သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာမွာ ေလာင္စာဆီ ျပတ္လတ္မႈေၾကာင့္ ေက်ာင္းေတြပိတ္ဖို႔ အမိန္႔ထုတ္ 


SRI LANKA-POLITICS-ECONOMY-FUEL

စီးပြားေရး အက်ပ္အတည္းေၾကာင့္ ဆန္႔က်င္ဆႏၵျပမႈေတြနဲ႔ ၾကံဳေနရတဲ့ သီရိလကၤာႏုိင္ငံမွာ ေလာင္စာ ဆီျပတ္လတ္မႈေၾကာင့္ ေက်ာင္းေတြပိတ္ၿပီး၊ ၀န္ထမ္းေတြကုိလည္း အလုပ္မဆင္းဖုိ႔ အစိုးရက ေသာၾကာေန႔ကပဲ အမိန္႔ထုတ္လိုက္ပါတယ္။

သီရိလကၤာမွာ ေလာင္စာဆီ ျပတ္လတ္မႈေၾကာင့္ ေက်ာင္းေတြပိတ္ဖို႔ အမိန္႔ထုတ္

{{Zawgyi/Unicode}}
စီးပြားေရး အက်ပ္အတည္းေၾကာင့္ ဆန္႔က်င္ဆႏၵျပမႈေတြနဲ႔ ၾကံဳေနရတဲ့ သီရိလကၤာႏုိင္ငံမွာ ေလာင္စာ ဆီျပတ္လတ္မႈေၾကာင့္ ေက်ာင္းေတြပိတ္ၿပီး၊ ၀န္ထမ္းေတြကုိလည္း အလုပ္မဆင္းဖုိ႔ အစိုးရက ေသာၾကာေန႔ကပဲ အမိန္႔ထုတ္လိုက္ပါတယ္။

ေလာင္စာဆီ မလုံေလာက္မႈနဲ႔ တႏုိင္ငံလုံးမွာရွိတဲ့ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြမွာ အခက္အခဲရွိတဲ့အတြက္ေၾကာင့္၊ မျဖစ္မေနလုပ္ေဆာင္ရမယ့္ ဌာနေတြကလဲြရင္ က်န္ ဌာနေတြ အလုပ္မဆင္းဖုိ႔ အမ်ား ျပည္သူအုပ္ခ်ဳပ္ေရး၀န္ႀကီးဌာန ကထုတ္ျပန္ခဲ့ပါတယ္။

အစိုးရေက်ာင္းေတြအျပင္ ပုဂၢလိကေက်ာင္းေတြပါ ပိတ္ခဲ့ပါတယ္။ ေလာင္စာဆီဆုိင္ေတြမွာလည္း ေလာင္စာဆီရရွိဖုိ႔ လူအမ်ားအျပား တန္းစီေစာင့္ဆုိင္းေနၾကပါတယ္။

သီရိလကၤာမွာ ေလာင္စာဆီ လုံး၀မရွိေတာ့ေလာက္ေအာင္ ျပတ္လတ္ေနၿပီး၊ အစိုးရ အေနနဲ႔လည္း ျပည္ပကေန တင္သြင္းဖုိ႔ ေငြေၾကးမလုံေလာက္တဲ့ ျပႆနာနဲ႔ ရင္ဆုိင္ေနရပါတယ္။

ေသာၾကာေန႔ကပဲ အစုိးရ၀န္ႀကီးသစ္ ၉ ဦးကုိ သမၼတ Gotabaya Rajapaksa က က်န္းသစၥာ က်ိန္ဆုိခန္႔ အပ္ခဲ့တာေၾကာင့္၊ အခုအခါ၀န္ႀကီး ၁၃ ဦးရွိလာၿပီျဖစ္ပါတယ္။ အစိုးရ၀န္ႀကီးေတြ ႏႈတ္ထြက္ခဲ့ၿပီးေနာက္၊ သမၼတ Gotabaya Rajapaksa အစိုးရအေနနဲ႔ တည္ၿငိမ္ေရး ႀကိဳးပမ္းေနၿပီး၊ အတုိက္အခံနဲ႔ အျခားပါတီက၀န္ႀကီးေတြပါ၀င္တဲ့ ညြန္႔ေပါင္းအစိုးရ ဖဲြ႔စည္းေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................

သီရိလင်္ကာမှာ လောင်စာဆီ ပြတ်လတ်မှုကြောင့် ကျောင်းတွေပိတ်ဖို့ အမိန့်ထုတ်

{{Zawgyi/Unicode}}
စီးပွားရေး အကျပ်အတည်းကြောင့် ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံမှာ လောင်စာ ဆီပြတ်လတ်မှုကြောင့် ကျောင်းတွေပိတ်ပြီး၊ ဝန်ထမ်းတွေကိုလည်း အလုပ်မဆင်းဖို့ အစိုးရက သောကြာနေ့ကပဲ အမိန့်ထုတ်လိုက်ပါတယ်။

လောင်စာဆီ မလုံလောက်မှုနဲ့ တနိုင်ငံလုံးမှာရှိတဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အခက်အခဲရှိတဲ့အတွက်ကြောင့်၊ မဖြစ်မနေလုပ်ဆောင်ရမယ့် ဌာနတွေကလွဲရင် ကျန် ဌာနတွေ အလုပ်မဆင်းဖို့ အများ ပြည်သူအုပ်ချုပ်ရေးဝန်ကြီးဌာန ကထုတ်ပြန်ခဲ့ပါတယ်။

အစိုးရကျောင်းတွေအပြင် ပုဂ္ဂလိကကျောင်းတွေပါ ပိတ်ခဲ့ပါတယ်။ လောင်စာဆီဆိုင်တွေမှာလည်း လောင်စာဆီရရှိဖို့ လူအများအပြား တန်းစီစောင့်ဆိုင်းနေကြပါတယ်။

သီရိလင်္ကာမှာ လောင်စာဆီ လုံးဝမရှိတော့လောက်အောင် ပြတ်လတ်နေပြီး၊ အစိုးရ အနေနဲ့လည်း ပြည်ပကနေ တင်သွင်းဖို့ ငွေကြေးမလုံလောက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

သောကြာနေ့ကပဲ အစိုးရဝန်ကြီးသစ် ၉ ဦးကို သမ္မတ Gotabaya Rajapaksa က ကျန်းသစ္စာ ကျိန်ဆိုခန့် အပ်ခဲ့တာကြောင့်၊ အခုအခါဝန်ကြီး ၁၃ ဦးရှိလာပြီဖြစ်ပါတယ်။ အစိုးရဝန်ကြီးတွေ နှုတ်ထွက်ခဲ့ပြီးနောက်၊ သမ္မတ Gotabaya Rajapaksa အစိုးရအနေနဲ့ တည်ငြိမ်ရေး ကြိုးပမ်းနေပြီး၊ အတိုက်အခံနဲ့ အခြားပါတီကဝန်ကြီးတွေပါဝင်တဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနေပါတယ်။

XS
SM
MD
LG