သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂလန်တိရစ္ဆာန်ရုံမှာ ရှားပါးကြံ့လေးတကောင်မွေးဖွား


အင်္ဂလန်က ချက်စ္စတာတိရစ္ဆာန်ရုံမှာ အောက်တိုဘာ ၁၄ရက်နေ့က ရှားပါးတဲ့ ဦးချိုတချောင်းပါ ကြံ့လေးတကောင် မွေးဖွားခဲ့ပါတယ်။ အလေးချိန် ၅၀ကီလိုဂရမ် (ပေါင် ၁၁၀)ရှိတဲ့ ဒီကြံ့မလေးဟာ သူ့မိခင်နဲ့အတူ လမ်းစလျှောက်နေပါပြီ။

ဒီလိုကြံ့အမျိုးအစားတွေဟာ ရှားပါးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး သဘာဝထဲနေထိုင်တဲ့အကောင်ရေ လက်ရှိမှာ ၃၀၀၀ အောက်ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG