သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံက ဖမ္းဆီးခံ ဂ်ပန္သတင္းေထာက္ ႐ုံးခ်ိန္းရက္ေရႊ႕


အဖမ္းခံထားရသည့္ Toru Kubota လြတ္ေျမာက္ေရး ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေရွ႕ ဆႏၵျပေနသူမ်ား ( AFP; 31 JULY 2022 )

[[ ZAWGYI / UNICODE ]]

ျမန္မာႏိုင္ငံက ဖမ္းဆီးခံ ဂ်ပန္သတင္းေထာက္ ႐ုံးခ်ိန္းရက္ေရႊ႕

ျမန္မာစစ္ေကာင္စီက ဖမ္းဆီးထားတဲ့ ဂ်ပန္ႏို္င္ငံသား မွတ္တမ္းရုပ္ရွင္ ရိုက္ကူးသူ Toru Kubota ရဲ႕ ဒုတိယအႀကိမ္ေျမာက္ ရုံးခ်ိန္ကို မူလက အဂၤါေန႔ကို သတ္မွတ္ထားရာကေန စက္တင္ဘာလ ၆ ရက္ေန႔ကို ေျပာင္းေရႊ႕လုိက္ပါတယ္။

သူ႔ကို ဖမ္းဆီးၿပီး ပထမဦးဆုံး ရုံးထုတ္ခဲ့တာကေတာ့ ၾသဂုတ္လ ၁၆ ရက္ေန႔က ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇူလိုင္လ ၃၀ ရက္ေန႔က ရန္ကုန္ၿမိဳ႕က စစ္ေကာင္စီ ဆန္႔က်င္ေရး ဆႏၵျပပြဲတခုမွာ သူဟာ သတင္းမွတ္တမ္းရိုက္ကူးေနစဥ္ အဖမ္းခံခဲ့ရပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ မွတ္တမ္း ႐ုပ္ရွင္႐ိုက္ကူးသူ Toru Kubota ကို လူဝင္မႈႀကီးၾကပ္ေရးဥပေဒခ်ိဳးေဖာက္မႈ အျပင္ ႏိုင္ငံေရးပုဒ္မနဲ႔ စစ္ေကာင္စီက တရားစြဲဆို လိုက္ပါတယ္။ သူကို ျပန္လႊတ္ေပးဖို႔ ဂ်ပန္အစိုးရက ေတာင္းဆိုထားပါတယ္။

သူဟာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ခုႏွစ္ေနာက္ပိုင္း ဖမ္းဆီးခံရတဲ့ ဒုတိယေျမာက္ ဂ်ပန္ႏိုင္ငံသားျဖစ္ပါတယ္။ သူအရင္ ၂၀၂၁ ေဖေဖာ္ဝါရီလက ဂ်ပန္သတင္းေထာက္ Yuki Kitazumi ကို စစ္ေကာင္စီက ဖမ္းဆီးခဲ့ၿပီး ၄ လၾကာ ထိန္းသိမ္းခဲ့ၿပီးမွ ျပန္လႊတ္ေပးခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

=================

{{ UNICODE }}

မြန်မာနိုင်ငံက ဖမ်းဆီးခံ ဂျပန်သတင်းထောက် ရုံးချိန်းရက်ရွှေ့

မြန်မာစစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ Toru Kubota ရဲ့ ဒုတိယအကြိမ်မြောက် ရုံးချိန်ကို မူလက အင်္ဂါနေ့ကို သတ်မှတ်ထားရာကနေ စက်တင်ဘာလ ၆ ရက်နေ့ကို ပြောင်းရွှေ့လိုက်ပါတယ်။

သူ့ကို ဖမ်းဆီးပြီး ပထမဦးဆုံး ရုံးထုတ်ခဲ့တာကတော့ သြဂုတ်လ ၁၆ ရက်နေ့က ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန်မြို့က စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲတခုမှာ သူဟာ သတင်းမှတ်တမ်းရိုက်ကူးနေစဉ် အဖမ်းခံခဲ့ရပါတယ်။

အသက် ၂၆ နှစ်အရွယ် မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Toru Kubota ကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှု အပြင် နိုင်ငံရေးပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲဆို လိုက်ပါတယ်။ သူကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုထားပါတယ်။

သူဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖမ်းဆီးခံရတဲ့ ဒုတိယမြောက် ဂျပန်နိုင်ငံသားဖြစ်ပါတယ်။ သူအရင် ၂၀၂၁ ဖေဖော်ဝါရီလက ဂျပန်သတင်းထောက် Yuki Kitazumi ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၄ လကြာ ထိန်းသိမ်းခဲ့ပြီးမှ ပြန်လွှတ်ပေးခဲ့တာပါ။

XS
SM
MD
LG