သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အရင္းခံ ႏိုင္ငံေရးအက်ပ္အတည္းကို မေျဖရွင္းဘဲ ဦးေမာ့စရာအေၾကာင္းမရွိတဲ့ ျမန္မာ့စီးပြားေရး


Myanmar Economy

ကမာၻ႔ျမန္မာ့ မီဒီယာျမင္ကြင္း

အခုတေလာ သတင္းမီဒီယာေတြ၊ ဆိုရွယ္မီဒီယာေတြမွာ ျမန္မာက်ပ္ေငြတန္ဖိုး အဆမတန္ က်ဆင္းေနတာ၊ ေဒၚလာေစ်းႏႈန္းနဲ႔ ေ႐ႊေစ်းေတြ ထိုးတက္ေနတာ၊ ဓာတ္ဆီဝယ္မရတာ၊ ေဆးဝါးနဲ႔ အေျခခံကုန္ေစ်းႏႈံးေတြ ဆက္တိုက္တက္ေနတယ္ဆိုတဲ့အေၾကာင္းေတြက အေတာ္ေလး ေနရာယူထားတာ ေတြ႔ရပါတယ္။ ေနရာယူမယ္ဆိုလည္း ယူစရာပါပဲ။ တစ္ေဒၚလာ ၄,၀၀၀ က်ပ္၊ ေ႐ႊတစ္က်ပ္သား က်ပ္ ၃၅ သိန္း၊ ဓာတ္ဆီ ၁ လီတာ ၂,၆၀၀၊ ၂,၇၀၀ က်ပ္၊ မႀကဳံစဖူး ထူးကဲတဲ့ စံခ်ိန္တင္ေစ်းႏႈန္းေတြ ျဖစ္ခဲ့တာကိုေတြ႔ၾကရမွာ ျဖစ္ပါတယ္။

"စစ္အာအာသိမ္းလိုက္တဲ့အခ်ိန္ကစလို႔ အေျခအေနေတြဟာ လုံးဝေျပာင္းလဲသြားခဲ့တယ္။ ေစ်းႏႈန္းေတြ ဆက္တိုက္တက္ေနတာေၾကာင့္ စီးပြားေရးလုပ္ငန္းေတြ ဒုကၡေရာက္ေနၾကတယ္။ ဘာလုပ္လို႔ လုပ္ရမွန္းကို မသိေတာ့ပါဘူး"လို႔ ရန္ကုန္ၿမိဳ႕က အသက္ (၅၀) အ႐ြယ္ ဆိုင္ပိုင္ရွင္ အမ်ိဳးသမီးတစ္ဦးက ေျပာတဲ့အေၾကာင္းကို ဂ်ပန္သတင္းဌာန Nikkei Asia က ၾသဂုတ္လ (၂၆) ရက္ေန႔မွာ ေဖာ္ျပတဲ့ " စစ္တပ္ကအာဏာရယူ
ၿပီးေနာက္ ေငြေၾကးေဖာင္းပြမႈဒဏ္ကို အလူးအလဲခံစားေနရတဲ့ ျမန္မာစားသုံးသူမ်ား" ဆိုတဲ့ ေဆာင္းပါးမွာ ေရးသားထားတာ ေတြ႔ရပါတယ္။

အဲဒီေဆာင္းပါးမွာပဲ စစ္တပ္က ထိန္းခ်ဳပ္ထားတဲ့ ျမန္မာႏိုင္ငံမွာ ေငြေၾကးေဖာင္းပြမႈႏႈန္း ျမင့္တက္ေနတယ္။ ဆန္ေစ်းႏႈန္းနဲ႔ ေနစဥ္မရွိမျဖစ္လိုအပ္တဲ့ စားေသာက္ကုန္ေစ်းႏႈန္းေတြ ထိုးတက္ေနတယ္။ ျမန္မာက်ပ္ေငြတန္ဖိုး က်ဆင္းေနၿပီး ႏိုင္ငံျခားအရန္ေငြလည္း ေလ်ာ့နည္းလာေနတယ္။ တိုင္းျပည္ဟာ အဆိုးေက်ာ့သံသရာထဲမွာ ေငြေၾကးေဖာင္းပြမႈဟာ ထိန္းမႏိုင္ သိမ္းမရျဖစ္ေနၿပီး စီးပြားေရးအေျခအေနဟာ အဆိုးဆုံးအေနအထားကို ေရာက္ေနတယ္လို႔ ေရးသားထားပါတယ္။ ဒါ့အျပင္ေဆာင္းပါးမွာ လူအမ်ားစုစားသုံးတဲ့ ဆန္တစ္ျပည္ဟာ ၃,၉၀၀ က်ပ္၊ စားအုန္းဆီ တစ္ပိသာကို ၉,၅၀၀ က်ပ္ထိ ေစ်းႏႈန္းတက္ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါဟာ ၂၀၂၁ မတ္လနဲ႔ ႏႈိင္းယွဥ္ရင္၂၀၂၂၊ ၾသဂုတ္လမွာ ဆန္ေစ်းႏႈန္းဟာ ၄၄ ရာႏႈန္း၊ စားအုန္းဆီဟာ ၁၅၀ ရာႏႈန္း ျမင့္တက္သြားခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဘာေၾကာင့္ခုလို က်ပ္ေငြတန္ဖိုး က်ဆင္းေနရတာလဲ။ ေငြတန္ဖိုး က်ဆင္းရျခင္းမွာ အဓိကအေၾကာင္း သုံးခုရွိတယ္လို႔ စီးပြားေရးကြၽမ္းက်င္သူ ေတြကဆိုပါတယ္။ အဲဒီအေၾကာင္းရင္း သုံးခုကေတာ့ (၁) ျပည္ပကို ႏိုင္ငံျခားေငြ အရင္းအႏွီးမ်ား အလုံးအရင္းနဲ႔ ျပန္လည္ထြက္ခြာသြားျခင္း (capital outflows) )။ (၂) အေရးႀကီး သြင္းကုန္မ်ားတင္သြင္းဖို႔ ႏိုင္ငံျခား ေငြျပတ္လပ္သြားျခင္း (Balance of Payment-BOP crisis)။ (၃) အစိုးရဘတ္ဂ်က္ လိုေငြျပမႈ ျမင့္မားလာျခင္းနဲ႔အတူ ဗဟိုဘဏ္က လိုေငြအတြက္ ေငြစကၠဴ႐ိုက္ထုတ္ ေျဖရွင္းရာမွ ေငြေဖါင္းပြမႈ ျမင့္မားလာျခင္းတို႔ ျဖစ္ပါတယ္။ လက္ရွိျမန္မာႏိုင္ငံရဲ႕ အေနအထားဟာ အထက္ပါ အခ်က္သုံးခ်က္လုံးနဲ႔ ဆက္ႏြယ္ေနတယ္လို႔ ဆိုႏိုင္ပါတယ္။

ဇူလိုင္လအတြင္းက ထုတ္ျပန္ခဲ့တဲ့ ကမာၻ႔ဘဏ္ရဲ႕ ျမန္မာ့စီးပြားေရးအစီရင္ခံစာမွာ၂၀၂၂ ခုႏွစ္ ပထမ ၆ လအတြင္း သြင္းကုန္တန္ဖိုးဟာ ပို႔ကုန္တန္ဖိုးထက္ အေမရိကန္ေဒၚလာ ၁၅၉ သန္း ပိုမ်ားတယ္။ ၂၀၂၁ ခုႏွစ္ စက္တင္ဘာ သုံးလပတ္အတြင္းမွာပဲ ႏိုင္ငံျခားေငြ ျပည္ပကိုထြက္သြားတာဟာ ေဒၚလာ ၁ ဘီလီယံရွိတယ္။ ဒါ့အျပင္ ႏိုင္ငံျခားအရန္ေငြေၾကး ပမာဏဟာလည္း စိုးရိမ္ေရမွတ္ေရာက္ေနၿပီလို႔ ေဖာ္ျပထားပါတယ္။

ျမန္မာစစ္ေကာင္စီမွာ ႏိုင္ငံျခားအရန္ေငြေၾကး ဘယ္ေလာက္ရွိတယ္ဆိုတာ အတိအက် မသိႏိုင္ေပမဲ့ အရန္ေငြေၾကး ေလ်ာ့နည္းလာတယ္ဆိုတာကေတာ့ ခန႔္မွန္းလို႔ရပါတယ္။ သြင္းကုန္ရေငြ အေမရိကန္ေဒၚလာေတြကို ဗဟိုဘဏ္ကထိန္းခ်ဳပ္တာ၊ ေလာင္စာဆီတင္သြင္းတာကို တစ္ဝက္နီးပါး ေလွ်ာ့ခ်လိုက္တာေတြဟာ သိသာထင္ရွားတဲ့အခ်က္ေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ အေျခအေနဟာ စီးပြားေရးၿပိဳလဲၿပီး ေနာက္ဆက္တြဲအေနနဲ႔ အေရးပါၿပိဳလဲခဲ့ရတဲ့ သီရိလကၤာႏိုင္ငံနဲ႔ ဆင္တူလာတယ္လို႔ ႏႈိင္းယွဥ္သုံးသပ္သူေတြလည္း ရွိပါတယ္။ ဒီအေၾကာင္းကို Bangkok Post သတင္းစာရဲ႕ ဇူလိုင္ ၂၆ ရက္ေန႔က ေဖာ္ျပတဲ့ "သီရိလကၤာလိုမျဖစ္ဖို႔ ျမန္မာမွာ လုံေလာက္တဲ့ ရန္ပုံေငြရွိရဲ႕လား" ဆိုတဲ့ ေဆာင္းပါးမွာေတာ့ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက သီရိလကၤာလို ျဖစ္စရာအေၾကာင္း လုံးဝမရွိပါဘူး။ ႏိုင္ငံျခားအရန္ေငြေၾကး အေမရိကန္ေဒၚလာ အလုံအေလာက္ ရိွပါတယ္။ သီရိလကၤာလို မျဖစ္ေအာင္ ေရွာင္ရွားႏိုင္ပါတယ္" လို႔ ေျပာဆိုေၾကာင္း ေရးသားထားပါတယ္။

ဒါေပမဲ့ စီးပြားေရးပညာရွင္တစ္ဦးျဖစ္တဲ့ ဆရာၿငိမ္းေစကေတာ့ "လက္ရွိ ျမန္မာႏိုင္ငံတြင္ ႀကဳံေတြ႔ေနရေသာ စီးပြားေရးျဖစ္စဥ္မွာ ေဈးကြက္ႏွင့္ မက္ခ႐ိုေဘာဂေဗဒ အေျခခံစဥ္းစား၍ မရေသာကိစၥ ျဖစ္သည္။ သာမန္မတည္ၿငိမ္ေသာ စီးပြားေရးအေျခအေနလည္း မဟုတ္ပါ။ အထိန္းအေထသေဘာေဆာင္ေသာ စီးပြားေရး အေဆာက္အအုံမ်ား Economic Institutions မ်ား ၿပိဳက်ေနေသာ အေျခအေနလည္း ျဖစ္သည္။ ႏိုင္ငံေရးေပါက္ကြဲမႈမွ လူမႈအစီအစဥ္ တရပ္ပ်က္သြားျခင္းျဖင့္ ဗရမ္းဗတာ ျဖစ္ဆဲအေျခအေနတခု (Evolving Chaos) အတြင္း ေရာက္ရွိေနျခင္း ျဖစ္သည္" လို႔ ဆိုရွယ္မီဒီယာမွာ ေရးသားထားပါတယ္။

ကေမာက္ကမ ျဖစ္ေနတဲ့ လက္ရွိျမန္မာစီးပြားေရးရဲ႕ အရင္းခံအေၾကာင္းရင္းဟာ ႏိုင္ငံေရးအက်ပ္အတည္းရဲ႕ အက်ိဳးဆက္ ျဖစ္ပါတယ္။ တနည္းအားျဖင့္ စစ္တပ္အာဏာသိမ္းရာကစတဲ့ ႏိုင္ငံေရးမတည္ၿငိမ္မႈရဲ႕ ဆင့္ကဲ႐ိုက္ခတ္မႈေတြေၾကာင့္ လူမႈေရးနဲ႔ စီးပြားေရး မတည္ၿငိမ္မႈေတြ ေပၚေပါက္လာရတာပါ။

ဒါေၾကာင့္ ျမန္မာ့စီးပြားေရးဟာ ေစ်းကြက္ထဲကို ေဒၚလာ သန္း ၂၀၀ ထည့္တဲ့ ေဆးၿမီးတို ကုထုံးမ်ိဳးနဲ႔ ေျဖရွင္းႏိုင္မွာ မဟုတ္ပါဘူး။ အျပည္ျပည္ဆိုင္ရာ ေငြေၾကးရံပုံေငြအဖြဲ႕(IMF) ကမာၻ႔ဘဏ္တို႔လို အဖြဲ႕အစည္းႀကီးေတြရဲ႕ ေက်ာေထာက္ေနာက္ခံ အကူအညီရယူ ေျဖရွင္းႏိုင္မွသာ ေရရွည္မွာ တည္ၿငိမ္တဲ့ စီးပြားေရး အေဆာက္အအုံ ျဖစ္ေစႏိုင္မွာပါ။ IMF နဲ႔ ကမာၻ႔ဘဏ္ရဲ႕ အကူအညီရဖို႔ဆိုတာကလည္း ႏိုင္ငံေရးေပၚ တည္ေနျပန္ပါတယ္။ ဒါေၾကာင့္ အရင္းခံအေၾကာင္းရင္းျဖစ္တဲ့ ႏိုင္ငံေရးအက်ပ္အတည္းကို မေျဖရွင္းဘဲ ျမန္မာ့စီးပြာေရး ျပန္လည္ဦးေမာ့လာေရးဆိုတာဟာ စိတ္ကူးယဥ္ဆန္လွေၾကာင္းပါ။

=== Unicode ===

ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း

အခုတလော သတင်းမီဒီယာတွေ၊ ဆိုရှယ်မီဒီယာတွေမှာ မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းနေတာ၊ ဒေါ်လာဈေးနှုန်းနဲ့ ရွှေဈေးတွေ ထိုးတက်နေတာ၊ ဓာတ်ဆီဝယ်မရတာ၊ ဆေးဝါးနဲ့ အခြေခံကုန်ဈေးနှုံးတွေ ဆက်တိုက်တက်နေတယ်ဆိုတဲ့အကြောင်းတွေက အတော်လေး နေရာယူထားတာ တွေ့ရပါတယ်။ နေရာယူမယ်ဆိုလည်း ယူစရာပါပဲ။ တစ်ဒေါ်လာ ၄,၀၀၀ ကျပ်၊ ရွှေတစ်ကျပ်သား ကျပ် ၃၅ သိန်း၊ ဓာတ်ဆီ ၁ လီတာ ၂,၆၀၀၊ ၂,၇၀၀ ကျပ်၊ မကြုံစဖူး ထူးကဲတဲ့ စံချိန်တင်ဈေးနှုန်းတွေ ဖြစ်ခဲ့တာကိုတွေ့ကြရမှာ ဖြစ်ပါတယ်။

"စစ်အာအာသိမ်းလိုက်တဲ့အချိန်ကစလို့ အခြေအနေတွေဟာ လုံးဝပြောင်းလဲသွားခဲ့တယ်။ ဈေးနှုန်းတွေ ဆက်တိုက်တက်နေတာကြောင့် စီးပွားရေးလုပ်ငန်းတွေ ဒုက္ခရောက်နေကြတယ်။ ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ပါဘူး"လို့ ရန်ကုန်မြို့က အသက် (၅၀) အရွယ် ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောတဲ့အကြောင်းကို ဂျပန်သတင်းဌာန Nikkei Asia က သြဂုတ်လ (၂၆) ရက်နေ့မှာ ဖော်ပြတဲ့ " စစ်တပ်ကအာဏာရယူ
ပြီးနောက် ငွေကြေးဖောင်းပွမှုဒဏ်ကို အလူးအလဲခံစားနေရတဲ့ မြန်မာစားသုံးသူများ" ဆိုတဲ့ ဆောင်းပါးမှာ ရေးသားထားတာ တွေ့ရပါတယ်။

အဲဒီဆောင်းပါးမှာပဲ စစ်တပ်က ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေတယ်။ ဆန်ဈေးနှုန်းနဲ့ နေစဉ်မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်ဈေးနှုန်းတွေ ထိုးတက်နေတယ်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေပြီး နိုင်ငံခြားအရန်ငွေလည်း လျော့နည်းလာနေတယ်။ တိုင်းပြည်ဟာ အဆိုးကျော့သံသရာထဲမှာ ငွေကြေးဖောင်းပွမှုဟာ ထိန်းမနိုင် သိမ်းမရဖြစ်နေပြီး စီးပွားရေးအခြေအနေဟာ အဆိုးဆုံးအနေအထားကို ရောက်နေတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင်ဆောင်းပါးမှာ လူအများစုစားသုံးတဲ့ ဆန်တစ်ပြည်ဟာ ၃,၉၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိသာကို ၉,၅၀၀ ကျပ်ထိ ဈေးနှုန်းတက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါဟာ ၂၀၂၁ မတ်လနဲ့ နှိုင်းယှဉ်ရင်၂၀၂၂၊ သြဂုတ်လမှာ ဆန်ဈေးနှုန်းဟာ ၄၄ ရာနှုန်း၊ စားအုန်းဆီဟာ ၁၅၀ ရာနှုန်း မြင့်တက်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘာကြောင့်ခုလို ကျပ်ငွေတန်ဖိုး ကျဆင်းနေရတာလဲ။ ငွေတန်ဖိုး ကျဆင်းရခြင်းမှာ အဓိကအကြောင်း သုံးခုရှိတယ်လို့ စီးပွားရေးကျွမ်းကျင်သူ တွေကဆိုပါတယ်။ အဲဒီအကြောင်းရင်း သုံးခုကတော့ (၁) ပြည်ပကို နိုင်ငံခြားငွေ အရင်းအနှီးများ အလုံးအရင်းနဲ့ ပြန်လည်ထွက်ခွာသွားခြင်း (capital outflows) )။ (၂) အရေးကြီး သွင်းကုန်များတင်သွင်းဖို့ နိုင်ငံခြား ငွေပြတ်လပ်သွားခြင်း (Balance of Payment-BOP crisis)။ (၃) အစိုးရဘတ်ဂျက် လိုငွေပြမှု မြင့်မားလာခြင်းနဲ့အတူ ဗဟိုဘဏ်က လိုငွေအတွက် ငွေစက္ကူရိုက်ထုတ် ဖြေရှင်းရာမှ ငွေဖေါင်းပွမှု မြင့်မားလာခြင်းတို့ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အနေအထားဟာ အထက်ပါ အချက်သုံးချက်လုံးနဲ့ ဆက်နွယ်နေတယ်လို့ ဆိုနိုင်ပါတယ်။

ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးအစီရင်ခံစာမှာ၂၀၂၂ ခုနှစ် ပထမ ၆ လအတွင်း သွင်းကုန်တန်ဖိုးဟာ ပို့ကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ ၁၅၉ သန်း ပိုများတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ သုံးလပတ်အတွင်းမှာပဲ နိုင်ငံခြားငွေ ပြည်ပကိုထွက်သွားတာဟာ ဒေါ်လာ ၁ ဘီလီယံရှိတယ်။ ဒါ့အပြင် နိုင်ငံခြားအရန်ငွေကြေး ပမာဏဟာလည်း စိုးရိမ်ရေမှတ်ရောက်နေပြီလို့ ဖော်ပြထားပါတယ်။

မြန်မာစစ်ကောင်စီမှာ နိုင်ငံခြားအရန်ငွေကြေး ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိနိုင်ပေမဲ့ အရန်ငွေကြေး လျော့နည်းလာတယ်ဆိုတာကတော့ ခန့်မှန်းလို့ရပါတယ်။ သွင်းကုန်ရငွေ အမေရိကန်ဒေါ်လာတွေကို ဗဟိုဘဏ်ကထိန်းချုပ်တာ၊ လောင်စာဆီတင်သွင်းတာကို တစ်ဝက်နီးပါး လျှော့ချလိုက်တာတွေဟာ သိသာထင်ရှားတဲ့အချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စီးပွားရေးပြိုလဲပြီး နောက်ဆက်တွဲအနေနဲ့ အရေးပါပြိုလဲခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံနဲ့ ဆင်တူလာတယ်လို့ နှိုင်းယှဉ်သုံးသပ်သူတွေလည်း ရှိပါတယ်။ ဒီအကြောင်းကို Bangkok Post သတင်းစာရဲ့ ဇူလိုင် ၂၆ ရက်နေ့က ဖော်ပြတဲ့ "သီရိလင်္ကာလိုမဖြစ်ဖို့ မြန်မာမှာ လုံလောက်တဲ့ ရန်ပုံငွေရှိရဲ့လား" ဆိုတဲ့ ဆောင်းပါးမှာတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သီရိလင်္ကာလို ဖြစ်စရာအကြောင်း လုံးဝမရှိပါဘူး။ နိုင်ငံခြားအရန်ငွေကြေး အမေရိကန်ဒေါ်လာ အလုံအလောက် ရှိပါတယ်။ သီရိလင်္ကာလို မဖြစ်အောင် ရှောင်ရှားနိုင်ပါတယ်" လို့ ပြောဆိုကြောင်း ရေးသားထားပါတယ်။

ဒါပေမဲ့ စီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဆရာငြိမ်းစေကတော့ "လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော စီးပွားရေးဖြစ်စဉ်မှာ ဈေးကွက်နှင့် မက်ခရိုဘောဂဗေဒ အခြေခံစဉ်းစား၍ မရသောကိစ္စ ဖြစ်သည်။ သာမန်မတည်ငြိမ်သော စီးပွားရေးအခြေအနေလည်း မဟုတ်ပါ။ အထိန်းအထေသဘောဆောင်သော စီးပွားရေး အဆောက်အအုံများ Economic Institutions များ ပြိုကျနေသော အခြေအနေလည်း ဖြစ်သည်။ နိုင်ငံရေးပေါက်ကွဲမှုမှ လူမှုအစီအစဉ် တရပ်ပျက်သွားခြင်းဖြင့် ဗရမ်းဗတာ ဖြစ်ဆဲအခြေအနေတခု (Evolving Chaos) အတွင်း ရောက်ရှိနေခြင်း ဖြစ်သည်" လို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

ကမောက်ကမ ဖြစ်နေတဲ့ လက်ရှိမြန်မာစီးပွားရေးရဲ့ အရင်းခံအကြောင်းရင်းဟာ နိုင်ငံရေးအကျပ်အတည်းရဲ့ အကျိုးဆက် ဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်တပ်အာဏာသိမ်းရာကစတဲ့ နိုင်ငံရေးမတည်ငြိမ်မှုရဲ့ ဆင့်ကဲရိုက်ခတ်မှုတွေကြောင့် လူမှုရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ ပေါ်ပေါက်လာရတာပါ။

ဒါကြောင့် မြန်မာ့စီးပွားရေးဟာ ဈေးကွက်ထဲကို ဒေါ်လာ သန်း ၂၀၀ ထည့်တဲ့ ဆေးမြီးတို ကုထုံးမျိုးနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့(IMF) ကမ္ဘာ့ဘဏ်တို့လို အဖွဲ့အစည်းကြီးတွေရဲ့ ကျောထောက်နောက်ခံ အကူအညီရယူ ဖြေရှင်းနိုင်မှသာ ရေရှည်မှာ တည်ငြိမ်တဲ့ စီးပွားရေး အဆောက်အအုံ ဖြစ်စေနိုင်မှာပါ။ IMF နဲ့ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီရဖို့ဆိုတာကလည်း နိုင်ငံရေးပေါ် တည်နေပြန်ပါတယ်။ ဒါကြောင့် အရင်းခံအကြောင်းရင်းဖြစ်တဲ့ နိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းဘဲ မြန်မာ့စီးပွာရေး ပြန်လည်ဦးမော့လာရေးဆိုတာဟာ စိတ်ကူးယဉ်ဆန်လှကြောင်းပါ။

XS
SM
MD
LG