သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ HIV ပိုးထိန်းဆေး ပြတ်လပ်မှု လူနာတွေဆန္ဒပြ


India World AIDS Day
India World AIDS Day

[[ ZAWGYI / UNICODE ]]

အိန္ဒိယမှာ HIV ပိုးထိန်းဆေး ပြတ်လပ်မှု လူနာတွေဆန္ဒပြ

အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့က အမျိုးသား AIDS ထိန်းချုပ်ရေးအဖွဲ့ NACO ရုံးရှေ့မှာ ခုခံအားကျဆင်းမှုရောဂါ HIV ပိုးရှိသူ လူအုပ်စုတခု ဆန္ဒပြနေတာ တလကျော်ရှိပါပြီ။ HIV ပိုးရှိသူတွေကြား ပိုးထိန်းဆေးလို့သိကြပြီး မရှိမဖြစ်နေ့စဉ်သောက်နေရတဲ့ ART ဆေးတွေ နိုင်ငံတဝန်း ပုံမှန်ရအောင်ဆောင်ရွက်ပေးဖို့ Delhi Network of Positive People (DNP Plus) အဖွဲ့က ခုလိုတောင်းဆိုဆန္ဒပြနေကြတာပါ။

အိန္ဒိယနိုင်ငံတွင်း HIV/AIDS ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်တွေကို အစိုးရကိုယ်စား NACO က တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။ ARTဆေးဟာ လူ့ခန္ဓာကိုယ်ထဲက HIV ပိုးတွေထပ်ပြီး တိုးပွါးမလာအောင်ထိန်းချုပ်ထားပေးတာဖြစ်တဲ့အတွက် ဆေးပုံမှန်သောက်သူတွေ ကျန်းမာစွာနဲ့ သက်တမ်းစေ့နေနိုင်ကြသလို အခြားသူတွေဆီကိုလည်း ရောဂါကူးစက်မှု လုံးဝနီးပါး ကျဆင်းသွားစေပါတယ်။

နိုင်ငံတဝန်း ART ဆေးတွေပေးဌာနတွေမှာလည်း လနဲ့ချီ ဆေးပြတ်နေတဲ့အတွက် ထောင်ပေါင်းများစွာသော HIV ပိုးရှိသူတွေရဲ့ အသက်ဘေးနဲ့လူမှုဘဝအတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ ဂျူလိုင်လ ၂၁ ရက်နေ့ကတည်းက ဆန္ဒပြနေတဲ့ DNP Plus အဖွဲ့ ခေါင်းဆောင် Hari Shankar ပြောပါတယ်။

နိုင်ငံဒေသစုံက ရာနဲ့ချီတဲ့ HIV ပိုးရှိသူတွေ ဆေးပုံမှန်မရတော့တဲ့အတွက် စိုးရိမ်တကြီးဖုန်းဆက်လာတာ နေ့စဉ်လို ကြုံနေရတယ်လို့ Shankar က VOA ကိုပြောပါတယ်။ ဧပြီလကတည်းက ဒီလိုအခြေအနေနဲ့ ကြုံနေရတာဖြစ်ြ့ပီး HIV ပိုးရှိသူအများစုက ဆေးဆိုင်တွေမှာ တိတ်တဆိတ် ဝယ်ဖို့ မတတ်နိုင်ကြဘူးလို့လည်း ပြောပါတယ်။

နိုင်ငံတဝန်း ARTဆေးတွေ ပုံမှန်ရတဲ့အချိန်မှသာလ ျှင် ဆန္ဒပြတာရပ်မယ်လု့ိလည်း Shankar ကပြောပါတယ်။ အိန္ဒိယမှာ HIV ပိုးရှိသူ ၂.၃ သန်းဝန်းကျင်ရှိကြောင်းအစိုးရက ခန့်မှန်းထားသလို ၂၀၀၄ ခုနှစ်မှာအစိုးရက ART ဆေးတွေ စတင်ထောက်ပံ့ပေးခဲ့တာပါ။ လက်ရှိမှာတော့ အိန္ဒိယမှာ အစိုးရကပေးတဲ့ ART ဆေးကိုမှီခိုနေရသူ ၁ သန်းခွဲရှိပါတယ်။

အိန္ဒိယမှာ HIV ပိုးထိန်းဆေး ပြတ်လပ်မှု လူနာတွေဆန္ဒပြ
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

========================

{{ UNICODE }}

အိန်ဒိယမှာ HIV ပိုးထိနျးဆေး ပွတျလပျမှု လူနာတှဆေန်ဒပွ






XS
SM
MD
LG