သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ်နဲ့ တူရကီသမ္မတတို့ ယူကရိန်းသမ္မတနဲ့ တွေ့ဆုံ


ကုလအတွင်းရေးမှူးချုပ်နဲ့ တူရကီသမ္မတတို့ ယူကရိန်းသမ္မတနဲ့ တွေ့ဆုံ
please wait

No media source currently available

0:00 0:00:40 0:00

ယူကရိန်းသမ္မတဇလန်းစကီးဟာ တူရကီသမ္မတအာဒိုဂန်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတားရက်စ်တို့ကို သြဂုတ်လ ၁၈ရက်နေ့က ယူကရိန်းနိုင်ငံ လဗိဗ်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

တူရကီသမ္မတအာဒိုဂန်နဲ့ ကာကွယ်ရေး၊ စီးပွားရေးနဲ့ စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုတွေအပါအဝင် အကြောင်းအရာ တော်တော်များများကို ဆွေးနွေးဖြစ်ခဲ့တယ်လို့ သမ္မတဇလန်းစကီးက ပြောပါတယ်။ ဥရောပမှာ အကြီးဆုံးဖြစ်တဲ့ Zaporizhzhia ဓာတ်အားပေးစက်ရုံနေရာကို စစ်မဲ့ဇုံအဖြစ်သတ်မှတ်ပေးဖို့နဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ဝန်ထမ်းတွေကို ဖယ်ရှားပေးဖို့ ကုလအတွင်းရေးမှူးချုပ်ဂူတားရက်စ်က တောင်းဆိုခဲ့ပါတယ်။ နျူးကလီးယားစက်ရုံ ဘေးကင်းရေးနဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ရှောင်ရှားဖို့အတွက် အားလုံးက သိရှိနားလည်သင့်တယ်လို့လည်း အတွင်းရေးမှူးချုပ်ဂူတားရက်စ်က ပြောပါတယ်။

XS
SM
MD
LG