သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံဂ်ပန္သတင္းသမားကို စစ္ေကာင္စီ စြဲခ်က္တင္


FILES-JAPAN-MYANMAR-POLITICS-MILITARY-JOURNALIST

(zawgyi/unicode)

ျမန္မာႏိုင္ငံမွာ ထိန္းသိမ္းခံထားရတဲ့ ဂ်ပန္ႏိုင္ငံသား မွတ္တမ္း႐ုပ္ရွင္ ႐ိုက္ကူးသူ Toru Kubota ကို လူဝင္မႈႀကီးၾကပ္ေရးဥပေဒခ်ိဳးေဖာက္မႈ အျပင္ ႏိုင္ငံေရးပုဒ္မ နဲ႔ စစ္ေကာင္စီက တရားစြဲဆိုလိုက္ပါတယ္။ Toru Kubota ကို လဝက ဥပေဒ ၁၃ (၁) ဗီဇာ စည္းကမ္းေဖာက္ဖ်က္မႈနဲ႔ ၅၀၅ (က)တပ္မေတာ္ ၿပိဳကြဲေအာင္ စည္း႐ုံးလႈံေဆာ္မႈ နဲ႔ တရားစြဲဆိုထားေၾကာင္း စစ္ေကာင္စီက ထုတ္ျပန္ပါတယ္။

သူဟာ ဇူလိုင္ ၃၀ ရက္ေန႔ ရန္ကုန္ၿမိဳ႕က လွ်ပ္တျပတ္ဆႏၵျပပြဲတခု သတင္းယူေနစဥ္ ဖမ္းဆီးခံခဲ့ရတာပါ။ စစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ Toru Kubota ဟာ သတင္းယူဖို႔အတြက္ ဆႏၵျပပြဲမွာ ပါဝင္သူေတြနဲ႔ ဆက္သြယ္ခ်ိန္းဆိုခဲ့ေၾကာင္း ဝန္ခံခဲ့တယ္လို႔ ဆိုပါတယ္။ ဒါအျပင္ သူဟာ ဇူလိုင္လ (၁)ရက္ေန႔က တိုးရစ္ဗီဇာနဲ႔ ရန္ကုန္ကို ထိုင္းႏိုင္ငံက တဆင့္ ဝင္ေရာက္ခဲ့ၿပီး၊ ဇူလိုင္လ (၃၀)ရက္ေန႔ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္း City max အနီး ဆႏၵျပပြဲကို ဖုန္းကင္မရာနဲ႔ မွတ္တမ္းတင္ ႐ိုက္ကူးေနခ်ိန္မွာ ထိန္းသိမ္းခံခဲ့ရတာျဖစ္တယ္လို႔ အဲဒီထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

အခုလို Toru Kubota အပါအဝင္ ျမန္မာႏိုင္ငံမွာ သတင္းသမားေတြကို စစ္ေကာင္စီက ဖမ္းဆီးထိန္းသိမ္းႏွစ္ရွည္ေထာင္ဒဏ္ေတြခ်မွတ္ေနတဲ့အေပၚ IFJ ႏိုင္ငံတကာသတင္းေထာက္မ်ားအဖြဲ႕ကလည္း ဒီကေန႔မွာ ျပင္းျပင္းထန္ထန္ကန႔္ကြက္လိုက္ပါတယ္။ အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီဖမ္းဆီးထိန္းသိမ္းခဲ့တဲ့ ႏိုင္ငံတကာသတင္းေထာက္ေတြထဲမွာ Kubota ဟာ ငါးေယာက္ေျမာက္ျဖစ္တယ္လို႔လည္း IFJ ရဲ႕ ၾကာသပေတးေန႔က ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

(unicode)

မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ Toru Kubota ကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှု အပြင် နိုင်ငံရေးပုဒ်မ နဲ့ စစ်ကောင်စီက တရားစွဲဆိုလိုက်ပါတယ်။ Toru Kubota ကို လဝက ဥပဒေ ၁၃ (၁) ဗီဇာ စည်းကမ်းဖောက်ဖျက်မှုနဲ့ ၅၀၅ (က)တပ်မတော် ပြိုကွဲအောင် စည်းရုံးလှုံဆော်မှု နဲ့ တရားစွဲဆိုထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

သူဟာ ဇူလိုင် ၃၀ ရက်နေ့ ရန်ကုန်မြို့က လျှပ်တပြတ်ဆန္ဒပြပွဲတခု သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရတာပါ။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ Toru Kubota ဟာ သတင်းယူဖို့အတွက် ဆန္ဒပြပွဲမှာ ပါဝင်သူတွေနဲ့ ဆက်သွယ်ချိန်းဆိုခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင် သူဟာ ဇူလိုင်လ (၁)ရက်နေ့က တိုးရစ်ဗီဇာနဲ့ ရန်ကုန်ကို ထိုင်းနိုင်ငံက တဆင့် ဝင်ရောက်ခဲ့ပြီး၊ ဇူလိုင်လ (၃၀)ရက်နေ့ ဒဂုံမြို့သစ်တောင်ပိုင်း City max အနီး ဆန္ဒပြပွဲကို ဖုန်းကင်မရာနဲ့ မှတ်တမ်းတင် ရိုက်ကူးနေချိန်မှာ ထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို Toru Kubota အပါအဝင် မြန်မာနိုင်ငံမှာ သတင်းသမားတွေကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းနှစ်ရှည်ထောင်ဒဏ်တွေချမှတ်နေတဲ့အပေါ် IFJ နိုင်ငံတကာသတင်းထောက်များအဖွဲ့ကလည်း ဒီကနေ့မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ပါတယ်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ နိုင်ငံတကာသတင်းထောက်တွေထဲမှာ Kubota ဟာ ငါးယောက်မြောက်ဖြစ်တယ်လို့လည်း IFJ ရဲ့ ကြာသပတေးနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG