သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ အတုအယောင်သာဖြစ်မယ် (Tom Andrews)


A woman wearing a protective face masks casts her ballot for the general election at a polling station in Yangon, Myanmar, November 8, 2020.?REUTERS/Shwe Paw Mya Tin
A woman wearing a protective face masks casts her ballot for the general election at a polling station in Yangon, Myanmar, November 8, 2020.?REUTERS/Shwe Paw Mya Tin

[[ ZAWGYI / UNICODE ]]

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ အတုအယောင်သာဖြစ်မယ် (Tom Andrews)

စစ်ကောင်စီက စီစဉ်နေတဲ့ ရွေးကောက်ပွဲက လိမ်ညာမှုသာ ဖြစ်လာမယ်လို့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောဆိုလိုက်ပြီး စစ်ကောင်စီကို တရားဝင် ဖြစ်စေမယ့် ထောက်ပံ့မှုမျိုးတွေ မလုပ်ကြဖို့လည်း နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။


" ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါဟာ လိမ်လည်မှုပါ။ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ တခု ရှိလာမယ်လို့ ကမ ္ဘာက ယူဆလာအောင် လှည့်ဖျားဖို့ ကြံစည်မှု ဖြစ်ပါတယ်။ အတိုက်အခံတွေကို ဖမ်းဆီး၊ နှိပ်စက်ပြီး သတ်ဖြတ်နေတဲ့ နေရာမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မရှိနိုင်ပါဘူး။ ဒါက မြန်မာနိုင်ငံမှာ လတ်တလော အမှန်တကယ် ဖြစ်နေတဲ့ကိစ္စပါ။ စစ်ကောင်စီက အာဏာသုံးပြီး တရားလွန် ကြမ်းကြုတ် ရက်စက်တဲ့ လုပ်ရပ်တွေသာ ရှိနေတဲ့ အခြေအနေမှာ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ တခု ရှိလာနိုင်မယ်လို့ ဘယ်လိုမှ တွေးထားလို့ မရပါဘူး။ "

မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Thomas Andrews က စက်တင်ဘာလ ၂၂ ရက်နေ့ ကြာသပတေးနေ့မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ အတွင်း နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်က ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားတာပါ။ စစ်ကောင်စီကို တရားဝင် ဖြစ်စေရေး နိုင်ငံတွေက မလုပ်ကြဖို့လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Andrews က ပြောပါတယ်။

" အရေးအကြီးဆုံးကတော့ ကမ ္ဘာ့နိုင်ငံတွေ အနေနဲ့ လိမ်လည်လှည့်ဖျားမှု သေချာပေါက် ဖြစ်သွားစေနိုင်တဲ့ ပံ့ပိုးမှုတွေ ထောက်ပံ့မှုတွေ လုပ်ဖို့ ကြိုးစားကြရင်း လှည့်ကွက်ထဲ ဝင်မသွားကြဖို့ ဖြစ်ပါတယ်။ ဒီလို လုပ်ပေးကြမယ်ဆိုရင်တော့ အခြေအနေတွေကို ပိုပြီး ဆိုးရွားအောင် လုပ်နေတာသာ ဖြစ်ပါတယ်။ "

ဒါ့အပြင် ရွေးကောက်ပွဲကို တရားဝင်သယောင် ဖြစ်သွားစေလိမ့်မယ်လို့လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ထပ်လောင်း ပြောပါတယ်။

စစ်ကောင်စီက ဖွဲ့ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ကတော့ စာရင်းပိတ် အချိုးကျ ကိုယ်စားပြု စနစ်နဲ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း နိုင်ငံရေးပါတီ ၆၂ ပါတီနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ၆ ကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက်မှာ ပါတီကို အဓိကထား ရွေးချယ်မယ့် စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ်သုံးဖို့ ဆုံးဖြတ်တာဖြစ်ကြောင်းလည်း ပြောပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ဦးစီးကျင်းပခဲ့တဲ့ PR စနစ်ပြောင်းရေး ဆွေးနွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီ ၆၂ ပါတီ၊ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၀၀ ကျော်ပါဝင်တယ်လို့ သတင်းတွေ ထုတ်ပြန်ခဲ့ပေမဲ့ ခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ တိုင်းရင်းသားပါတီတွေထဲမှာ အင်အားကြီးတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အပြင် တချို့တိုင်းရင်းသားပါတီတွေ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

===================

{{ UNICODE }}









စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ အတုအယောင်သာဖြစ်မယ်
please wait

No media source currently available

0:00 0:02:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG