သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ရွေးကောက်ပွဲ အစီအစဉ်အပေါ် နိုင်ငံရေးပါတီတချို့ သဘောထား


Myanmar's Union Election Commission (UEC) headquarters in Naypyidaw is seen on October 27, 2015. The once junta-run nation heads to the polls on November 8, 2015 in what voters and observers hope will be the freest election in decades. AFP PHOTO / ROMEO G
Myanmar's Union Election Commission (UEC) headquarters in Naypyidaw is seen on October 27, 2015. The once junta-run nation heads to the polls on November 8, 2015 in what voters and observers hope will be the freest election in decades. AFP PHOTO / ROMEO G

စစ်ကောင်စီက ရှေ့နှစ်ကျင်းပမယ်လို့ဆိုတဲ့ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးမယ်လို့ ပြောဆိုထားပေမဲ့ နိုင်ငံရေး ပါတီတွေကြားမှာတော့ သဘောထား အမျိုးမျိုး ရှိနေကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုရဲမွန် ပြောပြပေးမှာ ဖြစ်ပါတယ်။ 

စစ်ကောင်စီ ရွေးကောက်ပွဲ အစီအစဉ်အပေါ် နိုင်ငံရေးပါတီတချို့ သဘောထား

{{Zawgyi/Unicode}}
စစ်ကောင်စီက ရှေ့နှစ်ကျင်းပမယ်လို့ဆိုတဲ့ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးမယ်လို့ ပြောဆိုထားပေမဲ့ နိုင်ငံရေး ပါတီတွေကြားမှာတော့ သဘောထား အမျိုးမျိုး ရှိနေကြပါတယ်။ လုံခြုံရေး မတည်မငြိမ် အခြေအနေတွေနဲ့ ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြုစနစ် ပုံစံသစ် ကျင့်သုံးဖို့ စီစဉ်နေတာကြောင့် နိုင်ငံရေး ပါတီတွေကြား သံသယအမြင်တွေလည်း ရှိနေပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုရဲမွန် ပြောပြပေးမှာ ဖြစ်ပါတယ်။

စစ်ကောင်စီ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ရွေးကောက်ပွဲကျင်းပတဲ့အခါ စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့ ကျင်းပမယ်လို့ ပြောကြားထားပါတယ်။ စစ်ကောင်စီထုတ်ပြန်ထားတဲ့ စစ်ကောင်စီရဲ့ နိုင်ငံအတွက် လုပ်မယ့် ရှေ့လုပ်ငန်းစဉ် ၅ရပ်ထဲမှာ ဖော်ပြထားတဲ့ အရေးပေါ်ကာလပြီးတာနဲ့တပြိုင်နက် ကျင်းပနိုင်ဖို့ မဲစာရင်းတွေပြင်တာ၊ နိုင်ငံရေးပါတီဥပဒေတွေကို ပြင်ဆင်တာတွေလုပ်တာစတာတွေပြင်နေပြီလို့ စက်တင်ဘာ ၂၀ရက် နေ့က လုပ်တဲ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲမှာ ကော်မရှင်ပြောခွင့်ရ ဦးခင်မောင်ဦး က ပြောဆိုလိုက်ပါတယ်။

" ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီရဲ့ နိုင်ငံတော် တာဝန်ထမ်းဆောင်ရာမှာ ဆောင်ရွက်ရမယ့် ရှေ့လုပ်ငန်းစဉ် ၅ရပ်က လုပ်ငန်းစဉ် ၁ပါ ဥပဒေနဲ့အညီ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာတွေကို ဥပဒေနဲ့ အညီလုပ်ဆောင်နေပါကြောင်းနဲ့ အရေးပေါ်ဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့အညီ ပြီးပါက လုပ်ငန်းစဉ်များနဲ့အညီ လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းတင်ပြလိုပါတယ် "

စစ်ကောင်စီ ကော်မရှင်လုပ်မယ့် PR စနစ်ဆိုတာ ခိုင်လုံမဲ ရလာဒ် အားလုံးကို အချိုးချပြီး မဲအနည်းအများ အလိုက် လွှတ်တော်အမတ်နေရာ အရေအတွက်ကို ပါတီတွေ မျှယူတဲ့စနစ် နဲ့ အစားထိုးကျင့်သုံးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း နိုင်ငံရေးပါတီ ၆၂ ပါတီနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ၆ ကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက်မှာ ပါတီကို အဓိကထား ရွေးချယ်မယ့် စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ်သုံးဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ဦးစီးကျင်းပခဲ့တဲ့ PR စနစ်ပြောင်းရေး ဆွေးနွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီ ၆၂ ပါတီ၊ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၀၀ ကျော်ပါဝင်တယ်လို့ သတင်းတွေ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ တိုင်းရင်းသားပါတီတွေထဲမှာ အင်အားကြီးတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အပြင် တချို့တိုင်းရင်းသားပါတီတွေ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

ဒီစနစ်ကျင့်သုံးဖို့အတွက်ပြင်ဆင်မှုပိုင်း တိုတောင်းတာ၊ တိုင်းပြည်မငြိမ်မသက်ဖြစ်နေတာတွေကြောင့် ဒီစနစ် မအောင်မြင်နိုင်ဘူးလို့ သုံးသပ်မှုတွေရှိနေပါတယ်။

တိုင်းရင်းသားပါတီတွေထဲမှာ အင်အားကြီးတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က အထွေ ထွေတွင်းမှုးတဦးဖြစ်တဲ့ စိုင်းလိတ်ကတော့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအပေါ် သူ့အမြင် ကိုခုလိုပြော လာ ပါတယ်။

" နိုင်ငံရေးပါတီဘက်က ကြည့်ရင် ဖြစ်နိုင်စရာမရှိဘူးသုံးသပ်တယ်။ လုံးဝတည်ငြိမ်မှု မရှိတဲ့အပြင် စစ်ကောင်စီပေါ်မှာလည်း ယုံကြည်သက်ဝင်မှုမရှိဘူး။ သူ့အနေနဲ့ အာဏာ မတရားရယူထားသလို တိုင်းပြည်ကို ဆက်လက်ထိန်းချုပ်သွားနိုင်မယ်လို့ လူထုကမယုံ နိုင်တာမို့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တောင် အောင်မြင်နိုင်ဖွယ်မရှိဘူး။ အထမြောက်ဖွယ်ရာမရှိဘူးလို့ သုံးသပ်တယ်"

ပြည်သူ့ပါတီ က ဦးကျော်လင်း ကတော့ စစ်ကောင်စီကျင့်သုံးမယ့် အချိုးကျ ကိုယ်စားပြုစနစ်နဲ့လုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ အခုလိုသုံးသပ်ပြောဆိုလိုက်ပါတယ်။

" ကော်မရှင်က ပီအာလုပ်မယ်ဆိုတာ ပြောတာသာရှိတယ်။ တိတိကျကျလုပ်မယ် ဆိုတာမျိုး ကျနော်တို့ကို ပြောတာမရှိဘူး။ PR စနစ်လုပ်မယ်ဆို ဘယ်လွှတ်တော်မှာလုပ်မယ် ဘယ်လွှတ်တော် မှာမလုပ်ဘူးဆိုတာ တိတိကျကျ မထွက်သေးဘူး။ နိုင်ငံရေးပါတီတွေအနေနဲ့ ဒီစနစ်ကိုကြိုက်တဲ့သူရှိတယ်။ မကြိုက်သူရှိတယ်။ ဒါအရှိတရားဘဲ။ သို့သော် မဖြစ်မနေ ရွေးကောက်ပွဲကျင်းပရမယ် ဆိုရင်တော့ နိုင်ငံရေး ပါတီတွေအနေနဲ့က ရွေးကောက်ပွဲ ကျင်းပတဲ့ပေါ် မူတည်ဆုံးဖြတ်သွားရမှာဘဲ။ ခုချိန်မှာ နိုင်ငံရေးပါတီတွေ အနေနဲ့ အကျပ်အတည်းကာလရင်ဆိုင်နေရတဲ့အတွက် အခက်ခဲတွေဖြစ်လာမယ်ထင်တယ် "

ပြည်သူ့ရှေ့ဆောင် ပါတီ (PPP) ကတော့ လက်ရှိအချိန်မှာ ဒီစနစ်နဲ့ရွေးကောက်ပွဲလုပ်ဖို့ စိန်ခေါ်မှုတွေရှိပေမယ့် လုပ်သင့်တယ်လို့ ပါတီ ဒုဥက္ကဌ ဦးမြင့်မောင်ထွန်းကပြောပါတယ်။

" လုံခြုံရေးအရ ခက်ခဲတွေရှိကောင်းရှိနိုင်တယ်။ နောက်ပြည်သူစိတ်ဝင်စားမှု၊ နောက် ဒီစနစ်ကို အကျွမ်းတဝင်မရှိတာမို့ စိတ်ဝင်စားတာ နည်းကောင်းနည်းနိုင်ပါတယ်။ စိတ်ဝင်စားမှုနည်းတာနဲ့ အတူ မဲပေးတာလည်း နည်းလာနိုင်ပါတယ်။ ဒါပေမယ့်လည်း ပါတီတော်တော်များများ ၆၂ပါတီရဲ့ ဆွေးနွေးပွဲမှာ ဒီစနစ်ကိုလုပ်ဖို့ ဆုံးဖြတ်တာမှာကျနော်တို့လည်း သဘောတူတဲ့ထဲ ပါပါတယ်။ ဖြစ်တယ်မဖြစ်ဘူးဆိုတာ နစကရဲ့ လုပ်ဆောင်မှုပိုင်း မူတည်တယ်။ နိုင်ငံအေးချမ်းမှုနဲ့ ပြည်သူတွေအပေါ်အသိပညာပေးတဲ့ အပေါ်မှာမူတည်ပါတယ် "

ရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်း မှန်ကန်နိုင်ရေးဆိုပြီး ကနဦး မဲစာရင်း ကောက်ယူမှုတွေ မြို့နယ်တွေမှာ စတင်လုပ်နေပါတယ်။ ရွေးကောက်ပွဲမှာ PR စနစ် ပြောင်းလဲ ကျင့်သုံးနိုင်ဖို့ ခရိုင်တွေပြင်ဆင်ဖွဲ့တာနဲ့ လိုအပ်တဲ့ ဥပဒေတွေ ပြင်ဆင်သွားမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားထားပါတယ်။

စစ်ကောင်စီ ရွေးကောက်ပွဲ အစီအစဉ်အပေါ် နိုင်ငံရေးပါတီတချို့ သဘောထား
please wait

No media source currently available

0:00 0:04:13 0:00
တိုက်ရိုက် လင့်ခ်

.........................................


{{Zawgyi/Unicode}}









"




XS
SM
MD
LG