သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာ အစိုးရသစ် ရာထူးခန့်အပ်မှု ဆန္ဒပြသမားတွေ လက်မခံ


Ranil Wickremesinghe sworn in as new president of Sri Lanka, in Colombo
Ranil Wickremesinghe sworn in as new president of Sri Lanka, in Colombo

သီရိလကာၤ ဝန်ကြီးချုပ်ဟောင်း Ranil Wickremesinghe သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ထံက ဒေါ်လာ သန်းထောင်နဲ့ချီပြီး ချေးငွေ အကူအညီ ရရှိရေး ဆောင်ရွက်နိုင်မယ့် ပါတီပေါင်းစုံ ပါဝင်တဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းမယ့် အကြောင်း ကတိပြုထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။  

သီရိလင်္ကာ အစိုးရသစ် ရာထူးခန့်အပ်မှု ဆန္ဒပြသမားတွေ လက်မခံ

{{Zawgyi/Unicode}}
သီရိလကာၤ ဝန်ကြီးချုပ်ဟောင်းနဲ့ ဝါရင့် နိုင်ငံရေး သမား Ranil Wickremesinghe က သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နောက်မှာတော့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ထံက ဒေါ်လာ သန်းထောင်နဲ့ချီပြီး ချေးငွေ အကူအညီ ရရှိရေး ဆောင်ရွက်နိုင်မယ့် ပါတီပေါင်းစုံ ပါဝင်တဲ့ အစိုးရ အဖွဲ့ကို ဖွဲ့စည်းမယ့် အကြောင်း ကတိပြုထားပါတယ်။ ဒါပေမယ့်လည်း ပထမဆုံးသော သူ့ရဲ့ ရွေးချယ်မှုတွေကတော့ ဆန္ဒပြသူတွေကို ထပ်ပြီး စိတ်ဆိုးဒေါသ ထွက်စေကြောင်း သီရိလကာၤ နိုင်ငံ ကိုလံဘို မြို့တော်ကနေ Luke Hunt သတင်းဆောင်းပါး ပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

သီရိလကာၤ နိုင်ငံမှာ အဆမတန် ငွေကြေးဖောင်းပွမှု၊ လောင်စာဆီ ရရေး အတွက် ၁မိုင်ခွဲကနေ ၂ မိုင်နီးပါးလောက် လူတန်းရှည်ကြီးနဲ့ စောင့်ဆိုင်းနေကြရပြီး ကားသမားတွေ၊ ထောင်နဲ့ချီတဲ့ Tuk-tuk မောင်းသူတွေဟာ လမ်းပေါ်မှာ ရက်နဲ့ချီ အိပ်ကြရတဲ့ အခြေအနေကို ရောက်နေတာကြောင့် ဆန္ဒပြသူတွေက အခြေအနေကို စောင့်ကြည့်နေကြတာပါ။ လောင်စာဆီကို ခွဲတမ်းနဲ့ စပြီး ဖြန့်ဖြူးနေပေမဲ့လို့လည်း ဆေး ပစ္စည်းတွေကတော့ မလုံလောက်သေးဘဲ အခြေအနေက ပိုပြီး ဆိုးရွားလာနေတာကြောင့် လူတွေ အသက်ဆုံးရှုံးနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။

ပြည်ပကို ထွက်ပြေးသွားတဲ့ ရာထူးက နုတ်ထွက်သွားတဲ့ သမ္မတကို အများစုက အပြစ်တင်ကြပါတယ်။ သိန်းနဲ့ချီတဲ့ ဆန္ဒပြသူတွေက သမ္မတ နန်းတော်ကို ချီတက်ပြီး သမ္မတရဲ့ ရေကူးကန်မှာပါ ရေးကူးခဲ့ကြပြီးနောက်မှာတော့ Gotabaya Rajapaksa က စကာၤပူ နိုင်ငံကို သွားရောက်ခဲ့ပြီးနောက် အဲဒီကနေ ရာထူးက နုတ်ထွက်ခဲ့တာပါ။ သူ့မိသားစုက သီရိလကာၤ နိုင်ငံကို ၁၇ နှစ်ကြာ အုပ်ချုပ်ခဲ့တာပါ။ စီမံခန့်ခွဲမှု မှားယွင်းမှုနဲ့ အဂတိ လိုက်စားမှုတွေကြောင်း သီရိလကာၤ နိုင်ငံမှာ အကျပ်အတည်း ဆိုက်ရတာ ဖြစ်ကြောင်း စကာၤပူ အမျိုးသား တက္ကသိုလ် တောင်အာရှ လေ့လာရေးဆိုင်ရာ ဌာနက အကြီးတန်း ပညာရှင် Ganeshan Wignarjara က ပြောပါတယ်။

၂၀၂၂ ခုနှစ် အတွင်းမှာ ဖွံ့ဖြိုးမှုက အနုတ် ၄ ကနေ အနုတ် ၆ ရာခိုင်နှုန်း ရှိပြီး ဒီနှစ် အတွင်း ငွေကြေးဖောင်းပွမှုက ၅၀ ကနေ ၇၀ ရာခိုင်နှုန်းကြားမှာ ရှိပြီး ဒီအကျပ်အတည်း ပြသနာကြောင့် လူ ၇ သိန်းခွဲ ဆင်းရဲမွဲတေသွားစေပါတယ်။

တရုတ်ရဲ့ အကြွေးထောင်ချောက်ထဲ ကျသွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ချဲ့ကားမှုလို့ Wignajara က ပြောပါတယ်။ သီရိလကာၤရဲ့ ငွေချေးသူတွေထဲမှာ ဂျပန်နဲ့ အာရှ ဖွံံ့ဖြိုးရေးဘဏ်တို့ရဲ့ နောက်မျာ တရုတ်က တတိယ နေရာက လိုက်တယ်လို့လည်း သူက ပြောပါတယ်။

အခြေခံ အဆောက်အအုံ စီမံကိန်းတွေ အတွက် ၂၀၀၆ ခုနှစ် ကတည်းက တရုတ်က သီရိလကာၤကို ဒေါ်လာ ၁၃ ဒသမ ၂ ဘီလျံ ပေးခဲ့တာပါ။ ဒီစီမံကိန်းတွေရဲ့ ရလဒ်ကလည်း ရောထွေးနေပါတယ်။ တချို့က ကောင်းတဲ့ စီမံကိန်းတွေ ဖြစ်ပြီး တချို့ကတော့ မကောင်းပါဘူး။ အကြွေးပိနေတဲ့ စုစုပေါင်း ပမာဏက ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ လောက် ရှိပါတယ်။ ဒါဟာဆိုရင် တရုတ်ကို ပေးရမယ့် အကြွေးတွေ များလာတဲ့ သဘော ဖြစ်ပေမဲ့ သီရိလကာၤဟာ တရုတ်ရဲ့ အကြွေးထောင်ချောက်ထဲကို ကျနေပြီဆိုတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။

အကျပ်အတည်း ပြသနာကို ဖြေရှင်းရေး ပါတီပေါင်းစုံ အစိုးရတရပ် ဖွဲ့စည်းဖို့ သမ္မတသစ် Wickremesinghe က ကတိပြု ထားပေမဲ့လို့လည်း နုတ်ထွက်သွားတဲ့ သမ္မတ Gotabaya Rajapaksa နဲ့ နီးစပ်တဲ့ မဟာမိတွေကိုဘဲ သူ့အစိုးရထဲမှာ ရာထူးတွေ တိုးပေးနေပါတယ်။ ဒီထဲမှာဆိုရင် အရင်က ပြည်ထဲရေး ဝန်ကြီးဟောင်း၊ နောက် သမ္မတဟောင်း Rajapaksa ရဲ့ ကျောင်းနေဖက် Dinesh Gunawardena ကို ဝန်ကြီးချုပ် အဖြစ် အမည်စာရင်း တင်သွင်းထားတာလည်း ပါဝင်ပါတယ်။

ဒီရွေးချယ်မှုကို ဆန္ဒပြသူတွေက မကျေမနပ် ဖြစ်ကြပါတယ်။ သောကြာနေ့ မနက်ပိုင်းမှာလည်း ရဲနဲ့ စစ်တပ်က သမ္မတရုံးဝင်း အပြင်က ဆန္ဒပြသူတွေရဲ့ တဲတွေကို အင်အားသုံးပြီး စတင် ဖျက်သိမ်းပြီးနောက်မှာတော့ ဆန္ဒပြသူတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေရဲ့ ဝေဖန်ရှုတ်ချမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

Rajapaksa နဲ့ ဆက်စပ်တဲ့ ပြည်ပက ဘဏ်စာရင်းတွေကို ဒေါ်လာ သန်း ထောင်ချီ လွှဲပြောင်းထားတယ်ဆိုပြီး ဆန္ဒပြသူတွေနဲ့ သီရိလကာၤရဲ့ စုံစမ်းစစ်ဆေးသူတွေက ပြောဆိုကြပြီး Rajapaksa မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုကို စုံစမ်းစစ်ဆေးဖို့နဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည် သိမ်းဆည်းရေး အစီအစဉ်အတွက် တောင်းဆိုမှုတွေလည်း ထွက်ပေါ်လာပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်က နှစ်ချီ ကြာမြင့်နိုင်ပါတယ်။ Rajapaksa မိသားစုဝင်တွေကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

.............................................

သီရိလငျ်ကာ အစိုးရသဈ ရာထူးခန့ျအပျမှု ဆန်ဒပွသမားတှေ လကျမခံ

{{Zawgyi/Unicode}}









XS
SM
MD
LG