သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့စီးပြားေရး သီရိလကၤာလို ၿပိဳလဲသြားႏိုင္သလား


A stray dog is seen on the road leading to president's official residence in Colombo, Sri Lanka, July 15, 2022. Protesters retreated from government buildings Thursday in Sri Lanka, restoring a tenuous calm to the economically crippled country, and the em

သီရိလကၤာႏိုင္ငံမွာ စီးပြားေရး ၿပိဳလဲခဲ့ပါတယ္။ အစိုးရအေနနဲ႔ ႏိုင္ငံျခားသုံးေငြ လုံးဝမရွိေတာ့လို႔ ႏိုင္ငံအေနနဲ႔ကို ေဒဝါလီခံရပါတယ္။ အက်ိဳးဆက္ကေတာ့ စီးပြားေရး ၿပိဳလဲၿပီးေနာက္ ႏိုင္ငံေရးပါ ဆက္ၿပိဳပါတယ္။ ဆႏၵျပျပည္သူေတြက သမၼတအိမ္ေတာ္အထိ ဝင္ေရာက္သိမ္းပိုက္ၾကလို႔ သမၼတာဟာ ႏိုင္ငံကေန ထြက္ေျပးခဲ့ရပါတယ္။ ျမန္မာႏိုင္ငံမွာေရာ သိရိလကၤာလို ျဖစ္ႏိုင္ေျခရွိသလားဆိုတာကို ႏႈိင္းယွဥ္ေဝဖန္သံေတြ၊ စိုးရိမ္သံေတြ ၾကားလာရပါတယ္။ စိုးရိမ္မယ္ဆိုလည္း စိုးရိမ္စရာပါ။ ဗဟိုဘဏ္ရဲ႕ ေနာက္ဆုံးထုတ္ျပန္တဲ့ ၫႊန္ၾကားခ်က္ ႏွစ္ခုေၾကာင့္ ေဒၚလာေစ်းေတြ ဆက္တိုက္တက္ေနပါတယ္။ အဲဒီ ၫႊန္ၾကားခ်က္ ႏွစ္ခုကေတာ့ ျပည္တြင္းက ကုမၸဏီေတြအေနနဲ႔ ေပးဆပ္စရာရွိတဲ့ ျပည္ပေႂကြးၿမီေတြကို မဆပ္ဘဲ ဆိုင္းငံထားဖို႔နဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန (DICA) မွာ မွတ္ပုံတင္ထားတဲ့ ကုမၸဏီအားလုံးရဲ႕ ဘဏ္စာရင္းမွာရွိတဲ့ ေဒၚလာေငြအားလုံးကို ဇူလိုင္ ၂၁ ရက္ ညေန ၆ နာရီ ေနာက္ဆုံးထားၿပီး က်ပ္ေငြနဲ႔ အၿပီးလဲလွယ္ရမယ္လို႔ စစ္ေကာင္စီထိန္းခ်ဳပ္ထားတဲ့ ဗဟိုဘဏ္ရဲ႕ ၫႊန္ၾကားခ်က္ေတြပဲ ျဖစ္ပါတယ္။

ဗဟိုဘဏ္က ေငြလဲႏႈန္းကို တစ္ေဒၚလာကို ၁,၈၅၀ က်ပ္သတ္မွတ္ထားေပမဲ့ ေစ်းကြက္ထဲမွာ တစ္ေဒၚလာ၂,၅၀၀ က်ပ္ဝန္းက်င္ ေစ်းေပါက္ေနတဲ့အတြက္ ေစ်းကြက္ေပါက္ေစ်းနဲ႔ ဗဟိုဘဏ္ သတ္မွတ္ႏႈန္းဟာ တစ္ေဒၚလာကို ၆၅၀ က်ပ္ ကြာဟေနပါၿပီ။ ေဒၚလာေစ်းတက္တဲ့ ဂယက္ေၾကာင့္ ကုန္ေစ်းႏႈံးေတြ အထူးသျဖင့္ သြင္းကုန္ေစ်းႏႈန္းေတြ အဆမတန္ ျမင့္တက္သြားတာကို ေတြ႔ရပါတယ္။

သီရိလကၤာ ဘာလို႔စီးပြားေရး ၿပိဳလဲသြားရတာလဲ။ သီရိလကၤာနဲ႔ ျမန္မာ တူညီတဲ့အခ်က္ေတြရွိသလားဆိုတာကို ဘီဘီစီျမန္မာပိုင္းအစီအစဥ္ရဲ႕ တစ္ပတ္အတြင္းသတင္းျမင္ကြင္းမွာ ဇူလိုင္ ၁၇ ရက္ေန႔က တင္ဆက္ခဲ့ပါတယ္။ အဲဒီအစီအစဥ္မွာ ၿဗိတိန္အေျခစိုက္ တမီလ္ဂါးဒီးယန္းသတင္းစာ အယ္ဒီတာ ေဒါက္တာသူဆီယမ္ နႏၵာကူးမားကို ေမးျမန္းထားပါတယ္။ သူဆီယမ္နႏၵာကူးမားဟာ သီရိလကၤာနဲ႔ ျမန္မာႏိုင္ငံတို႔ကို ေစာင့္ၾကည့္ေလ့လာေနသူတစ္ဦးလို႔လည္း သိရပါတယ္။ သူဆီယမ္နႏၵာကူးမားက သီရိလကၤာစီးပြားေရး၊ ႏိုင္ငံေရး ၿပိဳလဲရျခင္း အေၾကာင္းရင္းေတြကို အခုလိုေျပာျပပါတယ္။

သီရိလကၤာႏိုင္ငံဟာ ဆင္ဟာလီလူမ်ိဳးေတြရဲ႕ တိုင္းျပည္ျဖစ္တယ္။ ဗုဒၶဘာသာႏိုင္ငံ ျဖစ္တယ္ဆိုတဲ့ တင္းမာတဲ့ ဆင္ဟာလီ အမ်ိဳးသားေရးအစြန္းေရာက္ဝါဒကို အေျခခံၿပီး၊ က်န္တဲ့လူမ်ိဳးနဲ႔ ဘာသာဝင္ေတြကို ဒုတိယတန္းစားႏိုင္ငံသားအျဖစ္ သေဘာထားတယ္။ အစိုးရဘတ္ဂ်က္ရဲ႕ ၅၀ ရာႏႈန္းကို ကာကြယ္ေရးအတြက္ သံုးစြဲတယ္။ သမၼတနဲ႔ အစိုးရေခါင္းေဆာင္ေတြရဲ႕အက်င့္ပ်က္ ျခစားမႈနဲ႔ ညံ့ဖ်င္းတဲ့ စီးပြားေရးစီမံခန႔္ခြဲမႈေတြေၾကာင့္ ျဖစ္တယ္။ တ႐ုတ္နဲ႔ ႏိုင္ငံေရး၊စီးပြားေရး ဆက္စပ္မႈ ႀကီးမားၿပီး ေငြကုန္ေၾကးက်မ်ားကာ အရာမထင္တဲ့ ဆင္ျဖဴေတာ္စီမံကိန္းတခ်ိဳ႕ရဲ႕ အက်ိဳးသက္ေရာက္မႈေတြေၾကာင့္လည္း ပါဝင္တယ္။ အခ်ဳပ္ၿပီးေျပာရရင္ လူမ်ိဳးအေျချပဳ အမ်ိဳးသားေရးအစြန္းေရာက္ဝါဒနဲ႔ စစ္ဝါဒကေန ေပါက္ဖြားလာတဲ့ မူဝါဒအမွားေတြက သီရိလကၤာကို ဒုကၡေရာက္ေစခဲ့တာလို႔ ဆိုပါတယ္။

ဒါ့အျပင္ ေဒါက္တာ သူဆီယမ္နႏၵာကူးမားက ျမန္မာနဲ႔ သီရိလကၤာႏႈိင္းယွဥ္ေလ့လာစရာေတြ ရွိတယ္။ အဲဒါေတြကေတာ့ ျမန္မာနဲ႔ သီရိလကၤာ ႏွစ္ႏိုင္ငံလုံးဟာ စစ္တပ္ႀကီးစိုးတဲ့ စစ္တပ္အေျချပဳႏိုင္ေတြ ျဖစ္တယ္။ ကြဲျပားတဲ့ လူမ်ိဳးစုေတြနဲ႔ မတူညီတဲ့ဘာသာဝင္ေတြၾကား ညီၫြတ္ေရးပ်က္ျပားကာ အစြန္းေရာက္အမ်ိဳးသားေရးဝါဒ သြတ္သြင္းခံထားရတာခ်င္း တူညီတယ္။ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ၊ လူသားမ်ိဳးႏြယ္စုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈ၊ လူမ်ိဳးတုံးသတ္ျဖတ္မႈ ေျမာက္ႏိုင္တဲ့ စစ္ရာဇဝတ္မႈ က်ဴးလြန္သူေတြဟာ အျပစ္ကေနအေရးယူျခင္း မခံၾကရဘဲ ကင္းလြတ္ေနၾကတဲ့ ျပႆနာမွာလည္း တူညီေနၾကတယ္လို႔ ႏႈိင္းယွဥ္ျပပါတယ္။

ကမာၻ႔ဘဏ္ကလည္း ဇူလိုင္ ၁၄ ရက္ေန႔က ျမန္မာ့ေငြေရးေၾကးေရး၊ဘ႑ာေရးက႑ ျပဳျပင္ေျပာင္းလဲေရး ေဆာင္႐ြက္ခ်က္မ်ားအေပၚ ေလ့လာသုံးသပ္ခ်က္ (Myanmar Financial Sector Reforms)ကို ထုတ္ျပန္ခဲ့ပါတယ္။အဲဒီေလ့လာသုံးသပ္ခ်က္မွာ ျမန္မာ့ေငြေၾကးနဲ႔ ဘဏ္လုပ္ငန္းက႑ဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ တစ္ခုအတြင္း ဖြံ႕ၿဖိဳးတိုးတက္လာခဲ့တဲ့ အေျခအေနေတြကေန ကိုဗစ္ကပ္ေရာဂါနဲ႔ စစ္အာဏာသိမ္းမႈေတြေၾကာင့္ ၂၀၁၀ ေရွ႕ပိုင္းကာလမ်ားဆီ ေနာက္ေၾကာင္းျပန္လွည့္သြားေနၿပီျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ျမန္မာ့စီပြားေရးနဲ႔ ပတ္သက္တဲ့ ေစာင့္ၾကည့္ အစီရင္ခံစာကို ဇူလိုင္ ၂၁ ရက္ေန႔မွာ ကမာၻ႔ဘဏ္ကထုတ္ ျပန္ခဲ့ပါတယ္။ အဲဒီထုတ္ျပန္ခ်က္မွာေတာ့ ျမန္မာ့စီးပြားေရးဟာ ထိလြယ္ရွလြယ္ အကဲဆတ္ေနၿပီး ျပဳျပင္ေျပာင္းလဲမႈမ်ား ေနာက္ေၾကာင္းျပန္လွည့္ေနတဲ့အတြက္ စီးပြားေရးေမွ်ာ္မွန္းခ်က္ဟာ အားနည္းလွ်က္ရွိတယ္။ ျမန္မာႏိုင္ငံသား ၄၀ ရာခိုင္ႏႈန္း၊ လူဦးေရအားျဖင့္ သန္း ၂၀ ေက်ာ္ဟာ ဆင္းရဲမြဲေတမႈမ်ဥ္းေအာက္မွာ ေရာက္ရွိေနတယ္။ ေငြေၾကးေဖာင္းပြမႈႏႈန္းက ၁၇.၃ ရာႏႈန္း ရွိတယ္။ ကိုဗစ္နဲ႔ စစ္အာဏာသိမ္းမႈေတြေၾကာင့္ စီးပြားေရး က်ဆင္းတဲ့ဒဏ္ကို ခံေနရခ်ိန္မွာ စီးပြားေရးလုပ္ငန္းရွင္ေတြဟာ ျမန္မာက်ပ္ေငြ တန္ဖိုးက်ဆင္းလာျခင္း၊ သြင္းအားစု ကြင္းဆက္ျပတ္ေတာက္ျခင္းနဲ႔ သယ္ယူပို႔ေဆာင္ေရးစရိတ္ ျမင့္လာျခင္းတို႔ကလည္း ထပ္မံ ဖိအားျဖစ္ေစခဲ့တယ္။ ဒီလိုဆိုး႐ြားေနတဲ့ အေျခအေနၾကားထဲမွာပဲ ေဆာက္လုပ္ေရးလုပ္ငန္း၊ အထည္ခ်ဳပ္လုပ္ငန္းနဲ႔ ကုန္ထုတ္လုပ္ငန္း တခ်ိဳ႕တည္ၿငိမ္စ ျပဳလာတယ္လို႔လည္း ကမာၻ႔ဘဏ္စီးပြားေရးအစီရင္ခံစာက ဆိုထားပါတယ္။

လက္ရွိျဖစ္ေပၚေနတဲ့ ျမန္မာ့စီးပြားေရး အေျခအေနအေၾကာင္းကို ျမန္မာ့ႏိုင္ငံေရးနဲ႔စီးပြားေရးေဆာင္းပါးရွင္တစ္ဦးကေတာ့ အခုလိုေျပာပါတယ္။

===Unicode ===

သီရိလင်္ကာနိုင်ငံမှာ စီးပွားရေး ပြိုလဲခဲ့ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံခြားသုံးငွေ လုံးဝမရှိတော့လို့ နိုင်ငံအနေနဲ့ကို ဒေဝါလီခံရပါတယ်။ အကျိုးဆက်ကတော့ စီးပွားရေး ပြိုလဲပြီးနောက် နိုင်ငံရေးပါ ဆက်ပြိုပါတယ်။ ဆန္ဒပြပြည်သူတွေက သမ္မတအိမ်တော်အထိ ဝင်ရောက်သိမ်းပိုက်ကြလို့ သမ္မတာဟာ နိုင်ငံကနေ ထွက်ပြေးခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာရော သိရိလင်္ကာလို ဖြစ်နိုင်ခြေရှိသလားဆိုတာကို နှိုင်းယှဉ်ဝေဖန်သံတွေ၊ စိုးရိမ်သံတွေ ကြားလာရပါတယ်။ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပါ။ ဗဟိုဘဏ်ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ညွှန်ကြားချက် နှစ်ခုကြောင့် ဒေါ်လာဈေးတွေ ဆက်တိုက်တက်နေပါတယ်။ အဲဒီ ညွှန်ကြားချက် နှစ်ခုကတော့ ပြည်တွင်းက ကုမ္ပဏီတွေအနေနဲ့ ပေးဆပ်စရာရှိတဲ့ ပြည်ပကြွေးမြီတွေကို မဆပ်ဘဲ ဆိုင်းငံထားဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီအားလုံးရဲ့ ဘဏ်စာရင်းမှာရှိတဲ့ ဒေါ်လာငွေအားလုံးကို ဇူလိုင် ၂၁ ရက် ညနေ ၆ နာရီ နောက်ဆုံးထားပြီး ကျပ်ငွေနဲ့ အပြီးလဲလှယ်ရမယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်တွေပဲ ဖြစ်ပါတယ်။

ဗဟိုဘဏ်က ငွေလဲနှုန်းကို တစ်ဒေါ်လာကို ၁,၈၅၀ ကျပ်သတ်မှတ်ထားပေမဲ့ ဈေးကွက်ထဲမှာ တစ်ဒေါ်လာ၂,၅၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေတဲ့အတွက် ဈေးကွက်ပေါက်ဈေးနဲ့ ဗဟိုဘဏ် သတ်မှတ်နှုန်းဟာ တစ်ဒေါ်လာကို ၆၅၀ ကျပ် ကွာဟနေပါပြီ။ ဒေါ်လာဈေးတက်တဲ့ ဂယက်ကြောင့် ကုန်ဈေးနှုံးတွေ အထူးသဖြင့် သွင်းကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားတာကို တွေ့ရပါတယ်။

သီရိလင်္ကာ ဘာလို့စီးပွားရေး ပြိုလဲသွားရတာလဲ။ သီရိလင်္ကာနဲ့ မြန်မာ တူညီတဲ့အချက်တွေရှိသလားဆိုတာကို ဘီဘီစီမြန်မာပိုင်းအစီအစဉ်ရဲ့ တစ်ပတ်အတွင်းသတင်းမြင်ကွင်းမှာ ဇူလိုင် ၁၇ ရက်နေ့က တင်ဆက်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ ဗြိတိန်အခြေစိုက် တမီလ်ဂါးဒီးယန်းသတင်းစာ အယ်ဒီတာ ဒေါက်တာသူဆီယမ် နန္ဒာကူးမားကို မေးမြန်းထားပါတယ်။ သူဆီယမ်နန္ဒာကူးမားဟာ သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတို့ကို စောင့်ကြည့်လေ့လာနေသူတစ်ဦးလို့လည်း သိရပါတယ်။ သူဆီယမ်နန္ဒာကူးမားက သီရိလင်္ကာစီးပွားရေး၊ နိုင်ငံရေး ပြိုလဲရခြင်း အကြောင်းရင်းတွေကို အခုလိုပြောပြပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ဆင်ဟာလီလူမျိုးတွေရဲ့ တိုင်းပြည်ဖြစ်တယ်။ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တယ်ဆိုတဲ့ တင်းမာတဲ့ ဆင်ဟာလီ အမျိုးသားရေးအစွန်းရောက်ဝါဒကို အခြေခံပြီး၊ ကျန်တဲ့လူမျိုးနဲ့ ဘာသာဝင်တွေကို ဒုတိယတန်းစားနိုင်ငံသားအဖြစ် သဘောထားတယ်။ အစိုးရဘတ်ဂျက်ရဲ့ ၅၀ ရာနှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲတယ်။ သမ္မတနဲ့ အစိုးရခေါင်းဆောင်တွေရဲ့အကျင့်ပျက် ခြစားမှုနဲ့ ညံ့ဖျင်းတဲ့ စီးပွားရေးစီမံခန့်ခွဲမှုတွေကြောင့် ဖြစ်တယ်။ တရုတ်နဲ့ နိုင်ငံရေး၊စီးပွားရေး ဆက်စပ်မှု ကြီးမားပြီး ငွေကုန်ကြေးကျများကာ အရာမထင်တဲ့ ဆင်ဖြူတော်စီမံကိန်းတချို့ရဲ့ အကျိုးသက်ရောက်မှုတွေကြောင့်လည်း ပါဝင်တယ်။ အချုပ်ပြီးပြောရရင် လူမျိုးအခြေပြု အမျိုးသားရေးအစွန်းရောက်ဝါဒနဲ့ စစ်ဝါဒကနေ ပေါက်ဖွားလာတဲ့ မူဝါဒအမှားတွေက သီရိလင်္ကာကို ဒုက္ခရောက်စေခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါက်တာ သူဆီယမ်နန္ဒာကူးမားက မြန်မာနဲ့ သီရိလင်္ကာနှိုင်းယှဉ်လေ့လာစရာတွေ ရှိတယ်။ အဲဒါတွေကတော့ မြန်မာနဲ့ သီရိလင်္ကာ နှစ်နိုင်ငံလုံးဟာ စစ်တပ်ကြီးစိုးတဲ့ စစ်တပ်အခြေပြုနိုင်တွေ ဖြစ်တယ်။ ကွဲပြားတဲ့ လူမျိုးစုတွေနဲ့ မတူညီတဲ့ဘာသာဝင်တွေကြား ညီညွတ်ရေးပျက်ပြားကာ အစွန်းရောက်အမျိုးသားရေးဝါဒ သွတ်သွင်းခံထားရတာချင်း တူညီတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု မြောက်နိုင်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေဟာ အပြစ်ကနေအရေးယူခြင်း မခံကြရဘဲ ကင်းလွတ်နေကြတဲ့ ပြဿနာမှာလည်း တူညီနေကြတယ်လို့ နှိုင်းယှဉ်ပြပါတယ်။

ကမ္ဘာ့ဘဏ်ကလည်း ဇူလိုင် ၁၄ ရက်နေ့က မြန်မာ့ငွေရေးကြေးရေး၊ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များအပေါ် လေ့လာသုံးသပ်ချက် (Myanmar Financial Sector Reforms)ကို ထုတ်ပြန်ခဲ့ပါတယ်။အဲဒီလေ့လာသုံးသပ်ချက်မှာ မြန်မာ့ငွေကြေးနဲ့ ဘဏ်လုပ်ငန်းကဏ္ဍဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအတွင်း ဖွံ့ဖြိုးတိုးတက်လာခဲ့တဲ့ အခြေအနေတွေကနေ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ၂၀၁၀ ရှေ့ပိုင်းကာလများဆီ နောက်ကြောင်းပြန်လှည့်သွားနေပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာ့စီပွားရေးနဲ့ ပတ်သက်တဲ့ စောင့်ကြည့် အစီရင်ခံစာကို ဇူလိုင် ၂၁ ရက်နေ့မှာ ကမ္ဘာ့ဘဏ်ကထုတ် ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာတော့ မြန်မာ့စီးပွားရေးဟာ ထိလွယ်ရှလွယ် အကဲဆတ်နေပြီး ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန်လှည့်နေတဲ့အတွက် စီးပွားရေးမျှော်မှန်းချက်ဟာ အားနည်းလျှက်ရှိတယ်။ မြန်မာနိုင်ငံသား ၄၀ ရာခိုင်နှုန်း၊ လူဦးရေအားဖြင့် သန်း ၂၀ ကျော်ဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ ရောက်ရှိနေတယ်။ ငွေကြေးဖောင်းပွမှုနှုန်းက ၁၇.၃ ရာနှုန်း ရှိတယ်။ ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် စီးပွားရေး ကျဆင်းတဲ့ဒဏ်ကို ခံနေရချိန်မှာ စီးပွားရေးလုပ်ငန်းရှင်တွေဟာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာခြင်း၊ သွင်းအားစု ကွင်းဆက်ပြတ်တောက်ခြင်းနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်လာခြင်းတို့ကလည်း ထပ်မံ ဖိအားဖြစ်စေခဲ့တယ်။ ဒီလိုဆိုးရွားနေတဲ့ အခြေအနေကြားထဲမှာပဲ ဆောက်လုပ်ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်း တချို့တည်ငြိမ်စ ပြုလာတယ်လို့လည်း ကမ္ဘာ့ဘဏ်စီးပွားရေးအစီရင်ခံစာက ဆိုထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့စီးပွားရေး အခြေအနေအကြောင်းကို မြန်မာ့နိုင်ငံရေးနဲ့စီးပွားရေးဆောင်းပါးရှင်တစ်ဦးကတော့ အခုလိုပြောပါတယ်။

XS
SM
MD
LG