သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံကူးလက္မွတ္ ေဒၚလာ သန္း ၅၀ ဖိုး တာလီဘန္ ထုတ္ေပး


Afghan refugees, fleeing the capital Kabul, exit an US air force plane upon their arrival at Pristina International airport near Pristina on August 29, 2021.- Kosovo has offered to take in temporarily thousands of Afghan refugees evacuated by US flight.

[[ ZAWGYI / UNICODE ]]

ႏိုင္ငံကူးလက္မွတ္ ေဒၚလာ သန္း ၅၀ ဖိုး တာလီဘန္ ထုတ္ေပး

ၿပီးခဲ့တဲ့ႏွစ္ အာဏာသိမ္းခ်ိန္ကစၿပီး တာလီဘန္ေတြဟာ အာဖဂန္ႏိုင္ငံသား (၇)သိန္းေက်ာ္အတြက္ ႏိုင္ငံကူးလက္မွတ္ေတြ ထုတ္ေပးၿပီး အခြန္ေငြ ေဒၚလာသန္း(၅၀)ခန္႔ ရရွိခဲ့တယ္လို႔ တာလီဘန္အရာရွိေတြက ေျပာပါတယ္။

တာလီဘန္ေတြ အာဏာရလာခ်ိန္က စလို႔ ၊ ဖိႏွိပ္ခ်ဳပ္ျခယ္တဲ့ အုပ္ခ်ဳပ္ေရး စားနပ္ရိကၡာ ရွားပါးမႈနဲ႔ ဆင္းရဲႏြမ္းပါးမႈေတြအတြက္ စိုးရိမ္တဲ့ သိန္းသန္းခ်ီတဲ့ အာဖဂန္ျပည္သူေတြဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္း တိုင္းျပည္ကို စြန္႔ခြာ သြားၾကတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က အာဖဂန္ျပည္သူ တစ္သိန္း ႏွစ္ေသာင္းေက်ာ္ကို ကယ္တင္ခဲ့တဲ့ အေမရိကန္အစိုးရကေတာ့ ေနာက္ထပ္ ေထာင္နဲ႔ခ်ီတဲ့ အာဖဂန္ျပည္သူ ေတြကိုလည္း လက္ခံေနရာခ်ထားေပးဖို႔ စီစဥ္ေနပါတယ္။

တာလီဘန္ေတြ အာဏာသိမ္း ၿပီးၿပီးခ်င္း လအနည္းငယ္အတြင္းမွာပဲ အာဖဂန္ျပည္သူ (၅)သိန္းခန္႔ဟာ တိုင္းျပည္ကို စြန္႔ခြာ ခဲ့ၾကတယ္လို႔ ကုလသမဂၢဒုကၡသည္မ်ားေအဂ်င္စီက ေျပာပါတယ္။

တာလီဘန္ေတြဟာ အာဖဂန္နစၥတန္ကို ၿပီးခဲ့တဲ့ႏွစ္အတြင္း လာေရာက္လည္ပတ္ခဲ့ၾကတဲ့ ႏိုင္ငံျခားသားေတြဆီကလည္း ျပည္ဝင္ခြင့္ဗီဇာေၾကး ေဒၚလာ(၁)သန္းေက်ာ္ ရရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

{{ UNICODE }}

နိုင်ငံကူးလက်မှတ် ဒေါ်လာ သန်း ၅၀ ဖိုး တာလီဘန် ထုတ်ပေး

ပြီးခဲ့တဲ့နှစ် အာဏာသိမ်းချိန်ကစပြီး တာလီဘန်တွေဟာ အာဖဂန်နိုင်ငံသား (၇)သိန်းကျော်အတွက် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးပြီး အခွန်ငွေ ဒေါ်လာသန်း(၅၀)ခန့် ရရှိခဲ့တယ်လို့ တာလီဘန်အရာရှိတွေက ပြောပါတယ်။

တာလီဘန်တွေ အာဏာရလာချိန်က စလို့ ၊ ဖိနှိပ်ချုပ်ခြယ်တဲ့ အုပ်ချုပ်ရေး စားနပ်ရိက္ခာ ရှားပါးမှုနဲ့ ဆင်းရဲနွမ်းပါးမှုတွေအတွက် စိုးရိမ်တဲ့ သိန်းသန်းချီတဲ့ အာဖဂန်ပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း တိုင်းပြည်ကို စွန့်ခွာ သွားကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အာဖဂန်ပြည်သူ တစ်သိန်း နှစ်သောင်းကျော်ကို ကယ်တင်ခဲ့တဲ့ အမေရိကန်အစိုးရကတော့ နောက်ထပ် ထောင်နဲ့ချီတဲ့ အာဖဂန်ပြည်သူ တွေကိုလည်း လက်ခံနေရာချထားပေးဖို့ စီစဉ်နေပါတယ်။

တာလီဘန်တွေ အာဏာသိမ်း ပြီးပြီးချင်း လအနည်းငယ်အတွင်းမှာပဲ အာဖဂန်ပြည်သူ (၅)သိန်းခန့်ဟာ တိုင်းပြည်ကို စွန့်ခွာ ခဲ့ကြတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီက ပြောပါတယ်။

တာလီဘန်တွေဟာ အာဖဂန်နစ္စတန်ကို ပြီးခဲ့တဲ့နှစ်အတွင်း လာရောက်လည်ပတ်ခဲ့ကြတဲ့ နိုင်ငံခြားသားတွေဆီကလည်း ပြည်ဝင်ခွင့်ဗီဇာကြေး ဒေါ်လာ(၁)သန်းကျော် ရရှိခဲ့ပါတယ်။

XS
SM
MD
LG