သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ငါးမျိုးစိတ် အမေဇုန်တောထဲပြန်ရောက်လာ


ကမ္ဘာမှာ ဇီဝမျိုးကွဲအများဆုံးရှိတဲ့ မိုးသစ်တောထဲမှာတောင် ပီရာရူကူ (Pirarucu) ငါးတွေဟာ ထင်ရှားပါတယ်။ သူတို့ဟာ အလေးချိန် ၂၀၀ ကီလို (ပေါင်၄၄၀) ထိရှိနိုင်ပြီး အမေဇုန်တောထဲက သိထားသမျှ ငါးမျိုးစိတ် ၂၃၀၀ထဲမှာ အကြီးဆုံးငါးအမျိုးအစားဖြစ်ပါတယ်။

မကြာသေးခင်က တရားမဝင် ပိုက်ကွန်ကြီးတွေသုံးပြီး ငါးဖမ်းတာကြောင့် မယ်ဒီယိုဂျူဝါဒေသက ရေအိုင်တွေမှာ ဒီမျိုးစိတ်တွေ ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရပါတယ်။ အခုတော့ မြစ်ကမ်းတလျှောက်နေထိုင်သူတွေနဲ့ ဒန်နီတိုင်းရင်းသားတွေရဲ့ ငါးဖမ်းအလေ့အကျင့်ကောင်းတွေကြောင့် သူတို့ကို ပြန်တွေ့လာရပြီဖြစ်ပါတယ်။

XS
SM
MD
LG