သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ်ဂျွန်ဆင် ယူကရိန်းကိုရောက်ရှိ


ဗြိတိန်ဝန်ကြီးချုပ်ဂျွန်ဆင် ယူကရိန်းကိုရောက်ရှိ
please wait

No media source currently available

0:00 0:01:34 0:00

ရာထူးကအနားယူတော့မယ့် ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကို ယူကရိန်းနိုင်ငံရဲ့ အမြင့်ဆုံး လွတ်လပ်ရေးဆုတခုဖြစ်တဲ့ "Order of Liberty"ဆု သမ္မတဗလော်ဒိုမှာဇလန်းစကီးက သြဂုတ် ၂၄ရက် ဗုဒ္ဓဟူးနေ့မှာ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

ရာထူးကအနားယူတော့မယ့် ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကို ယူကရိန်းနိုင်ငံရဲ့ အမြင့်ဆုံး လွတ်လပ်ရေးဆုတခုဖြစ်တဲ့ "Order of Liberty"ဆု သမ္မတဗလော်ဒိုမှာဇလန်းစကီးက သြဂုတ် ၂၄ရက် ဗုဒ္ဓဟူးနေ့မှာ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။ ယူကရိန်းကိုရောက်နေတဲ့ဝန်ကြီးချုပ်ဂျွန်ဆင်ကလည်း ဒီဆုဟာ ဗြိတိန်နိုင်ငံရဲ့ အားထုတ်မှုကို အသိအမှတ်ပြု ပေးအပ်တာဖြစ်ပါတယ်လို့ ပြောပါတယ်။

ရုရှားနိုင်ငံရဲ့ကျူးကျော်ရန်စမှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံကို ထောက်ခံအားပေးတဲ့အတွက်ရော ဥရောပတိုက်တခုလုံးအတွက် အားထုတ်ဆောင်ရွက်ခဲ့တဲ့လုပ်ရပ်တွေကြောင့်ပါ ဒီဆုကို ပေးအပ်တာဖြစ်တယ်လို့ သမ္မတဇလန်းစကီးကပြောပါတယ်။ ၃၁ နှစ်မြောက် ယူကရိန်း လွတ်လပ်ရေးနေ့ကျင်းပနေချိန် ကြိုတင်ကြေငြာခြင်းမရှိပဲ ဝန်ကြီးချုပ်ဂျွန်ဆင်ရောက်ရှိလာချိန်မှာ ခုလိုဆုပေးအပ်ချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါဟာ ဝန်ကြီးချုပ်ဂျွန်ဆင်ရဲ့ ဒုတိယမြောက်ခရီးဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ကြိုတင်ကြေညာခြင်းမရှိဘဲ လာရောက်ခဲ့ပါသေးတယ်။

XS
SM
MD
LG