သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာ ေၾကြးၿမီျပႆနာ ေျပလည္ေရး IMF ကူညီမည္


SRI LANKA-POLITICS-ECONOMY-FUEL

IMF ႏိုင္ငံတကာ ေငြေၾကးရံပံုေငြအဖြဲ႔ အေနနဲ႔ သီရိလကၤာႏိုင္ငံမွာ ၾကံဳေနရတဲ့ ျပႆနာကို ကူညီမွာ ျဖစ္ေၾကာင္း ဒါေပမယ့္ အကူအညီေပးေရးဆိုင္ရာ ဘယ္အစီစဥ္ပဲ ျဖစ္ပါေစ၊ ႏိုင္ငံရဲ႕ ထိမ္းမႏိုင္ျဖစ္ေနတဲ့ ေႂကြးၿမီအတြက္ စီစဥ္ေဆာင္ရြက္ႏိုင္တဲ့ အေပၚမူတည္ေနေၾကာင္း  ၾကာသပေတးေန႔မွာ ေျပာပါတယ္။  

သီရိလကၤာ ေၾကြးၿမီျပႆနာ ေျပလည္ေရး IMF ကူညီမည္

{{Zawgyi/ Unicode}}
IMF ႏိုင္ငံတကာ ေငြေၾကးရံပံုေငြအဖြဲ႔ အေနနဲ႔ သီရိလကၤာႏိုင္ငံမွာ ၾကံဳေနရတဲ့ ျပႆနာကို ကူညီမွာ ျဖစ္ေၾကာင္း ဒါေပမယ့္ အကူအညီေပးေရးဆိုင္ရာ ဘယ္အစီစဥ္ပဲ ျဖစ္ပါေစ၊ ႏိုင္ငံရဲ႕ ထိမ္းမႏိုင္ျဖစ္ေနတဲ့ ေႂကြးၿမီအတြက္ စီစဥ္ေဆာင္ရြက္ႏိုင္တဲ့ အေပၚမူတည္ေနေၾကာင္း ၾကာသပေတးေန႔မွာ ေျပာပါတယ္။

သီရိလကၤာႏိုင္ငံမွာ ေငြေၾကးျပတ္လပ္မႈေၾကာင့္ ႏိုင္ငံသား ၂၂ သန္းဟာ လြတ္လပ္ေရးရခဲ့ခ်ိန္ကစၿပီး အဆိုးဝါးဆံုးျပႆနာနဲ႔ ရင္ဆိုင္ေနၾကရတာပါ။ စားနပ္ရိကၡာနဲ႔ ေဆးဝါးျပတ္လပ္မႈ လနဲ႔ခ်ီခံစားရတာေၾကာင့္ အစိုးရဆန္႔က်င္ ဆႏၵျပမႈေတြ ျပင္းထန္လာေနတာ ျဖစ္ပါတယ္။

ႏိုင္ငံျခားေႂကြးၿမီ ေဒၚလာ ၅၁ ဘီလီယံ တင္ေနတဲ့ သီရိလကၤာႏိုင္ငံက သူတို႔ရဲ႕ ႏိုင္ငံတကာ လြတ္လပ္တဲ့ စာခ်ဳပ္ေတြနဲ႔ ၂ ႏိုင္ငံၾကား ခ်ဳပ္ဆိုတဲ့ စာခ်ဳပ္ေတြနဲ႔ ပတ္သက္ၿပီး ျပန္လည္ေရးဆြဲရာမွာ အကူညီေပးဖို႔ ႏိုင္ငံတကာအၾကံေပးေတြကို အဂၤါေန႔မွာ ခန္႔အပ္ခဲ့တာပါ။

အစိုးရကလည္း ေလာင္စာဆီ ေစ်းႏႈန္းႀကီးျမင့္တာအတြက္ ေငြေၾကးအေထာက္အပံ့ ေပးေနတာကို အဂၤါေန႔မွာပဲ ရပ္ဆိုင္းခဲ့ပါတယ္။

IMF အဖြဲ႔ဟာ သီရိလကၤာတာဝန္ရွိသူေတြနဲ႔ သီတင္း ၂ ပတ္ၾကာ ေဆြးေႏြးခဲ့ၿပီးတဲ့ေနာက္မွာ ႏိုင္ငံ့ ေငြေၾကးျပႆနာ အဆံုးသတ္ေရးအတြက္ ခိုင္မာတဲ့အေရးယူ ေဆာင္ရြက္မႈေတြပါတဲ့ အစီစဥ္နဲ႔ ဆက္လက္ ေဆာင္ရြက္ေပးမွာ ျဖစ္ေၾကာင္း ကတိျပဳခဲ့ပါတယ္။

ေဒသဆိုင္ရာ အရာရွိေတြကေတာ့ IMF ရဲ႕ ေထာက္ပံ့ေရးဆိုင္ရာအစီအစဥ္ အၿပီးသတ္လုပ္ေဆာင္ဖို႔ ေနာက္ ၆ လေလာက္ ၾကာႏိုင္တယ္လို႔ ေျပာပါတယ္။

သီရိလကၤာ ေၾကြးၿမီျပႆနာ ေျပလည္ေရး IMF ကူညီမည္
please wait

No media source currently available

0:00 0:01:16 0:00
တိုက္႐ိုက္ လင့္ခ္

................................................

သီရိလင်္ကာ ကြွေးမြီပြဿနာ ပြေလည်ရေး IMF ကူညီမည်

{{Zawgyi/ Unicode}}
IMF နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ အနေနဲ့ သီရိလင်္ကာနိုင်ငံမှာ ကြုံနေရတဲ့ ပြဿနာကို ကူညီမှာ ဖြစ်ကြောင်း ဒါပေမယ့် အကူအညီပေးရေးဆိုင်ရာ ဘယ်အစီစဉ်ပဲ ဖြစ်ပါစေ၊ နိုင်ငံရဲ့ ထိမ်းမနိုင်ဖြစ်နေတဲ့ ကြွေးမြီအတွက် စီစဉ်ဆောင်ရွက်နိုင်တဲ့ အပေါ်မူတည်နေကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ငွေကြေးပြတ်လပ်မှုကြောင့် နိုင်ငံသား ၂၂ သန်းဟာ လွတ်လပ်ရေးရခဲ့ချိန်ကစပြီး အဆိုးဝါးဆုံးပြဿနာနဲ့ ရင်ဆိုင်နေကြရတာပါ။ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှု လနဲ့ချီခံစားရတာကြောင့် အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေ ပြင်းထန်လာနေတာ ဖြစ်ပါတယ်။

နိုင်ငံခြားကြွေးမြီ ဒေါ်လာ ၅၁ ဘီလီယံ တင်နေတဲ့ သီရိလင်္ကာနိုင်ငံက သူတို့ရဲ့ နိုင်ငံတကာ လွတ်လပ်တဲ့ စာချုပ်တွေနဲ့ ၂ နိုင်ငံကြား ချုပ်ဆိုတဲ့ စာချုပ်တွေနဲ့ ပတ်သက်ပြီး ပြန်လည်ရေးဆွဲရာမှာ အကူညီပေးဖို့ နိုင်ငံတကာအကြံပေးတွေကို အင်္ဂါနေ့မှာ ခန့်အပ်ခဲ့တာပါ။

အစိုးရကလည်း လောင်စာဆီ ဈေးနှုန်းကြီးမြင့်တာအတွက် ငွေကြေးအထောက်အပံ့ ပေးနေတာကို အင်္ဂါနေ့မှာပဲ ရပ်ဆိုင်းခဲ့ပါတယ်။

IMF အဖွဲ့ဟာ သီရိလင်္ကာတာဝန်ရှိသူတွေနဲ့ သီတင်း ၂ ပတ်ကြာ ဆွေးနွေးခဲ့ပြီးတဲ့နောက်မှာ နိုင်ငံ့ ငွေကြေးပြဿနာ အဆုံးသတ်ရေးအတွက် ခိုင်မာတဲ့အရေးယူ ဆောင်ရွက်မှုတွေပါတဲ့ အစီစဉ်နဲ့ ဆက်လက် ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။

ဒေသဆိုင်ရာ အရာရှိတွေကတော့ IMF ရဲ့ ထောက်ပံ့ရေးဆိုင်ရာအစီအစဉ် အပြီးသတ်လုပ်ဆောင်ဖို့ နောက် ၆ လလောက် ကြာနိုင်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG