သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာ သမၼတ႐ုံးအနီး သပိတ္စခန္းေတြကို အာဏာပိုင္ေတြရွင္းလင္း


သီရိလကၤာ သမၼတ႐ုံးအနီး သပိတ္စခန္းေတြကို အာဏာပိုင္ေတြရွင္းလင္း

သီရိလကာၤႏိုင္ငံ ၿမိဳ႕ေတာ္က အစိုးရ ဆန္႔က်င္ေရး အဓိက စခန္းကို ရာနဲ႔ခ်ီတဲ႔ စစ္သားေတြနဲ႔ ရဲေတြက ေသာၾကာေန႔ အေစာပိုင္းမွာ ၀င္ေရာက္စီးနင္းခဲ႔ၿပီး လက္နက္မဲ႔ တက္ႂကြလႈပ္ရွားသူေတြ စခန္းခ်ထားတဲ့ ယာယီတဲေတြကို ရွင္းလင္းနေၾကာင္း AFP သတင္းေထာက္ တဦးက ေျပာပါတယ္။

သီရိလကၤာ သမၼတ႐ုံးအနီး သပိတ္စခန္းေတြကို အာဏာပိုင္ေတြရွင္းလင္း

{{Zawgyi/Unicode}}
သီရိလကာၤႏိုင္ငံ ၿမိဳ႕ေတာ္က အစိုးရ ဆန္႔က်င္ေရး အဓိက စခန္းကို ရာနဲ႔ခ်ီတဲ႔ စစ္သားေတြနဲ႔ ရဲေတြက ေသာၾကာေန႔ အေစာပိုင္းမွာ ၀င္ေရာက္စီးနင္းခဲ႔ၿပီး လက္နက္မဲ႔ တက္ႂကြလႈပ္ရွားသူေတြ စခန္းခ်ထားတဲ့ ယာယီတဲေတြကို ရွင္းလင္းနေၾကာင္း AFP သတင္းေထာက္ တဦးက ေျပာပါတယ္။

ၿမိဳ႕ေတာ္ကိုလံဘိုမွာ ရွိတဲ႔ သမၼတရံုးေရွ႕မွာ ပိတ္ထားတဲ႔ ဆႏၵျပသူေတြ အဲဒီ ေနရာကေန ထြက္ခြာၾကဖို႔ နာရီပိုင္းအလိုမွာဘဲ လံုျခံဳေရး တပ္ဖြဲ႔ေတြက ၿဖိဳခဲြခဲ့တာ ျဖစ္ပါတယ္။ ဒီလ အေစာပိုင္းက ဆႏၵျပသူေတြက တစိတ္တပိုင္း သိမ္းပိုက္ခဲ႔တဲ႔ သမၼတရံုး အဓိက ၀င္ေပါက္ကို ဆႏၵျပသူေတြက ပိတ္ထားတဲ႔ အတားအဆီးေတြကို နံပတ္တုတ္ ကိုင္ေဆာင္ထားတဲ႔ လံုျခံဳေရး တာ၀န္ရွိသူေတြက စၿပီး ဖယ္ရွားေနပါတယ္။

သမၼတသစ္ Ranil Wickremesinghe က်မ္းသစၥာက်ိန္ဆိုၿပီးေနာက္ ေသာၾကာေန႔ ေန႔လည္ပိုင္းက အဲဒီေနရာကေန ဖယ္ေပးဖို႔ စီစဥ္ထားေၾကာင္း တက္ႂကြလႈပ္ရွားသူေတြက ေၾကညာထားတာပါ။ ရံုး တဝိုက္မွာ စစ္သားေတြ ဝိုင္းရံထားၿပီး ၿပီးခဲ႔တဲ႔ ဧၿပီလ ကတည္းက အစိုးရ ဆန႔္က်င္ေရး ဆႏၵျပၾကတဲ႔ ေထာင္ခ်ီတဲ႔ လူထုအတြက္ သယ္ယူပို႔ေဆာင္ေရး စီစဥ္ေပးတဲ႔ အဲဒီေနရာက ယာယီ အေဆာက္အအံုေတြကိုလည္း ဖယ္ရွားေနေၾကာင္း မ်က္ျမင္ေတြ႕သူေတြက ေျပာပါတယ္။

ရာခ်ီတဲ႔ ဆႏၵျပသူေတြ ေနာက္ဆုတ္ၾကဖို႔၊ သမၼတရံုး အနီးအနား ကန္႔သတ္ ေနရာေတြကို ေရွာင္က်ဥ္ၾကဖို႔ လံုျခံဳေရး တပ္ဖြဲ႔ေတြက အသံခ်ဲ႕စက္ေတြနဲ႔ ေျပာဆိုေနပါတယ္။ သမၼတရံုးကို သြားရာ လမ္းမႀကီး တေလွ်ာက္က တဲေတြကို ဖ်က္စီးေနတဲ႔ တပ္ဖြဲ႔ေတြက တက္ႂကြလႈပ္ရွားသူ တခ်ိဳ႕ကိုလည္း ဖမ္းဆီးထားပါတယ္။

သမၼတ Gotabaya Rajapaksa ရာထူးက ဆင္းေပးေရး ဖိအားေပးၾကတဲ႔ #GoHomeGota လႈပ္ရွားမႈကို ေထာက္ခံသူေတြက သမၼတ အိမ္ေတာ္ကို ဇူလိုင္လ ၉ ရက္ေန႔မွာ သိမ္းယူခဲ႔ၿပီးေနာက္ အဲဒီ ေနရာကို ရယူထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

............................................

သီရိလင်္ကာ သမ္မတရုံးအနီး သပိတ်စခန်းတွေကို အာဏာပိုင်တွေရှင်းလင်း

{{Zawgyi/Unicode}}
သီရိလကာၤနိုင်ငံ မြို့တော်က အစိုးရ ဆန့်ကျင်ရေး အဓိက စခန်းကို ရာနဲ့ချီတဲ့ စစ်သားတွေနဲ့ ရဲတွေက သောကြာနေ့ အစောပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်မဲ့ တက်ကြွလှုပ်ရှားသူတွေ စခန်းချထားတဲ့ ယာယီတဲတွေကို ရှင်းလင်းနကြောင်း AFP သတင်းထောက် တဦးက ပြောပါတယ်။

မြို့တော်ကိုလံဘိုမှာ ရှိတဲ့ သမ္မတရုံးရှေ့မှာ ပိတ်ထားတဲ့ ဆန္ဒပြသူတွေ အဲဒီ နေရာကနေ ထွက်ခွာကြဖို့ နာရီပိုင်းအလိုမှာဘဲ လုံခြုံရေး တပ်ဖွဲ့တွေက ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။ ဒီလ အစောပိုင်းက ဆန္ဒပြသူတွေက တစိတ်တပိုင်း သိမ်းပိုက်ခဲ့တဲ့ သမ္မတရုံး အဓိက ဝင်ပေါက်ကို ဆန္ဒပြသူတွေက ပိတ်ထားတဲ့ အတားအဆီးတွေကို နံပတ်တုတ် ကိုင်ဆောင်ထားတဲ့ လုံခြုံရေး တာဝန်ရှိသူတွေက စပြီး ဖယ်ရှားနေပါတယ်။

သမ္မတသစ် Ranil Wickremesinghe ကျမ်းသစ္စာကျိန်ဆိုပြီးနောက် သောကြာနေ့ နေ့လည်ပိုင်းက အဲဒီနေရာကနေ ဖယ်ပေးဖို့ စီစဉ်ထားကြောင်း တက်ကြွလှုပ်ရှားသူတွေက ကြေညာထားတာပါ။ ရုံး တဝိုက်မှာ စစ်သားတွေ ဝိုင်းရံထားပြီး ပြီးခဲ့တဲ့ ဧပြီလ ကတည်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြကြတဲ့ ထောင်ချီတဲ့ လူထုအတွက် သယ်ယူပို့ဆောင်ရေး စီစဉ်ပေးတဲ့ အဲဒီနေရာက ယာယီ အဆောက်အအုံတွေကိုလည်း ဖယ်ရှားနေကြောင်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ရာချီတဲ့ ဆန္ဒပြသူတွေ နောက်ဆုတ်ကြဖို့၊ သမ္မတရုံး အနီးအနား ကန့်သတ် နေရာတွေကို ရှောင်ကျဉ်ကြဖို့ လုံခြုံရေး တပ်ဖွဲ့တွေက အသံချဲ့စက်တွေနဲ့ ပြောဆိုနေပါတယ်။ သမ္မတရုံးကို သွားရာ လမ်းမကြီး တလျှောက်က တဲတွေကို ဖျက်စီးနေတဲ့ တပ်ဖွဲ့တွေက တက်ကြွလှုပ်ရှားသူ တချို့ကိုလည်း ဖမ်းဆီးထားပါတယ်။

သမ္မတ Gotabaya Rajapaksa ရာထူးက ဆင်းပေးရေး ဖိအားပေးကြတဲ့ #GoHomeGota လှုပ်ရှားမှုကို ထောက်ခံသူတွေက သမ္မတ အိမ်တော်ကို ဇူလိုင်လ ၉ ရက်နေ့မှာ သိမ်းယူခဲ့ပြီးနောက် အဲဒီ နေရာကို ရယူထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG