သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စားနပ်ရိက္ခာ လိုအပ်တဲ့ဒေသတွေအတွက် ယူကရိန်းကောက်နှံ တန်ချိန် ၁ သိန်းခွဲ အမေရိကန်ဝယ်မည်


FILE PHOTO: Cargo ship "Rahmi Yagci" makes its way from the port in Odesa, Ukraine, Aug. 9, 2022.
FILE PHOTO: Cargo ship "Rahmi Yagci" makes its way from the port in Odesa, Ukraine, Aug. 9, 2022.

[[ ZAWGYI / UNICODE ]]

စားနပ်ရိက္ခာ လိုအပ်တဲ့ဒေသတွေအတွက် ယူကရိန်းကောက်နှံ တန်ချိန် ၁ သိန်းခွဲ အမေရိကန်ဝယ်မည်

ရုရှားထွက် ကောက်ပဲသီးနှံတွေနဲ့ ဓာတ်မြေသြဇာတွေကို ကန့်သတ်ချက်တွေ မလုပ်ဘဲ ဈေးကွက်အရောက်ပို့နိုင်ရေး ကုလသမဂ္ဂ အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။

“၂၀၂၂ ခုနှစ်မှာ ဓာတ်မြေသြဇာ လုံလောက်မှု မရှိရင် ၂၀၂၃ ခုနှစ်ကျရင် စားနပ်ရိက္ခာ လုံလောက်မှာ မဟုတ်ပါဘူး။ ယူကရိန်းနဲ့ ရုရှားက စားနပ်ရိက္ခာတွေ၊ ဓာတ်မြေသြဇာတွေ ပြည်ပပို့နိုင်ရေးဟာ စားသုံးသူတွေအတွက် ကုန်ဈေးနှုန်းကျဆင်းရေး၊ ဈေးကွက်တည်ငြိမ်ရေးမှာ မရှိမဖြစ် အရေးကြီးပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တူရကီနိုင်ငံ အီစတန်ဘူမြို့က စနေနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

နိုင်ငံတကာ အစိုးရတွေ ပုဂ္ဂလိက လုပ်ငန်းတွေ ပူးပေါင်းပြီး စားနပ်ရိက္ခာနဲ့ ဓာတ်မြေသြဇာတွေ ဈေးကွက်ထဲ အရောက်ဖြန့်ဖြူးနိုင်အောင် လုပ်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ဒီသီတင်းပတ်ထဲ ယူကရိန်းကို ခရီးထွက်ခဲ့ပြီး ကြာသပတေးနေ့က ယူကရိန်းနိုင်ငံ အနောက်ပိုင်းက Lviv မြို့မှာ ယူကရိန်းသမ္မတ Volodymyr Zelensky တူရကီသမ္မတ Recep Tayyip Erdogan တို့နဲ့ တွေ့ဆုံခဲ့ပြီး သောကြာနေ့မှာ Odessa မြို့ကို သွားခဲ့တာပါ။ စနေနေ့မှာတော့ တူရကီနိုင်ငံ အီစတန်ဘူ ဆိပ်ကမ်းကို သွားရောက်ခဲ့ပြီး ယူကရိန်းက ကောက်ပဲသီးနှံတွေ ပြည်ပတင်ပို့ဖို့ ကုလသမဂ္ဂက ငှားရမ်းထားတဲ့ ပထမဆုံး ကုန်တင်သင်္ဘောကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

===============

{{ UNICODE }}






XS
SM
MD
LG