျပးသြားတဲ့ သမၼတ Gotabaya Rajapaksa လက္ထက္က ခြင့္ျပဳခဲ့တယ္လို႔ ယူဆရၿပီး၊ အစိုးရသစ္ကလည္း ျငင္းဆန္မယ့္ အလားအလာမေတြ႕ရပါဘူး။ သီရိလကၤာရဲ႔ အက်ပ္အတည္းကို ေျဖရွင္းဖို႔ ႏိုင္ငံတကာ ေငြေၾကးရံပုံေငြအဖဲြ႔ IMF ထံကေန ေခ်းေငြရရွိဖို႔ ကိစၥမွာ တ႐ုတ္ရဲ႔ ပူးေပါင္း ေဆာင္ရြက္မႈ လိုအပ္ေနတဲ့ အတြက္ တ႐ုတ္စစ္သေဘၤကို လက္မခံဖို႔ သီရိလကၤာအေနနဲ႔ အခက္အခဲ ရွိႏိုင္တယ္လို႔လည္း သုံးသပ္သူေတြက ေျပာဆို ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

သီရိလင်္ကာဆိပ်ကမ်း တရုတ်စစ်သင်္ဘော ဆိုက်ကပ်မှာ စိုးရိမ်မှုတွေထွက်ပေါ်

နိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်နေတဲ့ သီရိလင်္ကာနိုင်ငံကို တရုတ်က ရေတပ်စစ်သင်္ဘော Yuan Wang 5 ကိုစေလွှတ်လိုက်ပြီး၊ သြဂုတ်လ ၁၁ ရက်နေမှာ Hambantota ဆိပ်ကမ်းကို ရောက်ရှိမှာဖြစ်ပါတယ်။

တရုတ်ကတော့ အိန္ဒိိယ သမုဒ္ဒရာအတွင်း လေ့လာမှုတွေ လုပ်ဖို့ ဒီသင်္ဘောကို စေလွှတ်တာလို့ ပြောပေမယ့် အာကာသနဲ့ ဂြိုလ်တုဆက်သွယ်ရေး အဆင့်မြင့်ပစ္စည်းတွေ တပ်ဆင်ထားတဲ့ ဒီသင်္ဘောကိုစေလွှတ်တာဟာ စစ်ရေးအရ မဟာဗျူဟာကျတဲ့ လုပ်ငန်းတာဝန်အတွက် ဖြစ်နိုင်တယ်လို့ လေ့လာသူတွေကတော့ ပြောဆိုပါတယ်။

တရုတ်ဟာ သီရိလင်္ကာရဲ့ ဟန်ဘန်တိုတာ ဆိပ်ကမ်းကို ကုန်သွယ်ရေးနဲ့ စစ်ရေး နှစ်မျိုးစ လုံး အသုံးပြုနိုင်အောင် ရည်ရွယ်ပြီး တည်ဆောက်ထားတယ်လို့ သီရိလင်္ကာ သံတမန်ဟောင်းတဦးက VOA ကိုပြောပါတယ်။
ဒီဆိပ်ကမ်းကို ၂၀၁၇ ခုနှစ်မှာ သီရိလင်္ကာအစိုးရက တရုတ်ကုမ္ပဏီတခုကို ၉၉ နှစ်စာချုပ်နဲ့ ငှားရမ်းခဲ့ပြီး ဆိပ်ကမ်း ဆောက်လုပ်ရာမှာ တရုတ်ဆီက ချေးငွေကို သီရိလင်္ကာက ပြန် မဆပ်နိုင်တဲ့ အတွက် ဆိပ်ကမ်းကို တရုတ်လက်ထဲ ထိုးအပ်ခဲ့ရပါတယ်။

သီရိလင်္ကာဟာ တရုတ်ကို ကြွေးမြီ ဒေါ်လာ ၁၀ ဘီလီယံလောက်တင်ရှိနေပြီး၊ ချေးငွေ ပြန်ဆပ်ရမယ့်အချိန် ရွှေ့ဆိုင်းပေးဖို့ သီရိလင်္ကာက တောင်းဆိုခဲ့တာကို တရုတ်က ငြင်းပယ်ခဲ့ပါတယ်။
တရုတ်သင်္ဘောတွေ ရပ်နားခွင့်ကို ထွက်ပြေးသွားတဲ့ သမ္မတ Gotabaya Rajapaksa လက်ထက်က ခွင့်ပြုခဲ့တယ်လို့ ယူဆရပြီး၊ အစိုးရသစ်ကလည်း ငြင်းဆန်မယ့် အလားအလာမတွေ့ရပါဘူး။သီရိလင်္ကာရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ထံကနေ ချေးငွေရရှိဖို့ ကိစ္စမှာ တရုတ်ရဲ့ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်နေတဲ့ အတွက် တရုတ်စစ်သင်္ဘေကို လက်မခံဖို့ သီရိလင်္ကာအနေနဲ့ အခက်အခဲ ရှိနိုင်တယ်လို့လည်း သုံးသပ်သူတွေက ပြောဆို ပါတယ်။

XS
SM
MD
LG