သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

သီရိလကၤာသမၼတ ႏုတ္ထြက္ေပးဖို႔ ဆႏၵျပေတာင္းဆို


သမၼတႏုတ္ထြက္ေပးေရး ကုိလံဘိုၿမိဳ႕မွာ ဆႏၵျပေနၾကတဲ့ သီရိလကၤာ ျပည္သူမ်ား။ (ဧၿပီ ၉၊ ၂၀၂၂)

(Zawgyi / Unicode)

သီရိလကၤာႏုိ္င္ငံမွာ စေနေန႔က ေထာင္ေသာင္းခ်ိီတ့ဲ ျပည္သူေတြေရာ ခရစ္ယာန္ ဘာသာေရးဆရာေတြပါ ၿမိဳ႕ေတာ္ကိုလံဘိုရဲ ႔ လမ္းေမတြေပၚ ခ်ီတက္ဆႏၵျပရင္း သမၼတ နုတ္ထြက္ေပးေရး ေတာင္းဆိုခ့ဲၾကပါတယ္။

အေႂကြးေတြနစ္ေနတဲ့ သီရီလကၤာႏုိ္င္ငံရဲ ႔ အက်ပ္အတည္းေတြကို သမၼတ Gotabaya Rajapaksa နဲ႔ သူ႔အစိုးရအဖြဲ႔က မွားယြင္းစြာ စီမံခန္႔ခြဲေနၾကတယ္ဆိုၿပီး သမၼတ ႏုတ္ထြက္ေပးဖို႔ ျပည္သူေတြ ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

ရာထူးကဆင္းေပးပါ၊ တာဝန္ခံမႈရွိတဲ့ အစိုးရပဲ လိုတယ္လို႔ အဓိပၸါယ္ရတဲ့ စာတမ္းေတြနဲ႔ ႏုိင္ငံေတာ္အလံေတြကို ဆႏၵျပသူေတြ ကိုင္ေဆာင္ထားၾကပါတယ္။

အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးအမ်ားစု ႏုတ္ထြက္သြားၾကသလို သူ႔အေပၚ ေထာက္ခံတဲ့ လႊတ္ေတာ္အမတ္ေတြကပါ ဆန္႔က်င္ေနေပမယ့္လည္း သမၼတ Rajapaksa ကေတာ့ ႏုတ္ထြက္ေပးဖို႔ ျငင္းဆန္ေနပါတယ္။

အခုလို ဆႏၵျပပြဲေတြေၾကာင့္ ႏုိင္ငံတကာ အဖြဲ႔အစည္းေတြဆီက ေငြေခ်းႏုိင္ေရး ညွိႏိႈ္င္းဖို႔ ႀကိဳးပမ္းေနတဲ့ သမၼတအဖို႔ အခက္အခဲေတြနဲ႔ ပိုၿပီး ရင္ဆုိင္ရမယ့္ အေနအထား ျဖစ္လာေနတာပါ။

သီရိလကၤာႏိုင္ငံမွာ စီးပြားေရး ခၽြတ္ၿခဳံက်လာေနၿပီး လာမယ့္ ၅ ႏွစ္အတြင္း ျပန္ဆပ္ရမယ့္ ျပည္ပေခ်းေငြတင္ ေဒၚလာ ၂၅ ဘီလီယံထိ ရွိေနပါတယ္။

ျပည္သူေတြကလည္း ေန႔စဥ္လိုအပ္တဲ့ ေလာင္စာဆီ၊ စားသုံးကုန္ေတြနဲ႔ ေဆးဝါးေတြကို တန္းစီဝယ္ယူေနၾကရတာ လနဲ႔ခ်ီ ၾကာလာၿပီျဖစ္တဲ့အတြက္ စိတ္ဆိုး ေဒါသထြက္လာၾကတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

သီရိလင်္ကာသမ္မတ နုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆို

သီရိလင်္ကာနိုင်ငံမှာ စနေနေ့က ထောင်သောင်းချီတဲ့ ပြည်သူတွေရော ခရစ်ယာန် ဘာသာရေးဆရာတွေပါ မြို့တော်ကိုလံဘိုရဲ့ လမ်းမေတွပေါ် ချီတက်ဆန္ဒပြရင်း သမ္မတ နုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။

အကြွေးတွေနစ်နေတဲ့ သီရီလင်္ကာနိုင်ငံရဲ့ အကျပ်အတည်းတွေကို သမ္မတ Gotabaya Rajapaksa နဲ့ သူ့အစိုးရအဖွဲ့က မှားယွင်းစွာ စီမံခန့်ခွဲနေကြတယ်ဆိုပြီး သမ္မတ နုတ်ထွက်ပေးဖို့ ပြည်သူတွေ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ရာထူးကဆင်းပေးပါ၊ တာဝန်ခံမှုရှိတဲ့ အစိုးရပဲ လိုတယ်လို့ အဓိပ္ပါယ်ရတဲ့ စာတမ်းတွေနဲ့ နိုင်ငံတော်အလံတွေကို ဆန္ဒပြသူတွေ ကိုင်ဆောင်ထားကြပါတယ်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးအများစု နုတ်ထွက်သွားကြသလို သူ့အပေါ် ထောက်ခံတဲ့ လွှတ်တော်အမတ်တွေကပါ ဆန့်ကျင်နေပေမယ့်လည်း သမ္မတ Rajapaksa ကတော့ နုတ်ထွက်ပေးဖို့ ငြင်းဆန်နေပါတယ်။

အခုလို ဆန္ဒပြပွဲတွေကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေဆီက ငွေချေးနိုင်ရေး ညှိနှိုင်းဖို့ ကြိုးပမ်းနေတဲ့ သမ္မတအဖို့ အခက်အခဲတွေနဲ့ ပိုပြီး ရင်ဆိုင်ရမယ့် အနေအထား ဖြစ်လာနေတာပါ။

သီရိလင်္ကာနိုင်ငံမှာ စီးပွားရေး ချွတ်ခြုံကျလာနေပြီး လာမယ့် ၅ နှစ်အတွင်း ပြန်ဆပ်ရမယ့် ပြည်ပချေးငွေတင် ဒေါ်လာ ၂၅ ဘီလီယံထိ ရှိနေပါတယ်။

ပြည်သူတွေကလည်း နေ့စဉ်လိုအပ်တဲ့ လောင်စာဆီ၊ စားသုံးကုန်တွေနဲ့ ဆေးဝါးတွေကို တန်းစီဝယ်ယူနေကြရတာ လနဲ့ချီ ကြာလာပြီဖြစ်တဲ့အတွက် စိတ်ဆိုး ဒေါသထွက်လာကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG