သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေတာ္လွန္ေရးလမ္း ေရြးခဲ့ၾကတဲ့ ျမန္မာနဲ႔ ယူကရိန္း အမ်ိဳးသမီးစစ္သည္မ်ား


႐ုရွားက်ဴးေက်ာ္စစ္ကို ခုခံ တိုက္ခိုက္ေနၾကတဲ့ ယူကရိန္းႏိုင္ငံမွာ ေနရာစုံ အလႊာစုံက အမ်ိဳးသမီးေတြ လက္နက္စြဲကိုင္ ပါဝင္ေနၾကသလို၊ ျမန္မာႏိုင္ငံမွာလည္း စစ္တပ္အာဏာသိမ္းမႈ ေနာက္ပိုင္း လက္နက္ကိုင္ ေတာ္လွန္သူေတြထဲ အမ်ိဳးသမီးေတြ အမ်ားအျပား ပါဝင္ပါတယ္။

[Unicode/Zawgyi]

တော်လှန်ရေးလမ်း ရွေးခဲ့တဲ့ မြန်မာနဲ့ ယူကရိန်း အမျိုးသမီးစစ်သည်များ (အမျိုးသမီးကဏ္ဍ)

ရုရှားကျူးကျော်စစ်ကို ခုခံ တိုက်ခိုက်နေကြတဲ့ ယူကရိန်းနိုင်ငံမှာ နေရာစုံ အလွှာစုံက အမျိုးသမီးတွေ လက်နက်စွဲကိုင် ပါဝင်နေကြသလို၊ မြန်မာနိုင်ငံမှာလည်း စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း လက်နက်ကိုင် တော်လှန်သူတွေထဲ အမျိုးသမီးတွေ အများအပြား ပါဝင်ပါတယ်။ တောင်သူ၊ အလုပ်သမား၊ ကျောင်းသူ ကနေ ကျောင်းဆရာမ၊ ဆရာဝန်၊ သူနာပြု၊ အင်ဂျင်နီယာ၊ ရှေ့နေ အဆုံး အလုပ်အကိုင်စုံ၊ အလွှာစုံက အမျိုးသမီးတွေ ပါဝင်နေကြတာပါ။ ပုံမှန် အလုပ်အကိုင်တွေကို စွန့်ပြီး သူတို့ဘာကြောင့် လက်နက်ကိုင် နေကြတာပါလဲ။ သူတို့ရဲ့ ယုံကြည်ချက်က ဘာပါလဲ။ မြန်မာနဲ့ ယူကရိန်းက အမျိုးသမီး စစ်သည်တချို့ ဘာတွေ ပြောထားသလဲ ဆိုတာ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေ ကျရာ နေရာကနေ လှုပ်ရှား ပါဝင်နေကြတာမှာ လက်နက်ကိုင် တော်လှန်နေကြတဲ့ လူငယ် အမျိုးသမီးတွေ အများအပြား ရှိပါတယ်။ ဒီအထဲမှာ အထက်တန်းပြီးခါစ လူငယ်အမျိုးသမီး မအမွှေစိန် လည်း ပါပါတယ်။ လက်နက်ကိုင် တော်လှန်ရေး ဆိုတာ ဘာမှန်း မသိခဲ့ပေမဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း သူ ပါဝင်ခဲ့တဲ့ မြောင်မြို့က ကန့်ကွက် ဆန္ဒပြပွဲတွေ ဖြိုခွဲ ခံခဲ့ရပြီးတဲ့ နောက်မှာတော့ လက်နက်ကိုင် တော်လှန်ဖို့ အထိ စိတ်ပိုင်းဖြတ်ခဲ့တာလို့ သူက ပြောပြပါတယ်။

“အစကတော့ ကျနော်တို့တွေ မအလရဲ့ လုပ်ရပ်တွေကို မကြိုက်ဘူး။ မကြိုက်တဲ့အတွက် ကျနော်တို့ရဲ့ ဆန္ဒကို အားလုံးနဲ့ပူးပေါင်းပြီးတော့ လက်သုံးချောင်းထောင် ဆန္ဒပြခဲ့တယ်။ အော်ခဲ့ကြတယ်။ အလိုမရှိတဲ့အကြောင်း အော်ခဲ့ကြတယ်။ ဒါပေမဲ့ ကျနော်တို့ လက်သုံးချောင်ထောင်ပြီး တောင်းဆိုပေမဲ့ မရခဲ့ဘူး။ အဲ့ဒါကြောင့် လက်သုံးချောင်း ထောင်လို့မရတော့တဲ့အတွက် လက်ညှိုးကွေးမှ ဖြစ်တော့မယ်ပေါ့။ လက်နက်ကိုင်လမ်းစဉ်က ထိရောက်မှု ရှိလားဆိုရင်တော့ ကျနော်တို့အမြင်ကတော့ အိမ်မှာနေပြီးတော့ အောင်ရမယ် အောင်ရမယ်လို့ အော်နေတာထက် စာရင်တော့ ဒီဟာက ပိုပြီးထိရောက်တယ်လို့ ထင်ပါတယ်။”

ဒီလိုခံယူချက်နဲ့ပဲအမျိုးသမီးစစ်သည်အဖွဲ့မှာ ပါဝင်ပြီး ရပ်ရွာတွေထဲ စစ်ကောင်စီတပ်ဖွဲ့တွေ အလွယ်တကူ ဝင်ရောက်လို့ မရအောင်၊ ဒေသခံတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် မိုင်းတပ်ဖွဲ့မှာ ပါဝင် အမှုထမ်းနေတယ်လို့လည်း မအမွှေစိန်က ပြောပါတယ်။ အမျိုးသမီး တယောက်အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်ဖို့ ခက်ခဲနိုင်တယ်ဆိုတာ သိပေမဲ့ အာဏာရှင်ကို ကိုယ်တိုင် ချေမှုန်းချင်လွန်းလို့ ခုလိုလမ်းစဉ်ကို ရွေးချယ်ခဲ့တာလို့လည်း မအမွှေစိန် က ပြောပါတယ်။

“အရင်တုန်းကတော့ ဒီလုပ်ငန်းကြီး၊ ဒီလက်နက်ကိုင်လမ်းစဉ် နဲ့ သေနတ် ဆိုတာကို ဘာမှန်းတောင် မသိခဲ့ဘူး။ ကိုယ်တွေက ကိုယ့်ဟာကိုယ် ရိုးရိုးလေးပဲ သာမန်ဘဝကို ဖြတ်သန်းနေတဲ့အချိန် ကိုယ့်အတွက်က ဒါကြီးက လုပ်ရပါမယ်လို့ သိမထားဘူး။ ကိုယ်မထင်ထားတဲ့ လုပ်ငန်းတခုကို လုပ်ရတဲ့အတွက် ခက်ခဲမယ်ဆိုတာ သိတယ်။ အမျိုးသမီးတွေ၊ ကျနော်တို့တွေ အနေနဲ့လည်း ခက်ခဲတယ်။ တခြား အမျိုးသမီးတွေ အနေနဲ့လည်း ခက်ခဲလိမ့်မယ်။ အမျိုးသမီးတွေက ပါမှဖြစ်မှာလား။ တခြားနေရာတွေကလည်း ထောက်ပံ့လို့ ရနေတာပဲ လို့ ပြောကြပေမဲ့ ကျနော့်အနေနဲ့ကတော့ ဟုတ်တယ်။ တခြားနေရာတွေ ထောက်ပံ့လို့ရတယ်။ လုပ်ငန်းကိုင်ငန်းတွေလည်း အများကြီး ရှိတယ်။ ထောက်ပို့ ပုံစံမျိုးနဲ့ ထောက်ပံ့လို့ရတယ်။ ဒါပေမဲ့ ကျနော် ကတော့ ကိုယ် ကိုယ်တိုင်က ပြုတ်ကျစေချင်တာမှာ မင်းအောင်လှိုင်ကို စိတ်ထဲမှာ တကယ်ကို မုန်းတီးနေတာ ဆိုတော့ ကိုယ်တိုင် ကိုယ့်လက်နဲ့ပဲ လုပ်ထားတဲ့ မိုင်းနဲ့ သူတို့ကို သေစေချင်တယ်။ အဲ့လိုမျိုး ဖြစ်လို့ ကိုယ်တိုင် ဒီအထဲမှာ ပါလာတာပါ။ ပြီးတော့ ဒီဟာက အမျိုးသားတွေမှ လုပ်နိုင်တာမဟုတ်ဘူး။ အမျိုးသမီးတွေလည်း ယောကျာ်းလေးတွေနဲ့ ရင်ဘောင်တန်းပြီး အကုန်လုံးကို လိုက်လုပ်နိုင်တယ်။ ဘယ်သူမဆို လိုက်လုပ်လို့ရတယ်။ အခုနောက်ပိုင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ရှိလာတယ်။ သူတို့အနေနဲ့လည်း ကိုယ့်ကို ယုံကြည်မှုရှိလာတယ်။ မိန်းခလေး ယောက်ျားလေးရယ် မဟုတ်ဘူး။ မိန်းခလေးတွေလည်း ဒါတွေကို လုပ်နိုင်ပါတယ်။”

သူ့လိုပဲလက်နက်ကိုင်လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ လူငယ်အမျိုးသမီးတွေကတော့ ခုချိန်မှာ အများအပြား ရှိပါတယ်။ လက်ရှိ မြောင်အမျိုးသမီး စစ်သည်အဖွဲ့မှာ ဦးဆောင် ပါဝင်နေသူတဦး ဖြစ်တဲ့ မအမရာ ကတော့ အရင်က မိသားစုနဲ့အတူ မိရိုးဖလာ တောင်သူအလုပ်ကို လုပ်ခဲ့တဲ့သူပါ။ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ရင်း နောက်ပိုင်းမှာ လက်နက်ကိုင် စစ်သည်တယောက် ဖြစ်လာခဲ့ပါတယ်။

“အခြေခံစစ်ရေး လေ့ကျင့်မှုတွေ လေ့လာဖြစ်ခဲ့တယ်။ နောက်ပိုင်းကတော့ ဒီကာလအတွင်းမှာဆိုရင် စိတ်ဓာတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေး.. စသဖြင့် လေ့လာပြီးတဲ့နောက်ပိုင်း လက်နက်ကိုင် လုပ်ငန်းစဉ်အောက်မှာ ထဲထဲဝင်ဝင် စပြီး ပါဝင်လှုပ်ရှားဖြစ်ခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာမှအမျိုးသမီးတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကပိုအားကောင်းလာခဲ့တယ်။ဒီလိုအားကောင်းလာတဲ့အခါကျတော့အောက်တိုဘာ (၂၀၂၁ခုနှစ်) အမျိုးသမီးစစ်သည်တပ်ရင်းမဖွဲ့နိုင်ခင်မှာဒီအပတ်စဉ်တိုင်းမှာရှိနေတဲ့အမျိုးသမီးတွေနဲ့စုစည်းမှုအားကောင်းလာအောင်အရင်ဆုံးသူတို့နဲ့တွေ့ဆုံမှုတွေလုပ်ခဲ့တယ်။ တွေ့ဆုံမှုတွေလုပ်ပြီး ငါတို့တွေဟာ ကျားမ တန်းတူ ရရှိဖို့အတွက်လည်း ဒီနွေဦးတော်လှန်ရေးမှာ အခြေခံပြီးတော့ သွားကြမယ်။ နောက်တခုက ဒီလက်နက်ကိုင် လမ်းစဉ်အောက်မှာ အမျိုးသားများနည်းတူ အမျိုးသမီးတွေရဲ့ ပူးပေါင်း ပါဝင်မှုလည်း အားကောင်းလာစေရမယ် ဆိုပြီး ရည်ရွယ်ချက်တွေ ထားပြီးတော့မှ လက်နက်ကိုင်လမ်းစဉ်အောက်ကို ထဲထဲဝင်ဝင် ပါဝင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။”

အာဏာရှင်ကိုဆန့်ကျင်ရာမှာ လက်နက်ကိုင်မှ ရမယ်လို့ ယုံကြည်ပြီး လက်နက် ဆွဲကိုင် ခဲ့ပေမဲ့လို့ တနှစ်ကျော် လာချိန်မှာတော့ ရည်မှန်းချက်တွေ ပြည့်ဝဖို့ လက်နက်ကိုင် လမ်းစဉ်တခုတည်းနဲ့ မလုံလောက်ဘူးဆိုတာကိုလည်း ပိုပြီး သဘောပေါက်လာ ခဲ့တယ်လို့လည်း မအမရာက ပြောပါတယ်။

“ဒီကြားထဲမှာ ပြောင်းလဲသွားတဲ့ ခံစားချက် ကတော့ ရှိသွားတယ်။ ဘာလဲဆိုတော့ မြို့နယ်အတွင်းမှာ တော်လှန်ရေး အင်အားစုတွေ ကလည်း အားကောင်းနေတယ်။ အားကောင်းနေတဲ့ အခြေအနေအပေါ်မှာမှ ဖြစ်ပေါ်လာတဲ့အရာတွေက ဘာတွေလဲဆိုတော့ လက်နက်ကိုင် လမ်းစဉ်တခုတည်း အားကောင်းပြီးတော့ အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်မယ်ဆိုတာ မသေချာနေဘူး။ လူထုကိုယ်တိုင်က နိုင်ငံရေး အမျှော်အမြင်ရှိရှိနဲ့ နိုင်ငံရေး ရှုထောင့်ကနေ သွားရမယ်။ လူထုက ကိုယ်လိုချင်တဲ့ ဖက်ဆစ်အာဏာရှင် စနစ် အမြစ်ပြတ် ကျဆုံးဖို့။ နောက်တခုက ပြည်သူလူထု တရပ်လုံးက လိုလားတောင့်တခဲ့တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရဖို့ဆိုရင် ဒီလက်နက်ကိုင် လမ်းစဉ် တခုတည်းနဲ့ သွားဖို့က ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာ ခေါင်းထဲမှာ ရောက်လာပြန်ရော။ ရောက်လာတဲ့ အခါကျတော့ လူမှုအဝန်းအဝိုင်း တခုတည်းမှာ ပြုပြင်ပြောင်းလဲရမယ့် အရာတွေရှိတယ်။ နိုင်ငံရေးအ ရကြည့်ရင်လည်း အဖွဲ့အစည်း၊ နိုင်ငံရေးအရ ဦးဆောင်ဦးရွက် ပြုနိုင်မယ့် ခေါင်းဆောင်ကောင်းတွေ၊ ကောင်းကောင်မွန်မွန် ဦးဆောင်ဦးရွက်ပြုနိုင်မယ့် ခေါင်းဆောင်တွေ မျှော်လင့်တယ်။ ဒီအတွက်လည်း အမရာ တို့တွေက ပြည်သူတရပ်အနေနဲ့ သော်လည်းကောင်း၊ လက်နက်ကိုင်လမ်းစဉ် အဖွဲ့အစည်းအနေနဲ့ သော်လည်းကောင်း၊ လူငယ်တယောက် အနေနဲ့သော်လည်းကောင်း ဒါတွေကို ဝေဖန်ထောက်ပြနိုင်ဖို့ လိုအပ်တယ်လို့ စဉ်းစားမိတဲ့အခါ၊ တကယ့်တကယ် လက်နက်ကိုင်လမ်းစဉ် အောက်ကနေ အမရာ တို့လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ၊ မျှော်မှန်းထားတဲ့ နိုင်ငံသစ်ဖြစ်လာဖို့ အတွက်ဆိုရင် တစိတ်တဒေသ အနေနဲ့သာ အထောက်အကူ ပြုပါလိမ့်မယ်။ တကယ့်တကယ် ပြုပြင်ပြောင်းလဲရမယ့် အရာတွေ အများကြီး ရှိနေသေးတဲ့အခါကျတော့ လူထုကြားကိုလည်း သွားတယ်။ လက်နက်ကိုင်လမ်းစဉ် အောက်မှာလည်း သွားတယ်။ လူငယ်တယောက်လည်း ဖြစ်တော့ လူငယ်ရေးရာကနေလည်း ပူးပေါင်း ပါဝင်ရမယ့် ကိစ္စရပ်မျိုတွေလည်း ပူးပေါင်း ပါဝင် ဆောင်ရွက်သင့်တယ် ဆိုပြီး မြင်လာတဲ့အခါ ဖြန့်ကျက်ပြီးတော့ သွားတဲ့အပိုင်းတွေတော့ ရှိလာခဲ့တာပေါ့။”

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာအမျိုးသမီး လူငယ်တွေ အများအပြား လက်နက်ကိုင်လှုပ်ရှားမှု အပါအဝင် လှုပ်ရှားမှုမျိုးစုံမှာ ပါဝင်နေကြသလိုပဲ၊ ရုရှားနိုင်ငံက ကျူးကျော် တိုက်ခိုက်တာကို ခံနေရတဲ့ ယူကရိန်း နိုင်ငံမှာလည်း ခုခံစစ်ပွဲဆင်နွှဲနေတာမှာ အမျိုးသမီးတွေ အများအပြား ရှေ့တန်းက ပါဝင်နေကြတာပါ။

အရင်ကအထည်လုပ်ငန်း လုပ်ခဲ့တဲ့ Karina ဆိုရင် အခုအခါ ယူကရိန်းနိုင်ငံ အရှေ့ခြမ်းက တိုက်ပွဲတွေမှာ ရှေ့တန်းကနေ တင့်ကားမောင်း စစ်သည်တယောက် အနေနဲ့ ပါဝင်နေပါတယ်။

"ကိုယ် လုပ်နိုင်တာမှန်သမျှ အမြင့်ဆုံး အကောင်းဆုံး ကူညီ ဆောင်ရွက်နိုင်အောင် ကြိုးစားပါတယ်။ စိတ်ဓာတ်ရေးရာ အရလည်း အမြင့်ဆုံး ထားပါတယ်။ လိုအပ်တဲ့ နေရာတိုင်းမှာ ဝင်လုပ်တယ်။ မိန်းမဖြစ်လို့ ဆိုပြီး မလုပ်ဘဲနေတာ ဘာမှမရှိဘူး။”

ဒီလိုစိတ်ထားနဲ့ ပါဝင်နေတာ သူတယောက်တည်း မဟုတ်ပါဘူး။ ဥပဒေအကျိုးဆောင် ရှေ့နေအလုပ်ကို ၁၀ နှစ်ကျော် လုပ်ခဲ့တဲ့ မာရီယာ ဆိုရင်လည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒွန်းဘက်စ်ဒေသမှာ ရုရှားတပ်ဖွဲ့တွေကို ခုခံ တိုက်ထုတ်နေတဲ့ တပ်မှူးတယောက် ဖြစ်ပါတယ်။ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် စိတ်ဓာတ်ပြင်းပြရင် ဘယ်လို အလုပ်မျိုးမဆို အောင်မြင်အောင် လုပ်နိုင်ပါတယ်လို့ သူကပြောပါတယ်။

"အမျိုးသမီးတယောက် သူ့တာဝန်တွေ သူ ကောင်းကောင်း ကျေပြွန်အောင် ထမ်းနိုင်တယ်ဆိုရင် ဒါ သူ လုပ်နိုင်တာပါပဲ။ အမျိုးသားနဲ့ အမျိုးသမီး မတူဘူးလို့ ပြောလို့မရပါဘူး။ ဒီအလုပ်က အမျိုးသမီးတွေနဲ့ မဆိုင်ဘူးလို့ မြင်ပြီး အစဉ်အလာစွဲတွေနဲ့ ကြည့်တတ်ကြတဲ့ တပ်မှူးတွေ ရှိနေပါသေးတယ်။ သူတို့က အမျိုးသမီး စစ်သည်တွေကို မလိုချင်ကြပါဘူး။ ဒါပေမဲ့ တကယ်လုပ်ချင်ကြတဲ့ အမျိုးသမီးတွေ အတွက် အခွင့်အလမ်းတွေ ကတော့ ရှိနေပါတယ်။ ကိုယ်တိုင်က စိတ်ဆန္ဒသာ ပြင်းပြတယ်ဆိုရင် ကိုယ့်ရဲ့ ရည်မှန်းချက်၊ ကိုယ်လုပ်ချင်တဲ့ အရာတွေကို အောင်မြင်အောင် လုပ်နိုင်ပါတယ်။”

ယူကရိန်းမှာဒီနှစ်အစောပိုင်း ရုရှားကျူးကျော်စစ် စခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့ အမျိုးသမီးတွေ သိသိသာသာ ပိုများလာခဲ့တာပါ။ လက်ရှိ ယူကရိန်းစစ်တပ် တိုက်ခိုက်ရေးအဖွဲ့တွေရဲ့ ၁၅ % လောက်က အမျိုးသမီး စစ်သည်တွေနဲ့ အရာရှိတွေ ဖြစ်တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။

အလားတူမြန်မာနိုင်ငံမှာလည်း စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း အာဏာရှင်ကို ဆန့်ကျင်တိုက်ဖျက်ဖို့ လက်နက်စွဲကိုင် တော်လှန်ကြတဲ့ နေရာမှာ အမျိုးသမီးတွေ သိသိသာသာ ပိုများလာပါတယ်။ အရေအတွက်အားဖြင့် စာရင်းအတိအကျ မသိရပေမဲ့လို့ နေရာ ဒေသစုံက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေမှာ အမျိုးသမီး စစ်သည်တွေ ပါဝင်နေတာကတော့ တွေ့နိုင်ပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေး လက်နက်ကိုင် လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေဟာ အရေးပါတဲ့ ကဏ္ဍစုံကနေ ပါဝင်နေကြပါတယ်လို့ မအမရာကလည်း ပြောပါတယ်။

“အမျိုးသမီးစစ်သည်တွေရဲ့ အခန်းကဏ္ဍ ဟာလည်း အမျိုးသားများနည်းတူ အရေးပါ အရာရောက်ပါတယ်။ လူမှုအသိုင်းအဝိုင်းထဲမှာ အမျိုးသားတွေကသာ လုပ်နိုင်တယ်။ စစ်ရေးအရလည်း အမျိုးသားတွေ ကသာလျှင် ဆုံးဖြတ်ချက် ချနိုင်တယ်ဆိုတဲ့ ဘောင်ခတ် ခံရတဲ့အရာတွေ၊ အဟန့်အတားတွေ ရှိနေကြတာပေါ့နော်။ ဒါတွေ အားလုံးကိုလည်း အမျိုးသမီးထုတွေ အနေနဲ့ ချေဖျက်သင့်တဲ့ အရာတွေပါ။ လက်ရှိ အမရာ တို့တွေသည် အမျိုးသမီး တပ်ရင်းတွေလည်း ဖွဲ့စည်းလာခဲ့ပြီ။ အဲ့ဒီ အမျိုးသားတွေ တပ်ရင်းမှာရှိနေတဲ့ အမျိုးသမီး စစ်သည်တွေရဲ့ ပူးပေါင်း ပါဝင်မှုကလည်း အမျိုးသားများနည်းတူ ထပ်တူကျတယ်။ ဆိုတော့ အားလုံးကတော့ လူမှုဘောင်ခတ် ခံနေရတဲ့အရ ကတော့ စစ်ရေးအရ လှုပ်ရှားမှုတွေသည် အမျိုးသားများသာ လှုပ်ရှားနိုင်တယ် ဆိုတဲ့ ပညတ်ချက်တွေ ကြားထဲမှာ အမျိုးသမီးထု ကိုယ်တိုင်ကလည်း ဒါတွေ ဒါတွေ လုပ်နိုင်ပါတယ် ဆိုတာကို သူတို့ရဲ့ လှုပ်ရှားမှုတွေကနေ သက်သေပြခဲ့တဲ့ အရာတွေက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အရေးပါမှု၊ အရာရောက်မှုတွေ အတွက် သက်သေ အထောက်အထားအဖြစ်နဲ့ ရှိနေတယ်လို့တော့ ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာ သိမ်းခဲ့တာ တနှစ်ကျော် ကြာလာပေမဲ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကတော့ ပုံစံမျိုးစုံနဲ့ နေရာအတော် များများမှာ ဆက်ပြီး ရှိနေဆဲဖြစ်သလို၊ အမျိုးသမီးစစ်သည်တွေ ဟာလည်း ကျရာနေရာကနေ ပါဝင်နေကြဆဲ ဖြစ်ပါတယ်။

အစဉ်အလာကန့်သတ်ချက်တွေ ဘယ်လိုပဲရှိရှိ အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနဲ့ တန်းတူ တိုင်းပြည်အတွက် တတက်တအား ပါဝင် ဆောင်ရွက်နိုင်ကြတယ် ဆိုတာကို မြန်မာ နဲ့ ယူကရိန်း အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေက ပြနေတယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

============================================

[Zawgyi]

ေတာ္လွန္ေရးလမ္း ေရြးခဲ့တဲ့ ျမန္မာနဲ႔ ယူကရိန္း အမ်ိဳးသမီးစစ္သည္မ်ား (အမ်ိဳးသမီးက႑)

႐ုရွားက်ဴးေက်ာ္စစ္ကို ခုခံ တိုက္ခိုက္ေနၾကတဲ့ ယူကရိန္းႏိုင္ငံမွာ ေနရာစုံ အလႊာစုံက အမ်ိဳးသမီးေတြ လက္နက္စြဲကိုင္ ပါဝင္ေနၾကသလို၊ ျမန္မာႏိုင္ငံမွာလည္း စစ္တပ္အာဏာသိမ္းမႈ ေနာက္ပိုင္း လက္နက္ကိုင္ ေတာ္လွန္သူေတြထဲ အမ်ိဳးသမီးေတြ အမ်ားအျပား ပါဝင္ပါတယ္။ ေတာင္သူ၊ အလုပ္သမား၊ ေက်ာင္းသူ ကေန ေက်ာင္းဆရာမ၊ ဆရာဝန္၊ သူနာျပဳ၊ အင္ဂ်င္နီယာ၊ ေရွ႕ေန အဆုံး အလုပ္အကိုင္စုံ၊ အလႊာစုံက အမ်ိဳးသမီးေတြ ပါဝင္ေနၾကတာပါ။ ပုံမွန္ အလုပ္အကိုင္ေတြကို စြန႔္ၿပီး သူတို႔ဘာေၾကာင့္ လက္နက္ကိုင္ ေနၾကတာပါလဲ။ သူတို႔ရဲ႕ ယုံၾကည္ခ်က္က ဘာပါလဲ။ ျမန္မာနဲ႔ ယူကရိန္းက အမ်ိဳးသမီး စစ္သည္တခ်ိဳ႕ ဘာေတြ ေျပာထားသလဲ ဆိုတာ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္းတင္ဆက္ထားပါတယ္။

ျမန္မာႏိုင္ငံမွာစစ္တပ္အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ပိုင္း အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈေတြမွာ အမ်ိဳးသမီးေတြ က်ရာ ေနရာကေန လႈပ္ရွား ပါဝင္ေနၾကတာမွာ လက္နက္ကိုင္ ေတာ္လွန္ေနၾကတဲ့ လူငယ္ အမ်ိဳးသမီးေတြ အမ်ားအျပား ရွိပါတယ္။ ဒီအထဲမွာ အထက္တန္းၿပီးခါစ လူငယ္အမ်ိဳးသမီး မအေမႊစိန္ လည္း ပါပါတယ္။ လက္နက္ကိုင္ ေတာ္လွန္ေရး ဆိုတာ ဘာမွန္း မသိခဲ့ေပမဲ့ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း သူ ပါဝင္ခဲ့တဲ့ ေျမာင္ၿမိဳ႕က ကန႔္ကြက္ ဆႏၵျပပြဲေတြ ၿဖိဳခြဲ ခံခဲ့ရၿပီးတဲ့ ေနာက္မွာေတာ့ လက္နက္ကိုင္ ေတာ္လွန္ဖို႔ အထိ စိတ္ပိုင္းျဖတ္ခဲ့တာလို႔ သူက ေျပာျပပါတယ္။

“အစကေတာ့ က်ေနာ္တို႔ေတြ မအလရဲ႕ လုပ္ရပ္ေတြကို မႀကိဳက္ဘူး။ မႀကိဳက္တဲ့အတြက္ က်ေနာ္တို႔ရဲ႕ ဆႏၵကို အားလုံးနဲ႔ပူးေပါင္းၿပီးေတာ့ လက္သုံးေခ်ာင္းေထာင္ ဆႏၵျပခဲ့တယ္။ ေအာ္ခဲ့ၾကတယ္။ အလိုမရွိတဲ့အေၾကာင္း ေအာ္ခဲ့ၾကတယ္။ ဒါေပမဲ့ က်ေနာ္တို႔ လက္သုံးေခ်ာင္ေထာင္ၿပီး ေတာင္းဆိုေပမဲ့ မရခဲ့ဘူး။ အဲ့ဒါေၾကာင့္ လက္သုံးေခ်ာင္း ေထာင္လို႔မရေတာ့တဲ့အတြက္ လက္ညႇိဳးေကြးမွ ျဖစ္ေတာ့မယ္ေပါ့။ လက္နက္ကိုင္လမ္းစဥ္က ထိေရာက္မႈ ရွိလားဆိုရင္ေတာ့ က်ေနာ္တို႔အျမင္ကေတာ့ အိမ္မွာေနၿပီးေတာ့ ေအာင္ရမယ္ ေအာင္ရမယ္လို႔ ေအာ္ေနတာထက္ စာရင္ေတာ့ ဒီဟာက ပိုၿပီးထိေရာက္တယ္လို႔ ထင္ပါတယ္။”

ဒီလိုခံယူခ်က္နဲ႔ပဲအမ်ိဳးသမီးစစ္သည္အဖြဲ႕မွာ ပါဝင္ၿပီး ရပ္႐ြာေတြထဲ စစ္ေကာင္စီတပ္ဖြဲ႕ေတြ အလြယ္တကူ ဝင္ေရာက္လို႔ မရေအာင္၊ ေဒသခံေတြကို ကာကြယ္ေပးႏိုင္ဖို႔အတြက္ မိုင္းတပ္ဖြဲ႕မွာ ပါဝင္ အမႈထမ္းေနတယ္လို႔လည္း မအေမႊစိန္က ေျပာပါတယ္။ အမ်ိဳးသမီး တေယာက္အေနနဲ႔ လက္နက္ကိုင္ ေတာ္လွန္ေရးမွာ ပါဝင္ဖို႔ ခက္ခဲႏိုင္တယ္ဆိုတာ သိေပမဲ့ အာဏာရွင္ကို ကိုယ္တိုင္ ေခ်မႈန္းခ်င္လြန္းလို႔ ခုလိုလမ္းစဥ္ကို ေ႐ြးခ်ယ္ခဲ့တာလို႔လည္း မအေမႊစိန္ က ေျပာပါတယ္။

“အရင္တုန္းကေတာ့ ဒီလုပ္ငန္းႀကီး၊ ဒီလက္နက္ကိုင္လမ္းစဥ္ နဲ႔ ေသနတ္ ဆိုတာကို ဘာမွန္းေတာင္ မသိခဲ့ဘူး။ ကိုယ္ေတြက ကိုယ့္ဟာကိုယ္ ႐ိုး႐ိုးေလးပဲ သာမန္ဘ၀ကို ျဖတ္သန္းေနတဲ့အခ်ိန္ ကိုယ့္အတြက္က ဒါႀကီးက လုပ္ရပါမယ္လို႔ သိမထားဘူး။ ကိုယ္မထင္ထားတဲ့ လုပ္ငန္းတခုကို လုပ္ရတဲ့အတြက္ ခက္ခဲမယ္ဆိုတာ သိတယ္။ အမ်ိဳးသမီးေတြ၊ က်ေနာ္တို႔ေတြ အေနနဲ႔လည္း ခက္ခဲတယ္။ တျခား အမ်ိဳးသမီးေတြ အေနနဲ႔လည္း ခက္ခဲလိမ့္မယ္။ အမ်ိဳးသမီးေတြက ပါမွျဖစ္မွာလား။ တျခားေနရာေတြကလည္း ေထာက္ပံ့လို႔ ရေနတာပဲ လို႔ ေျပာၾကေပမဲ့ က်ေနာ့္အေနနဲ႔ကေတာ့ ဟုတ္တယ္။ တျခားေနရာေတြ ေထာက္ပံ့လို႔ရတယ္။ လုပ္ငန္းကိုင္ငန္းေတြလည္း အမ်ားႀကီး ရွိတယ္။ ေထာက္ပို႔ ပံုစံမ်ိဳးနဲ႔ ေထာက္ပံ့လို႔ရတယ္။ ဒါေပမဲ့ က်ေနာ္ ကေတာ့ ကိုယ္ ကိုယ္တိုင္က ျပဳတ္က်ေစခ်င္တာမွာ မင္းေအာင္လိႈင္ကို စိတ္ထဲမွာ တကယ္ကို မုန္းတီးေနတာ ဆိုေတာ့ ကိုယ္တိုင္ ကိုယ့္လက္နဲ႔ပဲ လုပ္ထားတဲ့ မိုင္းနဲ႔ သူတို႔ကို ေသေစခ်င္တယ္။ အဲ့လိုမ်ိဳး ျဖစ္လို႔ ကိုယ္တိုင္ ဒီအထဲမွာ ပါလာတာပါ။ ၿပီးေတာ့ ဒီဟာက အမ်ိဳးသားေတြမွ လုပ္ႏိုင္တာမဟုတ္ဘူး။ အမ်ိဳးသမီးေတြလည္း ေယာက်ာ္းေလးေတြနဲ႔ ရင္ေဘာင္တန္းၿပီး အကုန္လံုးကို လိုက္လုပ္ႏိုင္တယ္။ ဘယ္သူမဆို လိုက္လုပ္လို႔ရတယ္။ အခုေနာက္ပိုင္း ကိုယ့္ကိုယ္ကို ယံုၾကည္မႈလည္း ရွိလာတယ္။ သူတို႔အေနနဲ႔လည္း ကိုယ့္ကို ယံုၾကည္မႈရွိလာတယ္။ မိန္းခေလး ေယာက္်ားေလးရယ္ မဟုတ္ဘူး။ မိန္းခေလးေတြလည္း ဒါေတြကို လုပ္ႏိ္ုင္ပါတယ္။”

သူ႔လိုပဲလက္နက္ကိုင္လႈပ္ရွားမႈမွာ ပါဝင္ေနၾကတဲ့ လူငယ္အမ်ိဳးသမီးေတြကေတာ့ ခုခ်ိန္မွာ အမ်ားအျပား ရွိပါတယ္။ လက္ရွိ ေျမာင္အမ်ိဳးသမီး စစ္သည္အဖြဲ႕မွာ ဦးေဆာင္ ပါဝင္ေနသူတဦး ျဖစ္တဲ့ မအမရာ ကေတာ့ အရင္က မိသားစုနဲ႔အတူ မိ႐ိုးဖလာ ေတာင္သူအလုပ္ကို လုပ္ခဲ့တဲ့သူပါ။ စစ္အာဏာသိမ္းမႈေနာက္ပိုင္းမွာေတာ့အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈေတြမွာ ပါဝင္ရင္း ေနာက္ပိုင္းမွာ လက္နက္ကိုင္ စစ္သည္တေယာက္ ျဖစ္လာခဲ့ပါတယ္။

“အေျခခံစစ္ေရး ေလ့က်င့္မႈေတြ ေလ့လာျဖစ္ခဲ့တယ္။ ေနာက္ပိုင္းကေတာ့ ဒီကာလအတြင္းမွာဆိုရင္ စိတ္ဓာတ္ပိုင္းဆိုင္ရာ စစ္ဆင္ေရး.. စသျဖင့္ ေလ့လာၿပီးတဲ့ေနာက္ပိုင္း လက္နက္ကိုင္ လုပ္ငန္းစဥ္ေအာက္မွာ ထဲထဲဝင္ဝင္ စၿပီး ပါဝင္လႈပ္ရွားျဖစ္ခဲ့တယ္။အဲ့ဒီေနာက္ပိုင္းမွာမွအမ်ိဳးသမီးေတြရဲ႕ပူးေပါင္းေဆာင္႐ြက္မႈေတြကပိုအားေကာင္းလာခဲ့တယ္။ဒီလိုအားေကာင္းလာတဲ့အခါက်ေတာ့ေအာက္တိုဘာ (၂၀၂၁ခုႏွစ္) အမ်ိဳးသမီးစစ္သည္တပ္ရင္းမဖြဲ႕ႏိုင္ခင္မွာဒီအပတ္စဥ္တိုင္းမွာရွိေနတဲ့အမ်ိဳးသမီးေတြနဲ႔စုစည္းမႈအားေကာင္းလာေအာင္အရင္ဆုံးသူတို႔နဲ႔ေတြ႕ဆုံမႈေတြလုပ္ခဲ့တယ္။ ေတြ႕ဆံုမႈေတြလုပ္ၿပီး ငါတို႔ေတြဟာ က်ားမ တန္းတူ ရရွိဖို႔အတြက္လည္း ဒီေႏြဦးေတာ္လွန္ေရးမွာ အေျခခံၿပီးေတာ့ သြားၾကမယ္။ ေနာက္တခုက ဒီလက္နက္ကိုင္ လမ္းစဥ္ေအာက္မွာ အမ်ိဳးသားမ်ားနည္းတူ အမ်ိဳးသမီးေတြရဲ႕ ပူးေပါင္း ပါဝင္မႈလည္း အားေကာင္းလာေစရမယ္ ဆိုၿပီး ရည္႐ြယ္ခ်က္ေတြ ထားၿပီးေတာ့မွ လက္နက္ကိုင္လမ္းစဥ္ေအာက္ကို ထဲထဲဝင္ဝင္ ပါဝင္ခဲ့တယ္လို႔ ေျပာလို႔ရပါတယ္။”

အာဏာရွင္ကိုဆန႔္က်င္ရာမွာ လက္နက္ကိုင္မွ ရမယ္လို႔ ယုံၾကည္ၿပီး လက္နက္ ဆြဲကိုင္ ခဲ့ေပမဲ့လို႔ တႏွစ္ေက်ာ္ လာခ်ိန္မွာေတာ့ ရည္မွန္းခ်က္ေတြ ျပည့္ဝဖို႔ လက္နက္ကိုင္ လမ္းစဥ္တခုတည္းနဲ႔ မလုံေလာက္ဘူးဆိုတာကိုလည္း ပိုၿပီး သေဘာေပါက္လာ ခဲ့တယ္လို႔လည္း မအမရာက ေျပာပါတယ္။

“ဒီၾကားထဲမွာ ေျပာင္းလဲသြားတဲ့ ခံစားခ်က္ ကေတာ့ ရွိသြားတယ္။ ဘာလဲဆိုေတာ့ ၿမိဳ႕နယ္အတြင္းမွာ ေတာ္လွန္ေရး အင္အားစုေတြ ကလည္း အားေကာင္းေနတယ္။ အားေကာင္းေနတဲ့ အေျခအေနအေပၚမွာမွ ျဖစ္ေပၚလာတဲ့အရာေတြက ဘာေတြလဲဆိုေတာ့ လက္နက္ကိုင္ လမ္းစဥ္တခုတည္း အားေကာင္းၿပီးေတာ့ အာဏာရွင္စနစ္ကို အျမစ္ျဖတ္ ေခ်မႈန္းႏိုင္မယ္ဆိုတာ မေသခ်ာေနဘူး။ လူထုကိုယ္တိုင္က ႏိုင္ငံေရး အေမွ်ာ္အျမင္ရွိရွိနဲ႔ ႏိုင္ငံေရး ရႈေထာင့္ကေန သြားရမယ္။ လူထုက ကိုယ္လိုခ်င္တဲ့ ဖက္ဆစ္အာဏာရွင္ စနစ္ အျမစ္ျပတ္ က်ဆံုးဖို႔။ ေနာက္တခုက ျပည္သူလူထု တရပ္လံုးက လိုလားေတာင့္တခဲ့တဲ့ စစ္မွန္တဲ့ ဖက္ဒရယ္ ဒီမိုကေရစီ ရဖို႔ဆိုရင္ ဒီလက္နက္ကိုင္ လမ္းစဥ္ တခုတည္းနဲ႔ သြားဖို႔က ဘယ္နည္းနဲ႔မွ မျဖစ္ႏိ္ုင္ဘူးဆိုတာ ေခါင္းထဲမွာ ေရာက္လာျပန္ေရာ။ ေရာက္လာတဲ့ အခါက်ေတာ့ လူမႈအ၀န္းအဝိုင္း တခုတည္းမွာ ျပဳျပင္ေျပာင္းလဲရမယ့္ အရာေတြရွိတယ္။ ႏိုင္ငံေရးအ ရၾကည့္ရင္လည္း အဖြဲ႔အစည္း၊ ႏိုင္ငံေရးအရ ဦးေဆာင္ဦးရြက္ ျပဳႏိုင္မယ့္ ေခါင္းေဆာင္ေကာင္းေတြ၊ ေကာင္းေကာင္မြန္မြန္ ဦးေဆာင္ဦးရြက္ျပဳႏိုင္မယ့္ ေခါင္းေဆာင္ေတြ ေမွ်ာ္လင့္တယ္။ ဒီအတြက္လည္း အမရာ တို႔ေတြက ျပည္သူတရပ္အေနနဲ႔ ေသာ္လည္းေကာင္း၊ လက္နက္ကိုင္လမ္းစဥ္ အဖြဲ႔အစည္းအေနနဲ႔ ေသာ္လည္းေကာင္း၊ လူငယ္တေယာက္ အေနနဲ႔ေသာ္လည္းေကာင္း ဒါေတြကို ေ၀ဖန္ေထာက္ျပႏိုင္ဖို႔ လိုအပ္တယ္လို႔ စဥ္းစားမိတဲ့အခါ၊ တကယ့္တကယ္ လက္နက္ကိုင္လမ္းစဥ္ ေအာက္ကေန အမရာ တို႔လိုခ်င္တဲ့ စစ္မွန္တဲ့ ဖက္ဒရယ္ ဒီမိုကေရစီ၊ ေမွ်ာ္မွန္းထားတဲ့ ႏိုင္ငံသစ္ျဖစ္လာဖို႔ အတြက္ဆိုရင္ တစိတ္တေဒသ အေနနဲ႔သာ အေထာက္အကူ ျပဳပါလိမ့္မယ္။ တကယ့္တကယ္ ျပဳျပင္ေျပာင္းလဲရမယ့္ အရာေတြ အမ်ားႀကီး ရွိေနေသးတဲ့အခါက်ေတာ့ လူထုၾကားကိုလည္း သြားတယ္။ လက္နက္ကိုင္လမ္းစဥ္ ေအာက္မွာလည္း သြားတယ္။ လူငယ္တေယာက္လည္း ျဖစ္ေတာ့ လူငယ္ေရးရာကေနလည္း ပူးေပါင္း ပါ၀င္ရမယ့္ ကိစၥရပ္မ်ိဳေတြလည္း ပူးေပါင္း ပါ၀င္ ေဆာင္ရြက္သင့္တယ္ ဆိုၿပီး ျမင္လာတဲ့အခါ ျဖန္႔က်က္ၿပီးေတာ့ သြားတဲ့အပိုင္းေတြေတာ့ ရွိလာခဲ့တာေပါ့။”

စစ္အာဏာသိမ္းမႈေနာက္ပိုင္း ျမန္မာအမ်ိဳးသမီး လူငယ္ေတြ အမ်ားအျပား လက္နက္ကိုင္လႈပ္ရွားမႈ အပါအဝင္ လႈပ္ရွားမႈမ်ိဳးစုံမွာ ပါဝင္ေနၾကသလိုပဲ၊ ႐ုရွားႏိုင္ငံက က်ဴးေက်ာ္ တိုက္ခိုက္တာကို ခံေနရတဲ့ ယူကရိန္း ႏိုင္ငံမွာလည္း ခုခံစစ္ပြဲဆင္ႏႊဲေနတာမွာ အမ်ိဳးသမီးေတြ အမ်ားအျပား ေရွ႕တန္းက ပါဝင္ေနၾကတာပါ။

အရင္ကအထည္လုပ္ငန္း လုပ္ခဲ့တဲ့ Karina ဆိုရင္ အခုအခါ ယူကရိန္းႏိုင္ငံ အေရွ႕ျခမ္းက တိုက္ပြဲေတြမွာ ေရွ႕တန္းကေန တင့္ကားေမာင္း စစ္သည္တေယာက္ အေနနဲ႔ ပါဝင္ေနပါတယ္။

"ကိုယ္ လုပ္ႏိုင္တာမွန္သမွ် အျမင့္ဆုံး အေကာင္းဆုံး ကူညီ ေဆာင္႐ြက္ႏိုင္ေအာင္ ႀကိဳးစားပါတယ္။ စိတ္ဓာတ္ေရးရာ အရလည္း အျမင့္ဆုံး ထားပါတယ္။ လိုအပ္တဲ့ ေနရာတိုင္းမွာ ဝင္လုပ္တယ္။ မိန္းမျဖစ္လို႔ ဆိုၿပီး မလုပ္ဘဲေနတာ ဘာမွမရွိဘူး။”

ဒီလိုစိတ္ထားနဲ႔ ပါ၀င္ေနတာ သူတေယာက္တည္း မဟုတ္ပါဘူး။ ဥပေဒအက်ိဳးေဆာင္ ေရွ႕ေနအလုပ္ကို ၁၀ ႏွစ္ေက်ာ္ လုပ္ခဲ့တဲ့ မာရီယာ ဆိုရင္လည္း တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ဒြန္းဘက္စ္ေဒသမွာ ႐ုရွားတပ္ဖြဲ႕ေတြကို ခုခံ တိုက္ထုတ္ေနတဲ့ တပ္မႉးတေယာက္ ျဖစ္ပါတယ္။ အမ်ိဳးသမီးပဲျဖစ္ျဖစ္ အမ်ိဳးသားပဲျဖစ္ျဖစ္ စိတ္ဓာတ္ျပင္းျပရင္ ဘယ္လို အလုပ္မ်ိဳးမဆို ေအာင္ျမင္ေအာင္ လုပ္ႏိုင္ပါတယ္လို႔ သူကေျပာပါတယ္။

"အမ်ိဳးသမီးတေယာက္ သူ႔တာဝန္ေတြ သူ ေကာင္းေကာင္း ေက်ႁပြန္ေအာင္ ထမ္းႏိုင္တယ္ဆိုရင္ ဒါ သူ လုပ္ႏိုင္တာပါပဲ။ အမ်ိဳးသားနဲ႔ အမ်ိဳးသမီး မတူဘူးလို႔ ေျပာလို႔မရပါဘူး။ ဒီအလုပ္က အမ်ိဳးသမီးေတြနဲ႔ မဆိုင္ဘူးလို႔ ျမင္ၿပီး အစဥ္အလာစြဲေတြနဲ႔ ၾကည့္တတ္ၾကတဲ့ တပ္မႉးေတြ ရွိေနပါေသးတယ္။ သူတို႔က အမ်ိဳးသမီး စစ္သည္ေတြကို မလိုခ်င္ၾကပါဘူး။ ဒါေပမဲ့ တကယ္လုပ္ခ်င္ၾကတဲ့ အမ်ိဳးသမီးေတြ အတြက္ အခြင့္အလမ္းေတြ ကေတာ့ ရွိေနပါတယ္။ ကိုယ္တိုင္က စိတ္ဆႏၵသာ ျပင္းျပတယ္ဆိုရင္ ကိုယ့္ရဲ႕ ရည္မွန္းခ်က္၊ ကိုယ္လုပ္ခ်င္တဲ့ အရာေတြကို ေအာင္ျမင္ေအာင္ လုပ္ႏိုင္ပါတယ္။”

ယူကရိန္းမွာဒီႏွစ္အေစာပိုင္း ႐ုရွားက်ဴးေက်ာ္စစ္ စခဲ့ၿပီးေနာက္ပိုင္း လက္နက္ကိုင္လႈပ္ရွားမႈေတြမွာ ပါဝင္တဲ့ အမ်ိဳးသမီးေတြ သိသိသာသာ ပိုမ်ားလာခဲ့တာပါ။ လက္ရွိ ယူကရိန္းစစ္တပ္ တိုက္ခိုက္ေရးအဖြဲ႕ေတြရဲ႕ ၁၅ % ေလာက္က အမ်ိဳးသမီး စစ္သည္ေတြနဲ႔ အရာရွိေတြ ျဖစ္တယ္လို႔ ယူကရိန္း ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာထားပါတယ္။

အလားတူျမန္မာႏိုင္ငံမွာလည္း စစ္တပ္အာဏာသိမ္းမႈ ေနာက္ပိုင္း အာဏာရွင္ကို ဆန္႔က်င္တိုက္ဖ်က္ဖို႔ လက္နက္စြဲကိုင္ ေတာ္လွန္ၾကတဲ့ ေနရာမွာ အမ်ိဳးသမီးေတြ သိသိသာသာ ပိုမ်ားလာပါတယ္။ အေရအတြက္အားျဖင့္ စာရင္းအတိအက် မသိရေပမဲ့လို႔ ေနရာ ေဒသစံုက ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႔ေတြမွာ အမ်ိဳးသမီး စစ္သည္ေတြ ပါ၀င္ေနတာကေတာ့ ေတြ႕ႏိုင္ပါတယ္။ လက္ရွိ ေႏြဦးေတာ္လွန္ေရး လက္နက္ကိုင္ လႈပ္ရွားမႈေတြမွာ အမ်ိဳးသမီးေတြဟာ အေရးပါတဲ့ က႑စံုကေန ပါ၀င္ေနၾကပါတယ္လို႔ မအမရာကလည္း ေျပာပါတယ္။

“အမ်ိဳးသမီးစစ္သည္ေတြရဲ႕ အခန္းက႑ ဟာလည္း အမ်ိဳးသားမ်ားနည္းတူ အေရးပါ အရာေရာက္ပါတယ္။ လူမႈအသိုင္းအဝိုင္းထဲမွာ အမ်ိဳးသားေတြကသာ လုပ္ႏိုင္တယ္။ စစ္ေရးအရလည္း အမ်ိဳးသားေတြ ကသာလွ်င္ ဆံုးျဖတ္ခ်က္ ခ်ႏိုင္တယ္ဆိုတဲ့ ေဘာင္ခတ္ ခံရတဲ့အရာေတြ၊ အဟန္႔အတားေတြ ရွိေနၾကတာေပါ့ေနာ္။ ဒါေတြ အားလံုးကိုလည္း အမ်ိဳးသမီးထုေတြ အေနနဲ႔ ေခ်ဖ်က္သင့္တဲ့ အရာေတြပါ။ လက္ရွိ အမရာ တို႔ေတြသည္ အမ်ိဳးသမီး တပ္ရင္းေတြလည္း ဖြဲ႔စည္းလာခဲ့ၿပီ။ အဲ့ဒီ အမ်ိဳးသားေတြ တပ္ရင္းမွာရွိေနတဲ့ အမ်ိဳးသမီး စစ္သည္ေတြရဲ႕ ပူးေပါင္း ပါ၀င္မႈကလည္း အမ်ိဳးသားမ်ားနည္းတူ ထပ္တူက်တယ္။ ဆိုေတာ့ အားလံုးကေတာ့ လူမႈေဘာင္ခတ္ ခံေနရတဲ့အရ ကေတာ့ စစ္ေရးအရ လႈပ္ရွားမႈေတြသည္ အမ်ိဳးသားမ်ားသာ လႈပ္ရွားႏိုင္တယ္ ဆိုတဲ့ ပညတ္ခ်က္ေတြ ၾကားထဲမွာ အမ်ိဳးသမီးထု ကိုယ္တိုင္ကလည္း ဒါေတြ ဒါေတြ လုပ္ႏိုင္ပါတယ္ ဆိုတာကို သူတို႔ရဲ႕ လႈပ္ရွားမႈေတြကေန သက္ေသျပခဲ့တဲ့ အရာေတြက အမ်ိဳးသမီးေတြရဲ႕ အခန္းက႑ အေရးပါမႈ၊ အရာေရာက္မႈေတြ အတြက္ သက္ေသ အေထာက္အထားအျဖစ္နဲ႔ ရွိေနတယ္လို႔ေတာ့ ယံုၾကည္ပါတယ္။”

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာ သိမ္းခဲ့တာ တႏွစ္ေက်ာ္ ၾကာလာေပမဲ့ အာဏာရွင္ ဆန္႔က်င္ေရး လႈပ္ရွားမႈေတြကေတာ့ ပံုစံမ်ိဳးစံုနဲ႔ ေနရာအေတာ္ မ်ားမ်ားမွာ ဆက္ၿပီး ရွိေနဆဲျဖစ္သလို၊ အမ်ိဳးသမီးစစ္သည္ေတြ ဟာလည္း က်ရာေနရာကေန ပါ၀င္ေနၾကဆဲ ျဖစ္ပါတယ္။

အစဥ္အလာကန႔္သတ္ခ်က္ေတြ ဘယ္လိုပဲရွိရွိ အမ်ိဳးသမီးေတြအေနနဲ႔ အမ်ိဳးသားေတြနဲ႔ တန္းတူ တိုင္းျပည္အတြက္ တတက္တအား ပါ၀င္ ေဆာင္ရြက္ႏိုင္ၾကတယ္ ဆိုတာကို ျမန္မာ နဲ႔ ယူကရိန္း အမ်ိဳးသမီးေတြရဲ႕ လႈပ္ရွားမႈေတြက ျပေနတယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင္။

XS
SM
MD
LG