သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

၂၀၁၉ အီစတာ ဗုံးခဲြတိုက္ခိုက္မႈကို ေဖာ္ထုတ္အေရးယူဖို႔ သီရိလကၤာ ဆႏၵျပသမားတို႔ ေတာင္းဆို


သီရိလကၤာမွာ ၂၀၁၉ အီစတာ ဗုံးခဲြတိုက္ခိုက္မႈ ေဖာ္ထုတ္အေရးယူဖို႔ ဆႏၵျပ ေတာင္းဆုိေနၾကသူမ်ား။ (ဧၿပီ ၁၇၊ ၂၀၂၂)

(Zawgyi / Unicode)

သီရိလကၤာႏိုင္ငံမွာ လြန္ခဲ့တဲ့ ၃ ႏွစ္ေက်ာ္က လူေပါင္း ၂၆၀ ေက်ာ္ ေသဆုံးခဲ့ရတဲ့ IS တို႔ရဲ႕ လႈံ႔ေဆာ္မႈနဲ႔ ဗုံးခြဲတိုက္ခိုက္ခဲ့သူေတြကို ေဖာ္ထုတ္အေရးယူဖို႔ ေႏွးေကြးေနခဲ့တဲ့ ကိစၥအေပၚ သမၼတႏုတ္ထြက္ေရး ေတာင္းဆို ဆႏၵျပေနသူေတြက ေဝဖန္ ေထာက္ျပလိုက္ၾကပါတယ္။ ဒါဟာ စီးပြားေရး အက်ပ္အတည္းေၾကာင့္ ျပႆနာတက္ေနတဲ့ သီရိလကၤာ အစိုးရအတြက္ ဖိအား ပိုမိုႀကီးထြားလာေစပါတယ္။

လြန္ခဲ့တဲ့ ၃ ႏွစ္ အီစတာ တနဂၤေြႏေန႔မွာ ခရစ္ယာန္ဘုရားေက်ာင္း ၃ ခုကို အေသခံ ဗုံးခြဲသမားေတြက တၿပဳိင္နက္တည္း တိုက္ခိုက္မႈ ေနာက္ကြယ္က ပူးေပါင္းႀကံစည္သူေတြကို ေဖာ္ထုတ္ေပးဖို႔ ဆႏၵျပသမားေတြ ေတာင္းဆိုၾကတာ ျဖစ္ပါတယ္။

အဲဒီတိုက္ခိုက္မႈဟာ ကမၻာလွည့္ခရီးသည္ေတြ တည္းခိုတဲ့ ဟိုတယ္ ၃ ခုကိုလည္း ပစ္မွတ္ထားခဲ့ၿပီး ႏိုင္ငံ ၁၄ ႏိုင္ငံက ခရီးသည္ ၄၂ ဦးလည္း ေသဆုံးခဲ့ရတာပါ။

ေထာင္နဲ႔ခ်ီတဲ့ ဆႏၵျပသမားေတြဟာ သမၼတ Gotabaya Rajapaksa ႏုတ္ထြက္ေပးဖို႔ ၈ ရက္ၾကာ ဆႏၵျပေနခဲ့ၾကတာလည္း ျဖစ္ပါတယ္။

တနဂၤေႏြေန႔က ဆႏၵျပတဲ့အထဲမွာ အီစတာ ဗုံးခဲြမႈေၾကာင့္ ေသဆုံးခဲ့ရတဲ့ ေဆြမ်ဳိးေတြလည္း ပါဝင္ခဲ့ၿပီး "တရားမွ်တမႈ ရရွိဖို႔အတြက္ ငိုေႂကြးေနခဲ့ရတာ ၃ ႏွစ္ၾကာခဲ့ၿပီ"၊ "တိုက္ခိုက္မႈေနာက္ကြယ္မွာ ဘယ္သူေတြရွိသလဲ" ဆိုတဲ့ စာတမ္းေတြကို ကိုင္ေဆာင္ခဲ့ၾကပါတယ္။

ဒီတိုက္ခိုက္မႈနဲ႔ပတ္သက္လို႔ ေဒသတြင္း အစၥလာမ္အစြန္းေရာက္ အုပ္စုႏွစ္ခုနဲ႔ အဆက္အသြယ္ ရွိခဲ့တယ္ဆိုတဲ့ လူ ၂၀ ေက်ာ္ကို သီရိလကၤာအစိုးရက တရားစဲြဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

၂၀၁၉ အီစတာ ဗုံးခွဲတိုက်ခိုက်မှုကို ဖော်ထုတ်အရေးယူဖို့ သီရိလင်္ကာ ဆန္ဒပြသမားတို့ တောင်းဆို

သီရိလင်္ကာနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က လူပေါင်း ၂၆၀ ကျော် သေဆုံးခဲ့ရတဲ့ IS တို့ရဲ့ လှုံ့ဆော်မှုနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့သူတွေကို ဖော်ထုတ်အရေးယူဖို့ နှေးကွေးနေခဲ့တဲ့ ကိစ္စအပေါ် သမ္မတနုတ်ထွက်ရေး တောင်းဆို ဆန္ဒပြနေသူတွေက ဝေဖန် ထောက်ပြလိုက်ကြပါတယ်။ ဒါဟာ စီးပွားရေး အကျပ်အတည်းကြောင့် ပြဿနာတက်နေတဲ့ သီရိလင်္ကာ အစိုးရအတွက် ဖိအား ပိုမိုကြီးထွားလာစေပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ် အီစတာ တနင်္ဂွေနနေ့မှာ ခရစ်ယာန်ဘုရားကျောင်း ၃ ခုကို အသေခံ ဗုံးခွဲသမားတွေက တပြိုင်နက်တည်း တိုက်ခိုက်မှု နောက်ကွယ်က ပူးပေါင်းကြံစည်သူတွေကို ဖော်ထုတ်ပေးဖို့ ဆန္ဒပြသမားတွေ တောင်းဆိုကြတာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ကမ္ဘာလှည့်ခရီးသည်တွေ တည်းခိုတဲ့ ဟိုတယ် ၃ ခုကိုလည်း ပစ်မှတ်ထားခဲ့ပြီး နိုင်ငံ ၁၄ နိုင်ငံက ခရီးသည် ၄၂ ဦးလည်း သေဆုံးခဲ့ရတာပါ။

ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေဟာ သမ္မတ Gotabaya Rajapaksa နုတ်ထွက်ပေးဖို့ ၈ ရက်ကြာ ဆန္ဒပြနေခဲ့ကြတာလည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ဆန္ဒပြတဲ့အထဲမှာ အီစတာ ဗုံးခွဲမှုကြောင့် သေဆုံးခဲ့ရတဲ့ ဆွေမျိုးတွေလည်း ပါဝင်ခဲ့ပြီး "တရားမျှတမှု ရရှိဖို့အတွက် ငိုကြွေးနေခဲ့ရတာ ၃ နှစ်ကြာခဲ့ပြီ"၊ "တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူတွေရှိသလဲ" ဆိုတဲ့ စာတမ်းတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဒေသတွင်း အစ္စလာမ်အစွန်းရောက် အုပ်စုနှစ်ခုနဲ့ အဆက်အသွယ် ရှိခဲ့တယ်ဆိုတဲ့ လူ ၂၀ ကျော်ကို သီရိလင်္ကာအစိုးရက တရားစွဲဆိုခဲ့ပါတယ်။

XS
SM
MD
LG