သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးတွေ ခွန်အားရဖို့ရည်ရွယ်တဲ့ “ထင်ဟပ်၊ မျှဝေ၊ တွဲလက်တွေ” အစီအစဉ်


အနုပညာဖန်တီးမှုတွေက တဆင့် အမျိုးသမီးတွေ ကိုယ့်ရဲ့ ခံစားချက်တွေကို နားလည်ပြီး အချင်းချင်း မျှေ၀ ဖွင့်ဟပြောဆိုနိုင်ဖို့ ရည်ရွယ်ပြီး “ထင်ဟပ်၊ မျှဝေ၊ တွဲလက်တွေ” အစီအစဉ်ကို ဂျာမန် ယဉ်ကျေးမှုစင်တာ Goethe Institute နဲ့အတူ လုပ်တွဲ လုပ်ဆောင် ဖြစ်တယ်လို့ ကလသာ အနုပညာ ပြခန်း တည်ထောင်သူ မစုထွေးအောင်က ပြောပါတယ်။

[Zawgyi/Unicode]

အမျိုးသမီးတွေ ခွန်အားရဖို့ရည်ရွယ်တဲ့ “ထင်ဟပ်၊ မျှဝေ၊ တွဲလက်တွေ” အစီအစဉ် (အမျိုးသမီးကဏ္ဍ)

အမျိုးသမီးတွေဟာ တခါတရံမှာ ကိုယ့်ရဲ့ ခံစားချက်တွေကို လစ်လျူရှုပြီး ကိုယ့်ကိုယ်ကို ပြန် မြင်ဖို့ မေ့လျော့ရင်းက ကိုယ်ဟာ ဘယ်သူလဲ ဆိုတာ မသိတော့အောင် ဖြစ်သွား တတ်ကြတယ်လို့ ကလသာ အနုပညာ ပြခန်း တည်ထောင်သူ မစုထွေးအောင် က ပြောပါတယ်။ ဒါကြောင့် အနုပညာ ဖန်တီးမှုတွေက တဆင့် အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကို နားလည်ပြီး အချင်းချင်း မျှေ၀ ဖွင့်ဟပြောဆိုနိုင်ဖို့ ရည်ရွယ်တဲ့ “ထင်ဟပ်၊ မျှဝေ၊ တွဲလက်တွေ” ဆိုတဲ့ အစီအစဉ်ကို ဂျာမန် ယဉ်ကျေးမှုစင်တာ Goethe Institute နဲ့အတူ လုပ်တွဲ လုပ်ဆောင် ဖြစ်တယ်လို့ မစုထွေးအောင်က ပြောပါတယ်။ ဒီအစီအစဉ်က အမျိုးသမီးတွေ အတွက် ဘယ်လို စိတ်ခွန်အားတွေ ဖြစ်စေနိုင်ပါလဲ။ ဘာကြောင့် အေရးကြီးသလဲ ဆိုတာတွေကို မစုထွေးအောင်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တက်ဆက်ထားပါတယ်။

*****************

[Unicode]



XS
SM
MD
LG