သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကိုမှာ ဘီးတပ်ကုလားထိုင်အသုံးပြုသူတွေ ဆန္ဒပြ


မက္ကဆီကိုမှာ ဘီးတပ်ကုလားထိုင်အသုံးပြုသူတွေ ဆန္ဒပြ
please wait

No media source currently available

0:00 0:00:40 0:00

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တော်မှာ ဘီးတပ်ကုလားထိုင်အသုံးပြုသူတွေဟာ သူတို့အတွက်ပိုပြီးအသုံးပြုရလွယ်တဲ့ လမ်းတွေနဲ့ ပလက်ဖောင်းတွေကို ဆောက်လုပ်ပေးဖို့ သြဂုတ်လ ၂၁ရက် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို စီစဉ်တဲ့အဖွဲ့အစည်း Independent Living Mexico VIM က ဘီးတပ်ကုလားထိုင်အသုံးပြုသူတွေကို သွားရလာရ ပိုအဆင်ပြေအောင် ကူညီပေးဖို့ မက္ကဆီကိုအစိုးရကို တောင်းဆိုတာပါ။ မက္ကဆီမှာ လမ်းဘလောက်တွေရဲ့ ၆.၅% ပဲ ဘီးတပ်ကုလားထိုင်တွေ ဆင်း/တက်နိုင်တဲ့ စောင်းလျှောတွေရှိနေတာဖြစ်ပြီး၊ တနိုင်ငံလုံးလမ်းတွေမှာတော့ ၁၄.၂%ပဲ ရှိတယ်လို့ နိုင်ငံတော်အချက်အလက်နဲ့ဒေသဆိုင်ရာအဖွဲ့အစည်း INEGI က ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG