သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အမ်ိဳးသမီး၊ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးသီတင္းပတ္ ျမန္မာ့အေရးေဆြးေႏြးပြဲ


ေအာက္တိုဘာလ ၂၁ ရက္ေန႔က ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ အမ်ိဳးသမီးေရး ေဆြးေႏြးပြဲေတြ က်င္းပခဲ့တဲ့အခ်ိန္နဲ႔ တျပိဳင္တည္းမွာ ဝါရွင္တန္ၿမိဳ႕၊ ေဂ်ာ့ဂ်္ေတာင္း တကၠသိုလ္မွာလည္း ျမန္မာ့အမ်ိဳးသမီးအေရး အြန္လိုင္း ေဆြးေႏြးပြဲတရပ္ က်င္းပခဲ့ပါတယ္။ ဒီေဆြးေႏြးပြဲအေၾကာင္း အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ျပထားပါတယ္။

[Unicode/Zawgyi]

ဒီလ အောက်တိုဘာလရဲ့ နောက်ဆုံး သီတင်းပတ်ကို “Women, Peace and Security week” အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ သီတင်းပတ်အဖြစ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက သတ်မှတ်ထားပါတယ်။ ဒီသီတင်းပတ် စတင်တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမျိုးသမီးရေး ဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြတဲ့ တပြိုင်နက်တည်းမှာ ဝါရှင်တန်မြို့တော်မှာရှိတဲ့ ဂျော့ဂျ်တောင်း တက္ကသိုလ်မှာလည်း မြန်မာ အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အွန်လိုင်း ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ဘယ်သူတွေက ဦးဆောင် ကျင်းပပြီး ဘယ်သူတွေ တက်ရောက်ခဲ့ကြပါသလဲ။ ဘယ်လို အကြောင်းအရာတွေ အဓိက ဆွေးနွေးကြတာပါလဲ။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

ကမ္ဘာတဝန်း အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မီးမှောင်း ထိုးပြနိုင်ဖို့နဲ့ အမျိုးသမီးတွေ အတွက် ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ဖို့အပြင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကြိုးပမ်းမှုတွေမှာ အမျိုးသမီးတွေ ပိုမို ပါဝင်လာနိုင်ရေး နည်းလမ်းရှာ၊ တိုက်တွန်း နိုးဆော်တာတွေ လုပ်နိုင်ဖို့ အောက်တိုဘာလ နောက်ဆုံးသီတင်းပတ်ကို "အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ သီတင်းပတ်" အဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၂၀ ခုနှစ်ကစလို့ သတ်မှတ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

ဒီသီတင်းပတ် စတင်တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမျိုးသမီးရေး ဆွေးနွေးပွဲတွေ လုပ်ခဲ့တဲ့အချိန်နဲ့ တပြိုင်နက်တည်းမှာပဲ ဝါရှင်တန်မြို့တော်က ဂျော့ဂျ်တောင်း တက္ကသိုလ်မှာလည်း မြန်မာနိုင်ငံက အမျိုးသမီးရေး ဦးဆောင်လှုပ်ရှားသူတွေနဲ့ နိုင်ငံတကာက သံတမန်တချို့ ပါဝင်တဲ့ အွန်လိုင်း ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပါတယ်။ ဂျော့ဂျ်တောင်း တက္ကသိုလ် နဲ့အတူ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဗြိတိန် နဲ့ ချက်သမ္မတနိုင်ငံတွေရဲ့ အမြဲတမ်းကိုယ်စားလှယ်ရုံးတွေ ပူးပေါင်းပြီး ကျင်းပကြတာပါ။

ဒီဆွေးနွေးပွဲမှာ အဓိက ဦးဆောင်ခဲ့သူ ကတော့ တချိန်က သမ္မတဟောင်း အိုဘားမား လက်ထက်က ကမ္ဘာတဝန်း အမျိုးသမီးရေးရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့သူ၊ လက်ရှိ ဂျော့ဂျ်တောင်း တက္ကသိုလ်ရဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အမှုဆောင်ညွှန်ကြားရေးမှူး Melanne Verveer ပါ။

“မြန်မာ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေဟာ ဒီမိုကရေစီ လှုပ်ရှားမှုမှာ ရှေ့တန်းက ပါဝင်နေကြပါတယ်။ ရဲစွမ်းသတ္တိအပြည့်နဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ကြပါတယ်။ သူတို့ ရပိုင်ခွင့် အခွင့်အရေးတွေ အတွက် တိုက်ပွဲဝင်နေကြသလို၊ ဒီမိုကရေစီနည်းကျ ဘေးကင်းလုံခြုံတဲ့ အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်နိုင်ဖို့အတွက် ကြုံလာရနိုင်တဲ့ အန္တရာယ်တွေကို မမှုဘဲ လှုပ်ရှား ပါဝင်နေကြပါတယ်။"

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သိသိသာသာ ပိုဆိုးလာနေတာကို ထောက်ပြတဲ့ မှတ်တမ်း ဗွီဒီယို တခုကိုလည်း ဒီပွဲမှာ ပြသခဲ့ပါတယ်။

စစ်အာဏာရှင်အုပ်ချုပ်ရေးကို ဆန့်ကျင်သူတွေ၊ အရပ်သား ပြည်သူတွေကြုံရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပြပြီး ဒီအခြေအနေတွေ ရပ်တန့်အောင် ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ ပါဝင်ဆွေးနွေးသူတွေက အဓိက တိုက်တွန်းခဲ့ကြတာပါ။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့မှာ ကျူးလွန်သူတွေ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရနေတဲ့ အခြေအနေကို အဆုံးသတ်ရလိမ့်မယ်လို့ ဒီပွဲမှာ တက်ရောက် စကားပြောခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး Alice Wairimu Nderitu က ပြောပါတယ်။

“ကျူးလွန်သူတွေ ပြစ်ဒဏ်ကနေ အကြိမ်ကြိမ် ကင်းလွတ်ခွင့်ရနေတဲ့ အခြေအနေတွေကို ထိထိရောက်ရောက် ထုတ်ဖော်နိုင်မှ အကြမ်းဖက်မှုတွေရဲ့ အကြောင်းရင်းကို စ ကိုင်တွယ်လို့ ရမှာပါ။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နိုင်ငံတကာ တရားရုံး ICJ ၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ခုံရုံး ICC နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာ့အရေး သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးအဖွဲ့ IIMM က လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ကြိုဆိုပါတယ်။ မြန်မာနိုင်ငံတွင်း အကြမ်းဖက် ဖိနှိပ်ခံရသူ အများအပြားအတွက် တရားမ ျှတမှု ရရှိဖို့ နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့ အခြေအနတွေ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့မှာ ဒီအဖွဲ့တွေရဲ့ ကြိုးပမ်းမှုတွေက အထူး အရေးပါ ပါတယ်။”

အလားတူ ထောက်ပြခဲ့သူကတော့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် ဒုတိယ သံအမတ်ကြီး James Kariuki ပါ။

“လက်ရှိ အခြေအနေတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပိုဆိုးလာစေတာပါပဲ။ ဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် အကြမ်းဖက်မှု အခြေအနတွေနဲ့ပတ်သက်လို့ အတည်ပြုနိုင်တဲ့ အချက်အလက်တွေ စုစောင်း ရှာဖွေရာမှာ အခက်အခဲတွေ ရှိနေတဲ့တချိန်တည်းမှာ ကျူးလွန်သူတွေ အပြစ်ကနေ ကင်းလွတ်ခွင့် မရအောင် လုပ်ရပါမယ်။”

ဒီလို အရေးယူမှုတွေ ရှိလာဖို့အတွက် ဗြိတိန်နိုင်ငံက ဆက်လက် အားပေး ထောက်ခံသွားမယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM စတင် ဖွဲ့စည်းခဲ့ချိန်ကစလို့ ဗြိတိန်နိုင်ငံက အားပေး ကူညီထောက်ပံ့ခဲ့သလို၊ ဆက်ပြီး အားပေးကူညီသွားမယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး Jakub Kulhánek ကတော့ မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်လို့ ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၂,၀၀၀ ကျော် ရှိတယ်လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ တံခါးပိတ် တရားရုံးတွေမှာ မတရား အမှုစီရင် ခံနေကြရတာတွေ ရှိသလို၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကြုံရတဲ့အကြောင်း အစီရင်ခံစာတွေ လည်း ရှိထားတယ်လို့ ပြောပါတယ်။

“အကျဉ်းထောင်တွေထဲမှာ ကျားမ ကွဲပြားမှုကို အခြေခံတဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ နှိပ်စက်ညှင်းပမ်းမှုတွေ အပါအဝင် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ သတင်းအချက်အလက်တွေ ရှိထားပါတယ်။ တချိန်တည်းမှာလည်း နိုင်ငံတွင်းက အမျိုးသမီးတွေရဲ့ သုံးပုံတပုံဟာ ညဘက် သူတို့ရဲ့နေအိမ်တွေ အတွင်းမှာကိုပဲ လုံခြုံမှုကို မခံစားကြရဘူးဆိုတဲ့ အစီရင်ခံစာတွေ ရှိထားပါတယ်။”

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီလို အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ သီးခြား လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်နိုင်အောင် ဝိုင်းဝန်း လုပ်ဆောင်ကြရလိမ့်မယ်လို့လည်း သံအမတ်ကြီး Jakub Kulhánek က ဒီဆွေးနွေးပွဲမှာ တိုက်တွန်း ပြောဆိုသွားပါတယ်။

ဒီပွဲကို ကုလသမဂ္ဂ စီမံခန့်ခွဲရေးနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမေရိကန်သံအမတ် Christopher Lu လည်း တက်ရောက်ပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အာဏာသိမ်းမှုနောက်ပိုင်း ပိုမို ဆိုးရွားလာနေတယ် ဆိုတာကို အမေရိကန်ပြည်ထောင်စုက ကောင်းစွာ သိရှိထားကြောင်းနဲ့ ဒီလို အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ကူညီပံ့ပိုးမှုတွေ မပြတ် လုပ်ဆောင်နေပါတယ် ဆိုပြီး ပြောသွားပါတယ်။

“အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့နဲ့ ခံရသူအားလုံးအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ အမေရိကန်ပြည်ထောင်စုက ဆက်လက် တိုက်တွန်း တောင်းဆိုပါတယ်။ မြန်မာနိုင်ငံတွင်း အကျပ်အတည်းတွေကြောင့် မြန်မာနိုင်ငံထဲမှာသာမက ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်း တခြားနိုင်ငံတွေမှာ ဒုက္ခရောက်နေကြရ သူတွေ အတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ သန်း ၇,၀၀၀ ကျော် ကူညီထားပါတယ်။ လူ့အသက်တွေကို ကယ်တင်တဲ့ လူသားချင်း စာနာမှုအကူအညီတွေကို တနိုင်ငံတည်းက အများဆုံး ကူညီထောက်ပံ့တဲ့ နိုင်ငံဖြစ်ပါတယ်။”

ဒီဆွေးနွေးပွဲမှာ ပါဝင်ခဲ့ကြတဲ့ မြန်မာ့ အမျိုးသမီးရေး ဦးဆောင် လှုပ်ရှားသူတွေကတော့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုတွေ လုံလောက်မှု မရှိသေးတာကို ထောက်ပြ ကြပါတယ်။ ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ မြန်မာ့အရေးကို လက်ရှိထက်ပိုပြီး ထိထိရောက်ရောက် ပံ့ပိုး ကူညီဖို့ လည်း တောင်းဆိုကြပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရင်ကထက် အများကြီး ပိုဆိုးလာနေတာကြောင့် အကူအညီတွေ ပိုပြီး လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒေါ်စူဆန်နာလှလှစိုးက ပြောသွားပါတယ်။ မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေမှာ ကုန်းကြောင်း ကရော လေကြာင်းကပါ တိုက်ခိုက်တာတွေ ရှိနေတာကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေ အပါအဝင် အရပ်သား အပြည်သူတွေ အများအပြား ဘေးဒုက္ခကြုံနေကြရတယ်လို့ ဒေါ်စူဆန်နာ လှလှစိုးက ပြောပါတယ်။

“ဒါက တနေ့တည်း တရက်တည်း ဖြစ်နေတာ မဟုတ်ပါဘူး။ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေကို နေ့စဉ် ကြားနေရတာပါ။ စာသင်သားအရွယ် ကလေးငယ်တွေ သေဆုံးရတဲ့အထိ ကျေကွဲစရာ ကောင်းလောက်အောင် စာသင်ကျောင်းတွေပါ တိုက်ခိုက်ခံရပါတယ်။ ဒီလို တိုက်ခိုက်မှုတွေ ဟာ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း စလို့ ကျမတို့နိုင်ငံမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနတွေပါ။” ဆိုပြီး NUG ဝန်ကြီး ဒေါ်စူဆန်နာ လှလှစိုး ပြောသွားတာပါ။

ဒီလို အခြေအနတွေကြား ဘေးလွတ်ရာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခရောက်နေသူ သန်းနဲ့ချီ တိုးလာနေပြီး သူတို့အတွက် လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး လုပ်အပ်နေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) ရဲ့ တွဲဘက် အထွေအထွေအတွင်းရေးမှူး (၁) မနန်းမို့မို့ က ပြောပါတယ်။

“အစားအစာ ပြတ်လပ်တာ၊ နေစရာ အမိုးအကာ မလုံလောက်တာလို လူသားချင်းစာနာ ကူညီမှုတွေ လတ်တလေ အရေး တကြီး လိုအပ်နေပါတယ်။ အထူးသဖြင့် အမျိုးသမီး ကျန်းမာရေး ဆိုင်ရာ အခက်အခဲတွေ လည်း ရှိနေပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သားဖွားရာမှာ လိုအပ်တဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုတွေ မရကြပါဘူး။ ဒါကြောင့် မွေးကင်းစ သေဆုံးမှုတွေလည်း တိုးလာနေပါတယ်။” လို့ မနန်းမို့မို့ ပြောသွားတာပါ။

Sisters to Sisters အဖွဲ့က အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည် ကတော့ အွန်လိုင်း ဆိုရှယ်လူမှုကွန်ရက်တွေ ပေါ်မှာ အမျိုးသမီးတွေကို တိုက်ခိုက်တာတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်အောင် အမုန်းတရား အခြေခံ ပြောဆိုရေးသား လှုံ့ဆော်တာတွေ ဝိုင်းဝန်း ရပ်တန့်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြပါတယ်။

“Telegram ၊ Facebook ၊ Viber ၊ Youtube နဲ့ Tiktok လို အွန်လိုင်း ဆိုရှယ်ကွန်ရက်တွေ အနေနဲ့ ဒီလူမှုကွန်ရက်တွေ ကိုသုံးပြီး ကျား မ ခွဲခြား ဆက်ဆံတာတွေ၊ အကြမ်းဖက်တာတွေ မဖြစ်အောင် ဟန့်တားရမယ့် တာဝန်ရှိပါတယ်။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ အမျိုးသမီးတွေ အပေါ် နိုင်ငံရေးသမားတွေ၊ စစ်တပ်နဲ့ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေက အမုန်းတရား အခြေခံ တိုက်ခိုက်တဲ့ ဖော်ပြချက်တွေကို ဒီလူမှုကွန်ရက်တွေပေါ်ကနေ ဖယ်ရှားပေးရပါမယ်” လို့ မသဉ္ဇာရွှန်းလဲ့ရည်က ပြောသွားတာပါ။

အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက် ကို တည်ထောင်ခဲ့တဲ့ မဝေဝေနု ကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အစီအစဉ် အောက်မှာ အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်တဲ့ လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိထားတာကြောင့် ဒါကို အသုံးချပြီး မြန်မာနိုင်ငံက အမျိုးသမီးတွေကို ကာကွယ်ပေးဖို့ တောင်းဆိုပါတယ်။

“နိုင်ငံတွေ၊ အစိုးရ တွေ အနေနဲ့ မြန်မာ့အရေးကို နိုင်ငံရေးပြဿနာ သက်သက် မြင်လို့ မရပါဘူး။ ဒါဟာ လူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေးဆိုးကြီးတခု ဖြစ်နေပြီဆိုတာ နားလည်ရပါမယ်။ လူသားဘေးဒုက္ခ အကျပ်အတည်း ပိုဆိုးလာနေတာကို သိရပါမယ်။ ဒီလို ဖြစ်ရပ်မျိုးတွေမကြုံရအောင် လူမှုအသိုင်းအဝိုင်းတွေကို ကာကွယ်ရမယ့် တာဝန်၊ ဒါမျိုး ထပ်မကြုံရအောင် ဟန့်တားရမယ့် ဝတ္တရား ရှိတယ်ဆိုတာ သတိရသင့်ပါတယ်။” လို့ မဝေဝေနုက ပြောသွားတာပါ။

ပြည်သူတွေကို လက်နက်ကိုင် ထိန်းချုပ်နေတဲ့ မြန်မာစစ်တပ် အတွက် ဝင်ငွေရစေမယ့် လမ်းကြောင်းတွေ ဟန့်တားဖို့၊ ထိရောက်တဲ့ ပစ်မှတ်ထား အရေးယူမှုတွေ ချမှတ်ပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေ အတွက် အကူအညီတွေ တိုးမြှင့်ပေးအပ်ဖို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာနိုင်ငံရဲ့ လူသားဘေးဒုက္ခ အခြေအနတွေကို အချိန်မီ မဟန့်တားနိုင်ဘူး ဆိုရင် အိမ်နီးချင်း နိုင်ငံတွေနဲ့ ကမ္ဘာ့ တခြားနိုင်ငံတွေအပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာနိုင်တယ် ဆိုတာကို အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ လူငယ် အမျိုးသမီး တက်ကြွလှုပ်ရှားသူ အက်စတာ ဇေနော Esther Ze Naw ကလည်း ဒီဆွေးနွေးပွဲမှာ သတိပေး ပြောဆိုသွားပါတယ်။

“မြန်မာ့အရေးကို အာရုံစိုက် တုံ့ပြန်ဖို့ ပျက်ကွက်တာက တခြားနေရာတွေမှာပါ အာဏာရှင် အစိုးရတွေ ခေါင်းထောင်လာအောင် လုပ်ရာ ကျပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ၊ တရားဥပဒေတွေကို အခြေခံတဲ့ ကမ္ဘာ့နိုင်ငံတွေကိုပါ ခြိမ်းခြောက်လာနိုင်ပါတယ်။” မအက်စတာ ဇေနောက ပြောဆိုသွားတာပါ။

ဒီဆွေးနွေးပွဲမှာ ပါဝင် ဆွေးနွေးကြသူ အားလုံး ထောက်ပြခဲ့သလိုပဲ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း အမျိုးသမီးတွေ အပါအဝင် ပြည်သူတွေ ရင်ဆိုင်ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သိသိသာသာ ပိုဆိုးလာခဲ့တယ် ဆိုတာကတော့ ငြင်းနိုင်မယ် မထင်ပါဘူး။ ဒီအခြေအနတွေ အဆုံးသတ်ဖို့မှာတော့ အပြစ်ကျူးလွန်သူတွေ အပေါ် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ အမြန်ဆုံး ချမှတ် အကောင်အထည် ဖော်နိုင်ဖို့လိုအပ်သလို၊ ဒီအတွက် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုတွေ ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

===============================

အမ်ိဳးသမီး၊ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးသီတင္းပတ္ ျမန္မာ့အေရးေဆြးေႏြးပြဲ (အမ်ိဳးသမီးက႑)

ဒီလ ေအာက္တိုဘာလရဲ႕ ေနာက္ဆုံး သီတင္းပတ္ကို “Women, Peace and Security week” အမ်ိဳးသမီး၊ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ သီတင္းပတ္အျဖစ္ ကုလသမဂၢ လုံၿခဳံေရး ေကာင္စီက သတ္မွတ္ထားပါတယ္။ ဒီသီတင္းပတ္ စတင္တဲ့ ေအာက္တိုဘာလ ၂၁ ရက္ေန႔က ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ အမ်ိဳးသမီးေရး ေဆြးေႏြးပြဲေတြ က်င္းပခဲ့ၾကတဲ့ တၿပိဳင္နက္တည္းမွာ ဝါရွင္တန္ၿမိဳ႕ေတာ္မွာရွိတဲ့ ေဂ်ာ့ဂ်္ေတာင္း တကၠသိုလ္မွာလည္း ျမန္မာ အမ်ိဳးသမီးေတြ ရင္ဆိုင္ရတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ အြန္လိုင္း ေဆြးေႏြးပြဲတရပ္ က်င္းပခဲ့ပါတယ္။ ဒီေဆြးေႏြးပြဲကို ဘယ္သူေတြက ဦးေဆာင္ က်င္းပၿပီး ဘယ္သူေတြ တက္ေရာက္ခဲ့ၾကပါသလဲ။ ဘယ္လို အေၾကာင္းအရာေတြ အဓိက ေဆြးေႏြးၾကတာပါလဲ။ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ဆက္ထားပါတယ္။

ကမာၻတဝန္း အမ်ိဳးသမီးေတြ ရင္ဆိုင္ရတဲ့ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ အပါအဝင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို မီးေမွာင္း ထိုးျပႏိုင္ဖို႔နဲ႔ အမ်ိဳးသမီးေတြ အတြက္ ထိေရာက္တဲ့ အကူအညီေတြ ေပးႏိုင္ဖို႔အျပင္ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ ႀကိဳးပမ္းမႈေတြမွာ အမ်ိဳးသမီးေတြ ပိုမို ပါဝင္လာႏိုင္ေရး နည္းလမ္းရွာ၊ တိုက္တြန္း ႏိုးေဆာ္တာေတြ လုပ္ႏိုင္ဖို႔ ေအာက္တိုဘာလ ေနာက္ဆုံးသီတင္းပတ္ကို "အမ်ိဳးသမီး၊ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ သီတင္းပတ္" အျဖစ္ ကုလသမဂၢ လုံၿခဳံေရးေကာင္စီက ၂၀၂၀ ခုႏွစ္ကစလို႔ သတ္မွတ္ က်င္းပလာခဲ့တာ ျဖစ္ပါတယ္။

ဒီသီတင္းပတ္ စတင္တဲ့ ေအာက္တိုဘာလ ၂၁ ရက္ေန႔က ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ အမ်ိဳးသမီးေရး ေဆြးေႏြးပြဲေတြ လုပ္ခဲ့တဲ့အခ်ိန္နဲ႔ တၿပိဳင္နက္တည္းမွာပဲ ဝါရွင္တန္ၿမိဳ႕ေတာ္က ေဂ်ာ့ဂ်္ေတာင္း တကၠသိုလ္မွာလည္း ျမန္မာႏိုင္ငံက အမ်ိဳးသမီးေရး ဦးေဆာင္လႈပ္ရွားသူေတြနဲ႔ ႏိုင္ငံတကာက သံတမန္တခ်ိဳ႕ ပါဝင္တဲ့ အြန္လိုင္း ေဆြးေႏြးပြဲတရပ္ က်င္းပခဲ့ပါတယ္။ ေဂ်ာ့ဂ်္ေတာင္း တကၠသိုလ္ နဲ႔အတူ ကုလသမဂၢဆိုင္ရာ အေမရိကန္ျပည္ေထာင္စု၊ ကေနဒါ၊ ၿဗိတိန္ နဲ႔ ခ်က္သမၼတႏိုင္ငံေတြရဲ႕ အၿမဲတမ္းကိုယ္စားလွယ္႐ုံးေတြ ပူးေပါင္းၿပီး က်င္းပၾကတာပါ။

ဒီေဆြးေႏြးပြဲမွာ အဓိက ဦးေဆာင္ခဲ့သူ ကေတာ့ တခ်ိန္က သမၼတေဟာင္း အိုဘားမား လက္ထက္က ကမာၻတဝန္း အမ်ိဳးသမီးေရးရာ အေမရိကန္ သံအမတ္ႀကီးအျဖစ္ တာဝန္ယူခဲ့သူ၊ လက္ရွိ ေဂ်ာ့ဂ်္ေတာင္း တကၠသိုလ္ရဲ႕ အမ်ိဳးသမီး၊ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ အမႈေဆာင္ၫႊန္ၾကားေရးမႉး Melanne Verveer ပါ။

“ျမန္မာ အမ်ိဳးသမီးနဲ႔ မိန္းခေလးငယ္ေတြဟာ ဒီမိုကေရစီ လႈပ္ရွားမႈမွာ ေရွ႕တန္းက ပါဝင္ေနၾကပါတယ္။ ရဲစြမ္းသတၱိအျပည့္နဲ႔ ၿငိမ္းခ်မ္းတဲ့ ဆႏၵျပပြဲေတြကို ဦးေဆာင္ခဲ့ၾကပါတယ္။ သူတို႔ ရပိုင္ခြင့္ အခြင့္အေရးေတြ အတြက္ တိုက္ပြဲဝင္ေနၾကသလို၊ ဒီမိုကေရစီနည္းက် ေဘးကင္းလုံၿခဳံတဲ့ အနာဂတ္ ျမန္မာႏိုင္ငံ တည္ေဆာက္ႏိုင္ဖို႔အတြက္ ႀကဳံလာရႏိုင္တဲ့ အႏၲရာယ္ေတြကို မမႈဘဲ လႈပ္ရွား ပါဝင္ေနၾကပါတယ္။"

စစ္တပ္အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ပိုင္း ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္မႈေတြ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ သိသိသာသာ ပိုဆိုးလာေနတာကို ေထာက္ျပတဲ့ မွတ္တမ္း ဗြီဒီယို တခုကိုလည္း ဒီပြဲမွာ ျပသခဲ့ပါတယ္။

စစ္အာဏာရွင္အုပ္ခ်ဳပ္ေရးကို ဆန႔္က်င္သူေတြ၊ အရပ္သား ျပည္သူေတြႀကဳံရတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ေထာက္ျပၿပီး ဒီအေျခအေနေတြ ရပ္တန႔္ေအာင္ ဝိုင္းဝန္း လုပ္ေဆာင္ၾကဖို႔ ပါဝင္ေဆြးေႏြးသူေတြက အဓိက တိုက္တြန္းခဲ့ၾကတာပါ။

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြ အဆုံးသတ္ဖို႔မွာ က်ဴးလြန္သူေတြ ျပစ္ဒဏ္ကေန ကင္းလြတ္ခြင့္ ရေနတဲ့ အေျခအေနကို အဆုံးသတ္ရလိမ့္မယ္လို႔ ဒီပြဲမွာ တက္ေရာက္ စကားေျပာခဲ့တဲ့ လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရးဆိုင္ရာ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးအႀကံေပး Alice Wairimu Nderitu က ေျပာပါတယ္။

“က်ဴးလြန္သူေတြ ျပစ္ဒဏ္ကေန အႀကိမ္ႀကိမ္ ကင္းလြတ္ခြင့္ရေနတဲ့ အေျခအေနေတြကို ထိထိေရာက္ေရာက္ ထုတ္ေဖာ္ႏိုင္မွ အၾကမ္းဖက္မႈေတြရဲ႕ အေၾကာင္းရင္းကို စ ကိုင္တြယ္လို႔ ရမွာပါ။ ဒါေၾကာင့္ ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ ႏိုင္ငံတကာ တရား႐ုံး ICJ ၊ ႏိုင္ငံတကာ ျပစ္မႈဆိုင္ရာ ခုံ႐ုံး ICC နဲ႔ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီက ဖြဲ႕စည္းထားတဲ့ ျမန္မာ့အေရး သီးျခား လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးအဖြဲ႕ IIMM က လုပ္ေဆာင္ေနတဲ့ လုပ္ငန္းေတြကို ႀကိဳဆိုပါတယ္။ ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္ ဖိႏွိပ္ခံရသူ အမ်ားအျပားအတြက္ တရားမ ွ်တမႈ ရရွိဖို႔ နဲ႔ ျပစ္ဒဏ္ကင္းလြတ္ခြင့္ ရေနတဲ့ အေျခအနေတြ အျမန္ဆုံး အဆုံးသတ္ႏိုင္ဖို႔မွာ ဒီအဖြဲ႕ေတြရဲ႕ ႀကိဳးပမ္းမႈေတြက အထူး အေရးပါ ပါတယ္။”

အလားတူ ေထာက္ျပခဲ့သူကေတာ့ ကုလသမဂၢဆိုင္ရာ ၿဗိတိန္ ဒုတိယ သံအမတ္ႀကီး James Kariuki ပါ။

“လက္ရွိ အေျခအေနေတြက လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြကို ပိုဆိုးလာေစတာပါပဲ။ ဒီလို လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြ အပါအဝင္ အၾကမ္းဖက္မႈ အေျခအနေတြနဲ႔ပတ္သက္လို႔ အတည္ျပဳႏိုင္တဲ့ အခ်က္အလက္ေတြ စုေစာင္း ရွာေဖြရာမွာ အခက္အခဲေတြ ရွိေနတဲ့တခ်ိန္တည္းမွာ က်ဴးလြန္သူေတြ အျပစ္ကေန ကင္းလြတ္ခြင့္ မရေအာင္ လုပ္ရပါမယ္။”

ဒီလို အေရးယူမႈေတြ ရွိလာဖို႔အတြက္ ၿဗိတိန္ႏိုင္ငံက ဆက္လက္ အားေပး ေထာက္ခံသြားမယ္လို႔လည္း သံအမတ္ႀကီးက ေျပာပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ စုံစမ္းစစ္ေဆးေရးအဖြဲ႕ IIMM စတင္ ဖြဲ႕စည္းခဲ့ခ်ိန္ကစလို႔ ၿဗိတိန္ႏိုင္ငံက အားေပး ကူညီေထာက္ပံ့ခဲ့သလို၊ ဆက္ၿပီး အားေပးကူညီသြားမယ္လို႔လည္း ေျပာပါတယ္။

ကုလသမဂၢ ဆိုင္ရာ ခ်က္သမၼတႏိုင္ငံ သံအမတ္ႀကီး Jakub Kulhánek ကေတာ့ ျမန္မာႏိုင္ငံတြင္း စစ္အာဏာသိမ္းမႈ ဆန႔္က်င္ေရး လႈပ္ရွားမႈေတြမွာ ပါဝင္လို႔ ဖမ္းဆီးခံရတဲ့ အမ်ိဳးသမီး ၂,၀၀၀ ေက်ာ္ ရွိတယ္လို႔ ေျပာပါတယ္။ စစ္ေကာင္စီရဲ႕ တံခါးပိတ္ တရား႐ုံးေတြမွာ မတရား အမႈစီရင္ ခံေနၾကရတာေတြ ရွိသလို၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြ ႀကဳံရတဲ့အေၾကာင္း အစီရင္ခံစာေတြ လည္း ရွိထားတယ္လို႔ ေျပာပါတယ္။

“အက်ဥ္းေထာင္ေတြထဲမွာ က်ားမ ကြဲျပားမႈကို အေျခခံတဲ့ လိင္ပိုင္းဆိုင္ရာ မဖြယ္မရာျပဳမႈေတြ၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြ၊ ႏွိပ္စက္ညႇင္းပမ္းမႈေတြ အပါအဝင္ အၾကမ္းဖက္မႈေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ျဖစ္ေနတဲ့ သတင္းအခ်က္အလက္ေတြ ရွိထားပါတယ္။ တခ်ိန္တည္းမွာလည္း ႏိုင္ငံတြင္းက အမ်ိဳးသမီးေတြရဲ႕ သုံးပုံတပုံဟာ ညဘက္ သူတို႔ရဲ႕ေနအိမ္ေတြ အတြင္းမွာကိုပဲ လုံၿခဳံမႈကို မခံစားၾကရဘူးဆိုတဲ့ အစီရင္ခံစာေတြ ရွိထားပါတယ္။”

ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ ဒီလို အၾကမ္းဖက္မႈေတြနဲ႔ ပတ္သက္လို႔ သီးျခား လြတ္လပ္ၿပီး ဘက္လိုက္မႈကင္းတဲ့ စုံစမ္း စစ္ေဆးမႈေတြ လုပ္ႏိုင္ေအာင္ ဝိုင္းဝန္း လုပ္ေဆာင္ၾကရလိမ့္မယ္လို႔လည္း သံအမတ္ႀကီး Jakub Kulhánek က ဒီေဆြးေႏြးပြဲမွာ တိုက္တြန္း ေျပာဆိုသြားပါတယ္။

ဒီပြဲကို ကုလသမဂၢ စီမံခန႔္ခြဲေရးနဲ႔ ျပဳျပင္ေျပာင္းလဲေရးဆိုင္ရာ အေမရိကန္သံအမတ္ Christopher Lu လည္း တက္ေရာက္ပါတယ္။ ျမန္မာႏိုင္ငံအတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြဟာ အာဏာသိမ္းမႈေနာက္ပိုင္း ပိုမို ဆိုး႐ြားလာေနတယ္ ဆိုတာကို အေမရိကန္ျပည္ေထာင္စုက ေကာင္းစြာ သိရွိထားေၾကာင္းနဲ႔ ဒီလို အၾကမ္းဖက္မႈေတြ ရပ္တန႔္ေအာင္ ကူညီပံ့ပိုးမႈေတြ မျပတ္ လုပ္ေဆာင္ေနပါတယ္ ဆိုၿပီး ေျပာသြားပါတယ္။

“အၾကမ္းဖက္မႈေတြ ခ်က္ခ်င္း အဆုံးသတ္ဖို႔နဲ႔ ခံရသူအားလုံးအတြက္ တရားမွ်တမႈနဲ႔ တာဝန္ယူမႈ တာဝန္ခံမႈ ရွိဖို႔ အေမရိကန္ျပည္ေထာင္စုက ဆက္လက္ တိုက္တြန္း ေတာင္းဆိုပါတယ္။ ျမန္မာႏိုင္ငံတြင္း အက်ပ္အတည္းေတြေၾကာင့္ ျမန္မာႏိုင္ငံထဲမွာသာမက ဘဂၤလားေဒ့ရွ္နဲ႔ ေဒသတြင္း တျခားႏိုင္ငံေတြမွာ ဒုကၡေရာက္ေနၾကရ သူေတြ အတြက္ အေမရိကန္ျပည္ေထာင္စုက ေဒၚလာ သန္း ၇,၀၀၀ ေက်ာ္ ကူညီထားပါတယ္။ လူ႔အသက္ေတြကို ကယ္တင္တဲ့ လူသားခ်င္း စာနာမႈအကူအညီေတြကို တႏိုင္ငံတည္းက အမ်ားဆုံး ကူညီေထာက္ပံ့တဲ့ ႏိုင္ငံျဖစ္ပါတယ္။”

ဒီေဆြးေႏြးပြဲမွာ ပါဝင္ခဲ့ၾကတဲ့ ျမန္မာ့ အမ်ိဳးသမီးေရး ဦးေဆာင္ လႈပ္ရွားသူေတြကေတာ့ ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာရဲ႕ ပံ့ပိုးကူညီမႈေတြ လုံေလာက္မႈ မရွိေသးတာကို ေထာက္ျပ ၾကပါတယ္။ ကမာၻ႔ႏိုင္ငံေတြ အေနနဲ႔ ျမန္မာ့အေရးကို လက္ရွိထက္ပိုၿပီး ထိထိေရာက္ေရာက္ ပံ့ပိုး ကူညီဖို႔ လည္း ေတာင္းဆိုၾကပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အေျခအေနဟာ အရင္ကထက္ အမ်ားႀကီး ပိုဆိုးလာေနတာေၾကာင့္ အကူအညီေတြ ပိုၿပီး လိုအပ္ေနတယ္လို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ အမ်ိဳးသမီး၊ လူငယ္နဲ႔ ကေလးသူငယ္ေရးရာ ေဒၚစူဆန္နာလွလွစိုးက ေျပာသြားပါတယ္။ ျမန္မာစစ္တပ္ဟာ အရပ္သားျပည္သူေတြ ေနထိုင္တဲ့ ေနရာေတြမွာ ကုန္းေၾကာင္း ကေရာ ေလၾကာင္းကပါ တိုက္ခိုက္တာေတြ ရွိေနတာေၾကာင့္ ကေလးငယ္ေတြ၊ အမ်ိဳးသမီးေတြ အပါအဝင္ အရပ္သား အျပည္သူေတြ အမ်ားအျပား ေဘးဒုကၡႀကဳံေနၾကရတယ္လို႔ ေဒၚစူဆန္နာ လွလွစိုးက ေျပာပါတယ္။

“ဒါက တေန႔တည္း တရက္တည္း ျဖစ္ေနတာ မဟုတ္ပါဘူး။ ျမန္မာစစ္တပ္ရဲ႕ တိုက္ခိုက္မႈေတြ၊ သတ္ျဖတ္မႈေတြကို ေန႔စဥ္ ၾကားေနရတာပါ။ စာသင္သားအ႐ြယ္ ကေလးငယ္ေတြ ေသဆုံးရတဲ့အထိ ေက်ကြဲစရာ ေကာင္းေလာက္ေအာင္ စာသင္ေက်ာင္းေတြပါ တိုက္ခိုက္ခံရပါတယ္။ ဒီလို တိုက္ခိုက္မႈေတြ ဟာ အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္း စလို႔ က်မတို႔ႏိုင္ငံမွာ အမွန္တကယ္ ျဖစ္ပ်က္ေနတဲ့ အေျခအနေတြပါ။” ဆိုၿပီး NUG ဝန္ႀကီး ေဒၚစူဆန္နာ လွလွစိုး ေျပာသြားတာပါ။

ဒီလို အေျခအနေတြၾကား ေဘးလြတ္ရာ အိုးအိမ္စြန႔္ခြာ ထြက္ေျပးၾကရတဲ့ ဒုကၡေရာက္ေနသူ သန္းနဲ႔ခ်ီ တိုးလာေနၿပီး သူတို႔အတြက္ လူသားခ်င္းစာနာမႈ အကူအညီေတြ အေရးတႀကီး လုပ္အပ္ေနတယ္လို႔ အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္ ျမန္မာႏိုင္ငံ (WLB) ရဲ႕ တြဲဘက္ အေထြအေထြအတြင္းေရးမႉး (၁) မနန္းမို႔မို႔ က ေျပာပါတယ္။

“အစားအစာ ျပတ္လပ္တာ၊ ေနစရာ အမိုးအကာ မလုံေလာက္တာလို လူသားခ်င္းစာနာ ကူညီမႈေတြ လတ္တေလ အေရး တႀကီး လိုအပ္ေနပါတယ္။ အထူးသျဖင့္ အမ်ိဳးသမီး က်န္းမာေရး ဆိုင္ရာ အခက္အခဲေတြ လည္း ရွိေနပါတယ္။ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြဟာ သားဖြားရာမွာ လိုအပ္တဲ့ က်န္းမာေရး ျပဳစုေစာင့္ေရွာက္မႈေတြ မရၾကပါဘူး။ ဒါေၾကာင့္ ေမြးကင္းစ ေသဆုံးမႈေတြလည္း တိုးလာေနပါတယ္။” လို႔ မနန္းမို႔မို႔ ေျပာသြားတာပါ။

Sisters to Sisters အဖြဲ႕က အမ်ိဳးသမီးေရး တက္ႂကြလႈပ္ရွားသူ မသၪၨာ႐ႊန္းလဲ့ရည္ ကေတာ့ အြန္လိုင္း ဆိုရွယ္လူမႈကြန္ရက္ေတြ ေပၚမွာ အမ်ိဳးသမီးေတြကို တိုက္ခိုက္တာေတြ၊ အၾကမ္းဖက္မႈေတြ ျဖစ္ေအာင္ အမုန္းတရား အေျခခံ ေျပာဆိုေရးသား လႈံ႕ေဆာ္တာေတြ ဝိုင္းဝန္း ရပ္တန႔္ဖို႔ လိုအပ္ေနတယ္လို႔ ေထာက္ျပပါတယ္။

“Telegram ၊ Facebook ၊ Viber ၊ Youtube နဲ႔ Tiktok လို အြန္လိုင္း ဆိုရွယ္ကြန္ရက္ေတြ အေနနဲ႔ ဒီလူမႈကြန္ရက္ေတြ ကိုသုံးၿပီး က်ား မ ခြဲျခား ဆက္ဆံတာေတြ၊ အၾကမ္းဖက္တာေတြ မျဖစ္ေအာင္ ဟန႔္တားရမယ့္ တာဝန္ရွိပါတယ္။ လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္တဲ့ အမ်ိဳးသမီးေတြ အေပၚ ႏိုင္ငံေရးသမားေတြ၊ စစ္တပ္နဲ႔ သူတို႔ရဲ႕ စီးပြားေရး လုပ္ငန္းေတြက အမုန္းတရား အေျခခံ တိုက္ခိုက္တဲ့ ေဖာ္ျပခ်က္ေတြကို ဒီလူမႈကြန္ရက္ေတြေပၚကေန ဖယ္ရွားေပးရပါမယ္” လို႔ မသၪၨာ႐ႊန္းလဲ့ရည္က ေျပာသြားတာပါ။

အမ်ိဳးသမီး ၿငိမ္းခ်မ္းေရးကြန္ရက္ ကို တည္ေထာင္ခဲ့တဲ့ မေဝေဝႏု ကေတာ့ ကုလသမဂၢ လုံၿခဳံေရး ေကာင္စီ အေနနဲ႔ အမ်ိဳးသမီး၊ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရး အစီအစဥ္ ေအာက္မွာ အမ်ိဳးသမီးေတြကို ကာကြယ္ေပးႏိုင္တဲ့ လုပ္ပိုင္ခြင့္ အျပည့္အ၀ ရွိထားတာေၾကာင့္ ဒါကို အသုံးခ်ၿပီး ျမန္မာႏိုင္ငံက အမ်ိဳးသမီးေတြကို ကာကြယ္ေပးဖို႔ ေတာင္းဆိုပါတယ္။

“ႏိုင္ငံေတြ၊ အစိုးရ ေတြ အေနနဲ႔ ျမန္မာ့အေရးကို ႏိုင္ငံေရးျပႆနာ သက္သက္ ျမင္လို႔ မရပါဘူး။ ဒါဟာ လူ႔အခြင့္အေရးဆိုင္ရာ ကပ္ေဘးဆိုးႀကီးတခု ျဖစ္ေနၿပီဆိုတာ နားလည္ရပါမယ္။ လူသားေဘးဒုကၡ အက်ပ္အတည္း ပိုဆိုးလာေနတာကို သိရပါမယ္။ ဒီလို ျဖစ္ရပ္မ်ိဳးေတြမႀကဳံရေအာင္ လူမႈအသိုင္းအဝိုင္းေတြကို ကာကြယ္ရမယ့္ တာဝန္၊ ဒါမ်ိဳး ထပ္မႀကဳံရေအာင္ ဟန႔္တားရမယ့္ ဝတၱရား ရွိတယ္ဆိုတာ သတိရသင့္ပါတယ္။” လို႔ မေဝေဝႏုက ေျပာသြားတာပါ။

ျပည္သူေတြကို လက္နက္ကိုင္ ထိန္းခ်ဳပ္ေနတဲ့ ျမန္မာစစ္တပ္ အတြက္ ဝင္ေငြရေစမယ့္ လမ္းေၾကာင္းေတြ ဟန႔္တားဖို႔၊ ထိေရာက္တဲ့ ပစ္မွတ္ထား အေရးယူမႈေတြ ခ်မွတ္ၿပီး ဒုကၡေရာက္ေနတဲ့ ျပည္သူေတြ အတြက္ အကူအညီေတြ တိုးျမႇင့္ေပးအပ္ဖို႔ အမ်ိဳးသမီးေရး လႈပ္ရွားသူေတြက ေတာင္းဆိုခဲ့ၾကပါတယ္။

ႏိုင္ငံတကာ အသိုင္းအဝိုင္း အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ လူသားေဘးဒုကၡ အေျခအနေတြကို အခ်ိန္မီ မဟန႔္တားႏိုင္ဘူး ဆိုရင္ အိမ္နီးခ်င္း ႏိုင္ငံေတြနဲ႔ ကမာၻ႔ တျခားႏိုင္ငံေတြအေပၚမွာပါ သက္ေရာက္မႈေတြ ရွိလာႏိုင္တယ္ ဆိုတာကို အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲေတြမွာ ပါဝင္ခဲ့တဲ့ လူငယ္ အမ်ိဳးသမီး တက္ႂကြလႈပ္ရွားသူ အက္စတာ ေဇေနာ Esther Ze Naw ကလည္း ဒီေဆြးေႏြးပြဲမွာ သတိေပး ေျပာဆိုသြားပါတယ္။

“ျမန္မာ့အေရးကို အာ႐ုံစိုက္ တုံ႔ျပန္ဖို႔ ပ်က္ကြက္တာက တျခားေနရာေတြမွာပါ အာဏာရွင္ အစိုးရေတြ ေခါင္းေထာင္လာေအာင္ လုပ္ရာ က်ပါတယ္။ စည္းမ်ဥ္းစည္းကမ္းေတြ၊ တရားဥပေဒေတြကို အေျခခံတဲ့ ကမာၻ႔ႏိုင္ငံေတြကိုပါ ၿခိမ္းေျခာက္လာႏိုင္ပါတယ္။” မအက္စတာ ေဇေနာက ေျပာဆိုသြားတာပါ။

ဒီေဆြးေႏြးပြဲမွာ ပါဝင္ ေဆြးေႏြးၾကသူ အားလုံး ေထာက္ျပခဲ့သလိုပဲ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈေနာက္ပိုင္း အမ်ိဳးသမီးေတြ အပါအဝင္ ျပည္သူေတြ ရင္ဆိုင္ရတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ သိသိသာသာ ပိုဆိုးလာခဲ့တယ္ ဆိုတာကေတာ့ ျငင္းႏိုင္မယ္ မထင္ပါဘူး။ ဒီအေျခအနေတြ အဆုံးသတ္ဖို႔မွာေတာ့ အျပစ္က်ဴးလြန္သူေတြ အေပၚ ထိေရာက္တဲ့ အေရးယူ ေဆာင္႐ြက္မႈေတြ အျမန္ဆုံး ခ်မွတ္ အေကာင္အထည္ ေဖာ္ႏိုင္ဖို႔လိုအပ္သလို၊ ဒီအတြက္ ႏိုင္ငံတကာရဲ႕ ပံ့ပိုးကူညီမႈေတြ ကလည္း အေရးႀကီးတဲ့ အခန္းက႑မွာ ရွိေနတယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင္။

XS
SM
MD
LG