သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွါးရေးကျဆင်းမှု အကြောင်းရင်း (နှစ်ဘက်အမြင်)


ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံတခုမြင်ကွင်း။ ၁၈ စက်တင်ဘာ ၂၀၁၅
ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံတခုမြင်ကွင်း။ ၁၈ စက်တင်ဘာ ၂၀၁၅

[[ ZAWGYI / UNICODE ]]

မြန်မာ့စီးပွါးရေးကျဆင်းမှု အကြောင်းရင်း ( နှစ်ဘက်အမြင် )

ပြည်တွင်းစီးပွားရေးကျဆင်းရတဲ့ အကြောင်းရင်းမှာ ရွေးကောက်ပွဲ မဲမသာမှုရဲ့ နောက်ဆက်တွဲ နိုင်ငံရေးပြဿနာတွေကြောင့် ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပေမယ့် စစ်တပ်က တရားမဝင်အာဏာသိမ်းပြီး မတရားဖိနှိပ်မှုတွေကြောင့်သာ မြန်မာ့စီးပွားရေး ချွတ်ခြုံကျ ခဲ့ရတာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးအကျပ်အတည်းရင်ဆိုင်ရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်လို့ အပြန်အလှန်ပြောဆိုချက်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။


စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အောက်တိုဘာ ၄ရက်နေ့ ပြည် ခရီးစဉ်အတွင်း အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး MSME လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ မြန်မာ့စီးပွားရေး ကျဆင်းမှုတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ သူပြောကြားခဲ့တဲ့အထဲမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို စစ်ဘက်၊ အရပ်ဘက် မျှမျှတတ ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ ရွေးကောက်ပွဲ မဲမသမာမှုရဲ့ နောက်ဆက်တွဲ နိုင်ငံရေးပြဿနာတွေ ကြောင့် ပြည်တွင်းစီးပွားရေးကျဆင်းမှုဖြစ်ပေါ်ခဲ့သလို၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး အခက်အခဲတွေ ပေါ်ပေါက်ခဲ့ရတာဖြစ်တယ်လို့ ဆိုသွားပါတယ်။

ဒါပေမယ့်လည်း (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဒုတိယ ကော်မတီရဲ့ အောက်တိုဘာလ ၄ ရက်နေ့ ကမ္ဘာ့စီးပွားရေးဆိုင်ရာ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အာဏာ သိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လပေါင်း ၂၀ အတွင်း စီးပွားရေးချွတ်ခြုံကျခဲ့ရတဲ့ အကြောင်းအရင်းကို အခုလို တင်ပြသွားပါတယ်။

"စစ်တပ်က အာဏာသိမ်းပြီး လပေါင်း ၂၀ ကျော်အတွင်း လူမဆန်တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ရွာတွေကို မီးရှို့၊ နေအိမ်တွေကို ဖျက်ဆီးခဲ့ပါတယ်။ ဒါအပြင် အမျိုးသမီးတွေ၊ မိန်းကလေးတွေနဲ့ ကလေးသူငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူတွေအပေါ် အလွန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီက ကျူးလွန်နေဆဲဖြစ်ပြီး၊ ဥပဒေမဲ့ သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက်၊ မတရားဖမ်းဆီး၊ ဖိနှိပ်နေပါတယ်။ ဒါကြောင့် ဒီအကျိုးဆက် ရလာဒ်တွေအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး အခက်အခဲတွေအပြင် လူသား ချင်းစာနထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများစွာကို ရင်ဆိုင်နေရပါတယ်။"

ပြည်တွင်းက လုံခြုံရေးကြောင့် အမည်မဖေါ်လိုတဲ့ စီးပွားရေးအကဲခတ်တဦးကတော့- အရင်တုန်းကဆိုရင် ဘယ်အစိုးရပဲတက်တက် စီးပွားရေးလောကအနေနဲ့ လုပ်ငန်းတွေ ရပ်တည်လည်ပတ်နိုင်အောင်လုပ်နိုင်ကြပေမယ့် အခု စစ်ကောင်စီလက်ထက်မှာ ရုန်းကန် ထွက်ပေါက်ရှာဖို့ လမ်းတွေပိုပြီးခက်ခဲလာတယ်လို့ ဗွီအိုအေကိုပြောပါတယ်။ အဓိကအကြောင်းရင်းကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံတနိုင်ငံကို အုပ်ချုပ်စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းမရှိပဲ စိတ်ကူးတည့်ရာလုပ်နေတာဖြစ်သလို၊ အလွှာစုံမှာရှိနေတဲ့ နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ စစ်ကောင်စီကို ဘယ်လိုမှ လက်မခံနိုင်တာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စီးပွားရေးကျဆင်းမှုကို အဓိကဖြေရှင်းပေးရမယ့် အကြောင်းအရင်းကိုတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက စီးပွားရေးနဲ့ ဘဏဏ္ဍာရေးဆိုင်ရာ ဒုတိယကော်မတီအစည်းအဝေးမှာ အခုလိုပြောကြားခဲ့ပါတယ်။

" မြန်မာပြည်သူ အများအပြားဟာ စီးပွားရေးအရ ချွတ်ခြုံကျနေပြီး စားနပ်ရိက္ခာမလုံလောက်၊ အိုးမဲ့အိမ်မဲ့ဖြစ်နေကြသလို အလွန်အမင်းဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေ ကြရပါတယ်။ ဒါကြောင့် ဒီအခြေအနေမှာ စစ်အာဏာရှင်တွေအနေနဲ့ တိုင်းပြည် စီးပွားရေး၊ နိုင်ငံတည်ငြိမ်ရေး အတွက် လုပ်ဆောင်နိုင်တဲ့ အနေအထား မရှိဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ စီးပွားရေးပြန်လည်ထူထောင်ဖို့ ဆင်းရဲတွင်းကနေ လွတ်မြောက်ဖို့ အတွက် မြန်မာပြည်သူတွေကို ပံ့ပိုးကူညီဖို့ဆိုရင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ပြန်လည်ထူထောင်ခြင်းဖြင့်သာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။"

စစ်ကောင်စီလက်အောက် နိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန် GDP ဟာ ၁၈% ထိကျဆင်းသွားပြီး၊ လူ့စွမ်းအားအရင်းအမြစ်အမြောက်အမြားနိုင်ငံတွင်းကနေ စွန့်ခွာသွားကြတဲ့အပြင် ခန့်မှန်းခြေ လူဦးရေ ၁၁ သန်း လောက် ဆိုးရွားတဲ့ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတဲ့အပြင် ၁၄.၄ သန်းလောက်ဟာလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အစည်းအဝေးအတွင်း ပြောကြားခဲ့ပါတယ်။

================

{{ UNICODE }}












XS
SM
MD
LG