သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယား န်ဴကလီးယားလုပ္ငန္းေတြ ကူညီမႈနဲ႔ စကၤာပူႏိုင္ငံသားကို ကန္ ဆုေငြထုတ္


စကၤာပူအေျခစိုက္ Swanseas Port Services (Web Screenshot)

[[ ZAWGYI / UNICODE ]]

ေျမာက္ကိုရီးယား န်ဴကလီးယားလုပ္ငန္းေတြ ကူညီမႈနဲ႔ စကၤာပူႏိုင္ငံသားကို ကန္ ဆုေငြထုတ္

န်ဴကလီယား အစီအစဥ္ေတြ မလုပ္ႏိုင္ေအာင္ အေရးယူ ဒဏ္ခတ္တာခံေနရတဲ့ ေျမာက္ကိုရီးယားကို ဒီအစီစဥ္ေတြ လုပ္ႏိုင္ေအာင္ဝန္ေဆာင္မႈ ေပးခဲ့တဲ့ စကၤာပူႏိုင္ငံသား Kwek Kee Seng နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို သတင္းေပးႏိုင္ရင္ ဆုေငြအျဖစ္ အေမရိကန္ေဒၚလာ ၅ သန္း ခ်ီးျမႇင့္မွာျဖစ္ေၾကာင္း အေမရိကန္အစိုးရက ၾကာသပေတးေန႔မွာ ေၾကညာပါတယ္။

သူဟာ စကၤာပူအေျခစိုက္ Swanseas Port Services (S) Pte Ltd ကေနတဆင့္ ေျမာက္ကိုရီးယားကို ေလာင္စာဆီေတြ လွ်ိဳ႕ဝွက္တင္ပို႔ၿပီး အေမရိကန္နဲ႔ ကုလသမဂၢက ေျမာက္ကိုရီးယားအေပၚ ခ်မွတ္ထားတဲ့ အေရးယူမႈေတြကို ေရွာင္ႏိုင္ဖို႔ က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေဆာင္ခဲ့သူလို႔လည္း အစြပ္စြဲ ခံေနရတာပါ။

Kwek Kee Seng ဟာ အေမရိကန္ျပဌာန္းထားတဲ့ ဥပေဒကို ခ်ိဳးေဖါက္ၿပီး ေျမာက္ကိုရီးယားကို ေရနံထြက္ကုန္ေတြ တိုက္႐ိုက္တင္ပို႔ခဲ့သလို သေဘၤာတစင္းကေန ေနာက္တစင္းကို ေလာင္စာဆီ လႊဲေျပာင္းေပးတဲ့အတြက္ ေျမာက္ကိုရီးယားက သူ႔ေရနံတင္ သေဘၤာတစင္းမွာ သုံးလို႔ရသြားတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန သံတမန္လုံၿခဳံေရးဆိုင္ရာ လက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီး Paul Houston ကေျပာပါတယ္။

အေမရိကန္က အခုလို ဆုေငြထုတ္တာဟာ ေျမာက္ကိုရီးယားရဲ႕ လက္နက္ထုတ္လုပ္မႈ၊ ေငြမည္း ခဝါခ်မႈနဲ႔ ဆိုင္ဘာ ေဖါက္ထြင္းမႈေတြအတြက္ အေထာက္အကူေပးတဲ့ တရားမဝင္ လုပ္ရပ္ေတြမွာ ပါဝင္ပတ္သက္သူေတြကို ေငြေၾကး မလည္ပတ္ႏိုင္ေအာင္ အေမရိကန္ရဲ႕ လုပ္ေဆာင္မႈ အစိတ္အပိုင္းတခုလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ေျမာက္ကိုရီးယားရဲ႕ မႀကဳံစဖူး မ်ားလွတဲ့ မစ္ဇိုင္းဒုံး ပစ္လႊတ္မႈေတြနဲ႔ န်ဴကလီယားအႏၲရာယ္ ၿခိမ္းေျခာက္မႈေတြ တိုးလာေနခ်ိန္မွာ သူ႔ရဲ႕တရားမဝင္ လုပ္ေဆာင္မႈေတြ အဆုံးသတ္ဖို႔ အေမရိကန္က ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ႏိုင္ငံတကာ လုံၿခဳံေရးနဲ႔ လက္နက္ မျပန႔္ပြါးေရးဆိုင္ရာ ဒုလက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီး Gonzalo Suarez ကလည္း ေျမာက္ကိုရီးယားဟာ ၾကာသပေတးေန႔ အထိဆိုရင္ တိုက္ခ်င္းပစ္ ပဲ့ထိန္းတပ္ မစ္ဇိုင္းဒုံးက်ည္ ၆ လုံးအပါအဝင္ ပဲ့ထိန္းတပ္ မစ္ဇိုင္းဒုံး အလုံး ၅၀ ေက်ာ္ ပစ္ခတ္ခဲ့တာျဖစ္ၿပီး သူဟာ လက္နက္ျပန႔္ပြါးမႈအတြက္ အဓိက စိုးရိမ္ရတဲ့ ႏိုင္ငံတႏိုင္ငံျဖစ္ေနတယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

{{ UNICODE }}

မြောက်ကိုရီးယား နျူကလီးယားလုပ်ငန်းတွေ ကူညီမှုနဲ့ စင်္ကာပူနိုင်ငံသားကို ကန် ဆုငွေထုတ်

နျူကလီယား အစီအစဉ်တွေ မလုပ်နိုင်အောင် အရေးယူ ဒဏ်ခတ်တာခံနေရတဲ့ မြောက်ကိုရီးယားကို ဒီအစီစဉ်တွေ လုပ်နိုင်အောင်ဝန်ဆောင်မှု ပေးခဲ့တဲ့ စင်္ကာပူနိုင်ငံသား Kwek Kee Seng နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သတင်းပေးနိုင်ရင် ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၅ သန်း ချီးမြှင့်မှာဖြစ်ကြောင်း အမေရိကန်အစိုးရက ကြာသပတေးနေ့မှာ ကြေညာပါတယ်။

သူဟာ စင်္ကာပူအခြေစိုက် Swanseas Port Services (S) Pte Ltd ကနေတဆင့် မြောက်ကိုရီးယားကို လောင်စာဆီတွေ လျှို့ဝှက်တင်ပို့ပြီး အမေရိကန်နဲ့ ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ အရေးယူမှုတွေကို ရှောင်နိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သူလို့လည်း အစွပ်စွဲ ခံနေရတာပါ။

Kwek Kee Seng ဟာ အမေရိကန်ပြဌာန်းထားတဲ့ ဥပဒေကို ချိုးဖေါက်ပြီး မြောက်ကိုရီးယားကို ရေနံထွက်ကုန်တွေ တိုက်ရိုက်တင်ပို့ခဲ့သလို သင်္ဘောတစင်းကနေ နောက်တစင်းကို လောင်စာဆီ လွှဲပြောင်းပေးတဲ့အတွက် မြောက်ကိုရီးယားက သူ့ရေနံတင် သင်္ဘောတစင်းမှာ သုံးလို့ရသွားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန သံတမန်လုံခြုံရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Paul Houston ကပြောပါတယ်။

အမေရိကန်က အခုလို ဆုငွေထုတ်တာဟာ မြောက်ကိုရီးယားရဲ့ လက်နက်ထုတ်လုပ်မှု၊ ငွေမည်း ခဝါချမှုနဲ့ ဆိုင်ဘာ ဖေါက်ထွင်းမှုတွေအတွက် အထောက်အကူပေးတဲ့ တရားမဝင် လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်သူတွေကို ငွေကြေး မလည်ပတ်နိုင်အောင် အမေရိကန်ရဲ့ လုပ်ဆောင်မှု အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားရဲ့ မကြုံစဖူး များလှတဲ့ မစ်ဇိုင်းဒုံး ပစ်လွှတ်မှုတွေနဲ့ နျူကလီယားအန္တရာယ် ခြိမ်းခြောက်မှုတွေ တိုးလာနေချိန်မှာ သူ့ရဲ့တရားမဝင် လုပ်ဆောင်မှုတွေ အဆုံးသတ်ဖို့ အမေရိကန်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ လုံခြုံရေးနဲ့ လက်နက် မပြန့်ပွါးရေးဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Gonzalo Suarez ကလည်း မြောက်ကိုရီးယားဟာ ကြာသပတေးနေ့ အထိဆိုရင် တိုက်ချင်းပစ် ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးကျည် ၆ လုံးအပါအဝင် ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး အလုံး ၅၀ ကျော် ပစ်ခတ်ခဲ့တာဖြစ်ပြီး သူဟာ လက်နက်ပြန့်ပွါးမှုအတွက် အဓိက စိုးရိမ်ရတဲ့ နိုင်ငံတနိုင်ငံဖြစ်နေတယ်လို့ ပြောပါတယ်။

XS
SM
MD
LG