သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာ စီးပြားေရး ဆုတ္ယုတ္မႈ ဗုဒၶေန႔ပြဲေတာ္မွာ စုေဝးဆႏၵျပ


သီရိလကၤာသမၼတ Gotabaya Rajapaksa ေတာင္းဆုိ ဆႏၵျပေနသူမ်ား။ (ေမ ၁၅၊ ၂၀၂၂)

(Zawgyi / Unicode)

သိီရိလကၤာႏုိင္ငံ ၿမိဳ႕ေတာ္ ကိုလံဘိုက ပင္လယ္ကမ္းစပ္အနီးမွာရွိတဲ့ Galle Face ဥယ်ာဥ္မွာ ႏုိင္ငံစီးပြားေရး ဆုတ္ယုတ္က်ဆင္းလာတဲ့အေပၚ ဆန္႔က်င္ကန္႔ကြက္တဲ့ ျပည္သူေတြ တနဂၤေႏြေန႔က စုေဝးခဲ့ၾကပါတယ္။

ဗုဒၶဘုရားရွင္ကိုယ္ေတာ္ ဖြားျမင္ေတာ္မူတာ၊ ဉာဏ္အလင္းရတာနဲ႔ ပရိနိဗၺာန္ စံေတာ္မူတာကို ရည္ရြယ္ၿပီး ဥပုသ္သီလ ေဆာက္တည္တာ၊ ပြဲလမ္းသဘင္ေတြပါ က်င္းပေလ့ရွိတဲ့ ကဆုန္လျပည့္ ဗုဒၶေန႔ ေန႔ထူးေန႔ျမတ္မွာ ခုလို စုေဝး ဆႏၵျပၾကတာပါ။

“ခုလို စီးပြားေရးက်ဆင္းမႈေတြ ဘယ္ေတာ့အဆုံးသတ္မလဲဆိုတာ အခုထိ မျမင္ရေသးပါဘူး။ သီရိလကၤာရဲ႕ လက္ရွိအခက္အခဲေတြ၊ က်ေနာ္တို႔ရဲ႕ ျပႆနာေတြအတြက္ တရားမွ်တမႈရတဲ့အထိ ဆက္ၿပီး ဆႏၵျပသြားမယ္။” လို႔ ဆႏၵျပလူငယ္ SAKUN DE SILVA က ေျပာဆိုသြားတာပါ။

ျပည္သူေတြက ဥယ်ာဥ္ထဲမွာ ရြက္ဖ်င္တဲေတြထိုးၿပီး Rajapaksa အစိုးရကို ဆက္ၿပီး ဆႏၵျပေနၾကတာ ျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ Ranil Wickremesinghe ကို ခန္႔အပ္ခဲ့ေပမဲ့လည္း ျပည္သူေတြကေတာ့ Rajapaksa နဲ႔ သူ႔အစိုးရအဖြဲ႔ ႏုတ္ထြက္ေပးဖို႔ ဆက္ၿပီး ေတာင္းဆိုေနတာ ျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္သစ္ Wickremesinghe က ႏုိင္ငံစီးပြားေရးနဲ႔ နုိင္ငံေရးအက်ပ္အတည္းကို ေျဖရွင္းႏုိင္ဖို႔ အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးေတြနဲ႔ အစည္းအေဝး က်င္းပခဲ့တဲ့ေန႔မွာပဲ ဗုဒၶဘာသာဝင္တို႔ရဲ႕ ေန႔ထူးေန႔ျမတ္ကို ျပည္သူအားလုံး ဆင္ႏႊဲႏုိင္ဖို႔ ေမလ ၉ ရက္ေန႔ကတည္းက တႏုိင္ငံလုံး ခ်မွတ္ထားတဲ့ ညမထြက္ရအမိန္႔ကို တနဂၤေႏြေန႔မွာ ျပန္႐ုပ္ေပးခဲ့ပါတယ္။

ဆႏၵျပျပည္သူေတြေအေပၚ အၾကမ္းဖက္ႏွိမ္နင္းမႈေၾကာင့္ ဝန္ႀကီးခ်ဳပ္ Mahinda Rajapaksa ႏုတ္ထြက္ခဲ့ရၿပီး ညီအစ္ကိုေတာ္စပ္သူ သမၼတ Gotabaya Rajapaksa က တုိင္းျပည္ကို ဆက္ၿပီး အုပ္ခ်ဳပ္ေနခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

သီရိလင်္ကာ စီးပွားရေး ဆုတ်ယုတ်မှု ဗုဒ္ဓနေ့ပွဲတော်မှာ စုဝေးဆန္ဒပြ

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုက ပင်လယ်ကမ်းစပ်အနီးမှာရှိတဲ့ Galle Face ဥယျာဉ်မှာ နိုင်ငံစီးပွားရေး ဆုတ်ယုတ်ကျဆင်းလာတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ ပြည်သူတွေ တနင်္ဂနွေနေ့က စုဝေးခဲ့ကြပါတယ်။

ဗုဒ္ဓဘုရားရှင်ကိုယ်တော် ဖွားမြင်တော်မူတာ၊ ဉာဏ်အလင်းရတာနဲ့ ပရိနိဗ္ဗာန် စံတော်မူတာကို ရည်ရွယ်ပြီး ဥပုသ်သီလ ဆောက်တည်တာ၊ ပွဲလမ်းသဘင်တွေပါ ကျင်းပလေ့ရှိတဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ နေ့ထူးနေ့မြတ်မှာ ခုလို စုဝေး ဆန္ဒပြကြတာပါ။

“ခုလို စီးပွားရေးကျဆင်းမှုတွေ ဘယ်တော့အဆုံးသတ်မလဲဆိုတာ အခုထိ မမြင်ရသေးပါဘူး။ သီရိလင်္ကာရဲ့ လက်ရှိအခက်အခဲတွေ၊ ကျနော်တို့ရဲ့ ပြဿနာတွေအတွက် တရားမျှတမှုရတဲ့အထိ ဆက်ပြီး ဆန္ဒပြသွားမယ်။” လို့ ဆန္ဒပြလူငယ် SAKUN DE SILVA က ပြောဆိုသွားတာပါ။

ပြည်သူတွေက ဥယျာဉ်ထဲမှာ ရွက်ဖျင်တဲတွေထိုးပြီး Rajapaksa အစိုးရကို ဆက်ပြီး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ်အဖြစ် Ranil Wickremesinghe ကို ခန့်အပ်ခဲ့ပေမဲ့လည်း ပြည်သူတွေကတော့ Rajapaksa နဲ့ သူ့အစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့ ဆက်ပြီး တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ် Wickremesinghe က နိုင်ငံစီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ အစည်းအဝေး ကျင်းပခဲ့တဲ့နေ့မှာပဲ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ကို ပြည်သူအားလုံး ဆင်နွှဲနိုင်ဖို့ မေလ ၉ ရက်နေ့ကတည်းက တနိုင်ငံလုံး ချမှတ်ထားတဲ့ ညမထွက်ရအမိန့်ကို တနင်္ဂနွေနေ့မှာ ပြန်ရုပ်ပေးခဲ့ပါတယ်။

ဆန္ဒပြပြည်သူတွေအေပေါ် အကြမ်းဖက်နှိမ်နင်းမှုကြောင့် ဝန်ကြီးချုပ် Mahinda Rajapaksa နုတ်ထွက်ခဲ့ရပြီး ညီအစ်ကိုတော်စပ်သူ သမ္မတ Gotabaya Rajapaksa က တိုင်းပြည်ကို ဆက်ပြီး အုပ်ချုပ်နေခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG