သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂိုဘာေခ်ာ့ဗ္ ကြယ္လြန္မႈအေပၚ ကမာၻ႔ေခါင္းေဆာင္ေတြ ဝမ္းနည္းစကားပါး


ဂ်ာမနီႏိုင္ငံ ဘာလင္ျမဳိ႕မွာရွိတဲ့ (ဆိုဗီယက္ယူနီယံ ေခါင္းေဆာင္ေဟာင္း)ဂိုဘာေခ်ာ့ဗ္ ႐ုပ္တုေရွ႕ ပန္းစည္းလာခ်သူတဦး

[[ ZAWGYI/ UNICODE ]]

ဂိုဘာေခ်ာ့ဗ္ ကြယ္လြန္မႈအေပၚ ကမာၻ႔ေခါင္းေဆာင္ေတြ ဝမ္းနည္းစကားပါး

တခ်ိန္က ဆိုဗီယက္ယူနီယံ ေခါင္းေဆာင္ေဟာင္း Mikhail Gorbachev ကြယ္လြန္သြားတဲ့အေပၚ ကမာၻတလႊားက ေခါင္းေဆာင္ေတြ ႏိုင္ငံေရးသမားေတြ ဝမ္းနည္းစကား ပါးခဲ့ၾကပါတယ္။ နာတာရွည္ ေရာဂါဒဏ္ အျပင္းအထန္ ခံစားေနရတဲ့ ဆိုဗီယက္ေခါင္းေဆာင္ေဟာင္းဟာ တနလၤာေန႔မွာ ကြယ္လြန္သြားခဲ့ေၾကာင္း ေဆးကုသမႈခံယူေနတဲ့ ေမာ္စကိုၿမိဳ႕ေတာ္ Central Clinical Hospital က သတင္းထုတ္ျပန္ခဲ့တာပါ။

ကြယ္လြန္ခ်ိန္မွာ အသက္ ၉၁ ႏွစ္ ရွိၿပီျဖစ္တဲ့ Gorbachev ဟာ စစ္ေအးေခတ္ကို အဆုံးသတ္ခဲ့ၿပီး ကြန္ျမဴနစ္အေရွ႕ဥေရာပကို လြတ္လပ္ေအာင္ ျပဳျပင္ေျပာင္းလဲေရးေတြ လုပ္ခဲ့သူအျဖစ္ ထင္ရွားခဲ့ေပမဲ့၊ သူ႔လက္ထက္မွာ ဆိုဗီယက္ယူနီယံ ၿပိဳကြဲခဲ့ပါတယ္။ သူ႔ရဲ႕ "glasnost" "perestroika" စတဲ့ လြတ္လပ္ခြင့္နဲ႔ ျပဳျပင္ေျပာင္းလဲေရး အစီအစဥ္ေတြဟာ ထင္ရွားခဲ့ေပမဲ့ ဆိုဗီယက္ယူနီယံကို ထိန္းထားဖို႔ ႀကိဳးပမ္းမႈေတြကေတာ့ ေအာင္ျမင္မႈ မရခဲ့ပါဘူး။

ျပည္တြင္း၊ ျပည္ပက ႐ုရွားတခ်ိဳ႕ကေတာ့ သူ႔ရဲ႕ ျပဳျပင္ေျပာင္းလဲမႈေတြေၾကာင့္ တိုင္းျပည္ၾသဇာအရွိန္အဝါ က်ဆင္းခဲ့ရတယ္ဆိုၿပီး လူမႈကြန္ရက္ေတြမွာ ေဝဖန္ခဲ့ၾကတာပါ။ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres ကေတာ့ သမိုင္းေၾကာင္းကို ေျပာင္းလဲခဲ့သူ၊ စစ္ေအးေခတ္ကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အဆုံးသတ္ေအာင္ စြမ္းေဆာင္ခဲ့သူ အျဖစ္နဲ႔ ေျပာလိုက္ပါတယ္။

ဂ်ာမန္ဝန္ႀကီးခ်ဳပ္ Olaf Scholz ကလည္း ၂ ျခမ္းကြဲေနတဲ့ ဂ်ာမနီႏိုင္ငံ ေပါင္းစည္းေရး ႀကိဳးပမ္းခဲ့သူအျဖစ္ ခ်ီးက်ဳးခဲ့ေပမဲ့၊ ႐ုရွားမွာ ဒီမိုကေရစီ ထြန္းကားေအာင္ ႀကိဳးပမ္းမႈေတြကေတာ့ ေအာင္ျမင္မႈ မရခဲ့ဘူးလို႔လည္း ေျပာဆိုခဲ့တာပါ။

ရာထူးကထြက္ေတာ့မယ့္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ကေတာ့ လက္ရွိ ႐ုရွားသမၼတ Vladimir Putin က ယူကရိန္းအေပၚ ရန္လိုေနခ်ိန္မွာ ဆိုဗီယက္လူမႈအသိုင္းအဝိုင္းကို လြတ္လပ္ပြင့္လင္းေအာင္ မနားမေန ႀကိဳးပမ္းခဲ့တဲ့ Gorbachev ရဲ႕ စြမ္းေဆာင္မႈေတြဟာ စံနမူနာေကာင္းေတြအျဖစ္ ရွိေနဆဲျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။

အေမရိကန္သမၼတ Joe Biden ကလည္း Gorbachev ဟာ အနာဂတ္ကို မွန္းေမွ်ာ္ၾကည့္ၿပီး အေျပာင္းအလဲေတြ လုပ္ရဲတဲ့ ရွားရွားပါးပါး ေခါင္းေဆာင္တဦးအျဖစ္ ခ်ီးက်ဳးလိုက္သလို၊ သူ႔ႀကိဳးပမ္းမႈေတြရဲ႕ အက်ိဳးဆက္အျဖစ္ ကမာၻႀကီးပိုမိုလုံၿခဳံခဲ့ရသလို၊ သန္းေပါင္းမ်ားစြာ လြတ္လပ္ခြင့္ေတြ ရခဲ့ၾကတယ္လို႔လည္း ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

{{ UNICODE }}

ဂိုဘာချော့ဗ် ကွယ်လွန်မှုအပေါ် ကမ္ဘာ့ခေါင်းဆောင်တွေ ဝမ်းနည်းစကားပါး

တချိန်က ဆိုဗီယက်ယူနီယံ ခေါင်းဆောင်ဟောင်း Mikhail Gorbachev ကွယ်လွန်သွားတဲ့အပေါ် ကမ္ဘာတလွှားက ခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ ဝမ်းနည်းစကား ပါးခဲ့ကြပါတယ်။ နာတာရှည် ရောဂါဒဏ် အပြင်းအထန် ခံစားနေရတဲ့ ဆိုဗီယက်ခေါင်းဆောင်ဟောင်းဟာ တနင်္လာနေ့မှာ ကွယ်လွန်သွားခဲ့ကြောင်း ဆေးကုသမှုခံယူနေတဲ့ မော်စကိုမြို့တော် Central Clinical Hospital က သတင်းထုတ်ပြန်ခဲ့တာပါ။

ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ် ရှိပြီဖြစ်တဲ့ Gorbachev ဟာ စစ်အေးခေတ်ကို အဆုံးသတ်ခဲ့ပြီး ကွန်မြူနစ်အရှေ့ဥရောပကို လွတ်လပ်အောင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့သူအဖြစ် ထင်ရှားခဲ့ပေမဲ့၊ သူ့လက်ထက်မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပါတယ်။ သူ့ရဲ့ "glasnost" "perestroika" စတဲ့ လွတ်လပ်ခွင့်နဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ ထင်ရှားခဲ့ပေမဲ့ ဆိုဗီယက်ယူနီယံကို ထိန်းထားဖို့ ကြိုးပမ်းမှုတွေကတော့ အောင်မြင်မှု မရခဲ့ပါဘူး။

ပြည်တွင်း၊ ပြည်ပက ရုရှားတချို့ကတော့ သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် တိုင်းပြည်သြဇာအရှိန်အဝါ ကျဆင်းခဲ့ရတယ်ဆိုပြီး လူမှုကွန်ရက်တွေမှာ ဝေဖန်ခဲ့ကြတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကတော့ သမိုင်းကြောင်းကို ပြောင်းလဲခဲ့သူ၊ စစ်အေးခေတ်ကို ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်အောင် စွမ်းဆောင်ခဲ့သူ အဖြစ်နဲ့ ပြောလိုက်ပါတယ်။

ဂျာမန်ဝန်ကြီးချုပ် Olaf Scholz ကလည်း ၂ ခြမ်းကွဲနေတဲ့ ဂျာမနီနိုင်ငံ ပေါင်းစည်းရေး ကြိုးပမ်းခဲ့သူအဖြစ် ချီးကျုးခဲ့ပေမဲ့၊ ရုရှားမှာ ဒီမိုကရေစီ ထွန်းကားအောင် ကြိုးပမ်းမှုတွေကတော့ အောင်မြင်မှု မရခဲ့ဘူးလို့လည်း ပြောဆိုခဲ့တာပါ။

ရာထူးကထွက်တော့မယ့် ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကတော့ လက်ရှိ ရုရှားသမ္မတ Vladimir Putin က ယူကရိန်းအပေါ် ရန်လိုနေချိန်မှာ ဆိုဗီယက်လူမှုအသိုင်းအဝိုင်းကို လွတ်လပ်ပွင့်လင်းအောင် မနားမနေ ကြိုးပမ်းခဲ့တဲ့ Gorbachev ရဲ့ စွမ်းဆောင်မှုတွေဟာ စံနမူနာကောင်းတွေအဖြစ် ရှိနေဆဲဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတ Joe Biden ကလည်း Gorbachev ဟာ အနာဂတ်ကို မှန်းမျှော်ကြည့်ပြီး အပြောင်းအလဲတွေ လုပ်ရဲတဲ့ ရှားရှားပါးပါး ခေါင်းဆောင်တဦးအဖြစ် ချီးကျုးလိုက်သလို၊ သူ့ကြိုးပမ်းမှုတွေရဲ့ အကျိုးဆက်အဖြစ် ကမ္ဘာကြီးပိုမိုလုံခြုံခဲ့ရသလို၊ သန်းပေါင်းများစွာ လွတ်လပ်ခွင့်တွေ ရခဲ့ကြတယ်လို့လည်း ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG