သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရှီကျင့်ဖျင်ကို ဆန့်ကျင်တဲ့ စာတန်းတွေချိတ်ဆွဲ ဆန္ဒပြ


တရုတ်နိုင်ငံမှာ ၅ နှစ်တကြိမ် ကျင်းပတဲ့ ကွန်မြူနစ်ပါတီညီလာခံမတိုင်ခင် ရက်ပိုင်းအလို အောက်တိုဘာ ၁၃ရက် ကြာသပတေးနေ့က ပေကျင်းမြို့ မှာ ရှားရှားပါးပါး အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတခုဖြစ်ခဲ့ပြီး သမ္မတရှီကျင့်ဖျင်နဲ့ နိုင်ငံရဲ့ ကိုဗစ်-၁၉ မူဝါဒကိုဝေဖန်တဲ့ စာသားပါ စာတန်းတွေကို တံတားတခုပေါ်ကနေ ချိတ်ဆွဲပြခဲ့တာပါ။

"ဖောက်ပြန်ရေးသမား အာဏာရှင်ရှီကျင့်ဖျင်ကို ဖယ်ရှားကြ" ဆိုတဲ့ စာတန်းအပါဝင် လွတ်လပ်ခွင့်၊ အစိုးရပြန်လည်ပြုပြင်ရေးနဲ့ အစိုးရတရပ်ကို ရွေးကောက်တင်မြောက်ခွင့်ရရေး အဓိပ္ပါယ်ပါ စာတန်းတွေကို ချိတ်ဆွဲဆန္ဒပြခဲ့ကြတာပါ။ သောကြာနေ့ရောက်ချိန်မှာတော့ ဆန္ဒပြပွဲပုံနဲ့ ဗွီဒီယိုဖိုင်တွေ တရုတ်အင်တာနက်စာမျက်နှာတွေကနေ ဖယ်ရှားခံခဲ့ရပါတယ်။

XS
SM
MD
LG