သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာ သမၼတရံုး ျပန္လည္ ဖြင္႔လွစ္


SRI LANKA-CRISIS/

သီရိလကၤာႏုိင္ငံမွာ စီးပြါးေရးနဲ႔ လူသားခ်င္းစာနာမႈ အက်ပ္အတည္းေတြ ေပၚေပါက္ေနတာေၾကာင့္ လူထုဆႏၵျပပြဲေတြ ၃ လေက်ာ္ၾကာ အႀကီးအက်ယ္ ေပၚေပါက္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ သမၼတရုံးကို တနလၤာေန႔မွာ ျပန္ၿပီးဖြင့္လွစ္ခဲ့ပါတယ္။


သီရိလကၤာ သမၼတရံုး ျပန္လည္ ဖြင္႔လွစ္

{{Zawgyi/Unicode}}
သီရိလကၤာႏုိင္ငံမွာ စီးပြါးေရးနဲ႔ လူသားခ်င္းစာနာမႈ အက်ပ္အတည္းေတြ ေပၚေပါက္ေနတာေၾကာင့္ လူထုဆႏၵျပပြဲေတြ ၃ လေက်ာ္ၾကာ အႀကီးအက်ယ္ ေပၚေပါက္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ သမၼတရုံးကို တနလၤာေန႔မွာ ျပန္ၿပီးဖြင့္လွစ္ခဲ့ပါတယ္။ ၿမိဳ ႔ေတာ္ကိုလံဘိုက အစိုးရ အေဆာက္အအုံ၀င္းေတြထဲမွာ တပ္စခန္းခ်ေနၾကတဲ့ ဆႏၵျပသူေတြကို လုံၿခဳံေရးတပ္ဖြဲ႔ေတြက ဂ်ဴလုိင္ ၂၂ ရက္ေန႔မွာ ၀င္ေရာက္ၿဖိဳခြင္းၿပီး ရွင္းလင္းခဲ့ပါတယ္။ ဆႏၵျပသူေတြမရွိေတာ့ေပမယ့္လည္း ၿမိဳ ႔တ၀ုိက္ လုံၿခဳံေရးတပ္ဖြဲ႔ေတြကိုေတာ့ တင္းၾကပ္စြာခ်ထားပါတယ္။

၀န္ႀကီးခ်ဳပ္ေဟာင္း Ranil Wickremesinghe သမၼတသစ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုလုိက္ၿပီး ေနာက္တေန႔မွာပဲ ဆႏၵျပသူေတြ ခုလိုႏွိမ္ႏွင္းျဖိဳခြဲခံရတာျဖစ္ပါတယ္။ ဆႏၵျပပြဲေတြေၾကာင့္ အခ်ိန္အေတာ္ၾကာ ရပ္တန္႔သြားခဲ့တဲ့ အစိုးရလုပ္ငန္းေတြလည္း ျပန္ၿပီးလည္ပတ္ေနပါၿပီ။

သီရိလကၤာႏုိင္ငံမွာ စီးပြါးေရး အက်ပ္အတည္းေတြေၾကာင့္ ဆႏၵျပပြဲေတြ အႀကီးအက်ယ္ေပၚေပါက္လာရာက သမၼတ Gotabaya Rajapaksa လည္း ျပည္ပကို ထြြက္ေျပးတိမ္းေရွာင္သြားခဲ့ရသလို အဲဒီကေန ရာထူးက ႏုတ္ထြက္ခဲ့တာျဖစ္ပါတယ္။

လူဦးေရ ၂၂ သန္းရွိတဲ့ သိီရိလကၤာႏုိင္ငံမွာ ႏုိင္ငံျခားအရံေငြျပတ္လပ္မႈေၾကာင့္ မရွိမျဖစ္လိုအပ္တဲ့ ျပည္ပႏုိင္ငံဆီက ကုန္ေတြ ၀ယ္ယူတင္သြင္းႏုိင္ျခင္းမရွိေတာ့ပဲ ေလာင္စာဆီ၊ စားနပ္ရိကၡာနဲ႔ အေျခခံကုန္စည္ေတြျပတ္ေတာက္ခဲ့ရတာျဖစ္ပါတယ္။

သီရိလကၤာ သမၼတရံုး ျပန္လည္ ဖြင္႔လွစ္
please wait

No media source currently available

0:00 0:01:00 0:00
တိုက္႐ိုက္ လင့္ခ္

...........................................

သီရိလင်္ကာ သမ္မတရုံး ပြန်လည် ဖွင့်လှစ်

{{Zawgyi/Unicode}}
သီရိလင်္ကာနိုင်ငံမှာ စီးပွါးရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ပေါ်ပေါက်နေတာကြောင့် လူထုဆန္ဒပြပွဲတွေ ၃ လကျော်ကြာ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပြီးတဲ့နောက်မှာတော့ သမ္မတရုံးကို တနင်္လာနေ့မှာ ပြန်ပြီးဖွင့်လှစ်ခဲ့ပါတယ်။ မြို့တော်ကိုလံဘိုက အစိုးရ အဆောက်အအုံဝင်းတွေထဲမှာ တပ်စခန်းချနေကြတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ဂျူလိုင် ၂၂ ရက်နေ့မှာ ဝင်ရောက်ဖြိုခွင်းပြီး ရှင်းလင်းခဲ့ပါတယ်။ ဆန္ဒပြသူတွေမရှိတော့ပေမယ့်လည်း မြို့တဝိုက် လုံခြုံရေးတပ်ဖွဲ့တွေကိုတော့ တင်းကြပ်စွာချထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း Ranil Wickremesinghe သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီး နောက်တနေ့မှာပဲ ဆန္ဒပြသူတွေ ခုလိုနှိမ်နှင်းဖြိုခွဲခံရတာဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေကြောင့် အချိန်အတော်ကြာ ရပ်တန့်သွားခဲ့တဲ့ အစိုးရလုပ်ငန်းတွေလည်း ပြန်ပြီးလည်ပတ်နေပါပြီ။

သီရိလင်္ကာနိုင်ငံမှာ စီးပွါးရေး အကျပ်အတည်းတွေကြောင့် ဆန္ဒပြပွဲတွေ အကြီးအကျယ်ပေါ်ပေါက်လာရာက သမ္မတ Gotabaya Rajapaksa လည်း ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသလို အဲဒီကနေ ရာထူးက နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြားအရံငွေပြတ်လပ်မှုကြောင့် မရှိမဖြစ်လိုအပ်တဲ့ ပြည်ပနိုင်ငံဆီက ကုန်တွေ ဝယ်ယူတင်သွင်းနိုင်ခြင်းမရှိတော့ပဲ လောင်စာဆီ၊ စားနပ်ရိက္ခာနဲ့ အခြေခံကုန်စည်တွေပြတ်တောက်ခဲ့ရတာဖြစ်ပါတယ်။

XS
SM
MD
LG