သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏြယ္ဖြြားမ်ား သက္တမ္းဝက္ေရြးေကာက္ပဲြ အေပၚသေဘာထား


၂၀၂၂ ႏိုဝင္ဘာ(၈)ရက္ အေမရိကန္မွာ က်င္းပတဲ့ သမၼတ သက္တမ္းဝက္ ေ႐ြးေကာက္ပြဲမွာ မဲေပးခဲ့ၾကတဲ့ ျမန္မာႏြယ္ဖြား အေမရိကန္ေတြထဲမွာေတာ့ ၊ တခ်ိဳ႕က အေျပာင္းအလဲအတြက္ ပါတီကိုၾကည့္ၿပီး မဲေပးၾကသလို ၊ တခ်ိဳ႕ကလည္း ကိုယ္စားလွယ္ေလာင္းေတြရဲ႕ လုပ္ေဆာင္ရည္ေပၚ မူတည္ၿပီး မဲေပးခဲ့ၾကတယ္လို႔ VOA ကို ေျပာပါတယ္။

[[ ZAWGYI / UNICODE ]]

ျမန္မာႏြယ္ဖြြားမ်ား သက္တမ္းဝက္ေရြးေကာက္ပဲြ အေပၚသေဘာထား

၂၀၂၂ ႏိုဝင္ဘာ(၈)ရက္ အေမရိကန္မွာ က်င္းပတဲ့ သမၼတ သက္တမ္းဝက္ ေ႐ြးေကာက္ပြဲမွာ မဲေပးခဲ့ၾကတဲ့ ျမန္မာႏြယ္ဖြား အေမရိကန္ေတြထဲမွာေတာ့ ၊ တခ်ိဳ႕က အေျပာင္းအလဲအတြက္ ပါတီကိုၾကည့္ၿပီး မဲေပးၾကသလို ၊ တခ်ိဳ႕ကလည္း ကိုယ္စားလွယ္ေလာင္းေတြရဲ႕ လုပ္ေဆာင္ရည္ေပၚ မူတည္ၿပီး မဲေပးခဲ့ၾကတယ္လို႔ VOA ကို ေျပာပါတယ္။ အေမရိကန္ အထက္နဲ႔ေအာက္ လႊတ္ေတာ္ေတြမွာ ဘယ္ပါတီက လႊမ္းမိုး ထိန္းခ်ဳပ္မလဲဆိုတာ ဒီေ႐ြးေကာက္ပြဲရဲ႕ ရလာဒ္က အဆုံးအျဖတ္ေပးဖို႔ ရွိေနခ်ိန္မွာ ျမန္မာေတြ အခုလို မဲေပးခဲ့ၾကတာပါ။ ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။


ဒီ သက္တမ္းဝက္ ေ႐ြးေကာက္ပြဲမွာ ေငြေၾကးေဖါင္းပြမႈ ေလာင္စာဆီေဈးျမင့္တက္မႈ စတဲ့ စီးပြားေရးျပသနာေတြအျပင္ သေႏၶသားဖ်က္ခ်ခြင့္ဆိုင္ရာအယူအဆ၊ ရာသီဥတုေဖါက္ျပန္မႈ ကိုင္တြယ္ေရး၊ ႐ုရွား-ယူကရိန္းအေရး ကိုင္တြယ္မႈနဲ႔ တ႐ုတ္နဲ႔ဆက္ဆံေရး စတဲ့ အေၾကာင္းအရာေတြဟာ မဲေပးသူေတြၾကား ထည့္သြင္းစဥ္းစားၾကတဲ့ ေယဘုယ် အခ်က္ေတြျဖစ္ပါတယ္။

အေမရိကန္ အေနာက္ဖက္ျခမ္း အရီဇိုးနားျပည္နယ္ ဖိနစ္ၿမိဳ႕မွာ သီတင္းသုံးတဲ့ ျမန္မာဘုန္းေတာ္ႀကီး အရွင္ေခမာစာရကေတာ့ သူ႔ဝန္းက်င္က ျမန္မာအမ်ားစုက ရီပတ္ဘလစ္ကင္ကို မဲထည့္ၾကတယ္လို႔ ဆိုပါတယ္။

" ႏိုင္ငံတကာနဲ႔ ပတ္သက္တဲ့ လုပ္ေဆာင္ခ်က္ေတြကိုလည္း သေဘာက်ၾကလို႔ေပါ့။ ဥပမာ လုပ္ခ တနာရီကို (၁၃)ေဒၚလာထိ တိုးေပးခဲ့တာရယ္၊ သမၼတ ထရမ့္လက္ထက္ အေမရိကန္မွာ စီးပြားေရး ျပန္ေကာင္းလာတာရယ္၊ ေနာက္တခ်က္က တ႐ုတ္ႏိုင္ငံနဲ႔ ပတ္သက္တဲ့ ႏိုင္ငံေရးတို႔ .. ေနာက္ၿပီး ေျမာက္ကိုရီးယားအေရးကို ကိုင္တြယ္တာတို႔ ဒါေလးေတြကို သေဘာက်ၿပီး မဲထည့္တာေတြရွိတယ္။ ထရမ့္လက္ထက္ တုန္းကဆိုရင္ ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္ရဲမွာလည္း မဟုတ္ဘူး။ မက်ဴးေက်ာ္ရင္ ခုလို စစ္ျဖစ္မလာဘူးဆိုရင္ ကမာၻႀကီးက န်ဴကလီးယား ၿခိမ္းေျခာက္မႈအႏၲရယ္ကို ႀကဳံလာရမွာ မဟုတ္ဘူးဆိုတဲ့အေတြး ရွိၾကတာေပ့ါ။ ထရမ့္လို ျပတ္ျပတ္သားသား မရွိတဲ့အတြက္ အဲဒီလို အႏၲရာယ္ေတြကို မကိုင္တြယ္ႏိုင္တဲ့အတြက္ ဒီကေန႔ ႐ုရွားက ယူကရိန္းကို တိုက္ရဲတယ္။ စစ္ပြဲေတြ ျဖစ္လာရတယ္လို႔ လူေတြက သုံးသပ္ၾကတာ။ "

အင္ဒီယားနားျပည္နယ္ အင္ဒီယာနာပုလိဇ္ၿမိဳ႕မွာေနတဲ့ ျမန္မာ့အေရးလႈပ္ရွားသူ ခ်င္းအမ်ိဳးသား ကိုအီလိုင္ဇာဘာနီးကေတာ့ ပါတီကို ေရွးတန္းမတင္ပဲ ျမန္မာ့ႏိုင္ငံေရးျပႆနာကို ဘယ္အမတ္က ဘယ္လို ကိုင္တြယ္ေနသလဲဆိုတဲ့အေပၚ မူတည္ၿပီး သူတို႔အေနနဲ႔ မဲေပးခဲ့တယ္လို႔ ဆိုပါတယ္။

" က်ေနာ္တို႔ ဒီ အင္ဒီယာနာပုလိဇ္ၿမိဳ႕မွာ ေနထိုင္တဲ့ ျမန္မာ အသိုင္းအဝိုင္းအေနနဲ႔ ဒီေ႐ြးေကာက္ပြဲမွာ မဲေပးတဲ့အခါ အဓိက ထားတာကေတာ့ ျမန္မာျပည္တြင္းမွာ ျဖစ္ေနတဲ့ ႏိုင္ငံေရး အေျခအေနေပၚ မူတည္ၿပီး ဒီမိုကေရစီျပန္ရေရးကိုပဲ အေျခခံၿပီး သူတို႔ စဥ္းစားၿပီး မဲေပးၾကတာျဖစ္တယ္။ အဲဒီေတာ့ က်ေနာ္တို႔ကို ကူညီပံ့ပိုးေပးတဲ့ ရီပတ္ဘလစ္ကန္ အထက္လႊတ္ေတာ္အမတ္ ဆီနိတ္တာ Todd Young က တစိုက္မတ္မတ္နဲ႔ ဟိုးကတည္းကေန ျမန္မာ့အေရး လုပ္လာေပးခဲ့တာဆိုေတာ့ ဒီႏွစ္မွာလည္း က်ေနာ္တို႔ကို ဒီထက္ ပို ကူညီႏိုင္လိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ သူ႔ကို မဲေပးၾကတာ။ တဖက္မွာ ေအာက္လႊတ္ေတာ္ ကြန္ဂရက္ဖက္မွာေတာ့ ဒီမိုကရက္ အမတ္တေယာက္ကို က်ေနာ္တို႔ ဝိုင္းၿပီး မဲေပးၾကတယ္။ အဓိကေတာ့ ျပည္တြင္းက ျမန္မာျပည္အေရးတင္ မကပဲနဲ႔ အင္ဒီယားနားျပည္နယ္က က်ေနာ္တို႔ လူမႈအသိုင္းဝိုင္းရဲ႕ ပညာေရး စီးပြားေရး တန္းတူေရး စတာေတြအတြက္ လုပ္ေပးေနတာကို ၾကည့္ၿပီးေတာ့မွ မဲေပးတာ ေတြ႕ရတယ္။ "

ပင္ဆယ္ေဗးနီးယားျပည္နယ္မွာေနထိုင္သူ လူငယ္တဦးျဖစ္တဲ့ မႏွင္းပြင့္ျဖဴကေတာ့ ဒီမိုကရက္ပါတီကိုယ္စားလွယ္ေတြကိုသာ မဲေပးခဲ့တယ္လို႔ ေျပာပါတယ္။

" ဒီ ရီပတ္ဘလစ္ကန္ပါတီမွာရွိတဲ့ တခ်ိဳ႕ေတြက အစြန္းေရာက္တယ္ထင္လို႔ အခုေလာေလာဆယ္ ဒီ Midterms သက္တမ္းဝက္ ေ႐ြးေကာက္ပြဲအတြက္က ဒီမိုကရက္ေတြကို ပို ႏိုင္ေစခ်င္တဲ့အတြက္ သူတို႔ကို မဲေပးလိုက္တာ။ အေထြေထြ ေ႐ြးေကာက္ပြဲက်ရင္ေတာ့ အေျခအေနေပၚ မူတည္ၿပီး ေနာက္တမ်ိဳး စဥ္းစားရလိမ့္မယ္။ အရင္တုန္းကေတာ့ ရီပတ္ဘလစ္ကန္ေတြက ျမန္မာ့အေရးကို ပိုလုပ္ေပးတယ္လို႔ ၾကားဖူးတာေပါ့။ အခုေလာေလာဆယ္ ဒီမိုကရက္ေတြ တက္ေနေပမဲ့ ျမန္မာကိစၥကို ဘာမွ သိပ္ၿပီး မလုပ္ေပးဘူးလို႔ျမင္တယ္။ ဒါေပမဲ့လည္း ရီပတ္ဘလစ္ကန္ရဲ႕ အစြန္းေရာက္တာကို မႀကိဳက္လို႔ မဲ မေပးတာ။ "

နယူးဂ်ာစီျပည္မွာ ေနထိုင္တဲ့ ကာတြန္းဆရာ ဦးဝင္းထြန္းကေတာ့ ဒီမိုကရက္အမတ္ေတြကိုသာ ေ႐ြးခ်ယ္သင့္တယ္လို႔ ေျပာပါတယ္။

" ဒီႏိုင္ငံရဲ႕ အေနအထား၊ ႏိုင္ငံတကာရဲ႕အေနအထား ျမန္မာ့အေရးပါ ဆက္စပ္ၿပီး အားလုံးကို ၿခဳံၾကည့္ရင္ က်ေနာ္ကေတာ့ ဒီမိုကရက္ အားလုံး ဘယ္သူ႔ကိုမဆို မဲေပးမွာပဲ ၊ ရီပတ္ဘလစ္ကန္ကို မေပးဘူး ဘာျဖစ္လို႔လဲဆိုရင္ ..က်ေနာ့္မွာ ပါတီစြဲ မရွိဘူး က်ေနာ္က ဘယ္ပါတီဝင္မွ မဟုတ္ဘူး။ က်ေနာ္က ကာတြန္းဆရာပီပီ ထရမ့္တို႔လို ခ်ိဳ႕ယြင္းခ်က္ အမ်ားႀကီးရွိတဲ့လူတေယာက္ ၊ လိမ္လည္မႈ အမ်ားႀကီး ရွိတဲ့ လူတေယာက္ကိုေတာင္ မထိန္းႏိုင္တဲ့အတြက္ သူတို႔ရည္႐ြယ္ခ်က္ေတြ ဘယ္ေလာက္ ေကာင္းေကာင္း ဗမာ့အေရးအတြက္ ဘယ္ေလာက္ပဲ လုပ္ခဲ့တယ္ေျပာေျပာ က်ေနာ္ကေတာ့ မဲ မေပးဘူးဗ် လုံးဝဆန႔္က်င္တယ္။ ခု စီးပြားေရးကိစၥက ဒီမိုကရက္ေၾကာင့္ ရီပတ္ဘလစ္ကန္ေၾကာင့္ ျဖစ္တယ္လို႔ က်ေနာ္ မယူဆဘူး။ ကိုဗစ္ေနာက္ဆက္တြဲ ျဖစ္တယ္။ စစ္ေရးကလည္း အေမရိကန္က သြားတိုက္တာ မဟုတ္ေပမဲ့ ပတ္သက္ေနေတာ့ အေမရိကန္တင္မကပဲ ပတ္သက္ေနတဲ့ ဥေရာပေရာ ကမာၻ႔ႏိုင္ငံ အသီးသီးကပါ ထိခိုက္ကုန္တယ္။ "

မဲ႐ုံ ပိတ္မယ့္အခ်ိန္ကေတာ့ အေမရိကန္ အေရွ႕ဖက္ျခမ္း စံေတာ္ခ်ိန္ (၉)နာရီျဖစ္ပါတယ္။ ကယ္လီဖိုးနီးယားလို၊ နယူးေယာက္လို ေမရီလန္းလို ျပည္နယ္ေတြက ဒီမိုကရက္လႊမ္းမိုးတဲ့ ျပည္နယ္ေတြအျဖစ္ အမ်ားက နားလည္ထားၾကသလို၊ ဖေလာ္ရီဒါ ေဂ်ာဂ်ီယာျပည္ေတြက ရီပတ္ဘလစ္ကင္ ျပည္နယ္ေတြအျဖစ္ သတ္မွတ္ထားၾကေပမယ့္ ဒီ သက္တမ္းဝက္ ေ႐ြးေကာက္ပြဲမွာ Swing States လို႔ ေခၚတဲ့ ပါတီဖက္ကို ေျပာင္းၿပီး မဲေပးလိုက္ႏိုင္ေျခရွိတဲ့ ျပည္နယ္ေတြအျဖစ္ အရီဇိုနား၊ နီဗားဒါး၊ ေဂ်ာ့ဂ်ီယာ၊ ပန္ဆယ္ေဗးနီးယား၊ မီရွီဂန္နဲ႔ ဝစ္စကြန္ဆင္ တို႔ျဖစ္တယ္လို႔ ေဒသတြင္း သတင္းေတြက ဆိုပါတယ္။

သမၼတေဟာင္း ေဒၚနယ္ထရမ့္ကေတာ့ ၂၀၂၄ ခုႏွစ္ သမၼတ ေရြးေကာက္ပဲြကို သူဝင္ျပဳိင္ဆိုတာကို မၾကာခင္ရက္ပိုင္းအတြင္း ေၾကညာဖို႔ ရွိတယ္လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

{{ UNICODE }}

မြန်မာနွယ်ဖွားများ သက်တမ်းဝက်ရွေးကောက်ပွဲ အပေါ်သဘောထား

၂၀၂၂ နိုဝင်ဘာ(၈)ရက် အမေရိကန်မှာ ကျင်းပတဲ့ သမ္မတ သက်တမ်းဝက် ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ မြန်မာနွယ်ဖွား အမေရိကန်တွေထဲမှာတော့ ၊ တချို့က အပြောင်းအလဲအတွက် ပါတီကိုကြည့်ပြီး မဲပေးကြသလို ၊ တချို့ကလည်း ကိုယ်စားလှယ်လောင်းတွေရဲ့ လုပ်ဆောင်ရည်ပေါ် မူတည်ပြီး မဲပေးခဲ့ကြတယ်လို့ VOA ကို ပြောပါတယ်။ အမေရိကန် အထက်နဲ့အောက် လွှတ်တော်တွေမှာ ဘယ်ပါတီက လွှမ်းမိုး ထိန်းချုပ်မလဲဆိုတာ ဒီရွေးကောက်ပွဲရဲ့ ရလာဒ်က အဆုံးအဖြတ်ပေးဖို့ ရှိနေချိန်မှာ မြန်မာတွေ အခုလို မဲပေးခဲ့ကြတာပါ။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။


ဒီ သက်တမ်းဝက် ရွေးကောက်ပွဲမှာ ငွေကြေးဖေါင်းပွမှု လောင်စာဆီဈေးမြင့်တက်မှု စတဲ့ စီးပွားရေးပြသနာတွေအပြင် သန္ဓေသားဖျက်ချခွင့်ဆိုင်ရာအယူအဆ၊ ရာသီဥတုဖေါက်ပြန်မှု ကိုင်တွယ်ရေး၊ ရုရှား-ယူကရိန်းအရေး ကိုင်တွယ်မှုနဲ့ တရုတ်နဲ့ဆက်ဆံရေး စတဲ့ အကြောင်းအရာတွေဟာ မဲပေးသူတွေကြား ထည့်သွင်းစဉ်းစားကြတဲ့ ယေဘုယျ အချက်တွေဖြစ်ပါတယ်။

အမေရိကန် အနောက်ဖက်ခြမ်း အရီဇိုးနားပြည်နယ် ဖိနစ်မြို့မှာ သီတင်းသုံးတဲ့ မြန်မာဘုန်းတော်ကြီး အရှင်ခေမာစာရကတော့ သူ့ဝန်းကျင်က မြန်မာအများစုက ရီပတ်ဘလစ်ကင်ကို မဲထည့်ကြတယ်လို့ ဆိုပါတယ်။

" နိုင်ငံတကာနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း သဘောကျကြလို့ပေါ့။ ဥပမာ လုပ်ခ တနာရီကို (၁၃)ဒေါ်လာထိ တိုးပေးခဲ့တာရယ်၊ သမ္မတ ထရမ့်လက်ထက် အမေရိကန်မှာ စီးပွားရေး ပြန်ကောင်းလာတာရယ်၊ နောက်တချက်က တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံရေးတို့ .. နောက်ပြီး မြောက်ကိုရီးယားအရေးကို ကိုင်တွယ်တာတို့ ဒါလေးတွေကို သဘောကျပြီး မဲထည့်တာတွေရှိတယ်။ ထရမ့်လက်ထက် တုန်းကဆိုရင် ယူကရိန်းကို ရုရှားက ကျူးကျော်ရဲမှာလည်း မဟုတ်ဘူး။ မကျူးကျော်ရင် ခုလို စစ်ဖြစ်မလာဘူးဆိုရင် ကမ္ဘာကြီးက နျူကလီးယား ခြိမ်းခြောက်မှုအန္တရယ်ကို ကြုံလာရမှာ မဟုတ်ဘူးဆိုတဲ့အတွေး ရှိကြတာပေ့ါ။ ထရမ့်လို ပြတ်ပြတ်သားသား မရှိတဲ့အတွက် အဲဒီလို အန္တရာယ်တွေကို မကိုင်တွယ်နိုင်တဲ့အတွက် ဒီကနေ့ ရုရှားက ယူကရိန်းကို တိုက်ရဲတယ်။ စစ်ပွဲတွေ ဖြစ်လာရတယ်လို့ လူတွေက သုံးသပ်ကြတာ။ "

အင်ဒီယားနားပြည်နယ် အင်ဒီယာနာပုလိဇ်မြို့မှာနေတဲ့ မြန်မာ့အရေးလှုပ်ရှားသူ ချင်းအမျိုးသား ကိုအီလိုင်ဇာဘာနီးကတော့ ပါတီကို ရှေးတန်းမတင်ပဲ မြန်မာ့နိုင်ငံရေးပြဿနာကို ဘယ်အမတ်က ဘယ်လို ကိုင်တွယ်နေသလဲဆိုတဲ့အပေါ် မူတည်ပြီး သူတို့အနေနဲ့ မဲပေးခဲ့တယ်လို့ ဆိုပါတယ်။

" ကျနော်တို့ ဒီ အင်ဒီယာနာပုလိဇ်မြို့မှာ နေထိုင်တဲ့ မြန်မာ အသိုင်းအဝိုင်းအနေနဲ့ ဒီရွေးကောက်ပွဲမှာ မဲပေးတဲ့အခါ အဓိက ထားတာကတော့ မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေပေါ် မူတည်ပြီး ဒီမိုကရေစီပြန်ရရေးကိုပဲ အခြေခံပြီး သူတို့ စဉ်းစားပြီး မဲပေးကြတာဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ကို ကူညီပံ့ပိုးပေးတဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဆီနိတ်တာ Todd Young က တစိုက်မတ်မတ်နဲ့ ဟိုးကတည်းကနေ မြန်မာ့အရေး လုပ်လာပေးခဲ့တာဆိုတော့ ဒီနှစ်မှာလည်း ကျနော်တို့ကို ဒီထက် ပို ကူညီနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့ကို မဲပေးကြတာ။ တဖက်မှာ အောက်လွှတ်တော် ကွန်ဂရက်ဖက်မှာတော့ ဒီမိုကရက် အမတ်တယောက်ကို ကျနော်တို့ ဝိုင်းပြီး မဲပေးကြတယ်။ အဓိကတော့ ပြည်တွင်းက မြန်မာပြည်အရေးတင် မကပဲနဲ့ အင်ဒီယားနားပြည်နယ်က ကျနော်တို့ လူမှုအသိုင်းဝိုင်းရဲ့ ပညာရေး စီးပွားရေး တန်းတူရေး စတာတွေအတွက် လုပ်ပေးနေတာကို ကြည့်ပြီးတော့မှ မဲပေးတာ တွေ့ရတယ်။ "

ပင်ဆယ်ဗေးနီးယားပြည်နယ်မှာနေထိုင်သူ လူငယ်တဦးဖြစ်တဲ့ မနှင်းပွင့်ဖြူကတော့ ဒီမိုကရက်ပါတီကိုယ်စားလှယ်တွေကိုသာ မဲပေးခဲ့တယ်လို့ ပြောပါတယ်။

" ဒီ ရီပတ်ဘလစ်ကန်ပါတီမှာရှိတဲ့ တချို့တွေက အစွန်းရောက်တယ်ထင်လို့ အခုလောလောဆယ် ဒီ Midterms သက်တမ်းဝက် ရွေးကောက်ပွဲအတွက်က ဒီမိုကရက်တွေကို ပို နိုင်စေချင်တဲ့အတွက် သူတို့ကို မဲပေးလိုက်တာ။ အထွေထွေ ရွေးကောက်ပွဲကျရင်တော့ အခြေအနေပေါ် မူတည်ပြီး နောက်တမျိုး စဉ်းစားရလိမ့်မယ်။ အရင်တုန်းကတော့ ရီပတ်ဘလစ်ကန်တွေက မြန်မာ့အရေးကို ပိုလုပ်ပေးတယ်လို့ ကြားဖူးတာပေါ့။ အခုလောလောဆယ် ဒီမိုကရက်တွေ တက်နေပေမဲ့ မြန်မာကိစ္စကို ဘာမှ သိပ်ပြီး မလုပ်ပေးဘူးလို့မြင်တယ်။ ဒါပေမဲ့လည်း ရီပတ်ဘလစ်ကန်ရဲ့ အစွန်းရောက်တာကို မကြိုက်လို့ မဲ မပေးတာ။ "

နယူးဂျာစီပြည်မှာ နေထိုင်တဲ့ ကာတွန်းဆရာ ဦးဝင်းထွန်းကတော့ ဒီမိုကရက်အမတ်တွေကိုသာ ရွေးချယ်သင့်တယ်လို့ ပြောပါတယ်။

" ဒီနိုင်ငံရဲ့ အနေအထား၊ နိုင်ငံတကာရဲ့အနေအထား မြန်မာ့အရေးပါ ဆက်စပ်ပြီး အားလုံးကို ခြုံကြည့်ရင် ကျနော်ကတော့ ဒီမိုကရက် အားလုံး ဘယ်သူ့ကိုမဆို မဲပေးမှာပဲ ၊ ရီပတ်ဘလစ်ကန်ကို မပေးဘူး ဘာဖြစ်လို့လဲဆိုရင် ..ကျနော့်မှာ ပါတီစွဲ မရှိဘူး ကျနော်က ဘယ်ပါတီဝင်မှ မဟုတ်ဘူး။ ကျနော်က ကာတွန်းဆရာပီပီ ထရမ့်တို့လို ချို့ယွင်းချက် အများကြီးရှိတဲ့လူတယောက် ၊ လိမ်လည်မှု အများကြီး ရှိတဲ့ လူတယောက်ကိုတောင် မထိန်းနိုင်တဲ့အတွက် သူတို့ရည်ရွယ်ချက်တွေ ဘယ်လောက် ကောင်းကောင်း ဗမာ့အရေးအတွက် ဘယ်လောက်ပဲ လုပ်ခဲ့တယ်ပြောပြော ကျနော်ကတော့ မဲ မပေးဘူးဗျ လုံးဝဆန့်ကျင်တယ်။ ခု စီးပွားရေးကိစ္စက ဒီမိုကရက်ကြောင့် ရီပတ်ဘလစ်ကန်ကြောင့် ဖြစ်တယ်လို့ ကျနော် မယူဆဘူး။ ကိုဗစ်နောက်ဆက်တွဲ ဖြစ်တယ်။ စစ်ရေးကလည်း အမေရိကန်က သွားတိုက်တာ မဟုတ်ပေမဲ့ ပတ်သက်နေတော့ အမေရိကန်တင်မကပဲ ပတ်သက်နေတဲ့ ဥရောပရော ကမ္ဘာ့နိုင်ငံ အသီးသီးကပါ ထိခိုက်ကုန်တယ်။ "

မဲရုံ ပိတ်မယ့်အချိန်ကတော့ အမေရိကန် အရှေ့ဖက်ခြမ်း စံတော်ချိန် (၉)နာရီဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားလို၊ နယူးယောက်လို မေရီလန်းလို ပြည်နယ်တွေက ဒီမိုကရက်လွှမ်းမိုးတဲ့ ပြည်နယ်တွေအဖြစ် အများက နားလည်ထားကြသလို၊ ဖလော်ရီဒါ ဂျောဂျီယာပြည်တွေက ရီပတ်ဘလစ်ကင် ပြည်နယ်တွေအဖြစ် သတ်မှတ်ထားကြပေမယ့် ဒီ သက်တမ်းဝက် ရွေးကောက်ပွဲမှာ Swing States လို့ ခေါ်တဲ့ ပါတီဖက်ကို ပြောင်းပြီး မဲပေးလိုက်နိုင်ခြေရှိတဲ့ ပြည်နယ်တွေအဖြစ် အရီဇိုနား၊ နီဗားဒါး၊ ဂျော့ဂျီယာ၊ ပန်ဆယ်ဗေးနီးယား၊ မီရှီဂန်နဲ့ ဝစ်စကွန်ဆင် တို့ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကတော့ ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲကို သူဝင်ပြိုင်ဆိုတာကို မကြာခင်ရက်ပိုင်းအတွင်း ကြေညာဖို့ ရှိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

XS
SM
MD
LG