သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးတိုင်း ဒေသခံတွေ ကြုံရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ


မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီရဲ့အပြင်းအထန် တိုက်ခိုက်ချေမှုန်းမှုတွေကို မီဒီယာအများစုက အထူးအာရုံထားပြီး သတင်းတွေ ထုတ်ပြန်နေကြပါတယ်။ ဒါပေမဲ့ စစ်ကိုင်းတိုင်းနဲ့ကပ်ရပ် မကွေးတိုင်းက ဒေသခံတွေလည်း စစ်ကောင်စီရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုများစွာကို ပုံမှန်ခံစားနေရပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီရဲ့အပြင်းအထန် တိုက်ခိုက်ချေမှုန်းမှုတွေကို မီဒီယာအများစုက အထူးအာရုံထားပြီး သတင်းတွေ ထုတ်ပြန်နေကြပါတယ်။ ဒါပေမဲ့ စစ်ကိုင်းတိုင်းနဲ့ကပ်ရပ် မကွေးတိုင်းက ဒေသခံတွေလည်း စစ်ကောင်စီရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုများစွာကို ပုံမှန်ခံစားနေရပါတယ်။ ဒီဆောင်းပါးကို ဒို့အသံရဲ့မိတ်ဖက်မီဒီယာဖြစ်တဲ့ The National Voice တင်ဆက်ထားပါတယ်။

စစ်ကိုင်းတိုင်းက စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေဟာ မီဒီယာအာရုံစိုက်မှုကို အတော်လေးရခဲ့မယ့၊် မကွေးတိုင်းကဖြစ်စဉ်တွေကိုတော့ တင်ဆက်တာနည်းပါတယ်။ (၄၄၈၂၀)စတုရန်းကီလိုမီတာ ကျယ်ဝန်းတဲ့ မကွေးတိုင်းဟာ မြန်မာနိုင်ငံက တိုင်း (၇) ခု မှာ ဒုတိယ အကြီးဆုံးဖြစ်ပြီးတော့၊ မြောက်ဘက်မှာ ပဲခူးတိုင်း ပြည်မြို့ကနေ၊ တောင်ဘက် ပုဂံအထိ ရှည်လျားပါတယ်။ အဲ့ဒီက ဒေသခံတွေကလည်း စစ်အာဏာရှင်လက်ထက်မှာ နေ့စဉ်နဲ့အမျှ စစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ အကြောက်တရားတွေကို ရင်ဆိုင်နေကြရပါတယ်။

=== Unicode ===



XS
SM
MD
LG