သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ သတင္းေထာက္ရဲ႕ေထာင္ဒဏ္ တကယ္ က်ခံရမလား


A group of activists hold placards of Japanese citizen Toru Kubota, who is detained in Myanmar, during a rally in front of the Ministry of Foreign Affairs in Tokyo on July 31, 2022.

[[ ZAWGYI / UNICODE ]]

ဂ်ပန္ သတင္းေထာက္ရဲ႕ေထာင္ဒဏ္ တကယ္ က်ခံရမလား

ရန္ကုန္ၿမိဳ႕မွာ ဖမ္းဆီးခံထားရတဲ့ ဂ်ပန္ႏိုင္ငံသား မွတ္တမ္း႐ုပ္ရွင္ ႐ိုက္ကူးသူ မစၥတာ တို႐ူကူဘိုတာ (Toru Kubota) ကို ေအာက္တိုဘာ ၅ ရက္ မေန႔က ပုဒ္မႏွစ္ခုအတြက္ ေထာင္ဒဏ္ခုနစ္ႏွစ္ ျပစ္ဒဏ္ ခ်မွတ္ လိုက္တယ္လို႔ စစ္ေကာင္စီဘက္က ထုတ္ျပန္ပါတယ္။ လာမယ့္ ေအာက္တိုဘာ ၁၂ရက္ေန႔မွာလည္း လူဝင္မႈ ႀကီးၾကပ္ေရး ဥပေဒခ်ိဳးေဖါက္မႈ နဲ႔ စြဲဆိုထားတဲ့အမႈကို တရား႐ုံးက ၾကားနာဖို႔ စီစဥ္ထားပါတယ္။ အရင္က ျမန္မာႏိုင္ငံမွာ ဖမ္းဆီးခံခဲ့ရတဲ့ ႏိုင္ငံျခားသားတခ်ိဳ႕ ျပစ္ဒဏ္ခ်မွတ္ၿပီး သိပ္မၾကာခင္ လြတ္ေျမာက္ခဲ့ဖူးတာေၾကာင့္ အခု ဂ်ပန္ႏိုင္ငံသား မွတ္တမ္း႐ုပ္ရွင္႐ိုက္ကူးသူ Toru Kubota လည္း မၾကာခင္ ျပန္လႊတ္မလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ခန႔္မွန္းေျပာဆိုတာေတြ ရွိေနပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ သတင္းကို ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။


ဂ်ပန္ႏိုင္ငံသား မွတ္တမ္း႐ုပ္ရွင္ ႐ိုက္ကူးသူ မစၥတာ Toru Kubota ဟာ ၿပီးခဲ့တဲ့ ဇူလိုင္ ၃၀ ရက္ေန႔ ရန္ကုန္ၿမိဳ႕က ဆႏၵျပပြဲတခုမွာ သတင္းမွတ္တမ္း ႐ိုက္ကူးေနစဥ္ အဖမ္း ခံခဲ့ရတာပါ။ သူ႔ကို လဝက-ဥပေဒ ၁၃(၁) ဗီဇာ စည္းကမ္း ေဖာက္ဖ်က္မႈ / တပ္မေတာ္ ၿပိဳကြဲေအာင္ စည္း႐ုံး လႈံေဆာ္မႈ ၅၀၅ - က အျပင္ အီလက္ထ႐ြန္နစ္ ဆက္သြယ္ေရး ပုဒ္မ - ၃၃ (က) စတဲ့ ပုဒ္မ ၃ ခုနဲ႔ စစ္ေကာင္စီဘက္က အမႈဖြင့္ တရားစြဲဆိုခဲ့ပါတယ္။

ေအာက္တိုဘာ ၅ ရက္ေန႔မွာေတာ့ တပ္မေတာ္ၿပိဳကြဲေအာင္ စည္း႐ုံးလႈံေဆာ္မႈ ၅၀၅ - က အတြက္ ေထာင္ဒဏ္ ၃ ႏွစ္၊ အီလက္ထေရာနစ္ ဆက္သြယ္ေရးပုဒ္မနဲ႔ စြဲဆိုထားတဲ့အမႈအတြက္ ၇ ႏွစ္ ခ်မွတ္ခဲ့ၿပီး တေပါင္းတည္း က်ခံဖို႔ အမႈ ၂ ခု စလုံးအတြက္ ၇ ႏွစ္ ခ်မွတ္ပါတယ္။

လာမယ့္ ေအာက္တိုဘာ ၁၂ရက္ေန႔မွာလည္း လူဝင္မႈ ႀကီးၾကပ္ေရး ဥပေဒ ခ်ိဳးေဖါက္မႈနဲ႔ စြဲဆို ထားတဲ့အမႈကို တရား႐ုံးက ၾကားနာဖို႔ စီစဥ္ထားပါတယ္ မစၥတာ Toru Kubota ကို ျပန္လႊတ္ေပးဖို႔ ၂ဝ၂၂ ခုႏွစ္၊ ဇူလိုင္လ ၃၁ ရက္ေန႔က ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ မွာ ဆႏၵျပပြဲေတြ ျပဳလုပ္ခဲ့သလို ၊ သူ႔ကို အျမန္ဆုံး ျပန္လႊတ္ေပးဖို႔ ဂ်ပန္အစိုးရက ေတာင္းဆိုထားပါတယ္။ ဂ်ပန္အစိုးရကေတာ့ သူ လြတ္ေျမာက္ေရးအတြက္ လိုအပ္တာေတြ ဆက္လက္ ပံ့ပိုး သြားမယ္လို႔ ေျပာဆိုပါတယ္။ Toru Kubota ရဲ႕အရင္ ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလတုန္းက တႀကိမ္၊ ဧၿပီလမွာ တႀကိမ္ ဖမ္းဆီးခံခဲ့ရတဲ့ သတင္းေထာက္ Yuki Kitazumi ကေတာ့ လုပ္ႀကံသတင္းျဖန႔္မႈနဲ႔ စြဲခ်က္တင္ ခံရေပမဲ့ ၊ စြဲခ်က္တင္ၿပီး တလအတြင္းမွာပဲ စစ္ေကာင္စီက ျပန္လႊတ္ေပးခဲ့ပါတယ္။

စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက Toru Kubota ကို ျပန္လြတ္ေပးဖို႔ ရွိမရွိကို ၿပီးခဲ့တဲ့ ဩဂုတ္လထဲ က်င္းပတဲ့ ၁၉ ႀကိမ္ေျမာက္ သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာဆိုခဲ့ပါတယ္။

" က်ေနာ္ရွင္းရွင္းလင္းလင္းေျပာၿပီးျဖစ္တယ္။ လႊတ္ျခင္းမလႊတ္ျခင္း ဟာ အဲအမႈၿပီးမွျဖစ္မယ္။ ဒီဂ်ပန္တေယာက္အတြက္ေတာ့ခြင့္မလႊတ္ႏိုင္စရာအေၾကာင္းမရွိဘူး။ ဒုတိယကမာၻစစ္တုန္းကေတာင္ ဂ်ပန္ေတြကျမန္မာေတြအေပၚက်ဴးလြန္တဲ့ျပစ္မႈေတြကိုေတာင္ သင္ပုန္းေျခခဲ့ေသးတာဘဲ။ သို႔ေသာ္ဂ်ပန္အေနနဲ႔ တရားစြဲဆိုခံရမယ္ စီရင္ခံရမယ္။ လႊတ္ျခင္းမလႊတ္ ျခင္းကခုနကေျပာတဲ့အထဲပါၿပီးသားျဖစ္မယ္။ စကားကုန္ေျပာၿပီးသားျဖစ္မယ္။ "

တရားေရးအသိုင္းအဝိုင္းၾကားမွာေတာ့ ဖမ္းဆီးခံထားရတဲ့ Toru Kubota ကို ျပန္လႊတ္ေပးႏိုင္တယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြ ရွိေနပါတယ္။ တရားလႊတ္ေတာ္ေရွ႕ေနတဦးျဖစ္တဲ့ ဦးႀကီးျမင့္က အခုလို သုံးသပ္ေျပာဆိုလိုက္ပါတယ္။

" တခုေတာ့ရွိတယ္ေလ သူတို႔ကႏိုင္ငံတကာရဲ႕ မ်က္ႏွာသာေပးမႈ ႏိုင္ငံတကာရဲ႕ အသိအမွတ္ျပဳမႈကို တအားလိုလားေနတဲ့အခ်ိန္ဆိုေတာ့ အာဏာကလည္းျမန္မာျပည္မွာ သိတဲ့အတိုင္းေလ ျပည္တြင္းကလူေတြအေပၚမွာေတာ့လုံးဝမညႇာဘူး။ ႏိုင္ငံတကာကလူေတြေပၚမွာပါ အဲလိုလုပ္လာၿပီဆိုရင္ေတာ့ ႏိုင္ငံတကာက အျမင္မွာဘယ္ေလာက္ဆိုးမလဲဆိုတဲ့အေပၚသူတို႔ဘယ္ ေလာက္ခံႏိုင္ရည္ရွိမလဲ။ တြက္ၾကည့္ေတာ့ ဂ်ပန္သတင္းေထာက္ကလည္းဘာမွလုပ္ရတာမဟုတ္ဘူး. ဘာမွ ၁၀ႏွစ္ခ်ေလာက္တဲ့ႀကီးက်ယ္တဲ့အျပစ္လဲမရွိဘူး။ ခုနေျပာသလို ျပစ္ဒဏ္ေတြအမ်ားႀကီးခ် ေတာ့ ဂ်ပန္အစိုးရရဲ႕ မ်က္ႏွာသာလိုခ်င္လို႔ ျပည္ႏွင္ဒဏ္ေပးမယ္ဆိုလဲျဖစ္ေကာင္းျဖစ္ႏိုင္တယ္ေပါ့။ "

Toru Kubota ဟာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ခုႏွစ္ေနာက္ပိုင္း ဖမ္းဆီးခံရတဲ့ ဒုတိယေျမာက္ ဂ်ပန္ႏိုင္ငံသားျဖစ္ပါတယ္။ ဂ်ပန္အစိုးရကေတာ့ Toru Kubota ကို လႊတ္ေပးဖို႔ ေတာင္းဆိုတဲ့ တခ်ိန္တည္းမွာ သံ႐ုံး ေကာင္စစ္ဝင္နဲ႔ ေတြ႕ဆုံႏိုင္တာမ်ိဳး စီစဥ္ပံ့ပိုးေပးထားတဲ့အေၾကာင္းနဲ႔ လိုအပ္တာေတြ လက္လက္လုပ္ေဆာင္မွာျဖစ္တဲ့အေၾကာင္း ေျပာဆိုထားပါတယ္။

==================

{{ UNICODE }}

ဂျပန် သတင်းထောက်ရဲ့ထောင်ဒဏ် တကယ် ကျခံရမလား

ရန်ကုန်မြို့မှာ ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ မစ္စတာ တိုရူကူဘိုတာ (Toru Kubota) ကို အောက်တိုဘာ ၅ ရက် မနေ့က ပုဒ်မနှစ်ခုအတွက် ထောင်ဒဏ်ခုနစ်နှစ် ပြစ်ဒဏ် ချမှတ် လိုက်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ လာမယ့် အောက်တိုဘာ ၁၂ရက်နေ့မှာလည်း လူဝင်မှု ကြီးကြပ်ရေး ဥပဒေချိုးဖေါက်မှု နဲ့ စွဲဆိုထားတဲ့အမှုကို တရားရုံးက ကြားနာဖို့ စီစဉ်ထားပါတယ်။ အရင်က မြန်မာနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံခြားသားတချို့ ပြစ်ဒဏ်ချမှတ်ပြီး သိပ်မကြာခင် လွတ်မြောက်ခဲ့ဖူးတာကြောင့် အခု ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota လည်း မကြာခင် ပြန်လွှတ်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ခန့်မှန်းပြောဆိုတာတွေ ရှိနေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။


ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ မစ္စတာ Toru Kubota ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့ ရန်ကုန်မြို့က ဆန္ဒပြပွဲတခုမှာ သတင်းမှတ်တမ်း ရိုက်ကူးနေစဉ် အဖမ်း ခံခဲ့ရတာပါ။ သူ့ကို လဝက-ဥပဒေ ၁၃(၁) ဗီဇာ စည်းကမ်း ဖောက်ဖျက်မှု / တပ်မတော် ပြိုကွဲအောင် စည်းရုံး လှုံဆော်မှု ၅၀၅ - က အပြင် အီလက်ထရွန်နစ် ဆက်သွယ်ရေး ပုဒ်မ - ၃၃ (က) စတဲ့ ပုဒ်မ ၃ ခုနဲ့ စစ်ကောင်စီဘက်က အမှုဖွင့် တရားစွဲဆိုခဲ့ပါတယ်။

အောက်တိုဘာ ၅ ရက်နေ့မှာတော့ တပ်မတော်ပြိုကွဲအောင် စည်းရုံးလှုံဆော်မှု ၅၀၅ - က အတွက် ထောင်ဒဏ် ၃ နှစ်၊ အီလက်ထရောနစ် ဆက်သွယ်ရေးပုဒ်မနဲ့ စွဲဆိုထားတဲ့အမှုအတွက် ၇ နှစ် ချမှတ်ခဲ့ပြီး တပေါင်းတည်း ကျခံဖို့ အမှု ၂ ခု စလုံးအတွက် ၇ နှစ် ချမှတ်ပါတယ်။

လာမယ့် အောက်တိုဘာ ၁၂ရက်နေ့မှာလည်း လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖေါက်မှုနဲ့ စွဲဆို ထားတဲ့အမှုကို တရားရုံးက ကြားနာဖို့ စီစဉ်ထားပါတယ် မစ္စတာ Toru Kubota ကို ပြန်လွှတ်ပေးဖို့ ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့သလို ၊ သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုထားပါတယ်။ ဂျပန်အစိုးရကတော့ သူ လွတ်မြောက်ရေးအတွက် လိုအပ်တာတွေ ဆက်လက် ပံ့ပိုး သွားမယ်လို့ ပြောဆိုပါတယ်။ Toru Kubota ရဲ့အရင် မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတုန်းက တကြိမ်၊ ဧပြီလမှာ တကြိမ် ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် Yuki Kitazumi ကတော့ လုပ်ကြံသတင်းဖြန့်မှုနဲ့ စွဲချက်တင် ခံရပေမဲ့ ၊ စွဲချက်တင်ပြီး တလအတွင်းမှာပဲ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက Toru Kubota ကို ပြန်လွတ်ပေးဖို့ ရှိမရှိကို ပြီးခဲ့တဲ့ ဩဂုတ်လထဲ ကျင်းပတဲ့ ၁၉ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့ပါတယ်။

" ကျနော်ရှင်းရှင်းလင်းလင်းပြောပြီးဖြစ်တယ်။ လွှတ်ခြင်းမလွှတ်ခြင်း ဟာ အဲအမှုပြီးမှဖြစ်မယ်။ ဒီဂျပန်တယောက်အတွက်တော့ခွင့်မလွှတ်နိုင်စရာအကြောင်းမရှိဘူး။ ဒုတိယကမ္ဘာစစ်တုန်းကတောင် ဂျပန်တွေကမြန်မာတွေအပေါ်ကျူးလွန်တဲ့ပြစ်မှုတွေကိုတောင် သင်ပုန်းခြေခဲ့သေးတာဘဲ။ သို့သော်ဂျပန်အနေနဲ့ တရားစွဲဆိုခံရမယ် စီရင်ခံရမယ်။ လွှတ်ခြင်းမလွှတ် ခြင်းကခုနကပြောတဲ့အထဲပါပြီးသားဖြစ်မယ်။ စကားကုန်ပြောပြီးသားဖြစ်မယ်။ "

တရားရေးအသိုင်းအဝိုင်းကြားမှာတော့ ဖမ်းဆီးခံထားရတဲ့ Toru Kubota ကို ပြန်လွှတ်ပေးနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။ တရားလွှတ်တော်ရှေ့နေတဦးဖြစ်တဲ့ ဦးကြီးမြင့်က အခုလို သုံးသပ်ပြောဆိုလိုက်ပါတယ်။

" တခုတော့ရှိတယ်လေ သူတို့ကနိုင်ငံတကာရဲ့ မျက်နှာသာပေးမှု နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို တအားလိုလားနေတဲ့အချိန်ဆိုတော့ အာဏာကလည်းမြန်မာပြည်မှာ သိတဲ့အတိုင်းလေ ပြည်တွင်းကလူတွေအပေါ်မှာတော့လုံးဝမညှာဘူး။ နိုင်ငံတကာကလူတွေပေါ်မှာပါ အဲလိုလုပ်လာပြီဆိုရင်တော့ နိုင်ငံတကာက အမြင်မှာဘယ်လောက်ဆိုးမလဲဆိုတဲ့အပေါ်သူတို့ဘယ် လောက်ခံနိုင်ရည်ရှိမလဲ။ တွက်ကြည့်တော့ ဂျပန်သတင်းထောက်ကလည်းဘာမှလုပ်ရတာမဟုတ်ဘူး. ဘာမှ ၁၀နှစ်ချလောက်တဲ့ကြီးကျယ်တဲ့အပြစ်လဲမရှိဘူး။ ခုနပြောသလို ပြစ်ဒဏ်တွေအများကြီးချ တော့ ဂျပန်အစိုးရရဲ့ မျက်နှာသာလိုချင်လို့ ပြည်နှင်ဒဏ်ပေးမယ်ဆိုလဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့။ "

Toru Kubota ဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖမ်းဆီးခံရတဲ့ ဒုတိယမြောက် ဂျပန်နိုင်ငံသားဖြစ်ပါတယ်။ ဂျပန်အစိုးရကတော့ Toru Kubota ကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ တချိန်တည်းမှာ သံရုံး ကောင်စစ်ဝင်နဲ့ တွေ့ဆုံနိုင်တာမျိုး စီစဉ်ပံ့ပိုးပေးထားတဲ့အကြောင်းနဲ့ လိုအပ်တာတွေ လက်လက်လုပ်ဆောင်မှာဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG