သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒိုင်ယာနာအတွက် လေအဝှေ့က ဖယောင်းတိုင်များ


ဒိုင်ယာနာအတွက် လေအဝှေ့က ဖယောင်းတိုင်များ
please wait

No media source currently available

0:00 0:00:56 0:00

သြဂုတ်လ ၃၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တော်ဝင်ဝေလမင်းသမီး ဒိုင်ယာနာ ကွယ်လွန်တာ ၂၅ နှစ်ပြည့်အောက်မေ့ခြင်းအဖြစ် ဗြိတိသျှအနုပညာရှင် နေသန်ဝိုင်းဘန်း ဖယောင်းတိုင်တွေနဲ့ ပုံဖော်ခဲ့ပါတယ်။ ဝေလနယ်အခြေစိုက်အနုပညာရှင်ဖြစ်ပြီး သူက သူ့အနုပညာဖန်တီးမှုတွေကို ရသမျှအရာတွေအသုံးပြု လုပ်တတ်တာပါ။

အခုတခေါက်မှာတော့ သူက မင်းသမီးဒိုင်ယာနာရဲ့ ပုံတူပန်းချီကိုဆွဲပြီး ဖယောင်းတိုင်တိုလေးတွေ လိုက်စီပြီးချထားခဲ့ပါတယ်။ အဲ့ဒီနောက်မှ မီးလိုက်ထွန်းညှိပြီး နောက်ဆုံးမှာ ဖယောင်းတိုင်တွေကို လိုက်မှုတ်ပစ်လိုက်တာပါ။ သူ့ရဲ့ အနုပညာဖန်တီးမှုက အဆိုတော်ကြီးအယ်လ်တန်ဂျွန် မင်းသမီးဒိုင်ယာနာ ဇာပနမှာ ဆိုသွားတဲ့ လေအဝှေ့ကဖယောင်းတိုင်ဆိုတဲ့ သီချင်းကိုခံစားပြီး ဖန်တီးထားတာလို့ ဆိုပါတယ်။ မီးထွန်းတောက်လှပနေတဲ့ ဖယောင်းတိုင်လေးတွေ မီးညိမ်းသွားရတာဟာ အကြွေစောရှာတဲ့ မင်းသမီးဒိုင်ယာနာရဲ့ ဘဝကို ထင်ဟပ်ပြနေတယ်လို့ မစ္စတာ ဝိုင်းဘန်းက ပြောပါတယ်။

XS
SM
MD
LG